Chan's Days Self- Development / Mental growth / Mindset🌷🍃
Business Contact - ( telegram )

01/06/2026

4ရက်နေ့ ချမ်းနဲ့ ပွဲမှာ ဆုံကြမယ်နော်

ဘဝရဲ့ အမှန်တရားတစ်ခု ပြောပြမယ် ၂၄ နှစ်နဲ့ သိလာရတဲ့ တန်ဖိုးရှိတဲ့ အသိတရားတစ်ခုပေါ့ Universe က သူပေးချင်တဲ့ သင်ခန်းစာကို က...
25/05/2026

ဘဝရဲ့ အမှန်တရားတစ်ခု ပြောပြမယ် ၂၄ နှစ်နဲ့ သိလာရတဲ့ တန်ဖိုးရှိတဲ့ အသိတရားတစ်ခုပေါ့
Universe က သူပေးချင်တဲ့ သင်ခန်းစာကို ကိုယ်က take action မယူသ၍ နားမလည်သ၍ သူက အဲ့လို သင်ခန်းစာတွေပဲ မတူညီတဲ့ လူတွေ ဖြစ်ရပ်တွေနဲ့ ပြန်ပြန်လာတယ် ပြန်ပြန်ပေးတယ်
ငါ့ဘဝက ဘာလို့ အမြဲတမ်း ဒီလို ဖြစ်နေရတာလဲ ငါ့ကျမှ ဘာလို့လဲ လောကကြီးက မတရားဘူးလို့ ချမ်းတို့ ထိုင်ပြောနေရမှာ မဟုတ်ဘူး

ငါ့ကို ဘာပြောင်းလဲစေချင်နေတာလဲ ငါ့ရဲ့ ထပ်ခါထပ်ခါ လုပ်မိနေတဲ့ old patterns တွေက ဘာတွေလဲ ဆိုပြီး ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ပြီး ပြောင်းလဲ ရမှာ သူများတွေကို ပြောင်းလဲဖို့ ကြိုးစားရမှာ မဟုတ်ဘူး ကိုယ့်ကိုကိုယ် ပြန်ကြည့်ရမှာ

ဥပမာ အမြဲတမ်း အချစ်ခံရဖို့ပဲ လိုက်ကြိုးစားနေပြီး ကိုယ့်ကိုကိုယ် ချစ်ပေးဖို့ နားမလည်ဘူးဆိုရင် Universe က နာကျင်စရာကောင်းတဲ့ သင်ခန်းစာတွေ ပေးပါလိမ့်မယ် တစ်ပုံကြီး၊

English စာကို Basic မှ လေ့လာဖို့ ချမ်းရဲ့ Face to Face Zoom class လေး Join ဖို့ ဖိတ်ခေါ်ပါရစေ
25/05/2026

English စာကို Basic မှ လေ့လာဖို့ ချမ်းရဲ့ Face to Face Zoom class လေး Join ဖို့ ဖိတ်ခေါ်ပါရစေ

အတန်းအပ်ဖို့ "နောက်ဆုံးရက်" နီးကပ်လာပြီမလို့ အမြန်ဆုံး လှမ်းခဲ့တော့နော်။ ⏳

1. Speaking Mastery Class (A1, A2)

ရက် - Mon & Tue (ည ၈:၀၀ - ၉:၃၀) သင်ရိုး - Basic Patterns, Shadowing Method, Interactive Games (မအားသူများအတွက် Class Records ပေးပါတယ်)

သင်တန်းကြေး - 100,000 ကျပ်

2. Foundation Class (A1, A2)

ရက် - Thu & Fri (ည ၈:၀၀ - ၉:၃၀)
သင်ရိုး - Reading-Based Grammar & Vocabulary, Phonetics, Daily Missions (Class Records ပေးပါတယ်)

သင်တန်းကြေး - 150,000 ကျပ်

🔥 Special Promotion • အတန်းနှစ်ခုလုံး တွဲတက်ပါက (250,000 ကျပ်) ကို 220,000 ကျပ် နဲ့ အပ်နှံလို့ရပါမယ်ရှင်

မိမိ Level သိရှိနိုင်ဖို့ Level Test (အခမဲ့) အရင်ဖြေဆိုပေးရပါမယ်။ စိတ်ဝင်စားပါက Page Message Box မှာ "English" လို့ ပို့လိုက်ပါရှင်။

ဘဝမှာ အောင်မြင်ချင်ချင် ပျော်ရွှင်ချင်ချင် ချမ်းသာချင်ချင် ဘာပဲဖြစ်ချင် ဖြစ်ချင် အရေးကြီးဆုံးက ဘာလဲသိလား သတိရှိတဲ့ သူတစ်...
22/05/2026

ဘဝမှာ အောင်မြင်ချင်ချင် ပျော်ရွှင်ချင်ချင် ချမ်းသာချင်ချင် ဘာပဲဖြစ်ချင် ဖြစ်ချင် အရေးကြီးဆုံးက ဘာလဲသိလား သတိရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ပဲ။

ကိုယ်ဘာတွေ တွေးနေလဲ အမြဲ သတိထားကြည့်နေဖို့လိုတယ်။ ဘာလို့ဆို ကိုယ့်အတွေးတွေက ကိုယ့် energy ကို ဖြစ်ပေါ်စေပြီး ကိုယ့် energy တွေစီးဆင်းသွားရာက ကိုယ့်ရဲ့ တစ်နေ့တာကို ဆုံးဖြတ်ပေးပြီး ဘဝမှာ ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေလို့ပါပဲ။

နောက်တစ်ခု ကိုယ့်ရဲ့ နှုတ်ထွက်စကားတွေကို အမြဲ သတိရှိဖို့လိုတယ်။ ကိုယ့်ပါးစပ်ကနေ အမြဲ ဒုက္ခတနေတယ် စိတ်ညစ်တယ်ပြောတယ် ပိုက်ဆံမရှိပါဘူးဟယ် ငါက မွဲနေတယ် ဒါတွေပဲ ထပ်ခါထပ်ခါပြောနေရင် သူတို့တွေကလည်း energy ရှိပါတယ်။ အဲ့စကားတွေအတိုင်း energy တူတဲ့အရာတွေကပဲ ဘဝမှာ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါဟာ လောကရဲ့ နိယာမပဲ။

နောက်တစ်ခု ကိုယ့်ဘေးနားမှာဘယ်သူတွေရှိနေလဲ သတိထားဖို့လိုတယ်။ ကိုယ့်ဘေးနားကသူတွေကရော ကိုယ့်ကို ဘယ်လိုစကားတွေပြောနေလဲ ဘယ်လို energy တွေပေးနေလဲ အမြဲ သတိထားကြည့်တတ်ဖို့လိုတယ်။

နောက်တစ်ခုက ကိုယ့်ရဲ့ လုပ်ရပ်ပါ။ ကိုယ်တိုင်တောင် မသိတဲ့ အချိန်မှာပဲ ကိုယ့်စိတ်ထဲမှာ မကောင်းတဲ့အကျင့်စရိုက်တွေစွဲနေပြီး ကိုယ့်ရဲ့ routine တွေကိုဖြစ်ပေါ်စေပါတယ်။ အချိန်အလွန်ကျွံ tiktok ပဲကြည့်နေတာ မလိုအပ်ပဲ scroll လုပ်နေတာ မနက်အိပ်ယာထရင် social media နဲ့ နိုးထတာ ဒါတွေပေါ့။

ဒီအရာတွေကို သတိကပ်ပြီး အမြဲစောင့်ကြည့်ပြီး
ကိုယ့်ဘဝကို ကောင်းမွန်တဲ့ဘက်ခြမ်းကိုပြောင်းလဲမယ်ဆိုရင် အရမ်းကိုမှ ဖြစ်နိုင်ပါတယ်။

အဓိကတော့ သတိလွတ်လွတ်သွားလို့ လူတွေက မပြောင်းလဲနိုင်ကြတာ။

အသိတရားရှိရုံနဲ့ မလုံလောက်ဘူး။ သတိလေးတွဲကပ်ထားမှ ရမှာပဲဖြစ်ပါတယ်။

ဒါကို Mindfulness ရှိခြင်းလို့ပြောလို့ရတယ်။ Mindfulness ကအလိုလိုရှိမလာဘူး။ သတိကို လေ့ကျင့်ရပါတယ်။ လေ့ကျင့်ရင်း သတိအားကောင်းလာတဲ့အခါ ဘဝမှာ မကောင်းတဲ့ အဖြစ်ပျက်တွေကို အနည်းနဲ့အများ ထိန်းချုပ်လာနိုင်မှာပဲဲဖြစ်တယ်။

ဒီနေ့အတွက်စေတနာနဲ့ မျှဝေခြင်းဖြစ်ပါတယ်ရှင့်

ချစ်တဲ့
#ချမ်း 💌

17/05/2026

စိတ်စွမ်းအားကို အသုံးချခြင်းဖြင့် လိုချင်တာတွေ ဖန်တီးတတ်ပါစေ။

17/05/2026

လိုချင်တာတွေ တကယ်ရချင်ရင် ဒါမျိုးကို သေချာခံစားပြီး လိုက်ရွတ်ပါ။

15/05/2026

အချိန်ခဏကြာရင် အားလုံးကပျောက်ကွယ်သွားရမှာကို.......

12/05/2026

ကိုယ့်ဘ၀လေးကို ကိုယ်ချစ်ပါ

12/05/2026

ကိုယ်ဘာဖြစ်ချင်လဲဆိုတာတွေထက် ကိုယ်ဘာတွေပြောနေလဲနဲ့ ဘာတွေ ခံစားရလဲ ဆိုတာက လက်တွေ့ကို ပိုပြီး ဖြစ်မြောက်စေတာပါ

6 လပိုင်းအတွက် သင်တန်းကြိုတင်အပ်နှံထားနိုင်ပါပြီရှင်
11/05/2026

6 လပိုင်းအတွက် သင်တန်းကြိုတင်အပ်နှံထားနိုင်ပါပြီရှင်

ที่อยู่

Phuket

เบอร์โทรศัพท์

+959420029708

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chan's Daysผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท