AUNG MYO THU

AUNG MYO THU Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AUNG MYO THU, Photography Videography, New York, NY.

05/15/2026

မနက်ဖြန် ကံကောင်းကြပါစေနော်

04/26/2026

Messenger မှာ ဝင်မကြည့်တာ ကြာနေပါပြီနော် စာပို့ပြီး မေးမြန်းမူများကို မဖြေကြားနိုင်ခဲ့တာရှိရင် တောင်းပန်ပါတယ် ခင်ဗျာ

လစာတိုးမှာပါနော် #လစာတိုးမယ်ဓာတ်ပုံ
04/26/2026

လစာတိုးမှာပါနော်

#လစာတိုးမယ်

ဓာတ်ပုံ

အရာထမ်း၊ အမှုထမ်း ရာထူးအခေါ်အဝေါ်များ သတ်မှတ်ခြင်း # Crd
04/26/2026

အရာထမ်း၊ အမှုထမ်း ရာထူး
အခေါ်အဝေါ်များ သတ်မှတ်ခြင်း

# Crd

(M.O.E)ဌာနမှပညာရေးဝန်ထမ်းများကိုယ်ရေး ဖြည့်ချင်သူများအတွက်DTEd 1/98 မှ 23/18 ထိ ပါ။DTEd ပနှစ် (၁၆.၈.၂၀၀၀)မှ(၁၀.၈.၂၀၀၁)DT...
04/26/2026

(M.O.E)ဌာနမှပညာရေးဝန်ထမ်းများကိုယ်ရေး ဖြည့်ချင်သူများအတွက်
DTEd 1/98 မှ 23/18 ထိ ပါ။
DTEd ပနှစ် (၁၆.၈.၂၀၀၀)မှ(၁၀.၈.၂၀၀၁)
DTEd ဒုနှစ် (၁၄.၁၁.၂၀၀၁)မှ(၁၆.၁၂.၂၀၀၂)
PPTT
1/14 (11-8-14 )to (20-11-14 )
2/15 (5-5-15) to (8-9-15)
3/16 (13-6-16) to (11-10-16)
4/17 (12-6-17) to 13-10-17)
5/18( 3.4.2018) to(30.11.2018)
6/19 (1.4.2019) to (30.11.2019)
ဇီးပင်ကြီး (၄၅) (5.1.2012)မှ(18.2.2012)
ဇီးပင်ကြီး (၆၂)(၃.၉.၂၀၀၇)မှ(၈.၁၀.၂၀၀၇)
ဇီးပင်ကြီး (၆၅)(၂.၈.၂၀၀၈)မှ(၆.၉.၂၀၀၈)
ဇီးပင်ကြီး(၆၄) (16.11.2015)မှ (19.12.2015)
ဖောင်ကြီး(၉၂) (11.5.2015,) မှ (11.6.2016)
ဖောင်ကြီး(၉၆)(25.12.15) မှ (31.1.2016)
ဖောင်ကြီး(၉၇)(၁၅.၅.၂၀၁၆)မှ(၁၈.၆.၂၀၁၆)
ဖောင်ကြီး(၉၈)(13/6/22မှ15/7/22
လစယ ၂၃ (12.10.2019) မှ (24.10.2019)
မစယ ၂၆ (19.4.2005) မှ (23.5.2005)ထိ
မစယ ၃၄ ( 22.4.2016) မှ (27.5.2016)
မစယ၃၅ (၂၄.၄.၂၀၁၇)မှ(၂၇.၅.၂၀၁၇)ထိ
မစယ ၃၆ (25.4.2018) မှ (17.5.2018)
မစယ(၃၇)1/10/2018မှ13/10/2018ပထမအကြိမ် 19/4/2019မှ4/5/2019ဒုတိယအကြိမ်
လစယ (၁၆) (၂၂.၄.၂၀၁၁)မှ(၂၈.၅.၂၀၁၁)ထိ
လစယ/မစယ/ဖောင်ကြီးသင်တန်းရက်များရှိပါကမန့်ပေးပါခင်ဗျာ။

12/03/2025

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားစာ

ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများကိုမူလတန်းဆင့်၊အလယ်တန်းဆင့် အထက်တန်းဆင်အလိုက် အောက်ပါအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(က) ကျောင်းအခြေပြုဆွေးနွေးပွဲကို ကျောင်းအုပ်ကြီးက ကြီးကြပ်၍ အပတ်စဉ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(ခ) ကျောင်းအုပ်စုအခြေပြုဆွေးနွေးပွဲကို အုပ်စုခေါင်းဆောင် ကျောင်းအုပ်ကြီးက ကြီးကြပ်၍ လစဉ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(ဂ) မြို့နယ်အဆင့်ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးက ကြီးကြပ်၍ ၂ လ တစ်ကြိမ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(ဃ) ခရိုင်အဆင့်ဆွေးနွေးပွဲကို ခရိုင်ပညာရေးမှူးက ကြီးကြပ်၍ တစ်နှစ် ၃ ကြိမ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအများစုသည် အထက်တွင် ဖော်ပြခဲ့သည့် နည်းလမ်းပုံစံများကို အသုံးပြုခဲ့ကြပါသည်။အခြေခံ ပညာဆရာများအတွက် ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအများသည် နည်းလမ်း ပုံစံအမျိုးမျိုးကို ပေါင်းစပ်အသုံးပြုသောအခါ ပိုမိုထိရောက်စေမည် ဖြစ်ပါသည်။

ထိုအပြင် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ပညာရေးညီလာခံ၊ ဆွေးနွေးပွဲများမှ သင်ယူလေ့လာရရှိမှုများကိုလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းအုပ်စု၊ ကျောင်းတွင်းနှင့် ဆရာတစ်ဦးချင်းထံသို့ ပြန်လည်ဖြန့်ဝေနိုင်ရေ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

*(၂၀၂၅)ကုန်‌ပြန်တော့မှာပဲ* ဒီကာလတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့  ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်ပါတယ်။ *ဒီကာလတွေမှာ* သင်ယူစရာတွေ ...
11/28/2025

*(၂၀၂၅)ကုန်‌ပြန်တော့မှာပဲ*

ဒီကာလတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့

ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်ပါတယ်။

*ဒီကာလတွေမှာ*

သင်ယူစရာတွေ ဘဝသင်ခန်းစာတွေ

အတုယူစရာတွေ ရစေခဲ့တဲ့

အမျိုးမျိုးသောလူတွေကိုလည်း

ကျေးဇူးတင်ပါတယ်။

ကျန်းမာနေလို့၊ ရှင်သန်နေလို့

လုပ်သင့်တာလုပ်ချင်တာတွေကို

လုပ်နိုင်သလောက် လုပ်ခွင့်ရနေသေးလို့လည်း ကျေးဇူးတင်ပါတယ်။

စွန့်လွှတ်စွန့်စားသွားသူတွေကိုလည်းကျေးဇူးတင်ပါတယ်။

လက်ပြနှုတ်ဆက်သွားသူတွေရော

နှုတ်မဆက်ဘဲထွက်ခွါသွားသူတွေရောကျေးဇူးတင်ပါတယ်။

ဒီကာလတွေမှာအကောင်းဆုံးမဟုတ်တောင် တတ်နိုင်သမျှရပ်တည်နိုင်အောင်ဖေးမ ကူညီသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

၁၆.၁.၂၀၂၅ အစည်းဝေးဆုံဖြတ်ချက်အရ'မူ' ပြင်ဆင်ဖြည့်စွက်ခြင်းရားထူးပြောင်းများ
11/23/2025

၁၆.၁.၂၀၂၅ အစည်းဝေးဆုံဖြတ်ချက်အရ
'မူ' ပြင်ဆင်ဖြည့်စွက်ခြင်း
ရားထူးပြောင်းများ

11/22/2025

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မှ သ-တိပေးချက်

စာသင်ကြားနေချိန်အတွင်း (အရေးပေါ်ကိစ္စများမှ လွဲ၍)ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ မည်သူမဆို ဖုန်းကို အသုံးမပြုကြရန်။ အကယ်၍
စာသင်ကြားချိန်အတွင်း ဖုန်းအသုံးပြုနေသည်ကို သက်ဆိုင်ရာမြို့နယ် စာစစ်ဆေးအဖွဲ့မှ တွေ့ရှိပါက သက်ဆိုင်ရာ အ-ရေး-ယူချက်များကို အပြည့်အဝ ဆောင်ရွက်မည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

အရေးပေါ်ကိစ္စများရှိပါက ကျောင်းအခန်းအပြင် ထွက်၍ ဆရာ/ဆရာမထံ သတိပေးပြီးသာ အသုံးပြုရန် သို့မဟုတ် အနားယူချိန်နှင့် သင်တန်းပြီးချိန်တွင်သာ အသုံးပြုနိုင်ပြီး အခြားသူများကို အနှောင့်အယှက် မဖြစ်အောင် သ-တိထားရန်လိုအပ်ပါသည်။

စာသင်ကြားချိန်အတွင်း ဖုန်းအသုံးပြုခြင်းသည် အတန်းအတွင်းရှိ ကျောင်းသား/သူများကို အနှောင့်အယှက်ဖြစ်စေပြီး သင်ကြားမှုထိရောက်မှုကိုလည်း လျော့ကျစေနိုင်ပါသည်။ ထို့အပြင် ဖုန်းအသုံးပြုခြင်းသည် ကျောင်းစည်းကမ်းများကို ချိုး-ဖျ-က်ခြင်း ဖြစ်ပြီး၊ ဆရာ/ဆရာမများ၏ ဦးဆောင်မှုနှင့် ပညာရေးတာဝန်ကို ထိ-ခို-က်စေနိုင်ပါသည်။

ကျောင်းသား/သူများသည်လည်း ကျောင်းသို့ ဖုန်း၊ ဆေးဝါး၊ မူးယစ်ဆေး၊ အရက်၊ ဘီယာ၊ ဆေးလိပ်နှင့် မလိုအပ်သော ပစ္စည်းများကို မယူလာရပါ။ လိုအပ်သည့် ပစ္စည်းများသာ ယူဆောင်ရန် သတိပြုကြပါ။ကျောင်းတွင်း မလိုလားအပ်သောပြဿနာများ မဖြစ်ဖွားစေရန် အားလုံး သတိထားပါရန်။

ဤညွှန်ကြားချက်သည် သင်ကြားမှု အရည်အသွေးမြင့်တင်ရေးနှင့် ကျောင်းအတွင်း စည်းကမ်းထိန်းသိမ်းရေးအတွက် ဖြစ်ပါသည်။

မှတ်ချက် - လိုအပ်တာရှိရင် ကြည့်ရတယ်။ အရေးပေါ် ကိစွတွေရှိရင် ခွင့်ယူပြီ ဘာမဆိုလုပ်ရတယ်။ အချို့ ဆရာ၊မ တွေ ကျောင်းကို အရေးမစိုက်တာ၊ စာမသင်တာ ၊ မိမိ အချိန်တစ်ပြည့်လုံး Facebook / Youtube စသည့်တွေ သုံးနေတာ ရှိနေပါတယ်။ အထူးသဖြင့် ထိုသူများကို ရည်ညွန်းပါတယ်။

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when AUNG MYO THU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AUNG MYO THU:

Share