27/10/2026
လွန်ခဲ့တဲ့ ၇ နှစ်တုန်းက...
ကိုယ်ရှိနေခဲ့တဲ့နေရာလေး အဲဒီအချိန်က အိမ်နဲ့ပထမဦးဆုံးခွဲခွာခဲ့ရတဲ့အချိန် ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သလို၊ သူများတွေလို လွယ်လွယ်နဲ့ ပျော်ရွင်မှုကို ခံစားခွင့် မရခဲ့ဘူး, ခံစားလို့မရခဲ့တဲ့အချိန် နေ့စဉ်ရက်ဆက် အလုပ်တွေလုပ်ရင်း၊ ဒီတိုက်အမြင့်ကြီးတွေကို မော့ကြည့်ကာ အားငယ်ဝမ်းနည်းခဲ့ရတဲ့ နေ့ရက်တွေလည်း မနည်းလှဘူး။
အချိန်တွေ ကုန်လွန်သွားပြီးနောက်... အမှတ်တရတွေ အများကြီးနဲ့ ဖြတ်သန်းခဲ့ဖူးတဲ့ အဲဒီနေရာကို နောက်တစ်ခေါက် ခဏတာ ပြန်ရောက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလို မေးခွန်းထုတ်မိတယ် "ဒီတစ်ခါ ပြန်သွားရင် ဘာတွေများ လုပ်ဖြစ်မလဲ?" လို့ပေါ့။
ဒီတစ်ခေါက်မှာတော့... အရင်တုန်းက မလုပ်ခဲ့ရတာတွေ၊ လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေကို တဝကြီး လုပ်မယ်, အရင်က မခံစားခဲ့ရတဲ့ ပျော်ရွင်မှုတွေနဲ့ လွမ်းမောစရာ အမှတ်တရတွေကို အကုန်ပြန်ယူမယ်, ကိုယ်တစ်ယောက်တည်းခံစားခဲ့ရတဲ့အမှတ်တရတွေကို ကိုယ်ချစ်တဲ့သူကို ထိုင်ပြောပြပြီး အချိန်ကုန်မယ်, အတိတ်ကို ခဏပြန်ရောက်သွားသလို ခံစားရတဲ့ ဒီနေရာကြီးကို ကျွန်တော် ဘယ်တော့မှမေ့လို့ရမှာမဟုတ်သလို အမြဲတမ်း လွမ်းနေမိမှာ သေချာပါတယ်...
အားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်တော်ထက်ရဲပါ
Htet Vlogs