24/08/2026
အစကဒီခလေးလေးကိုဆုံးရူံးလိုက်ရတော့မယ်ထင်ထားတာ
စာလေးနဲနဲရှည်လို့ဆုံးအောင်ဖတ်ပေးကြပါနော်Leoလေးလိုရောဂါဆိုးကြီးတခြားကြောင်လေးတွေမဖြစ်စေချင်လို့ပါ
ဆေးရုံဆေးခန်းရွေးချယ်ဖို့အရမ်းလိုအပ်မှန်းလည်းLeo caseမှာသိလိုက်ရတယ် ပထမLeoလေးက ဆီးဘဲမသွားနိုင်တာ leoကိုပြတဲ့ဆေးခန်းကနေလည်းပြန်လာရောနောက်ရက် ခလေးကအဝါရောင်အရည်တွေအန်ပီး ပထရက် အသန့်အရမ်းကြိုက်တဲ့ခလေးကအိပ်ယာထဲချီးပါချတာကျမစိတ်ထင်တော့ ဘေးနားကအတူနေရတဲ့ကြောင်လေးတွေဆီမှာများကူးလာသလားမသိပါဘူးအဲ့ကပြန်မှရောဂါကဖြစ်တာဆိုတော့
အဲ့ဆေးခန်းမှာတင်Leoအတွက်bath 7820 bathကုန်ခဲ့ပါတယ် မြန်မာငွေနဲ့ဆိုဘယ်လောက်မှန်းတော့မသိဘူးကျမရှိသမျှအားနဲ့အကုန်ကြိုးစားကုပါတယ် ခလေးကမသက်သာလာပါဘူး
အစားအရမ်းမက်တဲ့ခလေးကဘာမှမစားတော့ဘဲအရည်တွေဘဲဆက်တိုက်အန်တယ် ဖင်ကနေရောပါးစပ်ကပါသွေးတွေအများကြီးကျလာတယ်သွေးတွေဆိုအခဲကြီးတွေအတုံးလိုက်သနားလိုက်တာဆိုတာ
ကျမချက်ချင်းအဲ့ဆေးခန်းကိုဘဲထပ်ပြေးပြပါတယ် ဆရာဝန်ကရောဂါစစ်ကြည့်တော့Fpvတဲ့ကျမတခါမှမကြုံဖူးမကြားဖူးတာတွေကြားရမြင်ရတော့အရူးတပိုင်းလိုဘဲဆရာဝန်ကအန်ပျောက်ဆေးတွေရေဓာတ်ဖြည့်တာတွေလုပ်ပေးပေမဲ့ခလေးကမသက်သာဘဲလမ်းမှာတင်အန်တာတွေရောဖင်ထဲကသွေးပါတာတွေရောဆက်ဖြစ်တာ
၃ ရက်မြောက်နေ့ထိနေ့တိုင်းပြပေမဲ့လုံးဝမသက်သာတော့အနီးအနားကဆေးခန်းကိုဘဲထပ်ပြတယ် ထပ်ပြတော့ဆရာဝန်ကဒီရောဂါသူမကုနိုင်ကြောင်းဆေးရုံအရေးပေါ်တငိမှအသက်ရှင်မှာဖြစ်ကြောင်းပြောတော့ ကျမအချိန်မဆိုင်းဘဲ ကျမတို့နေတဲ့နေရာနဲ့၂ နာရီလောက်မောင်းရတဲ့ခရီးကို45 မိနစ်ဆိုင်ကယ်နဲ့အမြန်မောင်းပြေးပီးအသက်လုခဲ့ရတယ် ဆေးရုံက၈ နာရီပိတ်မှာကို ကျမတို့သွားတဲ့အချိန်က၆ နာရီခွဲပီ တောတောင်ကြားလူသူပြတ်တဲ့လမ်းကိုခလေးဇောနဲ့ကျမရည်းစားနဲ့ကျမမကြောက်မလန့်အသက်လုခဲ့ရတယ်ချစ်တော့လည်းဘာကိုမှမကြောက်တော့ဘူး
ဆေးရုံရောက်တော့ဆရာဝန်ကအရင်ဆေးခန်းကထိုးပေးတဲ့ဆေးတွေကြည့်ပီးတာနဲ့ချက်ချင်းအရေးပေါ်အခန်းကိုပြောင်းပီးIV dripချိတိပီးလိုအပ်တဲ့ဆေးတွေ ၂၄ နာရီ nurse တွေနဲ့အနီးကပ်စောင့်ရှောက်ပေးပါတယ်
မနက်လည်းရောက်ရော ကျမနေတဲ့နေရာနဲ့အရမ်းဝေးတဲ့ ကဘီမြို့ကတန်ခိုးကြီးဘုရားဆီသွာူပီးခလေးအတွက်သဎာ်န်းတွေကပ်ရေစက်ချအလှူအတန်းလုပ်ပီးသူ့အကိုကဆုတခုဘဲတောင်းခဲ့တယ် ခလေးအမြန်သက်သာပျောက်ကငိးပါစေလို့ဆုတခုထဲ
အဲကအပြန်ခလေးကိုဝင်ကြည့်တော့သွေးတွေအန်ထားတာမြင်ရတောရင်ကွဲမတတ်နာကျင်ရပီးတလမ်းလုံးငိုပီးအိမ်ပြန်လာခဲ့ရတယ်ခလေးကိုဆုံးရူံးရတော့မယ်အထင်နဲ့
တိုက်တိုက်ဆိုင်ဆိုင်မနေ့ကသဎာ်န်းကပ်တာဆုတောင်းပြည့်တယ်ထင်ပါရဲ့ ဆရာဝန်ဆီကဖုန်းဆက်လာတယ်Leoက အစာစားနေပီ မအန်တော့ဘူး သွေးတွေမပါတော့ဘူးတဲ့ ဒီဖုန်းအဝင်callလောက်ကျမဘဝမှာပျော်ရတာရှိပါအုန်းမလားဘဲ ညနေလောက်တော့ကျမဖုန်းထပ်ဆက်ပီးဆရာဝန်ကိုလာခေါ်လို့ရမလားမေးတော့ အခြေနေကအဆင်ပြေပီမို့လာခေါ်လို့ရပါပီတဲ့
ကျမချက်ချင်းဘဲ ညနေဖက်ကြီး ခလေးဇောနဲ့ခရီးအဝေးကြီးကိုအပြေးသွားခေါ်ခဲ့တာဒီတခါခရီးကအပူတွေနဲ့မဟုတ်ဘဲတလမ်းလုံးပျော်စရာတွေပြည့်နေခဲ့တယ်
လိုအပ်တဲ့ဆေးတွေ နဲ့ဆေးရုံရက်ချိန်းတွေပြောပီးတလမ်းလုံးပြန်တော့လမ်းမှာသူကမအောင့်နိုင်ဘဲ ကျမကိုယ်ပေါ်ချီးပါချတော့ကျမတကိုယ်လုံးချီးအပြည့်နဲ့ပြန်ခဲ့ရတာတော့အမှတ်အရဘဲ🤣
အခုတော့ရောဂါလည်းအကုန်ကင်းစင်ပီးပုံမှန်အတိုင်းကျန်းမာလာပါပီဆုတောင်းပေးကြတဲ့သူတွေနဲ့လှူဒါန်းပေးကြတဲ့သူတွေအားလုံးကိုလည်ူတကယ်ရင်ထဲကအခုချိန်ထိကျေးဇူးတင်လျက်ပါ
တိချစ်သူတို့လည်းအိမ်ကကြောင်လေးတွေကိုဒီလိုလက္ခဏာပြရင်မပေါ့ဆဖို့နဲ့ဆေးခန်းအရွေးမှန်စေဖို့သတိထားရအောင်တင်ပေးတာပါဒီအပူကဘာနဲ့မှမလဲနိုင်တာမို့ပါ
အသက်အန္တရယ်ကနေရအောင်ရုန်းထွက်လာနိုင်တဲ့ခလေူလေးအတွက်pageမှာmemories လေးsaveထားချင်လို့ရင်ထဲကစာလေးနဲနဲရှည်သွားပါတယ်🤎
အဆုံးထိဖတ်ပေးလို့ကျေးဇူးပါနော်💞