Sai Thiha Aung Vlog

Sai Thiha Aung Vlog ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sai Thiha Aung Vlog, การถ่ายภาพและการถ่ายวิดีโอ, Bangkok.

Official Account🙋‍♂
သဘာဝရယ်အနုပညာရယ်
လူ​တွေအတွက်​ပျော်ရွှင်မှု​တွေကို
ဖန်တီး​ပေးရင်နဲ့ကုသိုလ်ယူမယ်
အား​ပေးချစ်ခင်သူများအားလုံး
ကျန်းမာချမ်းသာလိုအင်ဆန္ဒများ
ပြည့်စုံကြပါ​စေ🙏🙏🙏
Tiktok link-http://tiktok.com/

"ဘဝအတွက်စာ​ပေ"   လူတစ်ယောက်ရဲ့ တန်ဖိုးကိုဝတ်စားဆင်ယင်မှုပုံစံနဲ့တိုင်းတာမရပါဘူး။စိတ်သဘောထား၊လုပ်ရပ်နဲ့ မေတ္တာတရားကသာအမှန...
07/02/2026

"ဘဝအတွက်စာ​ပေ"
လူတစ်ယောက်ရဲ့ တန်ဖိုးကို
ဝတ်စားဆင်ယင်မှုပုံစံနဲ့
တိုင်းတာမရပါဘူး။

စိတ်သဘောထား၊
လုပ်ရပ်နဲ့ မေတ္တာတရားကသာ
အမှန်တရားကို ပြောပြနိုင်ပါတယ်။

''ဘဝအတွက်စာ​ပေ"   ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ အရင်းနှီးဆုံးတွေက အနာကျင်ရဆုံးတွေ ပေးတဲ့အခါ ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော...
07/02/2026

''ဘဝအတွက်စာ​ပေ"
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ
အရင်းနှီးဆုံးတွေက
အနာကျင်ရဆုံးတွေ ပေးတဲ့အခါ
ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

အယုံကြည်ရဆုံးတွေက
ရင်နာစရာတွေ လုပ်သွားတဲ့အခါ
ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

အချစ်ရဆုံးတွေက
ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ
မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

နောက်ထပ်
ပြန်ဆုံနိုင်စရာအကြောင်းလည်းမရှိတဲ့
ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက်
နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး
ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

ဆုံးရှုံးခဲ့တာတွေ
နစ်နာခဲ့တာတွေအတွက်
လွယ်လွယ်လေးနဲ့တော့
ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး
လွယ်လွယ်လေးနဲ့တော့
မေ့ပစ်လိုက်နိုင်မှာ မဟုတ်ဘူး။

စိတ်တိုစရာတွေ
စိတ်နာစရာတွေ
စိတ်ဒဏ်ရာတွေဆိုတာ
ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း
လောကမှာ ခွင့်မလွှတ်နိုင်စရာကို
ခွင့်လွှတ်ပေးနိုင် ခြင်းကသာ
စိတ်ချမ်းသာရမှာပါ။

မေ့မပစ်နိုင်စရာကို
မေ့ပစ်လိုက်နိုင်ခြင်းကသာ
စိတ်ငြိမ်းအေးချမ်းရမှာပါ။

ဘဝမှာ
သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော
ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင်
ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

သိထားဖို့က.
လောကဓံကို ရင်ဆိုင်တဲ့အခါမှာ
လက်ထဲမှာ "ဓား" ရှိဖို့ မလိုဘူး
ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။

ဒါကြောင့်
ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး
ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့

ကိုယ်လုပ်ခဲ့တဲ့အတိတ်က
အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်။

သူကသာ ကြွေးသစ်ယူနေတာ
သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည်
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။


2026နှစ်သစ်ဆု​တောင်း🙏 ဝဋ်​ကြွေး​ကြောင့်ဖြစ်​စေ၊လက်ရှိကိုယ့်ရဲ့လုပ်ရပ်​တွေ​ကြောင့်ဖြစ်​စေ စိတ်​ရောကိုယ်ပါနာကြင်ခြင်း​တွေမ...
02/01/2026

2026နှစ်သစ်ဆု​တောင်း🙏
ဝဋ်​ကြွေး​ကြောင့်ဖြစ်​စေ၊လက်ရှိကိုယ့်ရဲ့လုပ်ရပ်​တွေ​ကြောင့်ဖြစ်​စေ
စိတ်​ရောကိုယ်ပါနာကြင်ခြင်း​တွေမှလွှတ်​မြှောက်ရပါ​စေလို၏🙏
အိပ်မရတဲ့ည​တွေကင်း​ဝေးပြီးသိပ့်ချစ်ရတဲ့သူ​တွေနဲ့​ပျော်ရွှင်စွာ
​လျှောက်လှမ်းနိုင်ရပါ​စေလို၏🙏​တောင်းတမှုဆိုတာမရှိဘဲကိုယ့်မှာ
ရှိတဲ့အရာ​လေး​တွေနဲ့ပြီးပြည့်စုံနိုင်ရပါ​စေလို၏🙏တမ်းတမ်းတတ
ဖြစ်​နေတာမျိုး​တွေမဟုတ်ဘဲအရာရာဟာသူ့အလိုတိုင်း​ရောက်ရှိ
လာရပါလို၏🙏လိုခြင်းတာနဲ့ရရှိလာတာ​​တွေဟာတစ်ထပ်တည်းကြရပါ​စေလို၏🙏စိတ်ထဲရှိတဲ့အတိုင်းကြိုဆို​နေတာမို့လို့စိတ်ရင်းရှိတဲ့အတိုင်း​လေးပြန်ရပါ​စေလို၏🙏ရောက်ရှိတဲ့အရပ်မှာ​နွေး​ထွေးတဲ့ဆက်ဆံ​​ရေးမျိုး​တွေနဲ့ဆုံ​တွေ့ရပြီး​အေးချမ်းသာယာ​သောဘဝ​လေးကိုပိုင်ဆိုင်နိုင်ရပါ​စေလို၏🙏တပည့်​တော်ဆု​တောင်းပြည့်စုံရပါလို၏အရှင်ဘုရား🙏🙏🙏


"ဘဝအတွက်စာ​ပေ"  မိဘတွေနဲ့ ဝေးနေတဲ့ အချိန်မှာ လိမ်လိမ်မာမာနေပါကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါအပျော်အပါး မမက်မောနဲ့....ကိုယ့်မ...
21/12/2025

"ဘဝအတွက်စာ​ပေ"
မိဘတွေနဲ့ ဝေးနေတဲ့ အချိန်မှာ
လိမ်လိမ်မာမာနေပါ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
အပျော်အပါး မမက်မောနဲ့....

ကိုယ့်မှာ ရှိသလောက်လေး စားပါ
ကိုယ့်မှာ ရှိသလောက်လေးနဲ့
လောက်အောင် သုံးပါ
အဝတ်အစားတွေကိုလည်း လိုအပ်တာလေးပဲ ဝယ်ဝတ်ပါ၊
အပိုတွေ သိပ်မဝယ်ပါနဲ့...

မိဘနဲ့ ဝေးနေရလို့ အားမငယ်ပါနဲ့
တစ်သက်လုံး မဝေးရအောင် ပိုက်ဆံစုပါ
မိဘကို စိတ်ချမ်းသာအောင်ထားပါ

မိဘ စိတ်ချမ်းသာရင် သား၊သမီးတွေ အလုပ်အကိုင်တွေ အဆင်ပြေကြတယ်
မိဘ ကျေးဇူးကြောင့်ပေါ့
အိမ်နဲ့ ဝေးနေလို့ ခိုးခိုးပြီး ငိုမနေနဲ့
မိဘသိရင် စိတ်မကောင်းဖြစ်လိမ့်မယ်။♥🍀✍


"ဘဝအတွက်စာ​ပေ"🥛 မင်းဒုက္ခရောက်နေချိန်မှာ.ဘယ်သူ့ကိုမှ.အသနားမခံပါနဲ့.ရုန်းထွက်နိုင်အောင်ပဲ..ကြိုးစားပါ။မင်းခံစားနေရချိန်မှ...
21/12/2025

"ဘဝအတွက်စာ​ပေ"🥛

မင်းဒုက္ခရောက်နေချိန်မှာ.
ဘယ်သူ့ကိုမှ.အသနားမခံပါနဲ့.
ရုန်းထွက်နိုင်အောင်ပဲ..
ကြိုးစားပါ။

မင်းခံစားနေရချိန်မှာ.ဘယ်သူ့ရှေ့မှာမှ.
မျက်ရည်ခံမထိုးပါနဲ့.
လူတွေမင်းကို ကြိတ်လှောင်ကြလိမ့်မယ်။

မင်း ကျရှုံးနေချိန်မှာ.ဘယ်သူကိုမှ
ဒူးထောက်မပြပါနဲ့.မင်းကို သူတို့တွေ
နင်းချေကြလိမ့်မယ်။

မင်းအောင်မြင်နေချိန်မှာ.ဘယ်သူ့ကိုမှ
အပေါ်စီးက မဆက်ဆံပါနဲ့.သူတို့မင်းကို
အထင်သေးသွားလိမ့်မယ်။

မင်းတက်လှမ်းနေတဲ့ လှေခါးထစ်တွေကို
တစ်ချို့က ထိန်းပေးကြလိမ့်မယ်။
တစ်ချို့က ဆွဲချကြလိမ့်မယ်။
တစ်ချို့တွေက တွန်းကန်ကြလိမ့်မယ်။

ဘယ်သူတွေဘယ်လိုပဲ လုပ်လုပ်....
တည့်မက်စွာ သတ္တိရှိရှိတက်နိုင်ဖို့က
မင်းတာ၀န်။

မင်းကြိုးစားနေချိန်မှာ.တစ်ချို့က
အထင်သေးတဲ့မျက်လုံးနဲ့.ကြည့်လိမ့်မယ်။
တစ်ချို့က လှောင်ချင်သလို ခပ်ထေထေ
ဆက်ဆံလိမ့်မယ်။

တစ်ချို့က မင်းကို
မဖြစ်နိုင်တဲ့စကားတွေ.ပြောလိမ့်မယ်.
အဲ့ဒါတွေက.မင်းစိတ်ဓာတ်ကျ.
ရမှာတွေမဟုတ်ဘူး.မခံချင်စိတ်နဲ့
မင်းကြိုးစားရမှာ။

မင်းအားမွေးထား.သူတို့ကိုလည်း..
ကျေးဇူးတင်လိုက်.အရေးကြီးဆုံးက
မင်းကြိုးစားနေချိန်မှာ.ဘယ်သူ့ကိုမှ
အဆိုးမြင်ဝါဒနဲ့ မကြည့်နဲ့.ဘယ်သူ့ကိုမှ.
အပြစ်မမြင်နဲ့။

သူတို့အားလုံးက မင်းရဲ့ကျေးဇူးရှင်တွေပဲ။
သူတို့ဆီက မင်းအတွက် သင်္ခန်းစာတွေ
ရလိမ့်မယ်.မင်းလူတွေရဲ့စရိုက်တွေကို.
သိလာတဲ့အခါ.မင်းပိုပြီး တက်လှမ်းရတာ
အားရှိလာလိမ့်မယ်။

သူတို့မဖြစ်နိုင်တာတွေ မင်းလုပ်နိုင်ခဲ့တဲ့.
တစ်နေ့.မင်းသူတို့ထက်မှာ.မိန့်မိန့်ကြီး.
ပြုံးလို့ရတဲ့နေ့ပဲ.တစ်ဖြည်းဖြည်း မင်းဟာ
အချွေရံတွေ ပေါလာလိမ့်မယ်....

ဒါပေမယ့်.မင်းဇွဲရှိမှ.ရမယ်။
ထုခံနိုင်မှရမယ်.အချိန်ကို အကျိုးရှိစွာ
အသုံးချတတ်မှရမယ်။

ဘယ်အရာမဆို.
အရင်းနှီးများရင် အမြတ်စွန်းများများတာ.သဘာ၀ပါ။✍


''ဘဝအတွက်စာ​ပေ"  သည်းခံပြီး ပေါင်းတက်ပေမယ့်အောက်ကျို့ပြီး မပေါင်းတတ်ဘူး ။ဖော်ရွှေပျူငှာပြီး ပေါင်းတတ်ပေမယ့်ကပ်ဖားပြီး မပ...
27/11/2025

''ဘဝအတွက်စာ​ပေ"
သည်းခံပြီး ပေါင်းတက်ပေမယ့်
အောက်ကျို့ပြီး မပေါင်းတတ်ဘူး ။

ဖော်ရွှေပျူငှာပြီး ပေါင်းတတ်ပေမယ့်
ကပ်ဖားပြီး မပေါင်းတတ်ဘူး ။

မာနကြီးတယ် လို့ပဲ ပြောပြော
လူမှုရေး နားမလည်ဘူးပဲ ဆိုဆို
သူများအကြိုက်ထက်
ကိုယ့်ပုံစံနဲ့ကိုယ်
ဘယ်သူ့ကိုမှ မထိခိုက်အောင် ကြိုးစားပြီးပဲနေတယ် ။🤗


''ဘဝအတွက်စာ​ပေ"  ပညာတတ်တာ မတတ်တာပတ်ဝန်းကျင် ကောင်းတာ ဆိုးတာချမ်းသာတာ ဆင်းရဲတာထက်  အသိဥာဏ်ရှိတဲ့သူတိုင်းဘယ်အရာ ရှက်ရမဲ့ အ...
27/11/2025

''ဘဝအတွက်စာ​ပေ"
ပညာတတ်တာ မတတ်တာ
ပတ်ဝန်းကျင် ကောင်းတာ ဆိုးတာ
ချမ်းသာတာ ဆင်းရဲတာထက် အသိဥာဏ်ရှိတဲ့သူတိုင်း
ဘယ်အရာ
ရှက်ရမဲ့ အရာလဲဆိုတာကို သိတယ် ။

ဘယ်အရာက
စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေလဲဆိုတာကို သိတယ် ။


'အချိန်တစ်ခု'' ▪️တကယ်တော့ စဉ်းစားဆင်ချင်ဆုံးဖြတ်ရပြီဆိုကတည်းကမတန်တော့တာ...▪️ဘယ်အရာက ကိုယ့်ကိုနာကျင်စေတာလည်း ဆိုတာစဉ်းစား...
27/11/2025

'အချိန်တစ်ခု''
▪️တကယ်တော့
စဉ်းစားဆင်ချင်ဆုံးဖြတ်ရပြီဆိုကတည်းက
မတန်တော့တာ...

▪️ဘယ်အရာက ကိုယ့်ကိုနာကျင်စေတာလည်း ဆိုတာစဉ်းစားပေါ့...

▪️ဘယ်သူ့ကိုမှ ဆုံးရှုံးသွားမှာမကြောက်ပါနဲ့
မင်းကို ဆုံးရှုံးမှာ မကြောက်ကြသလိုမျိုးပေါ့...

▪️မှတ်ထားပါ ဘယ်ကိစ္စမဆို ကိုယ့်ကိုကိုယ်ပင်ပန်းအောင်မလုပ်ပါနဲ့...

▪️တကယ်လို့ မပျော်တော့ဘူးဆိုရင်
အဆုံးသတ်လိုက်တာ အကောင်းဆုံးပါပဲ...

▪️ဘယ်လိုအရာတွေက မင်းကိုစိတ်ရှုပ်စေတာလဲ?
စိတ်ရှုပ်စေတဲ့အရာတွေကို စွန့်လွှတ်ပစ်လိုက်ပါ...

▪️မင်းကိုနာကျင်အောင်လုပ်မယ့် သူရဲ့လက်ထဲကို အခွင့်ရေးထပ်မပေးနဲ့တော့...

▪️တစ်ယောက်တည်းရပ်တည်ပြီး
ဘယ်ဆုံးရှုံးမှုမျိုးကိုမှ မကြောက်တာက
အရည်အချင်းတစ်ခုပါ...

▪️တချို့ကိစ္စတွေက ကိုယ်တိုင်ကလွဲပြီး
ဘယ်သူမှ နားလည်မှာမဟုတ်ဘူး...

▪️ဘာမှမတတ်နိူင်တဲ့အခြေအနေတွေမှာ
တိတ်တဆိတ်နေလိုက်တာ အကောင်းဆုံးပါ အချိန်တန်တဲ့အခါ အရာအားလုံးကိုကျော်ဖြတ်သွားနိူင်မှာပါ...


မုန်းသွားတာတော့မဟုတ်ဘူးနောက်တစ်ခါထပ်မဆုံချင်အောင်ဥပေက္ခာပြုနိုင်သွားတာပါပြုံးပြနေသလိုနဲ့ဖုံးထားတဲ့ သူတို့ရဲ့မဲ့ပြုံးတွေက...
27/11/2025

မုန်းသွားတာတော့မဟုတ်ဘူး
နောက်တစ်ခါထပ်မဆုံချင်အောင်
ဥပေက္ခာပြုနိုင်သွားတာပါ

ပြုံးပြနေသလိုနဲ့
ဖုံးထားတဲ့ သူတို့ရဲ့မဲ့ပြုံးတွေကို
အရင်ထက်မြင်အောင် ကြည့်တတ်နေပြီ

မတူသလို မတန်သလိုနဲ့ ခနိုးခနဲ့အကြည့်တွေကို
အရင်လို
မကြောက်တော့ဘူး,
တန်ပြန်ကြည့်တတ်နေပြီ

ချီးကြူးသလိုလိုနဲ့ လှောင်ပြောင်တဲ့အသံတွေကို
အရင်လို
နားစိုက်မထောင်တော့ဘူး
မကြားသလို ဟန်ဆောင်တတ်နေပြီ

ယုံကြည်အောင် ညာတတ်တဲ့အကျင့်တွေကို
အရင်လို
မနာခံတတ်တော့ဘူး
အမှားအမှန်ကို ခွဲခြားတတ်နေပြီ

အဆင်မပြေ လိုအပ်မှလှမ်းခေါ်ရအောင်
ကိုယ်အရင်လို လိုသုံးမဟုတ်တော့ဘူး
ရိုးသားတဲ့အတွေးကို
အ,တယ်လို့မှတ်ပြီး
လူရာမသွင်းဘဲ အမှတ်ရအောင်နာကျင်စေခဲ့သမျှ
ကိုယ် မာတတ်သွားခဲ့ပြီ

တွေ့ ကြုံ ဆုံ ခဲ့သမျှ
အရာရာကပဲ
ကိုယ့်ကိုရင့်ကျက်သွားစေခဲ့တာ

ကျေးဇူးပါ "လောကကြီး"........


ဘယ်လိုပဲ ခင်ခင်ဘယ်လိုပဲ ပေါင်းပေါင်းဘယ်လိုပဲ ချစ်ခဲ့ချစ်ခဲ့ပြောင်းလဲနိုင်တာ လူ့သဘာဝပဲအကြောင်းပြချက်မဲ့အချိုး ပြောင်းသွား...
27/11/2025

ဘယ်လိုပဲ ခင်ခင်
ဘယ်လိုပဲ ပေါင်းပေါင်း
ဘယ်လိုပဲ ချစ်ခဲ့ချစ်ခဲ့
ပြောင်းလဲနိုင်တာ လူ့သဘာဝပဲ

အကြောင်းပြချက်မဲ့
အချိုး ပြောင်းသွားတဲ့
လူတွေနဲ့လဲ ကြုံဖူးတယ်

သူတို့စိတ်ထင်နဲ့ တွေးချင်ရာတွေ တွေး
ပြောင်းလဲသွားတာတွေလဲ ကြုံဖူးတယ်

ပိုချစ် ပိုခင်လာကြတဲ့ သူတွေလဲရှိတယ်

အဲလိုတွေ ကြုံဖူးတဲ့နောက်
ဘယ်သူ့အပေါ်မှာမှ စိတ်မနှစ်တော့ဖူး။

တွေ့တဲ့အချိန်တော့ ခေါ်တယ် ပြောတယ်
အကောင်းဆုံး ဆက်ဆံတယ်
အမှန်ကန်ဆုံး ဆက်ဆံတယ်။

ပြီးရင် ပြီးပြီ ပဲ
လွမ်းတာတွေ ဆွေးတာတွေ
သူက ငါ့ကို မခေါ်တော့တာတွေ
စကားမပြောတော့တာတွေ
အရင်ကနဲ့ မတူတော့တာတွေ

တခုမှကို စိတ်ထဲမထည့်တာ
ကိုယ့်ဘေးနားရှိတဲ့သူနဲ့ ပျော်အောင်နေတယ်

စိတ်ချမ်းသာအောင် နေတယ်
အဓိက ကမိသားစုကို အချိန်ပေးတယ်
သူတို့ပျော်ရင် ကိုယ်ပျော်တယ်။

အရေးကြီးတာနဲ့ အရေးမကြီးတာ
ခွဲခြားတတ်လာတယ်။

မလိုအပ်တဲ့ ခံစားချက်တွေကို ဦးစားမပေး တတ်တော့ဖူး
နေတတ်အောင်ပဲနေတယ်။....


ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sai Thiha Aung Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์