21/01/2026
မင်္ဂလာပါ
မိတ်ဆွေများအတွက် ဗဟုသုတရစေသော စာပေများ
စိတ်ထဲမှာတော့ ပြုံးမိခဲ့ပါတယ်
တစ်ခါတလေတော့
သာမှပေါင်းချင်တဲ့
လူတချို့ရဲ့ အပြုအမူကို
ဘာတစ်ခုမှ မတုန့်ပြန်လိုက်ပေမဲ့
စိတ်ထဲမှာတော့ မှတ်ထားလိုက်ပါတယ်
အနိုင်လိုသူကို အရှုံးပေးရင် နှလုံးအေးတယ်ဆိုပေမဲ့
တစ်ဖက်စွန်းရောက်လွန်းတဲ့ သူတွေကို
အရှုံးပေးလိုက်ရတာ
ကိုယ့်နှလုံးသားတွေ နာကျင်ရတဲ့အကြောင်း
ကိုယ်သာ အသိဆုံးပဲ
ရန်ကိုရန်ခြင်း မတုန့်ပြန်ချင်လို့သာ
အရှုံးပေးခဲ့ရပေမဲ့
ကိုယ်လည်း
လူထဲက လူတစ်ယောက်မို့
စိတ်နာမိခဲ့တယ်ဆိုတာ ဝန်ခံရဲပါတယ်
တရားမျှတမှုဆိုတာ နေရာတိုင်း မရှိနိုင်ဘူးဆိုပေမဲ့
လူတစ်ဖက်သား ထိခိုက်နစ်နာသွားစေမဲ့
တချို့သော အကြောင်းအရာတွေမှာ
အနစ်နာခံသင့်လည်း
ခံလိုက်ပါတယ်။
လိုတာထက်ပိုရချင်တဲ့ လူတချို့ကြောင့်
ကိုယ့်ဒေါသကို လည်ချောင်းဝတင်
ထိန်းလိုက်ရတဲ့အခိုက်အတန့်
ကိုယ့်နှလုံးသားတွေကတော့
နာကျင်နေခဲ့သလိုစိတ်ထဲမှာလည်း
မှတ်သားထားခဲ့တယ်။
သူတို့ လိုအပ်ရင် တစ်မျိုး
မလိုအပ်ရင် တစ်မျိုး
ဆက်ဆံတတ်တဲ့ လူတချို့ကြောင့်လည်း
စိတ်အနှောက်အယှက်တွေ ဖြစ်ခဲ့ရသလို
ကင်းအောင်နေတတ်ရမယ်ဆိုတဲ့
အသိတရားတွေကိုရရှိခဲ့တယ်
သာမှပေါင်းချင်တဲ့ လူတွေနဲ့လည်း
ဆက်ဆံခဲ့ဘူးတယ်။
အနိုင်ရမှ ကျေနပ်တဲ့သူတွေကိုလည်း
ကြုံခဲ့ဘူးတယ်။
#ခွန်အားပြည့်စာပေ
#အသိပညာတိုးပွားစေရန်စာပေများ
#စာအုပ်စာပေ
#ဘဝစာပေ
#ဗဟုသုတစာပေ
#စာပေဗဟုသုတများ
#အောင်မြင်ရေးစာပေ
#အဖိုးတန်စာပေ
#ဦးစားပေးဖော်ပြမူ့
ုသုတစာပေများ