Egret’s Gallery A Person Who Speak The Language Of The Heart, Weaving Thoughts And Feelings.

13/05/2026

Story of Angel

Release by Danna Faulds I lay myself downon the welcomingground, the earth’sspine becoming mine.Peace seeps intoheavy li...
24/04/2026

Release
by Danna Faulds

I lay myself down
on the welcoming
ground, the earth’s
spine becoming mine.

Peace seeps into
heavy limbs and
slows my heartbeat
to the pace of nature.

I take refuge
in the quiet, and let
my burdens go,
one by one, until
the earth and I
both float in the
same vast and
holy silence.

27/02/2026

စကြာဝဠာ သင်္ချာပညာ
ငါ မကျွမ်းကျင်ပါ
မင်းဟာ ငါမြင်ရတဲ့
နောက်ထပ်ကမ္ဘာ ။

#ရွှေကြယ်မိုး - ၁၀၂ မိုင်



14/02/2026

[2/14/2026] Valentine Day အမှတ်တရ

ငါတော့အသည်းကွဲပြီ ဂျိုလီ

ကနေ့လည်း မနေ့ကလိုပဲ
ရှုမျှော်ခင်း အရောင်အသွေးစုံ
လူများ ကားများ စိတ်များ

တချို့က အိပ်မက်တွေကို ခူးဆွတ်
တချို့က မဟုတ်သေးဘူး
ဒါမဟုတ်သေးဘူးတဲ့
တွန့်ခေါက်ရ အလိုရမ္မက်တွေနဲ့ နေ့ရက်များ

ရေခဲတောင်တွေ အရည်ပျော်ကျ
ဖုံးလွှမ်းသွား
နောက်တစ်ခုက မကောင်းဆိုးဝါးမြို့ကြီးကို
မီးတင်ရှို့ခဲ့ကြ
ကုလားအုပ်စီးပြီး ထွက်ခွာ

ရုပ်ရှင် လူဟာ လူအဖြစ်ရှိနေခြင်းကိုပဲ
လေးစားတဲ့သဘာဝ
ဘယ်သူရုပ်ရှင်ရိုက်မှာလဲ
ပြီးမှ − အိမ်ကလေးတွေ လှသလို
စိတ်တွေလှကြရဲ့လား
ရုံတင်နေပါပြီ

ချစ်ကြ ၊ မုန်းကြ
ဟုတ်ယောင်မှုကို အစစ်အမှန်ထင်ခဲ့ကြ
လက်ဖျံပေါ်မှာ ဆေးမင်ကြောင်တွေ တန်းလန်းနဲ့
ငါတော့အသည်းကွဲပြီ

တစ်စုံတစ်ခုဟာ ပဲ့တင်
လက်ဖက်ရည်ဆိုင်ရဲ့ချောင်ကျကျစားပွဲမှာ
ငါကျောက်ချလို့ ထိုင်နေပါပြီ။

#မောင်ဆေးရိုး [ မုံရွာ ကဗျာ (၂၀၁၉) ]

[  2014.7.14  ]မလွမ်းပါဘူးသတိလဲမရပါဘူးလွမ်းမိပြီး သတိရလာရင်အစစ်နဲ့တူတယ်လေ  ။  ။- ဆယ်ဟျောင်း
19/12/2025

[ 2014.7.14 ]

မလွမ်းပါဘူး
သတိလဲမရပါဘူး
လွမ်းမိပြီး သတိရလာရင်
အစစ်နဲ့တူတယ်လေ ။ ။

- ဆယ်ဟျောင်း




[  အကျဉ်းထောင်  ]ငါ မင်းကို ထောင်ချထားချင်တယ်ငါ့ရင်ခွင် အကျဉ်းထောင်ထဲ မင်းကို ထည့်သိမ်းထားချင်တယ် ချစ်သူမင်း ဘယ်ကိုမှ ထွ...
13/12/2025

[ အကျဉ်းထောင် ]

ငါ မင်းကို ထောင်ချထားချင်တယ်

ငါ့ရင်ခွင် အကျဉ်းထောင်ထဲ
မင်းကို ထည့်သိမ်းထားချင်တယ် ချစ်သူ
မင်း ဘယ်ကိုမှ ထွက်သွားလို့မရအောင်
မင်း ငါ့အနားမှာပဲ ရှိနေအောင်။

ဟုတ်ပါတယ်
ငါ အတ္တကြီးတာပါ၊
ပြီးတော့
လူ့အခွင့်အရေးကို
တိုက်ရိုက် ချိုးဖောက်နေတာပါ။

မင်းကိုထားမယ့်နေရာက
တိတ်ဆိတ်အေးချမ်းတဲ့ တောတောင်ရေမြေနဲ့ စိမ်းလန်းလှပတဲ့ တောင်ကုန်းတစ်ခုမှာပေါ့

မင်းကြိုက်တယ်ဆိုလို့ပါ။

အဲ့ဒီမှာ အိမ်ကလေးတစ်လုံးရှိမယ်
နေဝင်ချိန် နေထွက်ချိန်တွေကြည့်ဖို့
ဝရံတာလေးလဲပါတယ်

မင်းကြိုက်တယ်ဆိုလို့ပါ။

သစ်ပင်အိုကြီးတစ်ပင်ရှိမယ်
အိမ်ဘေး ပက်ပက်လည်မှာ
အဝါရောင်ပန်းခင်းကြီးလည်း ရှိနေပါအုံးမယ်

မင်းကြိုက်တယ်ဆိုလို့ပါ။

ဒေစီ၊နေကြာ၊ကော့စမောစ့်၊ဂန္ဓမာ အစစပေါ့….
ပြီးတော့ ခွေးကလေးတစ်ကောင်ရယ်
ကြောင်မဲမဲလေးတစ်ကောင်ရယ်ပေါ့

မင်းကြိုက်တယ်ဆိုလို့ပါ။

များများစားစား မက်မောခြင်းမရှိ
နှစ်ကိုယ်စာအသုံးအဆောင်တချို့နဲ့
နွေးထွေးစေမယ့် ကျောတစ်ခင်းစာ
နှစ်ယောက်အိပ်လေးနဲ့ ကျေနပ်ကြတာပေါ့

စိတ်ချမ်းသာစေရပါမယ်
စိတ်ကျဉ်းကျပ်မှုတွေလဲ ရှိနေမှာပါ၊

ပျော်ရွှင်စေရပါမယ်
ငိုကြွေးရခြင်းတွေလဲ ရှိနေမှာပါ၊

ရောင့်ရဲတင်းတိမ်ပါ့မယ်
လိုအပ်ခြင်းတွေလဲ ရှိနေမှာပါ၊

အရာရာရင်ဆိုင်ရဲပါတယ်
ကြောက်ရွံ့မှုတွေလဲ ရှိနေမှာပါ၊

အထက်ပါအရာတွေနဲ့
အို အောင် မင်း အောင် ပေါင်း ပါ့ မယ်
ချစ်သူရေ
ကိုယ့်ရဲ့ ရင်ခွင်အကျဉ်းထောင်က ကြိုဆိုပါတယ်။


Tue 9 Dec




သို့ အမေ [၁]ကိုယ့်နိုင်ငံမှာပျော်ပြီး ကိုယ့်ရေမြေကို ချစ်မြတ်နိုးတဲ့ အမေ့သားဟာ ထိုင်းမှာ အခြေကျနေတာ တစ်နှစ်တိတိပြည့်ခဲ့ပ...
27/10/2025

သို့ အမေ [၁]

ကိုယ့်နိုင်ငံမှာပျော်ပြီး ကိုယ့်ရေမြေကို
ချစ်မြတ်နိုးတဲ့ အမေ့သားဟာ
ထိုင်းမှာ အခြေကျနေတာ
တစ်နှစ်တိတိပြည့်ခဲ့ပြီ အမေ။

ပြန်တွေးကြည့်တော့ သားတို့ငယ်စဉ်က
အမေနဲ့အဖေလဲ ထိုင်းမှာ ကြိုးစားငွေရှာပြီး
သားသမီးတွေအတွက် ရင်ဆိုင်ကျော်ဖြတ်ခဲ့တာ
ပြန်ပြီး သတိရမိပါသေးတယ်။

သံသရာ တစ်ပတ်ပြန်လည်တယ်
အမေတို့ အတိတ်နဲ့
သားတို့ အနာဂါတ်ဟာ
ကွာခြားမှုတွေရှိပေမယ့်
တူညီတာတစ်ခုက မိသားစုအရေးဘဲလို့
သား အတတ် ပြောရဲတယ်။

အမေ့သားကြီး ကျွန်တော်ဟာ
အဖေခြေရာလဲ နင်းခဲ့တယ်
အမေ့ခြေရာလဲ နင်းခဲ့တယ်
ဒါပေမယ့် ဘယ်တော့မှ
လိုက်မှီမယ် မထင်ပါဘူး
ဘာဖြစ်ဖြစ် သားကြိုးစားမှာပါ အမေ။

နိုင်ရာတာဝန်ထမ်းကြရင်း
တော်လှန်တဲ့ လူတွေကြားထဲ
မြူမှုန်လေးတစက်အနေနဲ့လဲ ပါခဲ့ပြီးပြီ၊
မိသားစုအရေး ခေါင်းရှောင်နေမိခဲ့တဲ့
နှစ်တချို့မှာ သားရွေးခြယ်ရာကို
ထောက်ခံပေးခဲ့တဲ့အတွက်
သား ပျော်ရပါတယ် အမေ။

ဒီနေ့ စွန့်စားခန်း ခရီးတစ်ခု
ထွက်ခဲ့တယ် အမေ။

အဝေးပြေးလမ်းမကြီးပေါ်
သားမစီးဖူးတဲ့ နှစ်ထပ်ကားကြီးနဲ့
တိတ်တိတ်ဆိတ်ဆိတ်ကလေး
ခရီးထွက်ခဲ့တယ် အမေ၊

လမ်းမှာ လယ်ကွင်းပြင်ကြီးတွေက
စိမ်းစိုနေပုံများ
တောင်ပြာတန်းကြီးတွေ
အထပ်ထပ်နဲ့ ဝေးကွာနေပုံများ
ဇာတိမြေကိုပဲ ပြေးပြန်ချင်မိတယ်။

ဟုတ်တယ် အမေ
တိုင်းတစ်ပါးမှာ အိမ်လွမ်းနေသူတွေ
မွေးရပ်မြေပြန်ချင်သူတွေ ဒုနဲ့ဒေး
ဒီထဲ သားလဲ အပါအဝင်ပေါ့၊

နောက်မှ ဆက်ရေးတော့မယ် အမေ။

Fri 24 Oct
Egret


Cloverleaf…..(OR)…..Lucky 🍀 Leaves
26/10/2025

Cloverleaf
…..(OR)…..
Lucky 🍀 Leaves



ခက်ပြီ ခက်သီ ရေခင်ဗျားတို့ခေတ်က နိုင်ငံရေး အခက်အခဲမျိုးခင်ဗျားတို့လူငယ်ဘဝ အကျပ်အတည်းမျိုးကျုပ်တို့ခေတ်မှာလဲ ထပ်ကြုံကြပြန...
07/10/2025

ခက်ပြီ ခက်သီ ရေ

ခင်ဗျားတို့ခေတ်က နိုင်ငံရေး အခက်အခဲမျိုး
ခင်ဗျားတို့လူငယ်ဘဝ အကျပ်အတည်းမျိုး
ကျုပ်တို့ခေတ်မှာလဲ ထပ်ကြုံကြပြန်ပြီ

ခက်တော့တာပဲဗျာ
ကျုပ်တို့ခေတ်က ဆရာ့ဆရာကြီးတွေများသားဗျ
ပြီးတော့ မှားနေမှန်းသိလဲ ဆက်မှားနေကြဆဲပဲဗျာ

မှန်ရာကို သစ္စာဆိုကြေးသာ ရှိခဲ့ရင်
ဤမမှန်သော သစ္စာစကားနဲ့ စဆို တိုင်တန်းရမယ်ထင်ပါ့

အတိတ်က မပြီးနိုင်တဲ့ ပြဿနာတွေကို
အနာဂတ်လူငယ်တွေအတွက် အကြွေးချန်နေဆဲ
ဒီမျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက်
ရှင်ကျန်နေတာ ခင်ဗျားရှိရင် ဘာပြောလိမ့်မလဲ

နိုင်ငံရေးစိတ်မဝင်စားတဲ့လူငယ်တွေ
နိုင်ငံရေးကြောင့် ဒုက္ခရောက်နေကြတယ်
တိုင်းပြည်ကိုချစ်တဲ့လူငယ်တွေ
တိုင်းပြည်ကြောင့် ဘဝပျက်နေကြတယ်
အမိမြေကိုကာကွယ်မယ့်လူငယ်တွေ
အမိမြေမှာပဲ ခေါင်းချသွားကြတယ်

ဒါကိုတော့ ခက်သီ
ခင်ဗျား ကောင်းကောင်းကြီး နားလည်ခဲ့မှာပါ

နေ့ရက်တိုင်း သတင်းကောင်းတွေထက်
သတင်းဆိုးတွေပိုများတဲ့ ခေတ်တစ်ခုမှာ
ရှင်သန်နေရခြင်းက သေလူတွေလိုပါပဲဗျာ
တက်လိုက်တဲ့ ကုန်စျေးနှုန်း၊ ဒေါ်လာ၊ ရွှေ
ကျလိုက်တဲ့အရာတွေက စိတ်ဓာတ်တွေပဲရှိတယ်
ခေတ်မကောင်းတာ အကြောင်းပြပြီး
လူလူချင်း ချနင်းကြတဲ့သူတွေရဲ့
အောက်ကျတဲ့ စိတ်ဓာတ်
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး
လူချမ်းသာတွေ ပြုသမျှခံရတဲ့ လူတန်းစားတွေရဲ့
ကျလိုက်တဲ့ စိတ်ဓာတ်

ကျတာခြင်းတူရင်တောင် ငတေတွေ ပိုချမ်းသာလာတယ်
ကျတာခြင်းတူရင်တောင် ဘဝကိုအရှုံးပေးသူ ပိုများလာတယ်

ဒါနဲ့ စကားမစပ် တစ်ခါတည်းထည့်ပြောရမှာရှိသေးတယ်
ကျုပ်တို့နိုင်ငံသားတွေဟာ ဘယ်နိုင်ငံရောက်ရောက်
ဝဠ်ကြွေးတွေက ကပ်ပါလာတယ်ဗျ

ခင်ဗျားသာရှိရင် စာတွေရေးလို့ကုန်မှာမဟုတ်တော့
အတွေးတွေကို စာအဖြစ်ပြောင်းလဲနိုင်တဲ့သူဆိုတာ
လူတိုင်းလုပ်နိုင်ခဲ့ရင်တောင် မြင်တဲ့ရှုထောင့်နဲ့
ကိုယ်ချင်းစာတတ်တဲ့ နှလုံးသားတွေက
ခင်ဗျားနဲ့တော့ တူနိုင်မယ်မထင်ပါဘူး
ကိုခက်သီ

ဒီလိုနဲ့ပဲ ညနက်တွေကို ခင်ဗျား ကဗျာတွေနဲ့ အဖော်ပြုပြီး
ကြယ်တွေရေတွက်ရင်း မိုးသောက်ခဲ့ရပြန်တယ်။

ချစ်ခြင်းများစွာဖြင့် _ [ ဝေသာလီဗျိုင်း ]
2:17am
Tue7Oct25

စိတ်ကူးယဉ် အိပ်မက်အစ်ကို့မှာ အိပ်မက်တွေရှိတယ်စိတ်ကူး အိပ်မက်တွေပေါ့ညီမလေးနဲ့ အတူတူ ဘဝတစ်ခု တည်ဆောက်ဖြစ်ခဲ့ရင်နဲ့ အစပြုတာ...
01/10/2025

စိတ်ကူးယဉ် အိပ်မက်

အစ်ကို့မှာ အိပ်မက်တွေရှိတယ်
စိတ်ကူး အိပ်မက်တွေပေါ့

ညီမလေးနဲ့ အတူတူ ဘဝတစ်ခု
တည်ဆောက်ဖြစ်ခဲ့ရင်နဲ့ အစပြုတာပေါ့

ဘန်နီဖြိုးသီချင်းလို
“နင်ကြိုက်တဲ့ဆေးအရောင်လေးတွေ သုတ်ထားတဲ့ ငါတို့ရဲ့ အခန်းလေး “
ဒီစာသားတွေဟာ တကယ်ဖြစ်ချင်တဲ့
ဆန္ဒတွေဆိုတာ ညီမလေး သိစေချင်ပါတယ်

ဝေလသီချင်းလို
“ ကြိုဆိုပါအိ ဆိုင်းဘုတ်လေးနဲ့ “
ဆိုပြီး အမြဲတမ်း ဆိုညည်းခဲ့ပေမယ့်
နောက်ဆုံးမှာ ရောက်မလာနိုင်လဲ
စောင့်မျှော်နေတုန်းပဲဆိုတာ
ညီမလေး သိမှာပါ

ဒါနဲ့ အစ်ကို ခုတလော
သီချင်းတွေ နားမထောင်ဖြစ်တော့ဘူး
သီချင်းတိုင်းက ညီမလေးကို
သတိရစေမိလို့

သီချင်းတိုင်းက ညီမလေးမျက်နှာ
သီချင်းတိုင်းက ညီမလေး အသံ
သီချင်းတိုင်းက ညီမလေး အငွေ့အသက်တွေနဲ့
လွှမ်းမိုးနေတော့
အကို သီချင်းနားထောင်ခြင်းကနေ
ခွင့်ယူထားရတယ်ဗျာ
ဒါကိုတော့ ညီမလေး နားလည်ပေးပါ
နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်

ဟမ်

“သွေးအေးသွားတယ်”

အစ်ကိုက သွေးအေးသွားသတဲ့လား

ဒါတော့ မမှန်ဘူး ညီမလေး
အစ်ကိုက သွေးနွေးသတ္တဝါထဲက
ခံစားချက်တွေနဲ့ လူသားတစ်ဦးပါ
ညီမလေးတစ်ယောက်ကိုပဲ ချစ်နေမိတဲ့
နှလုံးသားတစ်စုံလည်း အမေမွေးကတည်းက
ပါလာခဲ့သေးတယ်

ဒါတွေက အိပ်မက်တွေပါ
မဖြစ်နိုင်တာကို အိပ်မက်အဖြစ်
ထည့်မက်ကြတဲ့ လူတွေထဲ
အကိုလဲ ပါတယ်

သားငယ်ရဲ့Far Away So Close ဆိုတဲ့
သီချင်းနဲ့ပဲ ဒီစာကို
အဆုံးသတ်လိုက်ပါမယ် ညီမလေးရေ

“ငါ ထင်သလိုပဲ ဘဝကြီးက
အို …ဖြစ်ချင်တာတွေ ဖြစ်လို့မလာခဲ့ပါ
ဒါ အဆင်ပြေဖို့မဟုတ်လား
မင်း နဲ့ ငါ မတွေ့ရတာ
ငါ သိပါတယ်…..”

ပြီးပါပြီ။

ဝေသာလီဗျိုင်း
12:03
25Sep2025

ที่อยู่

สวยน้ำใส, 278/1, ซอย หมู่บ้านวิว, San Klang, San Pa Tong District
Chiang Mai
50230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Egret’s Galleryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์