01/04/2026
မနေ့က လုချင်း(အသားလုံး) နဲ့ ခရမ်းချဉ်သီး ချက်ရင်း လွန်ခဲ့တဲ့ 15နှစ်လောက် က ဆရာဇော်ထွန်း ဘော်ဒါဆောင် မှာနေခဲ့ရတဲ့ အခိုက်အတန့်ကို ဖြတ်ခနဲ သတိရမိသည်… ထိုအချိန်က ၁၃ နှစ် ၁၄နှစ် အရွယ်… ကျနော်တို ဘော်ဒါဆောင်မှာ အဖွဲ့ လိုက် ထမင်းဟင်းချက်တဲ့ နေ့ဆို ထမင်းဟင်းချက်…. သန့်ရှင်းရေး လုပ်ရမဲ့ ရက်ဆို သန့်ရှင်းရေးလုပ် ရတယ်…. ကျနော်တို့ဘော်ဒါမှာ လူစုစုပေါင်း ၂၄ ယောက်လောက်ရှိတယ် ထင်တယ်….အစကတော့ အဖွဲ့ တခုမှာ ယောက်ကျားလေးကော မိန်းကလေး ကောရှိတယ်… နောက်ကျ ဘယ်လိုဖြစ်လဲတော့ မမှတ်မိ ယောကျာ်းလေး သပ်သပ် အဖွဲ့ ဖြစ်ကုန်ရော …. ကျနော်တို့ အဖွဲ့မှာ ကျနော်. မာရှယ်. ရှီးရှိို ပြည့်ဟိန်း.. ထား၀ယ် ရယ် ဆိုပြီးလား မသိ… ကျနော်တို့ က တဖွဲ့ ဖြစ်သွားတယ်…
ကျနော်တို့ ဟင်းချက်ရမဲ့ ရက်က မနက်ဖြန်ဆို ဒီနေ့ညနေ ကျောင်းက ပြန်လာရင် စျေးသွား၀ယ်ရတယ်… တရက်ကို ဘတ် ၁၈၀ လား မမှတ်မိိ အဲ့လောက်နဲ့ ၂၄ ယောက်စာကို လောက်အောင်ချက်ရတယ်… အဲ့မှာ စတာပဲ … ကျနော်တို့ အဖွဲ့ ချက် ရမယ်ဆို လုချင်း(အသားလုံး) နဲ့ ခရမ်းချဉ်သီး.. ကြက်ဉ နဲ့ ခရမ်းချဉ်သီး မဟုတ်ရင် လုချင်း(အသားလုံး)နဲ့ ကန်စွန်းရွက်… အဲ့တာပဲ ပတ်ချက်တာများတယ်… ဘာလို့ဆိုတော့ လွယ်လည်းလွယ်တယ်… ချက်ရတာလည်း အလုပ်မရှုပ်ဘူးဆိိုတော့ ဟားဟား….. ပြီးရင် ၂၄ယောက်ကို တယောက် တခွက်စာ တပန်းကန်ဆီခွဲပြီး စာပွဲပေါ်တင်ထားရတယ်… ပြီးရင် စားချိိန်ကျ ကိုယ့်ဘာသာကိုယ်ယူစားကြပေါ့… အဲ့မှာမှ တကောင်ကောင်က နှစ်ခွက်စာ စားပြီး နောက်ဆုံး မစားရတဲ့တယောက်က တော့ ငတ်ပေါ့…. အဲ့ပြသာနာကလည်း တခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် အဲ့ဘော်ဒါမှာပဲလားဆိုတော့လည်း မဟုတ် မင်းမဟော်မှာလည်း တခါတလေ ကြုံရသေးတယ်… (ဟင်းခိုးစားတာ ဘယ်သူတွေလဲဟေ့… ဟားဟား) …
ကျနော်တို့ အဖွဲ့ပဲ နည်းနည်းဆိိုးတဲ့အထဲပါတယ်ပြောရမယ်ထင်တယ်… ဆရာဇော်ထွန်းက တခါတခါညဘက် သူစားပြီး ဟင်းအကျန်တွေ အပြင်မှာ ထားတတ်တယ် အဲ့တာကို ည စာဖတ်ချိန်အပြီး စားဖို့ စောင့်နေတတ်တာ ကျနော်တို့ပေါ့… တခါတခါ ဆရာက မစားလိုက်ရပဲ ကျနော်တို့ပဲ ကြိတ်လိုက်ကြတယ်… ညဘက်ဆိုလည်း မာရှယ် ရှီးရှိုနဲ့ ကျနော် တို့ အဆောင်နဲ့ နံရံကြားက လမ်းလေးမှာ ဂစ်တာတီး သီချင်းဆို လုပ်… ပြီးရင် ကွန်ပြူတာ ခိုးသုံး… ဖုန်းတွေကလည်း စနေ တနဂ်နွေနေ့ပဲ ပေးသုံးတာ အဲ့တာလည်း ဖုန်း ၂ လုံးရှိိတဲ့ မာရှယ်က ဖုန်းတလုံးအပ်ပြီး နောက်ဖုန်းနဲ့ ဖုန်းခိုးသုံးကြ ဂိမ်းဆော့ကြနဲ့,.. မှတ်မိိပါသေးတယ်. ပြီးရင် တခါတလေ မနက်ဘက် စက်ဘီးနဲ့ ကျောင်းသွားရင် မာရှယ်နဲ့ ရှီးရှိုနဲ့ ကျနော် နဲ့က မဲဆောက်စျေးထဲပတ် အ၀တ်ရောင်းတဲ့ ဘက်ကို ပတ်ပြီး စော်ငေး…. ပြီးရင် အပြန်ကျ အလုပ်ဆင်းချိန်ဆိုလည်း အလုပ်သမ လေးတွေကို ငေး… တကယ်ဆိုးတဲ့ကောင်တွေ…. အခုတော့ ဆရာရှီးကတော့ ကလေးတယောက်နဲ့… ဆရာမာ နဲ့ ကျနော်ကတော့ အေးဆေးသမားတွေပဲ.. ဟဲဟဲ