Kelvin Burmese

Kelvin Burmese 💞စာပေချစ်သူ💞📒

အဖေပြောတဲ့ ဘဝအိမ်*********************ဖတ်ကြည့်နော်ဒီမယ် ငါ့သားအိမ် ဆိုတာ ဘာလဲ-?သားသိသလောက် ပြောပါရစေအဖေအိမ်ဆိုတာလူတွေရဲ့...
14/03/2024

အဖေပြောတဲ့ ဘဝအိမ်
*********************
ဖတ်ကြည့်နော်

ဒီမယ် ငါ့သား
အိမ် ဆိုတာ ဘာလဲ-?

သားသိသလောက် ပြောပါရစေ
အဖေ

အိမ်ဆိုတာ
လူတွေရဲ့ တည်ရာ မှီရာ
ခိုလုံရာ
အိပ်စက်ရာ
အဆောက်အဦး တစ်ခုပါ အဖေ။

ဟုတ်ပြီ။
ဒီမယ် သား မင်းမှတ်ထားပါ။

လောကမှာ လူတွေဟာ
သူတို့ရဲ့
အရည်အချင်းတွေ
အဆင့်အတန်းတွေ အလိုက်
အိမ်တွေကို
ပုံစံအမျိုးမျိုးနဲ့ တည်ဆောက်ပြီး
စားသောက်
နေထိုင်ကြတယ် သား။

ဒါပေမဲ့
လောကကြီးမှာ မိသားစုအများစုကို
လေ့လာကြည့်ရင်
မပျော်ရွှင်တဲ့ မိသားစုအိမ်တွေ
အများကြီး တွေ့ရလိမ့်မယ်။

တချို့အိမ်တွေက
အဖေနဲ့ သား မတည့်ကြဘူး။

တချို့အိမ်တွေက
အစ်ကိုနဲ့ ညီ
အစ်မနဲ့ ညီမ မတည့်ကြဘူး။

တချို့အိမ်တွေက
ချွေးမနဲ့ သမီး
သမက်နဲ့ သား မတည့်ကြဘူး။

တချို့အိမ်တွေက
ယောက္ခမနဲ့ ချွေးမ မတည့်ကြဘူး။

တချို့အိမ်တွေက
ယောက္ခထီးနဲ့ သမက်နဲ့ မတည့်ကြဘူး
ငါ့သား

ဒီလို မိသားစုတွေဟာ
ဘာလို့ မတည့်ကြတာလဲလို့
အကြောင်းရင်းကို ရှာလိုက်ရင်

ဒီအိမ်က မိသားစုတွေဟာ
တစ်ယောက်အပေါ် တစ်ယောက်
မေတ္တာ မထားနိုင်ခြင်း
နားလည် မပေးနိုင်ခြင်း
ခွင့်မလွှတ်နိုင်ခြင်း
စတဲ့ အကြောင်းရာတွေကြောင့်ပဲလို့
ဆိုရမယ် သား။

သားကို
အဖေ အဓိက ပြောပြချင်တာက
သားဟာ
မြို့ပေါ်က အိမ်မှာပဲ နေနေ
တောရွာက အိမ်မှာပဲ နေနေ
မိမိနဲ့ အတူနေထိုင်တဲ့
မိသားစုတွေ အပေါ်မှာ
မေတ္တာထားပေးနိုင်ရမယ်။

လောကမှာ မိသားစုတစ်စုဟာ
မေတ္တာတရား ခေါင်းပါးလာပြီဆိုရင်
ထိုမိသားစုဟာ
နေ့စဉ် ငရဲခန်းကြီးလို
အမြဲ ပူလောင်နေရတတ်တယ်။

တစ်အိမ်ထဲမှာ နေထိုင်ကြပြီး
တစ်ဦးကို တစ်ဦး
ခွင့်မလွှတ်နိုင်ဘူး
သီးမခံနိုင်ကြဘူးဆိုတဲ့ လူတွေဟာ

ဥပမာ ဘာနဲ့တူသလဲဆိုရင်

မိမိကိုယ်တိုင်
ဖျော်စပ်ထားတဲ့ အဆိပ်ရည်တွေကို
မိမိတို့ကိုယ်တိုင်
ဖျော်သောက်နေရသလိုပါပဲ။
ကြာလာရင်
ဒီမိသားစုဝင်တွေ အားလုံး
ဒုက္ခတွေ့နိုင်တယ်နော်။

ဒီမယ်သား
လောကမှာ
စီးပွားရေးလောကပဲ
ကြည့်ကြည့်
ပညာရေးလောကပဲ
ကြည့်ကြည့်
နိုင်ငံရေးလောကပဲ
ကြည့်ကြည့်
စသည် ဘယ်လောကကိုပဲ
ကြည့်ကြည့်
အောင်မြင်နေကြတဲ့ ပုဂ္ဂိုလ်တွေမှာ
သီးခံခြင်းတရားတွေ
မေတ္တာတရားတွေ အားကြီးလို့
သူတို့တွေ
အောင်မြင်နေကြတယ် ဆိုတာ
တွေ့ရလိမ့်မယ် သား။

သားနေတဲ့ အိမ်က မိသားစုတွေ
အပေါ်မှာ
မေတ္တာစိတ်အပြည့်နဲ့ ဆက်ဆံပါ။
ဒါဆို သားဘဝမှာ
ပျော်ရွှင်လာပါလိမ့်မယ်။

နောက် မိမိနေတဲ့အိမ်လေး
နွေးထွေးချင်တယ်
သာယာချင်တယ်ဆိုရင်
ငါဒီနေ့ ဒီအိမ်လေးအတွက်
ဘာလုပ်ပေးရမလဲ။
ငါဘာလုပ်ပေးသင့်သလဲ ဆိုတာ
အမြဲတွေးပါ။

တကယ်လည်း မေတ္တာစိတ်နဲ့
လုပ်ကိုင်ပေးကြည့်။
သား ပျော်ရွှင်လာလိမ့်မယ်။

ဒီမယ်သား
လောကမှာ ပေးတဲ့လူတွေဟာ
စိတ်ပေါ့တယ်။
စိတ်အေးချမ်းတယ်။

ယူတဲ့လူတွေဟာ စိတ်လေးရတယ်။
စိတ်ပူပင်ရတယ်။

ဘဝမှာ ပေးကမ်းနိုင်သူ
( ဒါမှမဟုတ် )
ပေးကမ်းနိုင်တဲ့လက်ဖြစ်အောင်
အမြဲကြိုးစားပါ သား။

မိသားစုနဲ့ နတေဲ့အခါပဲ
ဖြစ်စေ
ပတ်ဝန်းကျင်နဲ့ နေတဲ့အခါမှာ
ဖြစ်စေ
ကိုယ်ရဲ့ အားနည်းချက်ကို
သိပါစေ
မိမိရဲ့ အားသာချက်တွေကိုလည်း
အများသိအောင် လုပ်ဆောင်ပြပါ။

ဘာဖြစ်လို့လဲဆိုတော့
လူတိုင်းမှာ အားနည်းချက်တွေ
ရှိသလို
အားသာချက်ဆိုတာလည်း
ရှိပါတယ်။

အဖေတို့ လူသားတွေဟာ
မိမိကိုယ်ကို မိမိ
သိပ်ပြီး အထင်ကြီးနေရင်
တစ်ဖက်လူအပေါ်မှာ
အထင်အမြင် သေးသွားတတ်တယ်
ငါ့သား။

ဒါကြောင့်ဘယ်အရာကိုမှ
မထီမဲ့မြင် မလုပ်မိစေနဲ့။

နောက်ဆုံးအနေနဲ့
အဖေပြောချင်တာက
လောကမှာ
ဘယ်လောက်ပဲ သာယာပျော်ရွှင်တဲ့
အိမ်မျိုးဖြစ်နေပါစေ

ထိုအိမ်ပေါ်ကို
ဘေးသူစိမ်းတွေ ရောလာပြီ
ဆိုရင်
သွေးကွဲပြီး
ညီအစ်ကို မောင်နှမတွေကြားမှာ
နားလည်မှု မပေးနိုင်ပဲ
နောက်ဆုံး စကားများ
ရန်တွေ ဖြစ်စေတတ်တယ်။
ပြဿနာကြီးငယ်
တက်စေတတ်တယ် ဆိုတာ
သတိထားပါ။

အေးဒါကြောင့်
ဘဝမှာ
သာယာ ပျော်ရွှင်တဲ့
ဘဝအိမ်တစ်လုံးကို ပိုင်ဆိုင်ချင်ရင်
အိမ်အတွက်
အလုပ်များများ လုပ်ပါ။
စကားကို နည်းနည်းပြောပါ။
မိသားစုအပေါ်မှာ
မေတ္တာ၊စေတနာထားပြီး
သီးခံစိတ် မွေးပါ။
အသက်ရှင်သန်ချိန်လေးမှာ
ငါသည်
ငါ၏အိမ်အတွက် ဘာပေးရမလဲ
ဆိုတာ
နေ့တိုင်း တွေးထားပါ။

ဒီလိုစိတ်မျိုး
မိသားစုဝင်တိုင်း ရှိနေမယ်ဆိုရင်
သာယာ ပျော်ရွှင်ပြီး
နွေးထွေးတဲ့ ဘဝအိမ်တစ်လုံးကို
ပိုင်ဆိုင်နိုင်မယ်လို့
အဖေ အကြွင်းမဲ့ယုံကြည်မိပါတယ်။

ဟုတ်ကဲ့ပါ အဖေ
နွေးထွေးသော အိမ်တစ်လုံးကို
ပိုင်ဆိုင်နိုင်အောင်
သား ကြိုးစားပါ့မယ် လို့
ကတိပေးပါတယ် အဖေ။

လောကထဲရှိ မိသားစုများအားလုံး
အတ္တကင်းပြီး
တစ်ဦးပေါ် တစ်ဦး
မတျတော၊စတနောမွားထား၍
ခွင့်လွှတ် သီးခံပြီး
နွေးထွေသည့် အိမ်မျိုး
မိသားစုတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ။🍀🍀

#ရွှေမိတ်သစ်

ဤစာကို မျက်မှန်မတပ်ခင် ဖတ်ဖြစ်အောင်ဖတ်ပါတစ်ပြားမှ မရှိချိန်မှာ သည်းခံနိုင်တဲ့လူကို ကျွန်တော် သတိပြုမိတတ်သလို အကုန်ရှိနေခ...
14/03/2024

ဤစာကို မျက်မှန်မတပ်ခင် ဖတ်ဖြစ်အောင်ဖတ်ပါ

တစ်ပြားမှ မရှိချိန်မှာ သည်းခံနိုင်တဲ့လူကို ကျွန်တော် သတိပြုမိတတ်သလို အကုန်ရှိနေခ်ျိန်မှာ မောက်မာတဲ့သူကိုလည်း ကျွန်တော့် အနေနဲ့ သတိပြုမိတတ်တယ်။ ငွေရှိတိုင်း ကျွန်တော် အထင် မကြီး တတ်ပါဘူး။ ရှိတဲ့ငွေကို လိုအပ်မှထုတ်သုံးပြီး နှိမ့်ချစွာ နေထိုင်နိုင်သူ ကိုတော့ ကျွန်တော် အထင်ကြီးတယ်။ ဒီလိုပဲ ရာထူးကြီးမားနေတဲ့လူတစ်ယောက်ကို ရိုကျိုးစရာလို့ မမြင်ခဲ့ဖူးဘူး။ သို့သော် သဘောထားကြီးတဲ့ လူသားတိုင်းကို ကျွန်တော်ရိုကျိုးမိတယ်။ ပညာမတတ်ပေမယ့် ရိုးသားတဲ့ လူတစ်ယောက်ကို ပညာတတ်ပြီး ကောက်ကျစ်တဲ့ လူတစ်ယောက် ထက် ပို မြတ်နိုးတတ်တယ်။

ဟုတ်ပြီ။ ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်။ ဘာတွေ လိုအပ်သလဲ။ ကျွန်တော့် အယူအဆအရ လောကမှာ လုပ်သင့်တဲ့ "လုပ်ဖို့ခက်တဲ့အလုပ်" ဆိုတာရယ်၊ မလုပ်သင့်တဲ့ "လုပ်ဖို့လွယ်တာရယ်" ဆိုပြီးတော့ အလုပ် ၂ မျိုး ရှိတယ်။ ဒီ အလုပ် ၂ မျိုးကို စတင်ပြီးတော့ အလေ့အကျင့်လုပ်ရင်းနဲ့ ရိုးသားတဲ့ ဘဝခြေလှမ်းကို ခင်ဗျားတို့ စလို့ ရပါတယ်။

[လုပ်ဖို့ခက်တဲ့အလုပ်]

ကျွန်တော်တို့ဟာ အတ္တသမားတွေပါ။ ကိုယ့်ထက် တော်သူကိုအားကျဖို့ ခက်ပါတယ်။ မတတ်ရင် သင်ယူဖို့ လေးပင်တတ်ကြပါတယ်။ သိနေတဲ့အရာကိုလည်း ပြန်သင်ပေးဖို့ ခက်ခဲ တတ်ကြ ပါသေး တယ်။ အစွမ်းအစရှိသူကို ယုံကြည်ဖို့ ခက်တတ်ကြသလိုပဲ လုပ်နိုင်မယ့်လူကို လုပ်ပိုင်ခွင့်ပေးဖို့လည်း တော်ရုံ မရဲကြပါဘူး။ ဒါပေမယ့် ဒါတွေဟာ လုပ်သင့်တဲ့ အရာတွေ ဖြစ်တယ်လို့ မြင်မိပါတယ်။

[လုပ်ဖို့လွယ်တဲ့အလုပ်]

နောက် အခြားတစ်ဖက်မှာတော့ လုပ်ဖို့လွယ်ပေမယ့် မလုပ်သင့်တာတွေဆိုတာ ရှိပါသေးတယ်။ အဲဒါတွေကတော့ အလိုမကျညည်းငြူနေခြင်းတို့ ဟန်ဆောင်ပန်ဆောင် လုပ်ခြင်းတို့ အပြစ်တွေကို သူများ လွှဲချခြင်းတို့ တမင်အချိန်ဆွဲနေခြင်းတို့ မနာလိုမရှုစိမ့်ဖြစ်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။ ဒါတွေဟာ လုပ်ဖို့လွယ်တယ်။ သို့သော် မလုပ်အပ်တဲ့ အရာတွေလို့ ကျွန်တော် မြင်တယ်။

[လိုက်ရှာရန်နှင့် စွန့်ခွာရန်]

ရိုးသားပြီးပြီ ဆိုရင် ရှေ့ဆက် ဘာလုပ်ရမလဲ ဆိုတော့ လူလုပ်တတ်ဖို့ပဲ လိုတော့တယ်။ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ဟာ လိုက်ရှာဖို့နဲ့ စွန့်ခွာဖို့ ဆိုတာတွေ ရှိလာကြပါတယ်။ လိုက်ရှာရမှာ တွေက ပျော်ရွှင်မှု၊ ဗဟုသုတ၊ ချစ်ခြင်းမေတ္တာ၊ အကျိုးရှိတဲ့အလုပ်နဲ့ အကူအညီ လိုအပ်သူများ တို့ပဲ ဖြစ်ကြပါတယ်။ ဒါတွေကို တစ်ဆင့်စီရှာသွားရမှာ ဖြစ်ပြီးတော့ တခြားတစ်ဖက်မှာ ငွေ၊ ရာထူး၊ မိမိအားမြှောက်ပင့် သူများ၊ ဖြတ်လမ်း၊ သူများကို လိုက်အတုခိုးခြင်း စတာတွေ ကိုတော့ ဖြည်းဖြည်းစီ စွန့်ခွာလာနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။

[ပျော်ရွှင်မှုကို လိုက်ရှာခြင်း]

ပျော်ပျော်နေနိုင်သူတွေကို လေ့လာကြည့်မယ်ဆိုရင် များသောအားဖြင့် ကျေးဇူးသိတတ်သူတွေ ဖြစ်တယ်။ ဒါ့အပြင် တွေးခေါ်ဆင်ခြင် စပ်စုသူတွေ ဖြစ်တယ်။ အမြင်ပွင့်လင်းပြီး ဖော်ရွေကြင်နာတတ် ကြသူတွေလည်း ဖြစ်တယ်။ တကယ့်ကို အကောင်း မြင်တတ်သူတွေပဲ ဖြစ်တယ်။

ဒါ့ကြောင့် ပျော်ချင်သလား မိတ်ဆွေ။ လွယ်ပါတယ်။ သူများ တော်ရင် ထုတ်ဖော်ချီးမွမ်းပါ။ နောက်ပြီး တော့ ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိပါ။ အလုပ်ကြိုးစားပါ။ တစ်ယောက်ထဲ မယူပါနဲ့။ အကျိုးရလဒ် တွေကို ဝေမျှပါ။ နောက်ဆုံးတစ်ချက်က အကောင်းမြင် စိတ်ထားပါ။ ဒါဆိုရင် ပျော်ရွှင်ဖို့ အတွက် ခင်ဗျား ကောင်းကောင်းကြီး လုပ်တတ်လာမှာ ဖြစ်တယ်။

[ဗဟုသုတကို လိုက်ရှာခြင်း]

ကျွန်တော်ခံယူထားတဲ့ ဗဟုသုတ နဲ့သင်ခန်းစာ ရှာနည်းက ကပ်လျက်ကို ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်အနားမှာရှိတဲ့ ဘယ်စာအုပ်မဆို ရှုထောင့်မျိုးစုံ ကြည့်ပြီးတော့ သုတရော ရသပါ ဆွဲထုတ် ကြည့်ခြင်းပဲ ဖြစ်ပါတယ်။

ပြီးတော့ သင်ခန်းစာ ယူဖို့အတွက် ကျွန်တော် ဆောင်ပုဒ်လေးတစ်ခုကို အမြဲဆောင်ထားပါတယ်။ အဲဒါလေးကတော့ "နောက်ဆုံးအမှားဟာ အကောင်းဆုံးဆရာ။ အဲဒါကိုသိမှ လောကရဲ့ အတော်ဆုံးတပည့်။" ပါတဲ့။

[ချစ်ခြင်း မေတ္တာကို လိုက်ရှာခြင်း]

လူထုရဲ့ မေတ္တာကို ရချင်တဲ့အခါ ကိုယ်တိုင်က လူထုကို လိုလိုလားလား ချစ်ရပါတယ်။ ဒါလေးတွေကို လိုလိုလားလား လုပ်ကြည့်ကြစမ်းပါ။

(၁) "မင်္ဂလာပါ" တစ်ခွန်းကို အပြုံးနဲ့ တွဲဖက်ပါ။
(၂) "တောင်းပန်ပါတယ်" တစ်ခွန်းကို ဦးညွှတ်မှုနဲ့ တွဲဖက်ပါ။
(၃) "ကျေးဇူးတင်ပါတယ်" တစ်ခွန်းကို လိုလားမှုနဲ့ တွဲဖက်ပါ။
(၄) "ခင်ဗျားကိုယုံတယ်။" ဆိုတာကို ထုတ်ပြောတတ်ပါ။
(၅) "ခင်ဗျားရော ဘယ်လိုထင်သလဲ။" ဆိုတာကိုလည်း ထုတ်မေးတတ်ပါ။
(၆) "ကျွန်တော် ဘာအကူအညီပေးရမလဲ။" ဆိုတာကို အခက်တွေ့နေတဲ့လူတိုင်းကို မေးပါ။
(၇) "ခင်ဗျားအရမ်းတော်တယ်ဗျာ။" ဆိုတာကို ရဲရဲဝံ့ဝံ့ ချီးကျူးပစ်ပါ။

ဒါလေးတွေကို သေချာလုပ်ကြည့်ရင် ကိုယ့်ကို မုန်းတဲ့လူ မလိုတဲ့လူ နည်းသထက်နည်း လာပါလိမ့်မယ် ခင်ဗျ။

နိဂုံးချုပ်အနေနဲ့ လိုက်ရှာဖို့ ကျန်တဲ့ ၂ ချက် ဖြစ်တဲ့ အကျိုးရှိတဲ့အလုပ်ကို ရှာရန်နဲ့ အကူအညီ လိုအပ်သူတို့ကို ရှာရန်တို့ကို သေသေချာချာ လိုက်ရှာကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒီ ၂ ချက် ပြည့်စုံတဲ့အခါ ခင်ဗျားရဲ့ ဘဝဟာ ပတ်ဝန်းကျင်မှာ အလှပဆုံး ဘဝဖြစ်လာစေရမယ်ဆိုတာကို ကျွန်တော် ကျိန်းသေ ပြောရဲတယ်။ ကျေးဇူးတင်ပါတယ်။

ဖတ်ပြီးရင်လည်း သွားတွေရှိစဉ် ပြုံးဖြစ်အောင် ပြုံးပါ။ 😄

- မှတ်စုကြမ်း

❝ ကိုယ့်ကိုယ်ကိုယ် ဖေးမရင်း သန်မာအောင်နေကြည့်ပါ။ ❞သန်မာနေမှ ရမယ်။ ကိုယ့်ရဲ့ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို သေချာအောင်မြင...
13/03/2024

❝ ကိုယ့်ကိုယ်ကိုယ် ဖေးမရင်း သန်မာအောင်နေကြည့်ပါ။ ❞

သန်မာနေမှ ရမယ်။

ကိုယ့်ရဲ့ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို သေချာအောင်မြင်အောင်လုပ်မှ ရမယ်။ ကိုယ်နဲ့ပတ်သက်သမျှ အရာရာတိုင်းက ကိုယ်တိုင်နဲ့ပဲသက်ဆိုင်တယ်။ ကိုယ့်ရဲ့ငယ်ဘဝက ရွေးချယ်မှုမရခဲ့ပေမယ့် ကိုယ့်ရဲ့အနာဂတ်ကတော့ ကိုယ်တိုင်ရွေးချယ်လို့ ရပါတယ်။

ဒီတော့ ကိုယ့်စိတ်ဓာတ် ပျော့ညံ့ရင် ပျော့ညံ့သလို ၊ မာကြောရင် မာကြောသလို ဘဝက ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့အရာတွေအပေါ် အချိန်ဖြုန်းနေမယ့်အစား ဘဝမှာ စိတ်ဓာတ်မာမာနဲ့ အကောင်းဆုံးရှင်သန်နိုင်ဖို့သာ အရေးကြီးတာပါ။

အခက်အခဲတစ်ခုခုနဲ့ကြုံလာရင် ရင်မဆိုင်ရဲဘဲ ရှောင်ပြေးနေခြင်းက ကိုယ့်ရဲ့စိတ်ကို မာကြောမှု မဖြစ်စေပါဘူး။ စိတ်ဓာတ်မာကြောသန်မာချင်ရင် အခက်အခဲတွေကို ရင်ဆိုင်ရဲတဲ့သတ္တိရှိပါစေ၊ အမှားတွေကို သင်ခန်းစာယူတတ်ပါစေ။

ပျော့ညံ့နေရင် ဘဝမှာ သူများတွေရဲ့အနိုင်ယူတာခံရတတ်တယ်၊ ပျော့ညံ့နေရင် သိမ်ငယ်စိတ်တွေဝင်လာတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ ကိုယ့်ကိုယ်ကိုယ်ဖေးမပါ။ အမြဲတမ်း သန်မာနေပါစေ။



အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါအရသာက တမူထူးခြားနေပါလိမ့်မယ်။(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပ...
13/03/2024

အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ
အရသာက တမူထူးခြားနေပါလိမ့်မယ်။

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
မကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတက်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက်
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။


#ဘဝအတွက်စာဖတ်ပါ

ဘ၀မှာ ကိုယ်တောင်မသိလိုက်ဘဲကိုယ့်ကို ကဲ့ရဲ့ပြစ်တင်သွားတဲ့ လူတချို့ရှိခဲ့တယ်။အရှေ့ကြတော့ ထွက်မပြော နောက်ကွယ်ကနေသူတို့သာလျှ...
13/03/2024

ဘ၀မှာ ကိုယ်တောင်မသိလိုက်ဘဲ
ကိုယ့်ကို ကဲ့ရဲ့ပြစ်တင်သွားတဲ့
လူတချို့ရှိခဲ့တယ်။

အရှေ့ကြတော့ ထွက်မပြော
နောက်ကွယ်ကနေ
သူတို့သာလျှင်အမှန်ဆိုပြီး
အသံကောင်းဟစ်ခဲ့ကြတဲ့သူတွေ။

ကိုယ့်အပေါ်မူမမှန်တာလုပ်ထားတဲ့သူက
ကိုယ်ဘာလေးပဲလုပ်လုပ်
သူတို့ကိုပြောတာပါ သူတို့ကိုရွဲ့တာပါဆိုပြီး
ခေါင်းစဉ်တပ်ပြီး အထိနာပြတဲ့သူတွေပေါ့။

အစကတော့
တော်တော်လေးစိတ်ဆိုးသလို
ပြန်ဖြေရှင်းဖို့လည်း ကြိုးစားဖူးတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ
ကိုယ့်ဘ၀မှာအရေးမပါတဲ့သူတွေက
အလိုလို ထွက်သွားပေးတာပါလားလို့
တွေးမိလာတယ်။

ကောင်းတဲ့သူတွေနားမှာ
မကောင်းတဲ့သူတွေက
ကြာကြာမနေနိုင်တတ်ကြဘူးကိုး။

တကယ်တော့
အခုလိုတွေကြုံလာတဲ့အခါ
လျစ်လျူရှုလိုက်တာ အကောင်းဆုံးပါပဲ။

ဘ၀မှာစိတ်မမှန်တဲ့သူတွေနဲ့ ကင်းကွာသွားတာ
ဘယ်လောက်များကောင်းလိုက်သလဲ။

ကိုယ့်ဘဝကြီးကို
စိတ်ကြိုက်ပျော်ပျော်နေပစ်လိုက်ပါ
အရေးမပါတဲ့ လူတချို့ကြောင့်
ကိုယ့်ဘ၀ရဲ့ပျော်ရွှင်ရတဲ့အချိန်တွေကို
ဖဲ့ပေးရတာ အရမ်းနှမြောဖို့ကောင်းပါတယ်။

အားလုံးပဲ အရေးမပါတာတွေ
ခေါင်းထဲကထုတ်ပြီး
ကိုယ့်ဘ၀ကို အပျော်ရွှင်ဆုံး ဖန်တီးလိုက်ပါနော် ။

to original uploader.

 #မေတ္တာစစ်ရင်နိုင်ပါတယ်.....မထားရီ...ဆွေမရှိ မျိုးမရှိတစ်ကောင်ကြွက်မ‌လေး သူမှာပိုင်တာဆိုလို့ မိဘ‌တွေလက်ထက်ကထားခဲ့တဲ့ အိ...
12/03/2024

#မေတ္တာစစ်ရင်နိုင်ပါတယ်.....

မထားရီ...
ဆွေမရှိ မျိုးမရှိတစ်ကောင်ကြွက်မ‌လေး သူမှာပိုင်တာဆိုလို့ မိဘ‌တွေလက်ထက်ကထားခဲ့တဲ့ အိမ်စုတ်လေးတစ်လုံးဘဲရှိတယ်။

ဆွေးမရှိ မျိုးမရှိ စည်းစိမ်ဥစ္စာမရှိ မျက်နှာမွဲလေးဆိုပေမဲ့ အတိတ်က ဘ‌ဝပေးကုသိုလ်ကံကြောင့် ရုပ်အဆင်းလေးက‌တော့အင်မတန်ချောမောလှပတဲ့ မိန်းမသားလေးဆိုပါတော့။

သူ့ယောက်ျားက စစ်သားထွန်းခင်
ထွန်းခင်နဲ့မထားရီညားပြီး သုံးလလောက်အကြာမှာ အထက်ကအမိန့်စာတစ်ခု ရောက်လာတယ်။
ထွန်းခင် ရှေ့တန်းထွက်ဘို့ ဆင့်ခေါ်တဲ့ အမိန့်စာဘဲ။

မထားရီနဲ့ပေါင်းအပြီးသုံးလလောက်အကြာမှာဘဲ
ထွန်းခင်တစ်ယောက်ရှေ့တန်းထွက်ခဲ့ရတယ်။

ထွန်းခင်ရှေ့တန်းထွက်သွားတဲ့အချိန် ရွာမှာကျန်ခဲ့တဲ့
မထားရီက သူ့ဘဝသူ တစ်ယောက်ထဲကြိုးစားရုန်းကန်ရင်း သူ့လင်စစ်သားပြန်အလာကိုမျှော်နေခဲ့တယ်။

ဒါပေမဲ့
တစ်နှစ်နေလို့လည်း ပေါ်မလာ နှစ်နှစ်နေလို့လည်း
သတင်းမကြား အခုဆို သုံးနှစ်တောင်ပြည့်တော့မယ်
ကိုထွန်းခင်တစ်ယောက် ရှေ့တန်းမှာ သေများသေနေပြီလား

အားကိုချင်လို့ ယျောက်ျားယူပါတယ်ဆိုမှ ယျောက်ျားယူလိုက်မိခါမှ တစ်ခုလပ်လိုလို မုဆိုးမလိုလိုဖြစ်သွားတဲ့ သူ့ဘဝသူပြန်တွေးပြီး
အားငယ်နေမိတယ်။

အဲဒီရွာထဲမှာဘဲ ဟိုငယ်စဉ်ကတည်းက မထားရီကို တစ်ဖက်သတ် အရူးအမူးစွဲလမ်းခဲ့တဲ့ သက်နိုင်ဆိုတဲ့
ကောင်လေးတစ်ယောက်ရှိတယ်။

သက်နိုင်ဟာ မထားရီရဲ့
အဖြစ်ကိုကြည့်ပြီး သနားနေမိတယ် ဟိုစစ်သားကိုမျှော်မနေဘို့ သူ့ကိုလက်ထပ်ဘို့ အကြိမ်ကြိမ်အခါခါ တောင်းဆိုနေတယ်။

ကြာလာတော့ မထားရီလည်း တစ်ခုလပ်မှန်းမသိ မုဆိုးမမှန်းမသိဖြစ်နေတဲ့ သူ့လိုမိန်းမတစ်ယောက်ကို
ခနခန လက်ထပ်ခွင့်လာတောင်းနေတဲ့ သက်နိုင်ကို
ယုံကြည်လာမိတယ် သနားလည်းသနားလာမိတယ်။

ဒါနဲ့ဘဲ သက်နိုင်ရဲ့တောင်းဆိုမှုကို
မထားရီတစ်ယောက် ခေါင်းညိမ့်လိုက်တယ် ဆိုပါစို့။

သက်နိုင်နဲ့ညားတဲ့နေ့ကစပြီး
မထားရီဟာ ထမင်းဟင်း
ချက်ရုံမှတပါး
တခြားဘာအလုပ်မှမလုပ်ရဘူး
သက်နိုင်ဟာ မထားရီကို မင်းသမီးလေးတစ်ပါးလိုထားတယ်။

လင်နဲ့မယား မယားနဲ့လင်ကြားမှာ ဘာပြဿနာမှမရှိ
သိပ်ကိုသာယာတဲ့ မြင်သူတိုင်းအားကျရတဲ့ ဇနီးမောင်နှံလေးပေါ့။

ဒါပေမဲ့ သူတို့ရဲ့ ပျော်ရွှင်မှုတွေဟာ သိပ်ပြီးကြာကြာမခံလိုက်ဘူး။

သက်နိုင်နဲ့မထားရီညားပြီး ခြောက်လလောက်အကြာအမှာဘဲ သူတို့ဘဝထဲကို မုန်တိုင်းတစ်ခုဝင်လာတယ်။

"စစ်သားထွန်းခင် ပြန်လာပြီ"တဲ့

ဒီသတင်းကြားကြားချင်း မထားရီတစ်ယောက် ငယ်ထိပ်မြွေပေါက်ခံလိုက်ရသလိုဖြစ်သွားတယ်။

"အမယ်လေး ဘုရား ဘုရား မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့ လွဲပါစေ ဖယ်ပါစေ"

လွဲလည်းမလွဲသလို ဖယ်လည်းမဖယ်ပါဘူး အကြောင်းစုံကို သိနှင့်နေပြီဖြစ်တဲ့ထွန်းခင်ဟာ သူ့အိမ်ရှေ့လာပြီး မထားရီကို ခနဲ့သဲ့သဲ့ လုပ်သွားတယ်။

ညဘက်ရောက်တော့ စစ်သားထွန်းခင်ဟာ အရက်ကိုမူးအောင်သောက် ဓားတစ်ချောင်းကိုင်ပြီး သက်နိုင်ကိုလာရမ်းတယ်။

"ဟေ့ကောင် သက်နိုင် မယားသူခိုး ကြာကူလီကောင်
သူများမယား ကြောင်တောင်နှိုက်တဲ့ကောင် မင်းမှာ
မိန်းမ အဲ့လောက်ရှားလား"

တဖြည်းဖြည်းနဲ့ ပြဿနာက
ကြီးသည်ထက်ကြီးလာတယ် နောက်ဆုံး တရားရုံးမှာ တရားရင်ဆိုင်ကြတဲ့ အဆင့်အထိ
ဖြစ်ကုန်တယ်။

ရပ်ကြော်ရွာကြော် နောက်ဆုံးမြို့ပေါ်တွေအထိပါ ဒီသတင်းက
ပြန့်နှံ့သွားတယ်။

ကဲ နောက်ဆုံး တရားရုံးရောက်ပါပြီ

တရားရုံးမှာ ဒီအမှုကို ကိုင်တွယ်ဆုံးဖြတ်ပေးမယ့် တရားသူကြီးက အခြားသူမဟုတ်ဘူး။

ခုံတော်မောင်ကျဘမ်း

ရုံး‌တော်ရောက်တာနဲ့
ထွန်းခင်ကိုရော သက်နိုင်ကိုရော
မထားရီကိုရော ဖြစ်စဉ်အကြောင်းအရာတွေ
အကုန်စုံလင်အောင်မေးမြန်းတယ်။

အမှူရဲ့အသွားအလာတွေကိုကြည့်ခြင်းအားဖြင့် ဒီအမှုဟာ ဒီတိုင်းဆုံးဖြတ်လို့မရဘူး ဥပါယ်တံမျဉ်သုံးမှရမယ်ဆိုတာကို
ခုံတော်မောင်ကျဘမ်း သဘောပေါက်လိုက်တယ်။

ကဲ ရုံးတော်ကို နောက်တစ်ပတ်ထပ်ချိန်းတယ် နောက်တစ်ပတ်တိတိပြည့်တဲ့နေ့မှာ ဒီအမှုကို အားလုံးတရားမျှမျှတတဖြစ်အောင် ဆုံးဖြတ်ပေးမယ်။

ဒီအမှုကို မဆုံးဖြတ်ရသေးခင် အချိန်အတောအတွင်းမှာတော့
မထားရီကို မင်းတို့နဲ့ထည့်လိုက်လို့
မဖြစ်ဘူး
ငါ့အိမ်မှာ ခနခေါ်ထားမှဖြစ်မယ်။

"ဘယ်လိုလဲ ထွန်းခင်နဲ့ သက်နိုင် မင်းတို့ သဘောတူလား"

"ဟုတ်ကဲ့ သဘောတူပါတယ် တရားသူကြီးမင်း"

တစ်ရက်ပြီးတစ်ရက် တစ်ရက်ပြီးတစ်ရက်နဲ့ ကုန်လွန်လာလိုက်တာ ဘာလိုလိုနဲ့ ငါးရက်မြောက်တောင်ဖြစ်ခဲ့ပြီ။

ရပ်ကြော်ရွာကြော်ဖြစ်သွားတဲ့ သတင်းတစ်ခုဆိုတော့
မိန်းမသားတစ်ယောက် တရားဝင်လင်နှစ်ယောက်ဖြစ်နေတဲ့ ဒီအမှုကို ခုံတော်မောင်ကျဘမ်းတစ်ယောက် ဘယ်လိုများစီရင်ချက်ချမလဲ အားလုံးကစိတ်ဝင်စားနေကြတယ်။

တစ်ချို့ကလည်း ထွန်းခင်က
ပထမလင်ဖြစ်လို့
ထွန်းခင်ရသင့်တယ်

တစ်ချို့ကလည်း
သက်နိုင်ရသင့်တယ် အပွဲပွဲနွှဲလာတဲ့
ခုံတော်မောက်ကျဘမ်းတစ်ယောက် ဒီတစ်ပွဲတော့ အခက်တွေ့ချေပြီ

သူ့အထင်နှင့်သူ ကိုယ့်အထင်နဲ့ကိုယ် ဆုံးဖြတ် သုံးသပ်နေတဲ့ကြတဲ့ အချိန်မှာဘဲ

ခုံတော်မောင်ကျဘမ်းအိမ်ကနေ ဘယ်သူမှ မျှော်လင့်မထားတဲ့ သတင်းတစ်ခုထွက်လာတယ်

"မထားရီတစ်ယောက် အဆိပ်သောက်လို့ သေပြီ" တဲ့

ဒီသတင်းဟာ ခနချင်းအတွင်းမှာဘဲ တစ်မြို့လုံး ပြန်နှံ့သွားတယ်။

မောင်ကျဘမ်းရဲ့ အိမ်ဝိုင်းထဲမှာလည်း လူအုပ်ကြီးဟာ ဘုရားပွဲဈေးတစ်ခုပမာ တိုးလို့မပေါက်တဲ့အနေထားထိဖြစ်သွားတယ်။

လူအုပ်ကြီးကြားထဲကနေ အမောတကော ပြေးထွက်လာသူက သက်နိုင် သူနဲ့ထပ်ကြပ်မခွါ ရှေ့ဆင့်နောက်ဆင့်
ရောက်လာသူက ထွန်းခင်

"ဘယ်လိုဖြစ်တာလဲဗျာ တရားသူကြီးမင်း ဘယ်လိုဖြစ်တာလဲ ကျုပ်တို့ကိုလည်း ပြောစမ်းပါအူး"

"အေးကွာ မင်းတို့နှစ်ယောက်အတွက်တော့
ငါ တကယ်စိတ်မကောင်းပါဘူး"

"အဆိုးဆုံးကတော့ မင်းတို့ရဲ့မထားရီဟာ သူ့ကိုယ်သူတရားခံ
တစ်ယောက်လို အမြဲတမ်းတွေးနေတာဘဲကွ"

"အခုဖြစ်နေတဲ့ ပြဿနာတွေအားလုံးရဲ့တရားခံဟာ သူဘဲ
သူသာဒီလောကကြီးထဲမှာမရှိတော့ရင် ဒီပြဿနာတွေအားလုံးပြီးသွားမှာ" ဆိုတဲ့ စကားမျိုးတွေ ခနခနလာပြောနေတာ

အဲ့လိုမျိူးတွေမ‌တွေးဘို့ အားလုံးတရားမျှမျှတတဖြစ်အောင် ဆုံးဖြတ်ပေးမှာဖြစ်လို့ စိတ်အေးအေးထားဘို့ ငါလည်းခနခန နှစ်သိမ့်ပေးခဲ့တာပါဘဲ

ဒါပေမဲ့ကွာ
မထားရီဟာ မင်းတို့နှစ်ယောက်ကြားက ရန်မီးတွေ ဒီထက်မက ကြီးထွားမလာစေဘို့ ပြီးတော့
တစ်ရှက်နေနှစ်ရှက်
နှစ်ရှက်ကနေ သုံးလေးငါးရှက်ဖြစ်လာတော့ သူ့ဘဝသူ မရွေးသင့်တဲ့လမ်းကို ရွေးချယ်သွားပုံရပါတယ်။

ကဲ ဖြစ်ခဲ့တာတွေက ဖြစ်ပြီးသွားပြီဘဲကွာ ငါတို့ ဘာတတ်နိုင်တော့မှာလည်း သူ့ရဲ့နောက်ဆုံးခရီးကို အကောင်းဆုံးလုပ်ပေးဘို့ဘဲရှိတော့တာပေါ့။

အခု မထားရီကတော့ သေပြီ
မထားရီရဲ့အသုဘ မသာစရိတ်ကို မင်းတို့နှစ်ယောက်ထဲက
ဘယ်ကောင်တာဝန်ယူမှာလဲ။

‌"ဟေ့ကောင် ထွန်းခင်
မင်းတာဝန်ယူနိုင်လား"

"ဟာဗျာ မဟုတ်သေးပါဘူး
ကျနော့်မှာ မထားရီနဲ့ငြားပြီး
သုံးလလောက်ဘဲပေါင်းသင်းခဲ့ရတယ် အထက်အမိန့်နဲ့ရှေ့တန်းထွက်ခဲ့ရတယ် ရှေ့တန်းကပြန်လာတော့
မထားရီဟာ ဒီကောင့်မယားဖြစ်နေပြီ"

"အခု ကိုယ့်မယားကို ပြန်ရလိုရငြား တရားရင်ဆိုင်ပါတယ် ကိုယ့်မယားကိုမရတဲ့အပြင် သေသွားတဲ့မသာစရိတ်ကိုပါ ကျုပ်ကစိုက်ရမယ်ဆိုတော့ မဟုတ်သေးပါဘူးဗျာ မဟုတ်သေးပါဘူး
စဉ်းစဉ်းစားစားလည်းပြောကြပါအူး"

"ဟေ့ကောင် ထွန်းခင် တော်တော့ မင်းတို့တစ်ယောက်မှတာဝန်မယူလည်းရတယ် ပြဿနာမရှိဘူး
ဒီအသုဘကို
ငါသဂြိုလ်ပေးလိုက်လို့ရတယ်
မေးရမဲ့တာဝန်ဝတ္တရားရှိလို့
ငါမေးနေတာ"

"ဟေ့ကောင် သက်နိုင် မင်းရောဘယ်လိုလဲ တာဝန်ယူနိုင်လား"

"ဟုတ်ကဲ့ တရားသူကြီးမင်း
မထားရီရဲ့အသုဘကို တရားသူကြီးမင်းလည်းတာဝန်ယူစရာမလိုပါဘူး
အခြားဘယ်သူမှလည်း တာဝန်ယူစရာမလိုပါဘူး

#ကျနော်တာဝန်ယူမှာပါ"

"ကျနော်ဟာ မထားရီကို
ချစ်လွန်းလို့ မြတ်နိုးလွန်းလို့
ကျနော့်ဘဝတစ်ခုလုံးပေးပြီး
ချစ်ခဲ့ရသူပါ"

"ကျနော့်ဘဝတစ်ခုလုံးတောင်ပေးပြီး ချစ်ခဲ့သေးတာဘဲဗျာ
သူရဲ့နောက်ဆုံးခရီးလေးကျမှ
ကျနော်တာဝန်မယူနိုင်စရာဘာအကြောင်းရှိလဲ"

"ကျနော်ချစ်တဲ့ မထားရီရဲ့အသုဘကို ကျနော်တာဝန်ယူပါရစေ တရားသူကြီးမင်း"

"အေး မင်းတို့တရား မင်းတို့စီရင်လိုက်ကြတာဘဲကွ"

ခုံတော်မောင်ကျဘမ်းတစ်ယောက် အိမ်ပေါ်တက်သွားတယ်။

ခနကြာတော့ မထားရီရဲ့လက်ကိုဆွဲပြီး အိမ်ပေါ်က‌နေပြန်ဆင်းလာတယ်။

အောက်ကစောင့်ကြည့်နေကြတဲ့ လူအုပ်ကြီးလည်း
ဟာခနဲ ဟင်ခနဲ ဖြစ်သွားတယ်။

လှေကာခြေရင်းမှာရပ်နေတဲ့ ထွန်းခင်နဲ့သက်နိုင်တို့
နှစ်ဦးသားမှာလည်း ပါးစပ်အဟောင်းသား

"ကဲ မောင်သက်နိုင်
မင့်မယားမထားရီကို မင့်အိမ်
ခေါ်သွားနိုင်ပြီ"

"ဒီအမှု မင့်နိုင်တယ်"

"ဒီတရားကို ငါစီရင်တာမဟုတ်ဘူး မင်းတို့ကိုယ်တိုင်
စီရင်လိုက်ကြတာဘဲ"

မေတ္တာစစ်ရင် နိုင်ပါတယ်။။။

(၇) နှစ်လုံး အိမ်တွင်းအကြမ်းဖက်ခံခဲ့ရတဲ့ အကြောင်းကို မပြောချင်ပေမယ့်ပြောပြပါရစေ။အစကတော့ ကိုယ်လည်းပြည်ပရောက်နေပြီ ပြောပြလ...
11/03/2024

(၇) နှစ်လုံး အိမ်တွင်းအကြမ်းဖက်
ခံခဲ့ရတဲ့ အကြောင်းကို မပြောချင်ပေမယ့်
ပြောပြပါရစေ။

အစကတော့ ကိုယ်လည်းပြည်ပ
ရောက်နေပြီ ပြောပြလို့လည်း
အားလုံး အရှက်ရမယ် ဆိုတဲ့
အတွေးနဲ့ မပြောဘူး လုပ်ထားတာပါ။

အခုက ကိုယ်က ငြိမ်နေလေလေ
သူက လူတကာကို ကိုယ်ကပဲ
ဖောက်ပြန်နေလို့ ကွဲပေးလိုက်တဲ့
ပုံစံမျိုးတွေ ပြောနေတာတွေ
ပြန်ကြားရတော့ …

သူတောင် ငါ့ဂုဏ်သိက္ခာကို
မငဲ့တာ ငါလည်း သူ့ကိုငဲ့နေစရာ
မလိုတော့ဘူးဆိုပြီး တွေးမိလို့
ခံခဲ့ရတာတွေကို အကုန်ချပြ
ပါရစေ။

သူ အရှက်ကွဲမှာစိုးလို့
ကိုယ့်ဘက်က ငြိမ်ပေးခဲ့ပေမယ့်
ကိုယ့်ကိုတော့ နောက်ကွယ်မှာ
မဟုတ်မမှန်တာတွေပြောလို့
ကျွန်မခံစားရတာတွေ ပြောပြပါရစေ။

အခုပြထားတဲ့ပုံတွေက
ကျွန်မရဲ့ Ex က ကျွန်မအပေါ်
ယူပြီးကတည်းက (၇)နှစ်နီးနီး
ညှင်းပန်းနှိပ်စက် ခဲ့တဲ့ သက်သေတွေပါ။

သူ ရိုက်လို့ (၂၀၂၀) မှာ ကျွန်မနံရိုး
(၂) ချောင်း ကျိုးခဲ့ဖူးပါတယ် ။

ဒီလိုတွေ (၇)နှစ်လုံးလုံး
ရက်ရက်စက်စက် အိမ်တွင်း
အကြမ်းဖက်ခံ နေခဲ့ရတာကို
ကျမရဲ့မိဘဆွေမျိုးတွေနဲ့
သူငယ်ချင်းတွေကိုပါ တခါမှ
ဖွင့်မပြောပြခဲ့ ဖူးတဲ့အတွက်
ဘယ်သူမှ အခြေအနေမှန်ကို
မသိခဲ့ကြပါဘူး ။

၂၀၂၀ မှာ ကျမကို ပန်းကန်ကွဲတဲ့
ကိစ္စနဲ့ စကားများကြရာကနေ
နံရိုး၂ချောင်းကျိုးအောင် ရိုက်ခဲ့တာပါ။

သက်သာလာတဲ့အခါမှာ
ကျမမိဘအိမ်ကို ပြန်သွားခဲ့ပေမဲ့
သူ့အမေကိုယ်တိုင် ကျမအိမ်ရှေ့ထိလာပြီး
သူ့သား မှားသွားပါတယ်။

နောက်မဖြစ်စေရပါဘူးဆိုပြီး
လူကြီးတယောက်အနေ နဲ့ ကတိပေးခဲ့သလို
သူ့သား ကိုယ်တိုင်ကလည်း
ကျမ အမေနဲ့မောင်ရှေ့မှာ
ကျမကို ဒူးထောက်ပီး ခြေသလုံးဖက်
တောင်းပန်ခဲ့တဲ့အတွက် ကျွန်မဘက်က
ခွင့်လွှတ်ပေးခဲ့ပါတယ်။

ကျမအိမ်ကလဲ ကျမကို သူရိုက်နှက်
ခဲ့တာတွေကို တခုမှ မသိခဲ့တော့
ပုံမှန်စိတ်ဆိုး စိတ်ကောက်ကြတယ်ထင်ပီး
ပေါ့ပေါ့ လေးပဲ ထင်မိခဲ့ကြတာပါ။

ကျမကိုယ်တိုင်ကလဲ အိမ်ထောင်
မပျက်ချင်တာရော သူ့စိတ်လည်း
ပြောင်းလဲသွားမယ် အထင်နဲ့ သူကို
ယုံပြီး ကျမတို့ ပြန်ပေါင်းသင်း
နေထိုင်ခဲ့ပါတယ် ။

အဲ့နောက်မှာလဲ သူ့ရဲ့အမူအကျင့်ဟာ
ပြုပြင်ပြောင်းလဲတာ ဘာမှမရှိတဲ့အပြင်
ကျမအပေါ်မှာ ပေါင်းသင်းစဉ်အတွင်း
စိတ်သောကမျိုးစုံပေးနေခဲ့ပီး
ယောကျာ်းတကာနဲ့ သမုတ်ခြင်း ။

ကျမအဖေအရင်း မောင်အရင်းနဲ့တောင်
အနေအထိုင်ဆင်ခြင်ပီး ရင်းရင်းနှီးနှီး
မနေဖို့အတွက် တွန်းအားပေးခြင်းများ
လုပ်ခဲ့ပီး ...

နောက်ဆုံး သူ့အဖေအရင်း ကျွန်မ
ယောက်ခထီးဟောင်းနဲ့ရော ကျမသူငယ်ချင်း
အဖေနဲ့ပါ စွပ်စွဲပြောဆိုတာတွေရှိခဲ့ပါတယ်။

အဲဒီလို စွပ်စွဲရတဲ့ အကြောင်းပြချက်က
ကျွန်မ အနေထိုင်မတတ်လို့မဟုတ်ပါဘူး။

သူအကြောင်းပြပြီး ရိုက်နှက်ချင်လို့ကို
သက်သက်အကြောင်းရှာတာပါ။

သူက အပေါ်ယံ အများအမြင်မှာ
အရမ်းအေးဆေးရိုးသားတဲ့
လူကြီးလူကောင်း တစ်ယောက်လို
နေပေမယ့် ...

သူ့ရဲ့ စိတ်ကြေနပ်မှုက
ကျွန်မကို နှိပ်စက်ရိုက်နှက်နေတဲ့
အချိန်မှာမှ တကယ်ရတာပါ။

ရိုက်နှက် နှိပ်စက်နေတဲ့အချိန်ဆိုရင်
စိတ်လိုလက်ရနဲ့ တကယ်ကို
ပျော်ရွှင်စွာနဲ့ ကျွန်မကို နှိပ်စက်
ခဲ့တာပါ။ သနားညှာတာစိတ်
လုံးဝမရှိတဲ့ လူတစ်ယောက်ပါ။

ကျွန်မကို ရိုက်နှက်ချင်စိတ်
ပေါ်လာတဲ့ အခါတိုင်း ရုံးက
ကား ဒရိုင်ဘာတွေနဲ့ စွပ်စွဲပေးစားသလို၊

ရှိသမျှယောကျာ်းလေး အသိမိတ်ဆွေ
တွေနဲ့ မပေးစားဖူးတဲ့သူ မရှိလောက်အောင်
ကျမဟာ အိမ်ထောင်သက် ၇ နှစ်အတွင်း
စိတ်ကျဉ်းကြပ်စွာ နေထိုင်ခဲ့ရပါတယ် ။

အစပိုင်းတော့ ချစ်လို့ သဝန်တိုလို့ ပါလေလို့
တွေးမိပေမယ့် နောက်ပိုင်းသူက
ကိုယ့်ကို နာစေလိုတဲ့စိတ်ရယ်
ကိုယ့်နာကျင် အော်ဟစ်ပြီး
ကူရာကယ်ရာ မဲ့နေမှ
သူ့အာသာပြေတာကို သိလာခဲ့ရတာပါ။

အိမ်ထောင်ကွဲတာတွေ
အိမ်ထောင်ပျိုပျက်တာတွေ
မဖြစ်ချင်လို့ သည်းခံခဲ့ပေမဲ့
တဖြေးဖြေး အိမ်တွင်းအကြမ်းဖက်မှုက
ပိုပိုဆိုးလာပီး ကျမအပေါ်မှာလဲ
physically and mentally လုံခြုံမှု
ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်
အဖြစ် ရှိမနေခဲ့တာကြောင့် ဘယ်လိုမှ
ရှေ့ဆက်လက်မတွဲနိုင်လို့ ကွဲကြဖို့
ကျမဖက်ကပဲ စတောင်းဆိုခဲ့တာဖြစ်ပါတယ်

အဲဒီလိုကွာရှင်းဖို့ ပြောမိကာမှ ...

သူ့ကို ကွာရှင်းဖို့ ပြောရပါ့မလားဆိုပီး
ကျမကို ( ၄ ) ရက်တိတိ အိမ်တံခါးပိတ် ။

ဖုန်းသိမ်းပီး သတိမေ့တဲ့အထိကို
ခါးပတ်နဲ့ရိုက် ၊ လည်ပင်းကို ခါးပတ်နဲ့ညှစ်
ပြီးတော့ ဗိုက်နဲ့ မျက်နှာကို လက်သီးနဲ့ထိုး
ခြေထောက်နဲ့ကန် ခဲ့ပါတယ်။

အဲဒီလေးရက်က ကျွန်မဘဝအတွက်
တကယ့် ငရဲခန်းပါပဲ။

ပုံတွေကိုသာ ကြည့်ပါတော့။

သူရိုက်ခဲ့လို့ ကျွန်မ လက်ချောင်း ၂ချောင်း
အရိုးအက်ခဲ့ရပီး ဆိုးရွားစွာ
ရိုက်နှက်နှိပ်စက်ခဲ့ပါတယ် ။

ပြသနာစဖြစ်တာက ညဘက်ကြီးဆိုတော့
ကျမကို အဲ့ညမှာပဲ တော်တော်လေးကို
ရိုက်နှက်ခဲ့ပါတယ် ။

၂၀၂၀ တုန်းကလို အိမ်ပေါ်ကဆင်းပီး
အမေအိမ်သွားမှာစိုးလို့ အိမ်တံခါးတွေ
သော့ပိတ်ပီး ဖုန်းကိုပါ သိမ်းထားခဲ့တာပါ ။

ကျမတို့အိမ်က ၅ထပ်တိုက်ပါ။
အောက်ထပ် ၄ခန်းက ရုံးခန်းတွေဆိုတော့
covid and coup ကာလဆိုတော့
အကုန်ပိတ်ထားရပါတယ် ။

( ၄လွှာလုံးက ကျမတို့ ရုံးခန်းတွေပါပဲ )

ကျမတို့က ၅လွှာနဲ့ penthouse မှာနေပါတယ်။

ကျမကို ပထမတရက်မှာတော့
ရိုက်နှက်ပီး အဲ့ညမှာပဲ သူဟာ
အောက်ဆုံး မြေညီထပ်တံခါးပဲ
သော့ပိတ်ထားပီး ထွက်သွားခဲ့ပါတယ် ။

သူထွက်သွားတာသိသိချင်း
ကျွန်မ လွတ်မြောက်ဖို့ စပြီးကြိုးစားပါတယ်။

ကံကောင်းချင်တော့ သူကသော့တွေ
အကုန်ခတ်သွားပေမယ့် မြေညီထပ်ရဲ့
နောက်ဖေးတံခါးကို သော့မခတ်သွားလို့
အဲဒီ တံခါးကို ဖွင့်ပီး တိုက်နဲ့
ဘေးခြံစည်းရိုးကြားကနေ လူတစ်ကိုယ်စာ
ထွက်လို့ရတော့ ကျမ ခွေးလေးကို
ခေါ်ပီး ထွက်လာခဲ့ပါတယ် ။

ကျမတို့ရပ်ကွက်ရော လမ်းရောက
လူခြေအရမ်းတိတ်ပီး လုံးချင်းတိုက်တွေ
များပါတယ် ။

ကျမ လမ်းထိပ်ထွက်ပီး ကားဌားမယ်
အလုပ်မှာ သူ့ကားလမ်းထဲ
ဝင်လာတာတွေ့လို့ မှောင်ရိပ်မှာ
ပုန်းနေတုန်း ကျမ ခွေးလေးကလဲ
အိမ်ကကားကို တွေ့တော့
လှမ်းဟောင်လိုက်တဲ့အချိန် သူကြားသွားပီး
ကျမကို အိမ်ကို အတင်းပြန်
ဆွဲခေါ်လာခဲ့ပါတယ် ။

ကျမအမှားက ပတ်ဝန်းကျင်ကို
အရမ်းဂရုစိုက်တတ်တဲ့ အကျင့်ပါပဲ ။

အဲ့အချိနိမှာ ကျမ ပတ်ဝန်းကျင်ကို
အကူအညီတောင်းမိရင်တော့
တမျိုးဖြစ်ကောင်းဖြစ်လာနိုင်ပါတယ် ။

အိမ်ထောင်ကွဲတဲ့အပေါ်
ပြောကြမှာစိုးပီး ပတ်ဝန်းကျင်ကို
ဂရုစိုက်တတ်လွန်းလို့ကို ၇နှစ်တိတိ
သူ့ကို သည်းခံပေးခဲ့တာလဲ ဖြစ်ပါတယ် ။

သူက အမှန်တော့ ဆေးနဲ့ စားစရာတွေ
သွားဝယ်လာတာပါ ။

ကျမကို အိမ်ပေါ်ရောက်တော့
သတိမေ့တဲ့အထိ လည်ပင်းကို
ခါးပတ်နဲ့သိုင်းပီး ညှစ်ပါတယ် ။

ထပ်ပီးလဲ ရိုက်ပါတယ် ။

နောက် သတိရလာတော့မှ
ကျမကို အကိုက်အခဲပျောက်ဆေးတွေတိုက်
ဆေးတွေလိမ်းပေးပီးတဲ့အခါ
ကျမက ၄လွှာက ရုံးခန်းမှာပဲ
အိပ်မယ်ပြောပီး အိပ်ခဲ့ပါတယ် ။

သော့တွဲကိုလဲ သူပြန်သိမ်းသွားပါတယ်

နောက်ရက်ကျတော့ ကျမ
တော်တော်လေးကို ခန္ဓာကိုယ်က
နာကျင်နေတော့ လှုပ်ရှားဖို့တောင်
မလွယ်ပါဘူး ။

ဒါပေမဲ့ သူ ၄လွှာကို ဆင်းလာပီး
ကျမကို ဆေးတွေတိုက်
ဆေးတွေလိမ်းပေးပီး အစားအသောက်တွေ
လာပေးပါတယ် ။

သေသွားမှာစိုးလို့ထင်ပါတယ်။

နောက်ထပ် ၂ရက်တိတိ ကျမကို
သတိရရင် ရသလို ဆင်းလာပီး
ပြသနာမျိုးစုံရှာပီး ရိုက်ခဲ့ပါတယ် ။

ကျမက နာလို့ လက်နဲ့ကာတဲ့အခါ
အဲ့နာတဲ့ နေရာကိုပဲ ကြိမ်ဖန်များစွာ
ရိုက်ခဲ့ပါတယ် ။

ကျမရဲ့ ပြထားတဲ့ပုံထဲမှာ
ကြည့်ရင် သိနိုင်ပါတယ်

၃ရက်မြောက်နေ့မှာ
ရှေ့၂ရက်တိတိရိုက်ထားတဲ့
ဒဏ်ရာတွေကြောင့် ကျမလဲ
သိပ်မလှုပ်နိုင်တော့ ၄လွှာမှာပဲ
ဆက်နေခဲ့ပါတယ် ။

ကျမကိုတော့ နေ့တိုင်း ဆေးလာတိုက်
ဆေးလိမ်းပေးတာတွေ လုပ်ပေးခဲ့ပါတယ် ။

ကျမအနေနဲ့လဲ တော်တော်ကို
မလှုပ်နိုင်ပဲ တကိုယ်လုံးဟာ ထိလိုက်တိုင်း
နာကျင်နေပီး အိပ်တာတောင်
သေချာ မအိပ်နိုင်ခဲ့ပါဘူး ။

နောက်ရက် ၄ရက်မြောက်နေ့မှာ
သူ့ ဆေးခန်းကိစ္စ meeting ရှိလို့
သွားမယ်ပြောပီး အပြင်ထွက်သွားပါတယ်။

သူအပြင်ထွက်တာ ကြာမယ်မှန်းသိတော့
အပြင်ဘယ်လိုထွက်ရမလဲ ။

ပတ်ဝန်းကျင်ပဲ အကူအညီတောင်းရမလား ။

စိတ်ထဲမှာ ကြောက်စိတ်ရော
ခံစားချက်က မျိုးစုံ ရှိနေခဲ့ပါတယ် ။
ဒါပေမဲ့ ခုချိန် ပြန်စဉ်းစားလိုက်ရင်
ကျမ အဲ့တုန်းက ဘာလို့ ကြောက်နေခဲ့ပီး ပတ်ဝန်းကျင်ကို ၃ရက်တိတိ
အကူအညီမတောင်းခဲ့လဲဆိုတာ
တကယ်ကို ပြန်စဉ်းစားလို့ မရခဲ့ပါဘူး ။

အဲ့အချိန်မှာ သူက ကျမကို
ဖုန်းတလုံးပေးခဲ့ပါတယ် ။

ရုံးဖုန်း hand set နဲ့ keypad ဖုန်းပါ ။

SIM card ကတော့ ဘာနံပါတ်လဲ
မသိပါဘူး no 1 ကိုနှိပ်ရင် သူ့ဆီ
ဖုန်းဝင်မှာလို့ ပြောခဲ့ပီး ကိစ္စတခုရှိရင်
ဖုန်းခေါ်ဖို့ ပြောပီး ပေးခဲ့ပါတယ် ။

ကံကောင်းချင်တော့ အဲ့အချိန်မှာ
အဲ့ဖုန်းကို ကျမအမေက ဖုန်းဆက်လာပါတယ်။

ကျမဆီဖုန်းခေါ်တော့လဲ စက်ပိတ်ထားပီး
ကျမကို social media မှာလဲ
မတွေ့ရပဲ ပျောက်နေပီး
( ကျမက ရယ်စရာပို့စ်လေးတွေ
နေ့တိုင်းကို ရှယ်တတ်ပါတယ် ) ။

သူ့ဆီဖုန်းခေါ်တဲ့အခါမှာ ကျမဖုန်းက
ပျက်နေလို့ သူလဲ အပြင်ရောက်နေလို့
အိမ်ရောက်ရင် ဖုန်းပြန်ခေါ်ခိုင်းလိုက်မယ်
ဆိုပီး ပြောတယ်လို့ ကျမအမေက
ပြန်ပြောပြခဲ့ပါတယ် ။

ဒါပေမဲ့ စိတ်ထဲ တမျိုးလေးဖြစ်ပီး
ကျမဆီက အဆက်အသွယ်မရ
ဖြစ်နေတော့ စိတ်ပူပီး အရင်က ကျမ အမေ့ဆီကို တခါခေါ်ဖူးတဲ့ ဖုန်းနံပါတ်ကို မှတ်ထားလို့ ပြန်ခေါ်လိုက်တော့ ကျမဆီရောက်နေတဲ့ ဖုန်းနံပါတ်ဖြစ်နေခဲ့တာပါ။

ဒီလိုနဲ့ အမေနဲ့ ဖုန်းအဆက်အသွယ်ရပြီး
တော့ အမေနဲ့ ကျမမောင်လေး
အိမ်အထိ လာခေါ်ပေးကြလို့
ကျွန်မ ငရဲခန်းက လွတ်ခဲ့တာပါ။

အခုတင်ထားတဲ့ပုံတွေကတော့
သူကျွန်မကို နှိပ်စက်ပြီးတော့
အမေ့အိမ်ရောက်တဲ့အချိန်မှာ
ကျွန်မ မိသားစုက
ရိုက် ပေးထားတဲ့ပုံတွေပါ။

ကိစ္စတွေကို အတိုချုံးပီးပဲ
ရေးတင်လိုက်ရခြင်း ဖြစ်ပါတယ်
ဒီထက်ဆိုးဝါးတဲ့
အခြေအနေတွေကိုတောင်
ကျမကို သူလုပ်ခဲ့တာတွေ ရှိပါသေးတယ်
ဒါပေမဲ့ အများကို
ပြောပြသင့်တဲ့ကိစ္စကိုပဲ
ကျမပြောပြထားတာပါ

ကျမရဲ့ ဖုန်းကိုတောင်
ကျမမိဘအိမ်ရောက်ပီး
၃လလောက်အကြာမှ
သူငယ်ချင်းကတဆင့်
ပြန်တောင်းတာကို
SIM card ပဲ ပြန်ရခဲ့ပါတယ်

ဒါနဲ့ဘဲ ကျွန်မလည်း သူနဲ့ကွာရှင်းခဲ့ပြီး
မြန်မာပြည်မှာ မနေချင်တော့လို့
အကြောင်းအမျိုးမျိုးနဲ့
အမေရိကားကို ထွက်လာခဲ့ပါတယ်။

အခုလည်း ကျွန်မကိုတန်ဖိုးထားတဲ့
သူနဲ့ တွေ့လို့ ကျွန်မ အဆင်ပြေနေပါပြီ။

ကျမနဲ့ကွာရှင်းပီး တပတ်အကြာမှာ
သူလဲနောက်အိမ်ထောင်ပြုခဲ့တယ်လို့
ပြန်ကြားသိရပါတယ်
Pre wedding တွေ
မင်္ဂလာဆောင်တွေကိုလဲ
ကွာရှင်းတဲ့ လတွင်းမှာပဲ လုပ်ကြတာကို
မိတ်ဆွေများထဲမှ လာပြကြလို့
သိခဲ့ရပါတယ်

အခုမှ ဒီအကြောင်းတွေဘာလို့
တင်လဲဆိုတော့ ကျွန်မက နစ်နာသူ
နှစ်ရှည်လများ နှိပ်စက်တာခံခဲ့ရသူ
ဖြစ်ပေမယ့် ..

ကျွန်မရဲ့ Ex က ကျွန်မက ဖောက်ပြန်လို့
သူကကွဲလိုက်ရတာပါဆိုပြီး
လူတကာကို လိုက်ပြောနေတဲ့ အတွက်
ကျွန်မ ဂုဏ်သိက္ခာကျဆင်းရပါတယ်။

နောက်တချက်က ကျွန်မရဲ့လက်ရှိ
ခင်ပွန်းရဲ့ Ex ကလည်း ကျွန်မရဲ့အရင်
Exနဲ့ပေါင်းပြီး ကျွန်မတို့ကို
ဖောက်ပြန်ကြပါတယ်ဆိုပြီး
အရှက်ခွဲကြပါတယ်။

ကျွန်မတို့မှာအရမ်း အံံသြရပါတယ်။

တကယ်က ကျွန်မ ex နဲ့ ကျွန်မက
ကျွန်မကို နှိပ်စက်ရိုက်နှက်လို့ ကွဲတာပါ။

ကျွန်မလက်ရှိ ခင်ပွန်းရဲ့ Ex ကတော့
ဖောက်ပြန်လို့ ကွဲကြတာပါ။

(ကျွန်မတို့မှာ သက်သေ
အကုန်ရှိပါတယ်။)

ဒါပေမယ့် ကျူးလွန်သူ နှစ်ဦးက
နစ်နာတဲ့သူပုံစံတွေ ဟန်ဆောင်ကြပြီး
ကျွန်မတို့ ကို အဆုံးထိ သိက္ခာချနေကြလို့
အခုပို့စ်ကို တင်ရခြင်းဖြစ်ပါတယ်။

ကျွန်မတို့ရဲ့အမှားက ကိုယ်ခံခဲ့ရကြောင်းကို
လူသိမှာစိုးခဲ့တဲ့အမှား။

အခုတော့ ကျွန်မတို့ ခံခဲ့ကြရတာကို
ထုတ်ပြဖို့ မရှက်တော့ပါဘူး။

သူတို့က မဟုတ်မမှန်ပဲ စွပ်စွဲတာပါ။
ကျွန်မတို့က သက်သေ အကုန်ရှိလို့
အခု ပွင့်လင်းမြင်သာစွာနဲ့
ဒီပို့စ်ကို ရေးလိုက်ရပါတယ်။

သူတို့ပုံတွေတော့ Privacy အရ
မတင်တော့ပါဘူး။ အသိမိတ်ဆွေ
တွေကတော့ သူတို့ဘယ်သူလဲဆ်ိုတာ
သိကြပါတယ်။

ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး
ထောင်က အကြမ်းဖက်ခံနေရတဲ့
အိမ်ထောင်ဆိုတာ ကျွန်မ ဘဝလေးနဲ့
သက်သေခံ လိုက်ပါတယ်။

လူစိတ်မရှိသူများ ရန်မှ အားလုံး
ကင်းဝေးကြပါစေ။

( ၇နှစ်တာ ပေါင်းခဲ့ရတာဖြစ်လို့
သူနဲ့ ပတ်သက်ပီး
လူမှုရေး စီးပွါးရေးကအစ
အားလုံးကို သိထားတာမို့
ကျမသိက္ခာနဲ့ ဆိုင်တာကိုပဲ
လူအများသိအောင်
ပြောပြာထားတာပါ
ကျန်တာတွေကိုတော့
သူ့ကို ပုဂ္ဂိုလ်ရေးအရ
တိုက်ခိုက်သလို ဖြစ်မှာစိုးလို့
ဒီလောက်ပဲ ပြောပြလိုက်ပါရစေ )

"ချစ်ဇနီး"ကျနော်သိတဲ့ စီးပွားရေး လုပ်ငန်းရှင်တယောက် ရှိတယ်။သိတယ်ဆိုတာကလည်း သူ့ကို ဟာသအမြင်နဲ့ စသိခဲ့တာပါ။ အစည်းအဝေး လုပ်...
27/02/2024

"ချစ်ဇနီး"

ကျနော်သိတဲ့
စီးပွားရေး လုပ်ငန်းရှင်တယောက် ရှိတယ်။
သိတယ်ဆိုတာကလည်း
သူ့ကို ဟာသအမြင်နဲ့ စသိခဲ့တာပါ။

အစည်းအဝေး လုပ်တိုင်း
အရေးကြီးတဲ့ဆုံးဖြတ်ချက်
အဖြေတခု ပေးရတော့မယ်ဆိုရင် သူက
တိုးတိုး တိုးတိုးနဲ့ အပြင်ကို ဖုန်းထွက်ပြောတတ်တယ်။
နောက်ပိုင်း သိလာရတာက
သူ့မိန်းမဆီ ဆက်နေတာတဲ့။
သူ့မိန်းမနဲ့ တိုင်ပင်နေတာ။

ကျနော့်အသိ စစ်ဗိုလ် အကိုတယောက်
အမြဲ ပြောင်နေကျလိုမျိုး
“ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက်
ငါ၏အသက်ကို စွန့်လွှတ်ရန်
ငါ၏မိန်းမနှင့် တိုင်ပင်လိုက်ဦးမည် " ဆိုတဲ့ လူမျိုးပေါ့။

အလုပ်ထဲက စီနီယာ မို့ သူ့ရှေ့မှာ မစရဲပေမယ့်
နောက်ကွယ်မှာ ချစ်စနိုးနဲ့ အမြဲစမိတယ်။

တနေ့တော့ သူနဲ့ အေးအေးဆေးဆေး
စကားပြောခွင့် ကြုံလာပါလေရော။ သိတယ် ဟုတ် ။
ကိုယ်ကလည်း စပ်စုစိန်။ မနေနိုင်တော့ မေးမိတယ်။
နောက်ပြောင်ခဲ့မိတာတွေကိုလည်း တောင်းပန်ရင်းပေါ့။

သူပြောပြခဲ့တဲ့ သူ့ဇာတ်လမ်းက ဒီလိုပါ။

သူက ပဲခူးသား ဆန်စက်တခုမှာ နေ့စား လုပ်တယ်။
သူ့မိန်းမ ဖြစ်လာမယ့်အမက ဆေးလိပ်ခုံက အလုပ်သမ။
သားကြီး သမီးကြီးတွေ ဖြစ်တာကြောင့် မိသားစုကို ငဲ့ပြီး
သူတို့ လက်မထပ်ကြသေးပဲ
မိသားစုဝန်ကို ထမ်းနေကြရတဲ့ အချိန်။

တနေ့ သူတို့ ချိန်းတွေ့ကြတော့
သူ့မိန်းမ ဖြစ်လာမယ့် အမက ပြောတယ်။
အငယ်တွေ ဆယ်တန်းပြီးပြီ။ ငါတို့ လက်ထပ်ကြစို့တဲ့။
သူက ယောက်ျားလေ ။ စီစဉ်ရပြီ။
ရှည်ရှည်ဝေးဝေးတော့ သိပ်မဟုတ်လှဘူး။
ခိုးပြေးကြရအောင်လို့ သူ ပြောလိုက်တယ်။
လက်လုပ်လက်စား ဘဝမှာ
တင့်တောင်းတင့်တယ် ဆိုတာ အိပ်မက်ထဲက ပွဲမျိုးကိုး။
အမလည်း အေး ကောင်းတယ် ဆိုပြီး လက်ခံခဲ့တယ်တဲ့။

သူတို့ ဘာပါလဲ ကြည့်လိုက်တော့
အမမှာ နားကပ်လေး တရံ ။
အကို့မှာက စက်ဘီးလေးတစီး။
အပေါင်ဆိုင် ပြေးကြတယ်။
ပါလာတဲ့ နားကပ်လေးနဲ့ စက်ဘီးကို
ရသလောက်နဲ့ ပေါင်တယ်။
အပေါင်စာရွက် နောက်ကျောမှာ
ခိုးရာလိုက်ပြေးကြကြောင်း ရေးပြီး အိမ်တွေကို ပို့ ။

ပြီးတော့ ငွေ ၃ သောင်းနဲ့
သူတို့ ခြေဦးတည့်ရာ ထွက်လာကြတယ်။
ငွေ ၃ သောင်း အဝတ်တထည် ကိုယ်တခုပဲရှိတဲ့
ယောက်ျားတယောက်နဲ့ မိန်းမတယောက် ၊
ဘယ်သွားမယ်မှန် းဦးတည်ချက် မရှိတဲ့
နှစ်ယောက် တဘဝရဲ့ အစ။

မလွှတ်တမ်း တင်းတင်းကျပ်ကျပ်
တွဲဆုပ်ထားတဲ့ လက်နှစ်ဖက်က
သိပ်ကြီးကျယ်ခန်းနားလွန်း မနေဘူးလား။

သူတို့ ပြည်နားက
မြို့သေးသေးလေး တမြို့ ရောက်သွားတယ်။
အဲဒီမှာပဲ နှစ်ဦးသဘောတူ အခြေချဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ရောက်ရောက်ချင်း ဘုန်းကြီးကျောင်းမှာ တည်းကြတယ်။
ပြီးတော့ မြို့စွန်က အိမ်ကလေးကို
တလ၅၀၀ နဲ့ ငှါးနေကြတယ်တဲ့။

သူ့မိန်းမက ပြောတယ်။ လခစား မလုပ်တော့ဘူး။
ဘယ်လောက်သေးသေး
ကိုယ်ပိုင်စီးပွားရေးပဲ လုပ်ရအောင်တဲ့။
သူ သဘောတူခဲ့တယ်။

ဟိုဟာ စမ်းလုပ်၊ ဒီဟာ စမ်းလုပ်နဲ့
ဘာတစ်ခုမှ အဆင်မပြေ ငွေတော်တော်ကုန်ပြီး
ငတ်ခါနီး ညပေါ့။ သူ သိပ်စိတ်ဓါတ်ကျနေပြီ။
မှားသွားပြီလားဆိုတဲ့ အတွေးတွေတောင် ဝင်လာခဲ့တယ်။

အဲ့ဒီအချိန်မှာ သူ့မိန်းမက သူ့ကို အားပေးခဲ့တယ်။
ပြီးတော့ သူ့မိန်းမပေးတဲ့ အကြံနဲ့
လုပ်လက်စ အလုပ်တွေ အကုန်ရပ်တယ်။
ပြီးတော့ မြို့ခံလူတွေ ဘာလိုလဲ ဆိုတာ
လိုက်လေ့လာတယ်။ လူတွေ လိုတဲ့ အရာ ..
လွယ်လွယ်ကူကူ ဝယ်လို့ သိပ်မရတဲ့အရာ။

သူတို့ အဖြေသွားတွေ့တယ်။ လောင်စာဆီ။
မြို့လေးက မီးစက်တွေ ထော်လာဂျီတွေ အတွက်
စက်သုံးဆီရောင်းတဲ့ ဆိုင်မရှိဘူး။

ရှိတော့ရှိတယ် နည်းနည်းဝေးနေတာ။
ဒါနဲ့ သူတို့ ဆီစရောင်းကြတယ်။
ခေါက်ပြန်ပေးနဲ့ ဆီကို
ဟိုးအဝေးကြီးက သွားထမ်း ယူပြီး
မြို့ထဲမှာပြန် ရောင်းကြတာ။

လင်ရော မယားရော ထမ်းတယ်။
မြင်ယောင်ကြည့် နေပူပူထဲမှာ
လယ်ကွက်တွေ ရိုးပြတ်တွေဖြတ်ပြီး
ဆီပုံးတွေ ထမ်းလာတဲ့ လင်မယား နှစ်ယောက်။
သူ့မိန်းမ ကျတဲ့ ချွေးတွေကို
သူ့ပုဆိုးခါးပုံစနဲ့ သူ သုတ်ပေးခဲ့တယ်။

ဘယ်လောက်တောင် လှပတဲ့
ချစ်ခြင်းတရားရဲ့ ပြယုဒ် တစ်ခုလဲဆိုတာ။
အဲ့ဒီလို လုပ်ရင်းလုပ်ရင်း သူတို့
လူတွေရဲ့ အားနည်းချက် တစ်ခု ထပ်တွေ့တယ်။
လူတွေ ပျင်းကြတယ်။
အလွယ်တကူ ရတဲ့အရာဆို ပိုလိုချင်ကြတယ်။

ဒါနဲ့ သူတို့ ဆီတွေကို
အိမ်အရောက် ပို့ပေးတဲ့ စနစ်နဲ့ ရောင်းတယ်။
အဆင်ပြေလာတယ်။
သူတို့ စက်ဘီးလေး ဝယ်နိုင်တယ်။
စက်ဘီးနဲ့ သယ်ရောင်းတယ်။ နောက် ထော်လာဂျီနဲ့ ။

ခေတ်တွေ ပြောင်းပြီး
လူတိုင်း ဆိုင်ကယ် ဝယ်လာကြတဲ့ အခါ
သူတို့ ကားစီးနိုင်ပြီ။ ဆီဆိုင်ခွဲတွေ ဖွင့်နိုင်ပြီ။

ဒုတိယခြေလှမ်းအနေနဲ့
လယ်ကွင်းတွေ ဝိုင်းနေတဲ့ မြို့လေးမှာ
ဆန်စက် ထပ်တည်တယ်။
အောင်မြင်ချက်က သောက်သောက်လဲ။ ခုထိပဲ။
သူတို့ပထမဆုံးတည်းခဲ့တဲ့ ဘုန်းကြီးကျောင်းလေးကို
ပျံလန်နေအောင် လှူတယ်။

မွေးထားတဲ့ သားတွေသမီးတွေ
ဘော်ကျော့နေရမယ် မထင်နဲ့။
ဆီဆိုင်မှာ ကြည့်မလား ဆန်စက်မှာ ကြည့်မလား။
မွဲတေ ပြာတူးကျ နေအောင် ခိုင်းတယ်။

ဒါကြောင့်လည်း ကလေးတွေ
ငွေတန်ဖိုး အလုပ်တန်ဖိုး နားလည်ကြတယ်။
အောက်ခြေ မလွတ်ဘူး။

အဆင်ပြေနေတယ် ကြားပြီး ငွေချေးဖို့ ရောက်လာတဲ့
အမျိုးတွေ အဆွေတွေ မှန်သမျှ ငွေမပေးပဲ
အကုန် အလုပ်တွေ ခေါ်ပေးထားတယ်။

သူ့မိန်းမ မလှဘူး။ မငယ်တော့ဘူး။
ဒါပေမယ့် သူ သိပ်တန်ဖိုးထားပြီး သိပ်ချစ်တယ်။
တခါတလေ KTV တွေဘာတွေ
သူငယ်ချင်းတွေခေါ်လို့ ရောက်သွားလို့
ကောင်မလေး ငယ်ငယ်ချောချောတွေ
သူ့ကပ်လာတိုင်း သူတစ်ခွန်းပဲပြန်ပြောတယ်။

"မင်း ငါနဲ့ အတူတူ ဆီပုံးတွေ ထမ်းပြီး
လယ်ကွင်းရိုးပြတ်တွေ ဖြတ်လျှောက်ရဲလို့လား" တဲ့။
မိန်းမကိစ္စ အရှုပ်အရှင်းသိပ်ကင်းတယ်။

" ဟကောင်ရ..မိန်းမ ဆိုတာ
ငါ့အတွက်တော့ ရဲဘော်ရဲဘက်ပဲ။
ငါတို့ မိသားစုမှာ သားကသခင်တွေ
လင်က ဘုရားတွေ မရှိဘူး။
ငါတို့ နှစ်ယောက်စလုံးဟာ
တိုက်ပွဲဝင်နေတဲ့ သေဖော်သေဖက်
စစ်သူကြီး နှစ်ယောက်ပဲ။
ငါတို့ ကာကွယ်နေတဲ့ သစ္စာခံနေတဲ့ အရာကတော့
ငါတို့ ရဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ မိသားစုဘဝလေးပေါ့။

အင်း ငါ့မ်ိန်းမ ..
သူက ပညာတတ်လေ .. စာရင်းအင်း သိပ်နိုင်တယ်။
သူ့မိန်းမ ၉ တန်းပဲအောင်တာ။
ဒါကိုသူက ပညာတတ်လို့ သတ်မှတ်ထားတယ်။
ဒါပေမယ့် တကယ်လည်း အမ ပညာတတ်တယ်။
စာရင်းကိုင်တာ သိပ်တော်တယ်။
ဘယ်သင်တန်းမှ မတတ်ဘူး။
အတွေ့အကြုံက သင်ပေးတာ။

ငါကတော့ ပြင်ပအလုပ်တွေနဲ့
အကြမ်းပတမ်း အကုန်လုပ်တယ်။
လူရှေ့သူရှေ့မကလို့ ပွဲခင်းထဲရောက်နေနေ
သူဇက်ကြောတတ်ရင် ငါနှိပ်ပေးဖို့ ဝန်မလေးဘူး။
ငါ ညောင်းကိုက်နေတဲ့ ညတွေဆိုလည်း
သူတညလုံး မအိပ်ပဲ နှိပ်နင်းပေးတတ်တယ်။
နင်တို့ ရန်ကုန်က မာဆတ်တွေ မလိုပေါင်ဗျာ " .. လို့
ရယ်မောပြီး ပြောတတ်တယ်။ .................................................................

ဘဝမှာ လူတိုင်း ယုံကြည်ရတဲ့
တိုးတိုးဖော် တယောက်တော့ လိုတယ်။

ကိုယ့်အသက်နဲ့ ထပ်တူ ယုံကြည်ရတဲ့ လူ။
ကိုယ့်ကို ဘာအကြောင်းပြချက်နဲ့မှ
ဘယ်တော့မှ ထားမသွားမယ့် လူ။ ခွဲမသွားမယ့်လူ။
ကိုယ်နဲ့အတူ ဘယ်လောက်ကြမ်းတဲ့ လမ်းဖြစ်နေပါစေ
တွဲလျှောက်ရဲတဲ့လူ။

အားကိုးတကြီး လက်ကို လှမ်းဆုပ်လိုက်တိုင်း
မလွှတ်တမ်း တင်းတင်းကြပ်ကြပ်
ပြန်ဆုပ်ကိုင်ထားမယ့် လူမျိုး။
အဲဒီလိုလူမျိုး တွေ့ဖို့ကလည်း သိပ်ရှားတယ်။

အေး အဲ့ဒီလို လူတယောက်ရှိရင်
ဘဝမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်ပြီး
ဘာမှထပ်မလိုတော့ဘူး။
အောင်မြင်မှုနဲ့ ငွေကြေးတွေ ဆိုတာကတော့
အပိုဆု ပေါ့

ကျနော့်မှာ.. သူ့စကားတွေ နားထောင်ရင်း
ရင်ထဲဆို့တတ်လာတယ် ။
ကြည်နူးလွန်းလို့ ။ ဘာစကားမှ ပြန်မပြောနိုင်ဘူး။
ဟုတ်တာပေါ့ ။ ကျနော်တို့အားလုံး
အဲ့ဒီလို တိုးတိုးဖော် တစ်ယောက် လိုတာပေါ့။

ပြောနေတုန်း သူ့မိန်းမ ဆီက ဖုန်းဝင်လာလို့ ထပြောတယ်။

သူ့မိန်းမ နဲ့ ဖုန်းပြောရင်းပြုံးနေတဲ့
အသက် ၅၀ အရွယ် အဖိုးကြီး တယောက်အပြုံးက
အသက် ၂၀ အရွယ် ပဲခူးက နေ့စားအလုပ်သမား
ကောင်လေးတယောက်ရဲ့ ကြည်ကြည်မွေ့မွေ့အပြုံးမျိုး။

ဘုရားရေ .... သူတို့က လူတွေသာ အိုမင်းလာတာပဲ။
ကြည့်ပါဦး သူတို့အချစ်တွေ
ခုထိ ဘယ်လိုတောင် နုပျိုလတ်ဆတ်
ခိုင်မာနေသလဲဆိုတာ။

အသိ စီနီယာ ဆီလုပ်ငန်းရှင်တယောက်၏ ဖြစ်ရပ်မှန်ကို
ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် တင်ပြပါသည်။

CRD uploader

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Kelvin Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category