ဘန်ခဲရွှေ့ပြောင်းအလုပ်သမားဝန်ဆောင်မူရုံး နှင့် သတင်း

ဘန်ခဲရွှေ့ပြောင်းအလုပ်သမားဝန်ဆောင်မူရုံး နှင့် သတင်း Mou ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်း နှင့် ဝန်ဆောင်မူ

🎉To Day ( BIO DATA Scanned ) Immigration👌ယနေ့ လူ ၁၀၀ ကျော် လက်‌‌ဗွေ စကန် ပြီးစီး။👍လက်ဗွေစကန်ပြီးတာနဲ့ တချို့PJ PVအတွက် V...
04/01/2024

🎉To Day ( BIO DATA Scanned ) Immigration
👌ယနေ့ လူ ၁၀၀ ကျော် လက်‌‌ဗွေ စကန် ပြီးစီး။
👍လက်ဗွေစကန်ပြီးတာနဲ့ တချို့PJ PVအတွက် Visa ပါတစ်ခါထဲသွင်း။

 #ယနေ့သွေးစစ် ❣️
14/12/2023

#ယနေ့သွေးစစ် ❣️

📢(မနေ့ကစကောက်တယ် 450 Bhat)စာအုပ်လာလုပ်သမျှလူအကုန်ကောက်မှာပါ🙄 ကြေငြာတာတောင်နောက်ကျနေသေးထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေ...
14/12/2023

📢(မနေ့ကစကောက်တယ် 450 Bhat)စာအုပ်လာလုပ်သမျှလူအကုန်ကောက်မှာပါ🙄 ကြေငြာတာတောင်နောက်ကျနေသေး

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ဝင်ငွေခွန် ၂% ထမ်းဆောင်ရန် အသိပေးခြင်း
(၁၃-၁၂-၂၀၂၃)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၂-၁၁-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ ဖြင့် “ပြည်ပနေမြန်မာနိုင်ငံသားများ၏ ပြည်ပတွင် ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း” ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများတွင် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂% အရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမည်ဖြစ်ပါသည်။ လစဉ်အခွန် ၂%၊ ၁၅၀ ဘတ် ပေးသွင်းခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသော မြန်မာ ကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိကာ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ကို ဝယ်ယူရာတွင် စုဆောင်းထားသော ငွေဖြူစာရင်းအပေါ် တွက်ချက်၍ ဝင်ငွေခွန်လျော့ပေါ့ပေးခြင်းကို ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
၃။ ထို့အပြင် ထိုင်းနိုင်ငံ၏ ကုမ္ပဏီများ (ရေကြောင်းကုမ္ပဏီအပါအဝင်)၊ ဆေးရုံများ၊ တက္ကသိုလ်/ ကောလိပ်များ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ စက်ရုံ/ အလုပ်ရုံအင်ဂျင်နီယာများ စသည့် White Collar များ၏ ဝင်ငွေခွန်ကို ကောက်ခံရာတွင် လစာဝင်ငွေအပေါ် ၂% အခွန်တွက်ချက်ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင်ထားခြင်းရှိပါက ၂% အခွန်တွက်ချက်ရငွေမှ နုတ်၍ ကျန်ငွေကိုသာ ပေးသွင်းရမည်ဖြစ်ပါသည်။ ဉပမာ - လစာ ၈၀၀၀၀ ဘတ်၊ ထောက်ပံ့စရိတ် ၁၀၀၀၀ ဘတ်၊ စုစုပေါင်း ၉၀၀၀၀ ဘတ် ရရှိသူသည် အခွန် ၂% အရ လစဉ် ၁၈၀၀ ဘတ်ပေးဆောင်ရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ အခွန် ၉၇၈ ဘတ် ပေးဆောင်ထားရသဖြင့် မြန်မာနိုင်ငံသို့ လစဉ် ၈၂၂ ဘတ်သာ ပေးဆောင်ရမည်ဖြစ်ပါသည်။ ငွေဖြူခံစားခွင့်အနေဖြင့် ၄၁၁၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကိုသာ ခံစားနိုင်မည်ဖြစ်ပါသည်။ (White Collar အခွန်ထမ်းများသည် မြန်မာသံရုံးသို့ အခွန်လာရောက် ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာကုမ္ပဏီ/ ဌာန၏ Pay Slip၊ သို့မဟုတ် Salary Certificate နှင့် Tax Slip များကို ယူဆောင်လာရမည်ဖြစ်ပါသည်။)
၄။ အခွန်ထမ်းဆောင်သူများအား အောက်တွင် ဖော်ပြထားသော QR Code အမှတ်အသားပါရှိသည့် “အခွန်ပေးသွင်းမှုအထောက်အထားလက်မှတ်”ကို ပြန်လည်ပေးအပ်မည်ဖြစ်ပြီး ပျောက်ဆုံး/ ပျက်စီးခြင်း မရှိစေရေး ကာယကံရှင်မှ ထိန်းသိမ်းထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိချိန် မိမိရရှိထားသော ငွေဖြူအား ဝင်ငွေခွန်အတွက် အသုံးပြုလိုပါက ဤ “အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်”များကို ပြသရမည်ဖြစ်ပါသည်။
၅။ စက်ရုံ/ အလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ လုပ်သားများအတွက် ဖြည့်စွက် ဆောင်ရွက်ရမည့်ပုံစံကို အောက်တွင်ဖော်ပြထားပါသည်။ စက်ရုံ၏ တာဝန်ရှိသူများမှ လုပ်သားတစ်ဦးချင်းစီအတွက် ဤပုံစံတွင် ဖြည့်စွက်ပြီး အားလုံးအတွက်ငွေကို ဖော်ပြပါ ဘဏ်အကောင့်တွင် စုစည်းပေးသွင်းသည့် လက်ခံပြေစာနှင့်အတူ မြန်မာသံရုံးသို့ စာရင်းတင်နိုင်ပါသည်။ တစ်ဦးလျှင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တစ်လလျှင် ၁၅၀ ဘတ်နှုန်းဖြင့် ၃ လစာ၊ ၄၅၀ ဘတ် အခွန်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ လစဉ်၊ သို့မဟုတ် ၃ လတစ်ကြိမ်၊ သို့မဟုတ် ၆ လ တစ်ကြိမ်၊ သို့မဟုတ် ၉ လတစ်ကြိမ် ပေးသွင်းနိုင်ပါသည်။
၆။ မြန်မာသံရုံး (ဗန်ကောက်)တွင် ၁၂-၁၂-၂၀၂၃ ရက်နေ့မှစ၍ တပ်ဆင်ထားသောစက်များကို စမ်းသပ်ဆဲကာလဖြစ်သောကြောင့် နေ့စဉ်နိုင်ငံကူးလက်မှတ်လာရောက်လုပ်ကိုင်သူများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ယခင်ကာလများ၌ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ထားသူ များအနေဖြင့် ၁-၁-၂၀၂၄ ရက်နေ့မှစ၍ မြန်မာသံရုံး (ဗန်ကောက်)သို့ လာရောက်ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ)

 #ယနေ့စာအုပ်ရိုက်
12/12/2023

#ယနေ့စာအုပ်ရိုက်

📢မြန်မာအလုပ်သမားသံရုံး နှင့် အလုပ်သမား ပြသာနာများအဓိကဖြေရှင်းပေးသည့် MOEAF ရုံးခန်းများ နွန်ထဘူရီ သို့ပြောင်းရွှေ့မည်📢👉(...
11/12/2023

📢မြန်မာအလုပ်သမားသံရုံး နှင့် အလုပ်သမား ပြသာနာများအဓိကဖြေရှင်းပေးသည့် MOEAF ရုံးခန်းများ နွန်ထဘူရီ သို့ပြောင်းရွှေ့မည်📢
👉(မြန်မာသံရုံးကြီးပြောင်းရွှေ့ခြင်းမဟုတ်ပါ)

ထိုင်းနိုင်ငံခရီးစဉ်အတွင်း Nonthaburi မြို့ရှိ အလုပ်သမားသံရုံးနေရာသစ်
ဖွင့်လှစ်မည့်နေရာသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကြည့်ရှု

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ တို့သည် ယနေ့နံနက်ပိုင်းတွင် နွန်ထပူရီမြို့ရှိ အလုပ်သမားသံအရာရှိရုံး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် ၏ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ(TDCC)နှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့၏ ရုံးခန်းနေရာများ ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာသစ်သို့ သွားရောက်ခဲ့သည်။
မြန်မာရွေ့ပြောင်းအလုပ်သမားများအား အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ်ခြင်းကို ကာကွယ်ရှောက်ပေးရန်၊ သက်ဆိုင်ရာနိုင်ငံ၏ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးရန်နှင့် အလုပ်သမားရေးရာပြဿနာများကို အချိန်နှင့်တပြေးညီ ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ၂၀၁၁ ခုနှစ်မှစ၍ အလုပ်သမားသံအရာရှိတစ်ဦးကို ခန့်ထားဆောင်ရွက်ခဲ့ပြီး အလုပ်သမား အရေအတွက်များပြားလာခြင်းနှင့် အလုပ်သမားရေးရာ ပြဿနာရပ်များကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားသံအရာရှိ (၅) ဦးကို တာဝန်ပေးစေလွှတ်ခဲ့ကြောင်း၊ MoU U-turn လုပ်ငန်းစဉ်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၁) ဦးအား အလုပ်သမား သံအရာရှိအဖြစ် ထိုင်းနိုင်ငံသို့ ထပ်မံစေလွှတ်တာဝန်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိအဆင့် အလုပ် သမားသံအရာရှိ(၁) ဦးကိုလည်း ထပ်မံသက်တမ်းတိုး တာဝန်ပေးအပ်ခဲ့ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂/ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ ထိုင်းနိုင်ငံသို့ စေလွှတ် ခဲ့သည့် အလုပ်သမားနှင့် CI ထုတ်ပေးမှု အရေအတွက်မှာ (၁.၁) သန်း၊ MoU လူသစ်သည် (၀.၄၄) သန်း၊ MoU လူဟောင်း (၀.၁၆)သန်း၊ စုစုပေါင်း (၁.၇) သန်းအပြင် ယခု CI ထပ်ဆောင်ရွက်ရန် (၈) သိန်းကျော်ရှိကြောင်း သိရသဖြင့် အကြမ်းဖျဉ်းအားဖြင့် (၂.၅) သန်းဟု ခန့်မှန်းထားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုပ်သမားသံအရာရှိရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့် နေရာများ နှင့် ဝန်ထမ်းအိပ်ဆောင်များ ၊ သံအရာရှိရုံးသို့ အကူအညီတောင်းခံလာသည့် အလုပ် သမားများအတွက် ခေတ္တတည်းခိုနေထိုင်မည့် နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ(TDCC)နှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)၏ ရုံးခန်းဖွင့်လှစ်နေရာချထားမည့်နေရာများအား စစ်ဆေး ကြည့်ရှုခြင်း၊ အဆောက်အဦငှားရမ်းရေးစာချုပ် ချုပ်ဆိုခြင်းနှင့် MOEAF မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံ၍ လုပ်ငန်းအခြေအနေတင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အလုပ်သမားသံအရာရှိရုံးအနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီနှင့် ဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပေါ် သက်ဆိုင်ရာနိုင်ငံမှ အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ် မခံရစေရန် ကာကွယ်စောင့် ရှောက်မှုများပေးခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ အပြည့် အဝရရှိခံစားနိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် အလုပ်သမားရေးရာအခက်အခဲများကို သက်ဆိုင်ရာ နိုင်ငံရှိ ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။

06/12/2023
သွေးစစ်ပြီး ဝက်ပါမစ်တင်လို့ကျပြီး သူတွေက တောမောင်း(လဝက)မှာလက်ဗွေနိုပ်လို့ရပြီနော် ဝက်ပါမစ်တွေက ၁၅/၁/၂၀၂၄ အပြီးလုပ်ရပါမယ်...
04/12/2023

သွေးစစ်ပြီး ဝက်ပါမစ်တင်လို့ကျပြီး သူတွေက တောမောင်း(လဝက)မှာလက်ဗွေနိုပ်လို့ရပြီနော်
ဝက်ပါမစ်တွေက ၁၅/၁/၂၀၂၄ အပြီးလုပ်ရပါမယ်
အခုထဲက ဝက်ပါမစ် ပြီးစီးသူတွေက လဝက (တောမောင်း) စတင်ဝင်ဖို့ ၁/၁၂/၂၀၂၃ ကနေ ၃၁/၁၀/၂၀၂၄ ထိ ဖွင့်ပေးထားမှာဖြစ်ပါတယ်

📣ประชาสัมพันธ์การจัดเก็บอัตลักษณ์บุคคลแรงงานต่างด้าว 4 สัญชาติ ตามมติ ครม.เมื่อวันที่ 3 ต.ค.66 ซึ่งทำงานในเขตกรุงเทพมหานคร โดยจะเปิดให้รับบริการ:
⚡️ตั้งแต่วันที่ 1 ธ.ค.66 ถึงวันที่ 31 ต.ค.67 (เว้นวันหยุดราชการ)
🏢 ณ ศูนย์จัดเก็บอัตลักษณ์บุคคลแรงงานต่างด้าว 4 สัญชาติ ชั้น T ศูนย์การค้าไอทีแสควร์
💥โดยให้นายจ้างจองคิวมารับบริการทางระบบออนไลน์

📄เอกสารที่ใช้เก็บอัตลักษณ์บุคคล มีดังนี้
1) ทะเบียนใบอนุญาตทำงานของคนต่างด้าวตามมติคณะรัฐมนตรีเมื่อวันที่ 3 ตุลาคม 2566 (เอกสารฉบับนี้ใช้แทนใบอนุญาตทำงาน)
2) ใบเสร็จรับเงินจากกรมการจัดหางาน (1,450 บาท)
3) หลักฐานการจองคิวออนไลน์จากระบบ

โดยให้ทำเอกสารข้างต้นเป็น 2 ชุด
🔸ชุดที่ 1 บก.ตม.1 เก็บเป็นหลักฐาน
🔸ชุดที่ 2 คืนให้คนต่างด้าวหลังจากเก็บอัตลักษณ์บุคคลเพื่อใช้ดำเนินการในส่วนที่เกี่ยวข้องต่อไป

📱ระบบจองคิวออนไลน์เก็บอัตลักษณ์บุคคล:
https://shorturl.asia/4ZD6e

ℹ️วิธีการจองคิวออนไลน์เก็บอัตลักษณ์บุคคล:
https://shorturl.asia/5lYVe

🖲Google Map: https://maps.app.goo.gl/L5PixAeSUKB6WZiv6

 #ယနေ့သွေးစစ်
03/12/2023

#ယနေ့သွေးစစ်

 #ယနေ့ ဘန်ကောက်သံရုံး စာအုပ်ရိုက်အရင်စာအုပ်အဟောင်း ရှိရမယ်ဝက်ပါမစ်သက်တမ်းရှိရမယ် ဒါမှမဟုတ် Name List (နိမ်းလစ်) အခုမှတင်...
10/10/2023

#ယနေ့ ဘန်ကောက်သံရုံး စာအုပ်ရိုက်

အရင်စာအုပ်အဟောင်း ရှိရမယ်

ဝက်ပါမစ်သက်တမ်းရှိရမယ် ဒါမှမဟုတ် Name List (နိမ်းလစ်) အခုမှ

တင်တဲ့ဘတ်စာရွက် ရှိရမယ်

မှတ်ပုံတင် နဲ့ အိမ်ထောင်စုရှိရမယ်

#အရင်စာအုပ်အဟောင်းကုန်ပြီ အခုဘတ်တင်ထားတဲ့သူလဲ စာအုပ်လာလဲမယ်ဆိုလဲရတယ်

""စိတ်တွေလဲပိန်ပါတယ်""ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေတွေထဲက ဆယ်ရာခိုင်နှုန်းကို ဝင်ငွေခွန် ကောက်မယ်လို့ စစ်ကောင်...
24/09/2023

""စိတ်တွေလဲပိန်ပါတယ်""

ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေတွေထဲက ဆယ်ရာခိုင်နှုန်းကို ဝင်ငွေခွန် ကောက်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြင်ဆင်ထုတ်ပြန်တဲ့ ၂ဝ၂၃ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတိုင်းက သက်ဆိုင်ရာနိုင်ငံကသတ်မှတ်ထားတဲ့ ဝင်ငွေခွန်ကိုပေးရတဲ့အပြင် နိုင်ငံသားတွေရဲ့ရရှိထားတဲ့ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးရမှာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

“အဲဒီနိုင်ငံတွေမှာ ဘယ်လိုပဲ အခွန်‌ဆောင်နေနေ ကိုယ့်ရဲ့နိုင်ငံကို အခွန်ပြန်ကို ဆောင်ရမယ်။ ဘာအလုပ်ပဲလုပ်နေလုပ်နေ ဝင်ငွေခွန်ခေါင်းစဉ်အောက်မှာ ရလာတဲ့ငွေတွေကို ဆယ်ရာခိုင်နှုန်းထဲကမှ ထပ်ပြီးအခွန်စည်းကြပ်သွားမှာ။ အဲဒီမှာ မဆောင်ခဲ့ဘူးဆိုရင် ဒီကိုဝင်တာနဲ့ ပြန်ကိုဆောင်ရမယ်။ မဆောင်ဘူးဆိုရင် သက်တမ်းကိုရပ်ဆိုင်းတာတို့ကို ဝင်ငွေခွန်ဥပဒေနဲ့ လုပ်နိုင်တယ် ”

မြန်မာနိုင်ငံသားတွေ ပြည်ပနိုင်ငံတွေမှာ နိုင်ငံခြားငွေနဲ့ရရှိတဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၁ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၄)ကို ပယ်ဖျက်လိုက်တာဖြစ်ပြီး ပုဒ်မ ၂၂ ကိုတော့ အစားထိုး ပြင်ဆင်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနစ်ကစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးထားတာဖြစ်ပြီး အခုပြန်လည်ကောက်ခံတော့မှာဖြစ်ပါတယ်။

အခုလိုဝင်ငွေခွန် ဥပဒေပြင်ဆင်လိုက်တဲ့အတွက် ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတိုင်းကို အခွန်ဆောင်ဖို့ သက်ဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေကတဆင့် ဖိအားပေးလာနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

Crd RFA

ที่อยู่

Phasi Charoen

เวลาทำการ

จันทร์ 09:00 - 20:00
อังคาร 09:00 - 20:00
พุธ 09:00 - 20:00
พฤหัสบดี 09:00 - 20:00
ศุกร์ 09:00 - 20:00
เสาร์ 09:00 - 20:00
อาทิตย์ 09:00 - 20:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဘန်ခဲရွှေ့ပြောင်းအလုပ်သမားဝန်ဆောင်မူရုံး နှင့် သတင်းผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์