Htee Htar Shoe Khwar

Htee Htar Shoe Khwar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htee Htar Shoe Khwar, Miami, FL.

07/29/2025

လူပိန်းအတွေးအခေါ်နဲ့ နိုင်ငံရေးတက်လုပ်နေတယ်။ ကရင်လူမျိုးတိုင်းကရင်ပါတီကို မဲပေးရမယ်လို့ ဘယ်ဥပဒေသက သတ်မှတ်ထားလဲ ဒီမိုကရေစီမှာ လွတ်လပ်စွာမဲပေးပိုင်ခွင့်ကိုကော နားမလည်တာလား? နောက်တစ်ခုက ကရင်ပါတီတွေကကော ကရင်လူထုအကျိုးအတွက် ဘာများ လုပ်ပေးအဲ့ကြလဲ ရွေးကောက်ပွဲနီးလာခါမှ ကရင်အင်္ကျီဝတ် မဲလိုက်ဆွယ်တာနဲ့များ ကရင်လူထုတွေကို ရာရာစစ လာပြီး စာမေးပွဲစစ်တာ မအောင်လို့ လာကောနေသေးတယ်။ ကရင်လူထုတွေရဲ့ အသက်သွေးချွေးတွေကိုမှ မထောက် စောက်ကျင့်မကောင်း ယုတ်မာ ရက်စက်တဲ့ ခွေးမင်းအောင်နဲ့ သွားပေါင်းတာများ ကရင်လူထုကို လာနားချနေသေးတယ် မင်းကရင်လူထုတွေအတွက် ဘာလုပ်ခဲ့လဲပြောပါ စစ်ခွေးက ပေးတဲ့ ခွေးသရေပတ်ကိုခြုံ ခွေးရာထူးတက်ပြီး လာတက်ဖြဲတဲ့ မင်းကို ဘယ်လူထုမှ မလေးစားဘူး.. ဒါဘဲ🤬🤬🤬🤬

စည်းလုံးမှုအခြေခံ အတုအယောင် ငြိမ်းချမ်းဆုတောင်းပွဲ ဒီစည်းလုံးမှုအခြေခံ ငြိမ်းချမ်းရေးဆုတောင်းပွဲဟာ တစ်ဖက်မှာ စုစုစည်းစည်...
07/28/2025

စည်းလုံးမှုအခြေခံ အတုအယောင် ငြိမ်းချမ်းဆုတောင်းပွဲ

ဒီစည်းလုံးမှုအခြေခံ ငြိမ်းချမ်းရေးဆုတောင်းပွဲဟာ တစ်ဖက်မှာ စုစုစည်းစည်းရှိတယ်ထင်ရပေမယ့် တစ်ဖက်မှာလည်း စုစုစည်းစည်း ပေါင်းစားဖို့ အကွက်ဆင်နေသလား ငြိမ်းချမ်းရေးရဲ့ တစ်ဖက်မှာ ကျားဖြန့်၊ လေးပေ တစ်ဂိတ်၊ မူယစ်ဆေးဝါး၊ လောင်းကစား စတာတွေကကော ဒီလေးဖွဲ့ရဲ့ စုစည်းမှုအခြေခံ ပပျောက်ရေးမဟုတ်လော? ဘာသာရေးအကြောင်းပြ လောင်းကစားလုပ်တဲ့ ဘုန်းကြီးနဲ့ အဲ့ဘုန်းကြီးတွေကို ကိုးကွယ်တဲ့ လူထုနဲ့ ခေါင်းဆောင်တွေကော ငြိမ်းချမ်းရေးဆုတောင်းပွဲထက် လောင်းကစားပပျောက်ရေးကို လုပ်သင့်တာမဟုတ်ပါလော? အတုအယောင်ကလာတဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲက လူထုကို ပုံမှားရိုက်ချင်တာလား ညီညွတ်မှု အခြေခံ လူထုဖျက်ဆီးရေးလုပ်ကြအုန်းမှာလား? သစ်ခုတ်၊ သစ်ရောင်း၊ ဂိတ်ထောင်တဲ့ အဖွဲ့တွေကကော လူထုအတွက စာသင်ကျောင်းဘယ်နှဆောင် ဆောက်ပြီး လူထုပညာရေးအတွက်လုပ်ပေးပြီးပြီလည်း စစ်သားဂျိုင်းထောက် အရာရှိတိုက်ဆောက်က ကရင်လက်နက်ကိုင် အချို့ရဲ့ ခေါင်းဆောင်ကို ပြောနေသလား? စစ်တိုက်ပြတာ တစ်ခုတည်းနဲ့ ငြိမ်းချမ်းရေးလိုလားလို့ တိုက်တယ်လို့ယူဆလို့ရလား? လူထုအတွက် ဘယ်လောက်လုပ်ပေးပြီးပြီလည်း၊ လူထုမပြောပါနဲ့ အောက်ခြေက ရဲဘော်တွေကိုကော တော်လှန်ရေးခေါင်းစဉ်အောက်က ဘယ်လောက် ခေါင်းပုံဖြတ်ပြီးပြီလည်း၊ ခေါင်းဆောင်တွေရဲ့ သားသမီးတွေက နိုင်ငံခြားမှာ ပညာသင်၊ NGO မှာ အလုပ်ဝင် လစာကောင်းကောင်းရပြီး ဇိမ်ခံပစ္စည်းတွေနဲ့ လောကစည်းစိမ်ကို ခံစားနေချိန် တော်လှန်တိုက်ပွဲဝင်တဲ့ ရဲ့ဘော်တွေကို ဘာလုပ်ပေးပြီး စဉ်းစားပေးခဲ့ဖူးလဲ? ခေါင်းဆောင်တွေအနေဲနဲ့ ကိုယ့်ကို ကိုယ် ပြန်ပြီးသုံးသပ်စေချင်တယ်။ ဖြစ်နိုင်ရင် ကော်သူးလေတည်ဆောက်ရေးမှာ အောက်ခြေအထိ မြေပြင်နဲ့လူထုကြားမှာ တည်ဆောက်မှုမှာ ပါဝင်ဖို့ ခေါ်လာရဲလား? တော်လှန်ရေးNGOအမည်ခံ မြေပြင်တည်ဆောက်မှုအားနည်းနေသေးသည့် ဒီတော်လှန်ရေးမှာ ဘွဲ့ဒီဂရီ အပြည့်နဖူးမှာ ကပ်ပြီး နိုင်ငံခြားမှာ လမ်းသလားနေမလား ကော်သူးလေမှာ ပြန်လာမလား? ခေါင်းဆောင်ကြီးတွေရဲ့ အရည်အချင်းတွေ အများကြီးလိုပါသေးတယ်လို့ ပြောရင်မှားနေမှာလား? စီမံခန့်ခွဲမှုအမှားများနဲ့ ပညာတတ်တွေ အများကြီးဆုံးရှုံး ပျောက်ရှသွားတဲ့ ဒဏ်ရာဟောင်းရဲ့ ခြေရာတွေဆက်နှင်းနေအုန်းမှာလား? တော်လှန်ရေးသစ္စာခံလက်ကိုင်တုတ်မွေးတဲ့ အကျင့်ဟောင်းတွေကော ပြင်အုန်းမှာလား? ဂိုဏ်းဂဏတွေကြား လူငယ်တွေ လမ်းပျောက်ရတဲ့ ဆယ်စုနှစ်က ဘယ်လောက်အထိကြာနေအုန်းမလဲ? မြေပြင်အရင်းအမြစ်တွေကို မတည်ဆောက်နိုင်၊ ပြည်ပအရင်းအမြစ်တွေ မဆွဲဆောင်နိုင်တဲ့ စည်းရုံးရေးစွမ်းရည်မရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းက တော်လှန်ရေးအောင်နိုင်ပါ့မလား? အချင်းချင်းခွဲခြားဆက်ဆံတဲ့ ယဉ်ကျေးမှုကိုကော ဖျောက်ချင်သေးလား? မတူကွဲပြားမှုကို အခြေခံပြီးတည်ဆောက်ချင်တဲ့ ပြည်နယ်ယူနစ်ကကော အတွင်းပိုင်းရဲ့ မတူကွဲပြားမှုကို ဘယ်လောက်အထိ လက်ခံနေကြပြီလဲ? မေးခွန်းပေါင်းက သောင်းခြောက်ထောင်ပါဘဲ၊ မေးနေယုံနဲ့ မပြီး၊ ပြောနေယုံနဲ့ မပြီးတော့ ရှေ့ဆက်ရတာဘဲဗျား.....?

"ဈေးများလွန်းတဲ့အိမ်ပြန်လက်မှတ်"နာကျင်မှုတွေ ထွေးပိုက်ကာဖြင့် အချစ်စစ်တွေရှားတဲ့ဒီမြေကမ္ဘာမှာ အမေ့အိမ်လောက်နွေးထွေးတာဘယ်...
05/17/2025

"ဈေးများလွန်းတဲ့အိမ်ပြန်လက်မှတ်"

နာကျင်မှုတွေ ထွေးပိုက်ကာဖြင့် အချစ်စစ်တွေရှားတဲ့ဒီမြေကမ္ဘာမှာ အမေ့အိမ်လောက်နွေးထွေးတာဘယ်ရှိမလဲ။

လူငယ်ဆိုဂုဏ်ပုဒ်က ဒီခေတ်ဒီစနစ်မှာ မြေသင်းရနံ့တွေ ကြိုင်လှိုင်နေတဲ့ လက်ဝါးကာတိုင်ထက်က နာမည်နဲ့ အသက်က သက်သေဘဲ။

"သား"ဆိုတဲ့ ခေါ်သံတွေကို အိမ်ပြန်ရောက်တဲ့တစ်နေ့ ငါတို့ကြားရပါ့အုန်းမလား။

📝📝📝📝

04/05/2025

အမျိုးသားရေးအကဲပိုလာရင် အစွန်းရောက်လာလိမ့်မယ် တစ်ဖက်ပိတ်မျက်ကန်းဖြစ်လာမယ်

ရဲဘော်နဲ့မြေကြီး
03/27/2025

ရဲဘော်နဲ့မြေကြီး

Members of the Special Operations Force (SOF), a PDF unit, dig graves for four resistance fighters who died in an attack on a government military camp. Taung Soon, Kayin State, Myanmar.

03/24/2025

မင်းတို့ဆဲနေတဲ့ တပ်မဟာ(၇)လဲတိုက်နေပြီး ဘာဆဲချင်ကြသေးလဲ

အယ်စေးမူးကိစ္စနဲ့ KICလည်း Follower တော်တော်တက်လာတယ်
03/20/2025

အယ်စေးမူးကိစ္စနဲ့ KICလည်း Follower တော်တော်တက်လာတယ်

သူပြောတာလဲဟုတ်တာဘဲ တပ်မဟာ(၇)၊ တပ်မဟာ(၆)က ကရင်လူငယ်တွေက ထွန်းကြိုင်နဲ့ ထိုင်းဘက်ရောက်နေတာများတော့ တော်လှန်ရေးမှာ မပါအားဘူ...
03/19/2025

သူပြောတာလဲဟုတ်တာဘဲ တပ်မဟာ(၇)၊ တပ်မဟာ(၆)က ကရင်လူငယ်တွေက ထွန်းကြိုင်နဲ့ ထိုင်းဘက်ရောက်နေတာများတော့ တော်လှန်ရေးမှာ မပါအားဘူးလေ.....လွတ်လပ်ရေးဟာ အန်ဂလုံဝိုင်းနဲ့ ဘုရားပွဲတရားပွဲ မှာ ဘောက်နဲ့လိုက်ကရပြီဆိုဒါကသူတို့အတွက်လွတ်လပ်ရေးဘဲလေနော်😅😅😅

03/17/2025

KNU ထဲမှာလည်းအချိန်နှင့်အမျှ သတင်းပေးတဲ့အဖွဲ့သတ်သတ်ရှိတယ်။

အားလုံးပဲ မင်္ဂလာပါ 🙏🙏🙏စစ်တောင်းကမ်ပိန်းရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်တစ်ခုဖြစ်တဲ့ ပဒိုမန်းရှာ ပုံတူပန်းချီကား ကံစမ...
02/27/2025

အားလုံးပဲ မင်္ဂလာပါ 🙏🙏🙏

စစ်တောင်းကမ်ပိန်းရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်တစ်ခုဖြစ်တဲ့ ပဒိုမန်းရှာ ပုံတူပန်းချီကား ကံစမ်းမဲလက်မှတ် ရောင်းချခြင်း အစီအစဉ်နဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြချင်ပါတယ်။

🖌️ ပန်းချီဆရာ Kennedy (Saw Kennedy) ရေးဆွဲထားတဲ့ ကရင့်တော်လှန်ရေးခေါင်းဆောင် ပဒိုမန်းရှာရဲ့ ပုံတူပန်းချီကားကို ကံစမ်းမဲအစောင်ရေ (၃၀၀၀) ရောင်းချပြီး ကံစမ်းမဲဖောက်ပေးမှာဖြစ်ပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေအလိုက် လက်မှတ်စျေးနှုန်းတွေကတော့ -

🇹🇭 Thailand – 300 Bath
🇺🇸 USA – 20 USD
🇳🇴 Norway – 200 NOK
🇩🇰 Denmark – 200 DKK
🇸🇪 Sweden – 200 SEK
🇫🇮 Finland – 15 EUR
🏴󠁧󠁢󠁥󠁮󠁧󠁿 England – 15 EUR
🇸🇬 Singapore – 20 SGD တို့ပဲဖြစ်ပါတယ်။

စစ်တောင်းကမ်ပိန်းရဲ့ ရည်မှန်းထားတဲ့ ဘတ်(၃)သန်း အမြန်ဆုံးပြည့်မှီနိုင်ဖို့ အတွက် ကံစမ်းမဲလက်မှတ်ဝယ်ယူခြင်းဖြင့် ပါဝင်အားဖြည့်ကြပါစို့။

စည်းလုံးခြင်းမှသည် အောင်ပွဲဆီသို့ ✊✊✊
----------------

#ပဒိုမန်းရှာပုံတူပန်းချီ #ကံစမ်းမဲအစီအစဉ် #စစ်တောင်း #စစ်တောင်းကမ်ပိန်း

မင်းတို့သာစစ်မှုထမ်းရဖို့ပြေးချင်ကြတာ ဧရာဝတီတိုင်းကဒီကရင်မလေးကတော့ ပြုံးလို့ပျော်လို့။ လောက်ကောင်တွေသတိထား။
02/22/2025

မင်းတို့သာစစ်မှုထမ်းရဖို့ပြေးချင်ကြတာ ဧရာဝတီတိုင်းကဒီကရင်မလေးကတော့ ပြုံးလို့ပျော်လို့။ လောက်ကောင်တွေသတိထား။

Address

Miami, FL

Telephone

+66936207312

Website

Alerts

Be the first to know and let us send you an email when Htee Htar Shoe Khwar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share