GEO Sport

GEO Sport Hello Welcome to TGI DROP. Page
(2)

Pub စားသောက်ဆိုင်မီးလောင်မှုကြောင့် သန့်စင်ခန်းထဲပိတ်မိသူများအပါအဝင် ၂၇ ဦးသေဆုံး======ဇူလိုင် ၁၃၊ ၂၀၂၆ထိုင်းနိုင်ငံ၊ ဘန်...
13/07/2026

Pub စားသောက်ဆိုင်မီးလောင်မှုကြောင့် သန့်စင်ခန်းထဲပိတ်မိသူများအပါအဝင် ၂၇ ဦးသေဆုံး
======
ဇူလိုင် ၁၃၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Chatuchak ခရိုင်၊ Lad Phrao လမ်းပေါ်က လူကြိုက်များတဲ့ Rong B**r Na Ladprao စားသောက်ဆိုင်နဲ့ Pub မှာ မနေ့က ဇူလိုင် ၁၂ ရက် ၊ ညသန်းခေါင်ယံ ၁၁ နာရီ ၅၇မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူ ၂၇ ဦး အထိရှိလာတယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးသက်သာရေးဌာန (DDPM) က ပြောပါတယ်။

အဆိုပါမီးလောင်မှုကြောင့်သေဆုံးသူ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦး ပါဝင်ပြီး အများစုက လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူ ၁၈ ဦးကိုတော့ Chulalongkorn၊ Rajavithi၊ Rama IX၊ Paolo Kaset၊ Phramongkutklao၊ Petchavej နဲ့ Police Hospital တို့မှာ ပို့ဆောင်ကုသပေးနေပါတယ်။

အသက်ရှင်လွတ်မြောက်လာသူတွေနဲ့ အခင်းဖြစ်ချိန်မှာ သီချင်းဆိုဖျော်ဖြေနေတဲ့ ဂီတသမားတစ်ဦးရဲ့ ပြောဆို
ချက်အရ “မီးက စင်မြင့်အနီးရှိ လျှပ်စစ်ဘရိတ်ကာ (circuit breaker) ဒါမှမဟုတ် လျှပ်စစ်ပစ္စည်းထားတဲ့နေရာကနေ စတင်ခဲ့တာ”လို့ သိရပါတယ်။ အဲဒီနောက် ပေါက်ကွဲသံကြားရပြီး မည်းနက်တဲ့ မီးခိုးတွေက ဆိုင်တစ်ခုလုံးကို မြန်မြန်ဆန်ဆန် ဖုံးလွှမ်းသွားခဲ့ပါတယ်။ မီးတောက်တွေလည်း အချိန်တိုအတွင်း ပျံ့နှံ့သွားတာကြောင့် ဆိုင်ထဲမှာရှိတဲ့သူတွေ အများအပြား ထွက်ပြေးဖို့ မမီခဲ့ကြပါဘူး။

သေဆုံးသူအများစုကို အိမ်သာထဲမှာ တွေ့ရှိခဲ့ပါတယ်။ မီးခိုးတွေထူလာချိန်မှာ လုံခြုံမယ်ထင်ပြီး အိမ်သာထဲ ဝင်ပုန်းခဲ့ကြပေမယ့် မီးခိုးကြောင့် အပြင်မထွက်နိုင်တော့ဘဲ ပိတ်မိသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ယူဆနေပါတယ်။

အဆိုပါ မီးလောင်မှုဟာ ည ၁၁နာရီ ၅၇ မိနစ်ခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး Fire and Rescue Thailand”ကယ်ဆယ်ရေးအဖွဲ့များ အချိန်မှီရောက်ရှိလာကာ ဇူလိုင်
၁၃ရက်နေ့၊ မနက် ၁နာရီ ၃၂ မိနစ် ခန့်တွင် မီးကိုထိန်းချုပ်ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ မီးလောင်ရတဲ့အကြောင်းရင်းကို ဆက်လက်စစ်ဆေးနေပြီး အစောပိုင်းအချက်အလက်တွေအရ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Pub မှာ အရေးပေါ်ထွက်ပေါက်၊ မီးသတ်ဆေးဘူး၊ မီးသတိပေးစနစ်နဲ့ မီးငြှိမ်းသတ်ရေးစနစ်တွေ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုရှိ၊ မရှိကိုလည်း ဆက်လက်စစ်ဆေးနေပါတယ်။

အာဏာပိုင်တွေက သေဆုံးသူတွေရဲ့ အတည်ပြုအချက်အလက်တွေကို ဆက်လက်စစ်ဆေးနေပြီး စုံစမ်းစစ်ဆေးမှုရလဒ်တွေကို ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ DDPM က ပြောပါတယ်။

ကိုကား-The Pattaya News

ထိုင်းတွင် ၁၁ နှစ်သား မောင်းနှင်လာသည့် ပစ်ကပ်ကား ဝင်တိုက်၍ သံဃာတော် ၈ ပါး ပျံလွန်တော်မူBangkok Postထိုင်းနိုင်ငံ မုဒါဟန်...
02/07/2026

ထိုင်းတွင် ၁၁ နှစ်သား မောင်းနှင်လာသည့် ပစ်ကပ်ကား ဝင်တိုက်၍ သံဃာတော် ၈ ပါး ပျံလွန်တော်မူ

Bangkok Post

ထိုင်းနိုင်ငံ မုဒါဟန်ပြည်နယ်၊ မောင်းခရိုင်တွင် ယနေ့ (ဇူလိုင်လ ၂ ရက်) နံနက်ပိုင်းက ဆွမ်းစားမှ ပြန်လာသည့် သံဃာတော်များကို ၁၁ နှစ်အရွယ် ယောက်ျားလေးတဦး မောင်းနှင်လာသည့် ပစ်ကပ်ကားတစီးက ဝင်တိုက်သဖြင့် အနည်းဆုံး သံဃာတော် ရှစ်ပါး ပျံလွန်တော်မူပြီး ၁၈ ပါး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် နာစီနွမ်းရွာရှိ ဟွိင်ဆင်အဝင်ဝအနီး လမ်းမအတိုင်း သံဃာတော်များ ခြေလျင်ကြွလာစဉ် မွန်းတည့်ခါနီး ၁၁ နာရီ ၅၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်း သတင်းဖော်ပြချက်များအရ သံဃာတော်များက ဥဘွန်ရတ်ချာထာနီခရိုင်၊ နမ်ခွန်မြိုနယ်မှ ကြွချီလာကြခြင်းဖြစ်ပြီး မုဒါဟန်ခရိုင်ရှိ နာစီနွမ်းဈေးအနီးသို ရောက်ရှိချိန် ယခုကဲ့သို ကားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သံဃာတော် ငါးပါးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး အခြား သုံးပါးမှာမူ မုဒါဟန်ဆေးရုံတွင် ကုသမှုခံယူနေစဉ် ပျံလွန်တော်မူခဲ့ကြသည်။ ဒဏ်ရာရရှိသူ သံဃာတော် ၁၈ ပါးရှိသည့်အနက် ၁၃ ပါးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

သိုသော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ရာ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အရေအတွက် အတိအကျ စာရင်းက ပြောင်းလဲမှု ရှိနိုင်သည်။

၃၄ ပါးပါ သံဃာတော်အဖွဲက ဝပ်ရွိင်းဖရဖုဒ္ဓဘတ် ဖူမနိုရွန် ကျောင်းတွင် ဆွမ်းဘုန်းပေးပြီးနောက် မုဒါဟန်ခရိုင်ရှိ ဒွန်းတန်မြိုနယ်သို ဦးတည်၍ ခြေလျင်ခရီး ဆက်လက် ကြွချီလာစဉ် ဤ ဝမ်းနည်းစရာဖြစ်ရပ် ကြုံတွေ့ခြင်း ဖြစ်သည်။

အဆိုပါ မတော်တဆမှုတွင် ပါဝင်သည့် မော်တော်ယာဉ်မှာ အသက် ၁၁ နှစ်ဝန်းကျင် ယောက်ျားလေးတဦး မောင်းနှင်လာသော Isuzu ပစ်ကပ်ကားဖြစ်ကြောင်း ရဲတပ်ဖွဲက ဆိုသည်။ အထူး ဂရုစိုက်ရန် လိုအပ်သည့် ကလေး (Special-needs child) ဖြစ်သော ထို ကလေးသည် ဖခင်ဖြစ်သူ၏ ကားကို ခွင့်ပြုချက်မရှိဘဲ ယူဆောင်မောင်းနှင်လာကာ ဒွန်းတန်မြိုနယ်မှ မောင်းမြိုနယ်ဘက်သို မောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ကပ်ကားက လမ်းချော်ကာ သံဃာတော် အုပ်စုထဲ မောင်းဝင်သွားပြီး သံဃာတော် အများအပြားကို ဝင်တိုက်ခြင်း ဖြစ်၍ ယခုကဲ့သို အများအပြား ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ယောက်ျားလေးကို စစ်ဆေးမေးမြန်းရန်အတွက် မောင်းမြိုနယ်ရဲစခန်းသို ခေါ်ဆောင်သွားပြီ ဖြစ်သည်။

Bangkok Post မှ Eight monks killed by pickup driven by 11-year-old boy ကို မိုးသဲ ဘာသာပြန်သည်။

18+ ကြည့်ချင်သူတွေအတွက် Telegram Link 👇👇👇

( https://t.me/###_vto ) ( https://t.me/burmesengish )

ဇနီးသည်ကိုအခန်းမှာပိတ်ထားတယ်ဆိုတဲ့တိုင်ကြားချက်နဲ့လူမှု့အဖွဲ့အစည်းတစ်ခုကသူတို့အခန်းကိုသွားတဲ့အခါမမျှော်လင့်တဲ့ဝမ်းနည်းစရ...
29/12/2025

ဇနီးသည်ကိုအခန်းမှာပိတ်ထားတယ်ဆိုတဲ့တိုင်ကြားချက်နဲ့လူမှု့အဖွဲ့အစည်းတစ်ခုကသူတို့အခန်းကိုသွားတဲ့အခါမမျှော်လင့်တဲ့ဝမ်းနည်းစရာအဖြစ်အပျက်ကိုတွေ့ရှိခဲ့ရတယ်

မိန်းမကအဆုတ်သွေးအားနည်းတဲ့ရောဂါကိုခံစားနေရလို့သူကဆေးကုသဖို့ရှိတာရောင်းချကုသတာမလောက်လို့နေ့စဉ်အလုပ်ကြမ်းသွားလုပ်ပြုစုကုသတာအလျှင်မမှီတော့လို့မျက်ရည်များစွာနဲ့ဒူးထောက်လက်လေးပိုက်ပြီးအကူအညီတောင်းခဲ့တယ်

မိန်းမဖြစ်သူကလည်းယောက်ျားကိုသနားအားနားတယ်ဒုက္ခတွေမပေးချင်ဘူးလောကကြီးကိုစွန့်ခွါသွားချင်တယ်

သူတို့Vedioကြည့်ရတာသူ့ခံစားချက်လေး မြင်နေရတယ် သူ့ယောကျာ်းကို အားနာနေတာ.သနားနေတာ ခွဲရတော့မှာလားဆိုတဲ့စိတ်တွေနဲ့ပူဆွေးနေတာ ဘယ်လောက်များနာကျင်နေမလဲနော်

ယောကျာ်းလုပ်သူရဲ့ ရင်ထဲလဲ ဘယ်လောက်နာကျင်နေမလဲ
သူတို့ရဲ့အချစ်စစ်တွေကြောင့်ပဲလားမသိပါဘူး

သွားကြည့်တဲ့အဖွဲ့အစည်းကliveလွင့်တာပေါက်သွားပြီးonlineကနေရောအဖွဲ့အစည်းပေါင်းစုံကနေပါကူညီသူတွေအလှူရှင်တွေများကြီးနဲ့ကောင်မလေးရောဂါကိုဆေးရုံတင်ပြီးသေချာကုသနိုင်ပါပြီ

ကောင်မလေးအတွက်စိတ်မကောင်းဖြစ်ရအမျိုးသားလေးကပြုစုတာမြင်ရတော့လေးစားမိ

အမြန်နေကောင်းပါစေနော်💪💪💪💪💪
သူတို့ကဗီယက်နမ်လူမျိုးတွေပါ

#အချစ်ဆိုတာတကယ်ရှိပါတယ်

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when GEO Sport posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share