11/06/2026
" #ကမ္ဘာ့ဖလားဖွင့်ပွဲအစီအစဉ်များ" (မြန်မာစံတော်ချိန်နဲ့ ဖော်ပြပေးလိုက်ပါတယ်)
⚽
ယနေ့ ဇွန်လ ၁၁ရက်နေ့ ၊ ၂၀၂၆ ဒီနေ့မှာ အဓိက ကမ္ဘာ့ဖလားဖွင့်ပွဲဖြစ်တဲ့ Mexico ဖွင့်ပွဲကြီးကို -
- ည ၉:၃၀ မှာ — Stadium Gates Open (ကွင်းဖွင့်ခြင်း)
- ည ၁၀:၀၀ လောက်ဆို TV
ဖွင့်ထားပြီး စောင့်ကြည့်လို့ရပါပြီ။
- ည ၁၁:၀၀ မှာ — Opening Ceremony Begins (ဖွင့်ပွဲအခမ်းအနားစတင်ခြင်း အစီအစဉ်) ဖွင့်ပွဲအခမ်းအနားမှာ Mexico ဌာနေတိုင်းရင်းသားဖျော်
ဖြေရေးအနုပညာရှင်များ၊ ခေတ်ပြိုင်ရိုးရာယဉ်ကျေးမှုအနုပညာပြသမှုများနဲ့ မက္ကဆီကိုယဉ်ကျေးမှုကို ဂုဏ်ပြုဆင်နွှဲသွားဖို့စီစဉ်ထားပြီး ကမ္ဘာကျော်အနုပညာရှင်များရဲ့ဖျော်ဖြေမှုများအနေနဲ့ FIFA World Cup 2026 Official Album ထဲက အဆိုတော်တွေဖြစ်တဲ့ Alejandro Fernandez ၊ Belinda ၊ Danny Ocean ၊ J Balvin ၊ Lila Downs ၊ Los Angeles Azules ၊ Mana ၊ Tyla အပါအဝင် Burna Boy နဲ့ Shakira တို့ကဖျော်ဖြေပါမယ်။
- ညသန်းခေါင် ၁၂:၄၀ မှာ (နောက်တစ်နေ့ကူး) — Team Warm-ups (စတင်ယှဉ်ပြိုင်ကစားမယ့် အသင်း
များ သွေးပူလေ့ကျင့်ခန်းဆင်းခြင်း)
- မနက်အစောပိုင်း ၁:၃၀ မှာ (နောက်တစ်နေ့ကူး) — Mexico Vs South Africa Kickoff (မက္ကဆီကိုအသင်း နဲ့ တောင်အာဖရိကအသင်း ပွဲစဉ်များစကန်ပါမယ်)
#မှတ်ချက် ။ ။ သုံးနိုင်ငံပူးတွဲလုပ်မယ့် ပွဲဖြစ်တာမလို့ ကျန်နှစ်နိုင်ငံဖြစ်တဲ့ ကနေဒါနဲ့ အမေရိကန်ဖွင့်ပွဲလည်းရှိပါတယ် ဒါပေမဲ့ ဇွန်လ ၁၃ရက်နေ့မှပါ။
#ကနေဒါ ဖွင့်ပွဲမှာတော့ Michael Bublé, Alanis Morissette, Alessia Cara, Elyanna, Jessie Reyez, Nora Fatehi, Sanjoy, Vegedream နဲ့ William Prince
တို့က ဖျော်ဖြေပါမယ် ၊ ဖွင့်ပွဲအချိန်ကတော့ မြန်မာစံတော်ချိန် ဇွန်လ ၁၃ရက် (စနေနေ့) မနက် ၅:၃၀ပါ။
#အမေရိကန် ဖွင့်ပွဲမှာတော့ Katy Perry,LISA, Anitta နဲ့ Rema တို့ကဖျော်ဖြေမှာဖြစ်ပြီး ဖွင့်ပွဲ အချိန်ကတော့ မြန်မာစံတော်ချိန် ဇွန်လ ၁၃ရက် (စနေနေ့) မနက် ၁၀:၃၀ မှာ အသီးသီးကျင်းပသွားမှာဖြစ်ပါတယ်။
Pa-O's Supporter Group