19/08/2026
ဘန်ကောက်သံရုံး Passport ကိစ္စ Finally Confirmed ဖြစ်ပါတယ်
PV ကလွဲရင် ကျန် အမျိုးစားတူတွေပဲ လဲလို့ရပါမယ်
ဥပမာ -
PJ မှ PJ, PE မှ PE, PT မှ PT
အမျိူးအစားမတူပဲ လဲလှယ်မည့် စာအုပ်များအားလုံး ပြည်ထဲရေး (နေပြည်တော်) သို့ ဖောင်တင်ရမှာဖြစ်ပါတယ်
ဥပမာ -
PV မှ PJ, PE, PT
PJ မှ PE, PT
PE မှ PT, PJ စသဖြင့်
ယနေ့မှစ၍ ပြောင်းလဲလိုက်သော အခြေအနေဖြစ်တာမို့ နေပြည်တော်ဘက်မှာ ဘယ်၍ ဘယ်မျှ ကြာနိုင်မယ်ဆိုတာ မသိနိုင်သေးပါ
တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို
မြန်မာပြည်မှာပြန်တိုးလို့ ရအောင် VIP Pass က အစ အပြီးအစီး စိစဉ်ပေးမယ့်သူများ
နယ်စပ် Passport ရုံးတွေမှာ Transportation အပါ စီစဉ်ပေးမယ့်သူများ အလျိုလျိုပေါ်ထွက်လာပါလိမ့်မယ်
ဒါ့အပြင် လူလိုက်စရာမလိုဘူးဟု ဆိုကာ စာအုပ်အတုနှင့် ကပ်ခွါစာအုပ်များဖြင့် လိမ်လည်သူများလည်း ရှိနေနိုင်ပါသည်။
Passport လုပ်ငန်းစဉ်သည် ရုံးတွင် လူကိုယ်တိုင်ဝင်ကာ ဓါတ်ပုံရိုက် လက်ဗွေနှိပ်ရမှ အမှန်ဖြစ်ပါသည်။
မိမိ အန္တရာယ် မိမိသာလျှင် အသိဆုံးဖြစ်ပြီး တစ်ခုခုလွဲချော်ခဲ့ပါက မည်သူမှ တာဝန်ယူလိမ့်မည်မဟုတ်ပါ
အပြောင်းအလဲနှင့် ထူးခြားမှူတစ်ခုခုရှိ ထပ်မံဖော်ပြသွားပါမည်။
ထိုင်းနိုင်ငံသာမက ပြည်ပရောက်မြန်မာများအားလုံး လူအချင်းချင်း လှည့်ပတ်ခြင်းမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။
Crd. Ku Nyi Yar