02/03/2026
ဟိမဝန္တာတောင်တန်းတွေကြားထဲက အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ခုပေါ့ဗျာ
unko sweater
သိုးမွှေးဆွယ်တာလေးတစ်ထည်တဲ့
ရုပ်ရှင်သေချာမကြည့်ဖြစ်တာကြာပါပြီ
ကြည့်ဖို့မအားတာကော ဖန်တရာတေနေတဲ့တင်ဆက်ပုံတွေကောကြောင့်ပေါ့
ဟောလိဝုဒ်ကားတွေကိုတော်တော်ပျင်းနေဘီ
သိပ်လှပြီးပြီးပြည့်စုံနေတဲ့ shotsတွေကြည့်ရတာလဲရိုးအီနေပြီ
ဒီကားကိုကျွန်တော် instagram reels တွေတွေ့ပြီး စိတ်ဝင်စားပြီးကြည့်လိုက်မိတာ
စိတ်ကျေနပ်မှုအပြည့်ကိုရသွားတယ်ပဲပြောရမယ်
အီဆိမ့်နေတဲ့ ဆီပြန်ဟင်းတွေကြားထဲ ဆီမပါခပ်ပေ့ါပေါ့ ရိုးရာဟင်းတစ်ခွက်ကိုစားလိုက်ရသလို
နီိပေါတွေရဲ့ အနုပညာကိုစထိတွေ့လိုက်ရတာပဲ
ရိုးရိုးလေးပါပဲဗျာ ဒါပေမယ့် ပြည့်စုံတယ်
youtube မှာအလကားကြည့်လို့ရပါတယ် အချိန်နှစ်နာရီခွဲပေးရပေမယ့် တန်ပါတယ်
ကျွန်တော်အာမခံပါတယ်