03/03/2026
Android ရော IOS အတွက်ပါထုတ်ထားတဲ့
Free Editing App
April 22, 2025 မှာ Facebook,Instagram,Thread, WhatsApp တို့ရဲ့company ဖြစ်တဲ့ Meta က IOS နဲ့ Androidမှာပါ အသုံးပြုလို့ရမယ့် mobile editing application တစ်ခုကို launch လုပ်ခဲ့ပါတယ်။
သူကတော့ Edits ဆိုတဲ့ App ပဲဖြစ်ပါတယ်။
Edits ဟာ Meta ကထုတ်တဲ့ Appဖြစ်တဲ့အလျောက်
Reels Video တွေထုတ်ဖို့အတွက် ရည်ရွယ်ပြီး သူ့ရဲ့ အသုံးပြုပုံကလည်း ရိုးရှင်းပါတယ်။ထူးခြားတာကတော့ ပုံမှန် mobile editing app တွေမှာ ဝယ်သုံးရတဲ့ features တွေကို သူ့မှာ Free ပေးသုံးထားပါတယ်။
Free ဆိုပေမယ့် တချို့ features တွေကတော့ အင်တာနက်ရှိမှပဲ အဆင်ပြေနိုင်မှာပါ။ Editing tools တွေကတော့ CapCutတို့လို mobile appတွေနဲ့အသုံးပြုရတာ ဆင်တူပါတယ်။
သူ့ရဲ့အားသာချက်တွေကတော့ mask tracking ကို manually လုပ်လို့ရတာဖြစ်ပြီး track လုပ်ဖို့အတွက် အင်တာနက်လည်းမလိုပဲ တော်တော်တိကျတာရယ်၊ original အသံတွေကို အင်တာနက်မလိုပဲ အသံပြောင်းပြီးထုတ်လို့ရတာတွေပဲဖြစ်ပါတယ်။ သာမာန် editing လုပ်တာအတွက်တော့ အင်တာနက်မရှိလည်း အဆင်ပြေတဲ့ app ပဲဖြစ်ပါတယ်။ဖိုင်ထုတ်ရင် ရေစာလည်းမပါသလို ကြော်ငြာတွေလည်း ကြည့်နေစရာမလိုပါဘူး။
နောက်ထပ်အားသာချက်တွေကိုတော့ အောက်မှာပုံနဲ့တကွရှင်းပြပေးထားပါတယ်။ အဆင်ပြေကြပါစေ။
သိချင်တာတွေရှိရင်လည်း comment မှာမေးလို့ရပါတယ်။