โทร เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

Moe Min - Rays “Photography Page”
Professional travel & advertising photographer since the 1980s.

Capturing the soul of Myanmar: chasing light, preserving heritage, and framing timeless stories.

21/08/2026

ကမ္ဘာအကြီးဆုံး
နဂါးကြီးသို့တစ်ခါက်

Suphan Buri
Dragon Descendants Museum
18-Aug-2026

11/08/2026

“ပရလောကလား?  (၄)၂၀၀၀ ဝန်းကျင်က အဖြစ်အပျက်လေးတစ်ခုကို ပြန်သတိရမိပါတယ်။တစ်နေ့မှာ မိတ်ဆွေတစ်ယောက်က ဆေးပြီးသား Film တစ်လိပ်က...
08/08/2026

“ပရလောကလား? (၄)

၂၀၀၀ ဝန်းကျင်က အဖြစ်အပျက်လေးတစ်ခုကို ပြန်သတိရမိပါတယ်။

တစ်နေ့မှာ မိတ်ဆွေတစ်ယောက်က
ဆေးပြီးသား Film တစ်လိပ်ကို ကျွန်တော့်ဆီ ယူလာပြီး—
“ဒီ Film ထဲမှာ ထူးဆန်းတာတွေ ပါလာလို့ စစ်ပေးပါဦး” လို့ ပြောပါတယ်။

ရိုက်ကူးသူက သူရိုက်ခဲ့တဲ့အချိန်မှာ မရှိခဲ့တဲ့ ဘုရားပုံတွေ၊ အဆောက်အအုံပုံတွေ Film ထဲမှာ ပေါ်လာလို့ အတော်လေး အံ့ဩနေခဲ့တာပါ။

ကျွန်တော်က Negative ကို Frame တစ်ကွက်ချင်း စစ်ကြည့်လိုက်တဲ့အခါ အဖြေက ရိုးရိုးလေးပါပဲ။

Double Exposure ဖြစ်နေတာပါ။

ကျွန်တော်ယူဆမိတာ
တစ်စှံတစ်ယောက်ကဘုရားပုံတွေ
ရိုက်ထားတဲ့ဖလင်လိပ် ကိုလမ်းမှာထွက်ကျခဲ့ပါတယ်။
အဲဒီဖလင်လိပ်ကိုကောက်ရတဲ့သူက စတိုးဆိုင်မှာလာရောင်းတာပါ။

အဲဒီဖလင်လိပ်ကို ကျွန်တော့်မိတ်ဆွေက ဝယ်မိပြီး အလိပ်အသစ်ထင်ပြီးဆက်ပြီးရိုက်ပါတယ်။

အဲဒီအချိန်မှာသူရိုက်တဲ့ပုံသစ်တွေနဲ့ ပထမလူရိုက်ထားတဲ့ ဘုရားပုံတွေနဲ့ကွက်တိ double export ထပ်ပြီးရိုက်မိတာဖြစ်ပါတယ်။

ပထမ Photographer ရိုက်ခဲ့တဲ့ ဘုရားပုံ + ဒုတိယ Photographer ရိုက်တဲ့ပုံနှစ်ခုက
Film Frame တစ်ခုတည်းပေါ်မှာ ထပ်သွားတာပါ။

အထူးသဖြင့် Frame တွေက ကွက်တိနီးပါး ထပ်နေတဲ့အချက် က ဒီယူဆချက်ကို ပိုပြီး ခိုင်မာစေပါတယ်။

အဲဒီအကြောင်းကို ကျွန်တော် သူ့ကို သေချာရှင်းပြပေးလိုက်ပါတယ်။

တစ်ခါတလေ ဓာတ်ပုံထဲမှာ ကိုယ်မမြင်ခဲ့တဲ့
အရာတစ်ခု ပေါ်လာတာကို ပရလောက လို့ထင်တတ်ကြပါတယ်။

၈-၈-၂၀၂၆

05/08/2026

Shwedagon Pagoda (1995)

ဤပုံရိုက်ခဲ့စဉ် (၁၉၉၅ ခုနှစ်ခန့်) က ထန်းပင် ၄ ပင်ရှိခဲ့ပါတယ်။
ယခု ဒီပုံထဲက ထန်းပင်တွေထဲက ဘယ်နှစ်ပင်ကျန်သေးလဲဆိုတာကို သိတဲ့သူရှိရင် ပြောပြပေးပါ"
နာဂစ်တုန်းက တစ်ပင်လဲ တယ်လို့ကြားမိပါသည်။

#နာဂစ်မုန်တိုင်း #သမိုင်း #အမှတ်တရ

“ပရလောကနဲ့ ဓာတ်ပုံဆရာ”၃The Brown Lady of Raynham Hall (1936)ပုံကို ပထမဆုံးမြင်တဲ့အချိန်မှာ“ဒါ တကယ်ပရလောကပဲ” လို့ ခံစားခဲ...
04/08/2026

“ပရလောကနဲ့ ဓာတ်ပုံဆရာ”၃

The Brown Lady of Raynham Hall (1936)
ပုံကို ပထမဆုံးမြင်တဲ့အချိန်မှာ
“ဒါ တကယ်ပရလောကပဲ” လို့ ခံစားခဲ့မိရပါတယ်။

ဒါပေမဲ့ ပုံကိုသေချာလေ့လာကြည့်တဲ့အချိန်မှာ တွေ့ရတဲ့ ကျွန်တော့် ထင်မြင်ယူဆချက်ကို လည်းပြောပြချင်ပါတယ်။

ကျွန်တော်အယူအဆက Double Exposure ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

Double Exposure အကြောင်းပြောမယ်ဆို
အဲ့ခေတ်က ခေတ်စားခဲ့ 120 mm film camera တွေဖြစ်တဲ့ Rolleiflex / Rolleicord အစောပိုင်းမော်ဒယ်တွေမှာဆိုရင်…

ပုံ တစ်ပုံရိုက်ဖို့
Film Advance (ဖလင်ကိုနောက်အကွက်သစ်သို့ရွေ့ခြင်း) နဲ့
Shutter Cocking (ရှက်တာမောင်းကိုတင်ခြင်း) ဆိုပြီး သီးခြား စီ ၂ ကြိမ်လုပ်ရပါတယ်)ဖြစ်ပါတယ်။

“The Brown Lady of Raynham Hall “

ဒီပုံ နဲ့ပါတ်သတ်လို့ ကျွန်တော့်အယူအဆ ကို တစ်ဆင့်ချင်းပြောပါမယ်

၁- 1st Exposure
(လှေကားကို ပုံမှန်ရိုက်တယ်။)

၂- Shutter Cocking
(Shutter ကို ပြန်တင်လိုက်တယ်။)

၃- Film Advance မလုပ်ရသေးခင်
(2nd Exposureမတော်တဆ Shutter ကို ထပ်နှိပ်မိတယ်။)

(အဲဒီအချိန် Subject မဟုတ်ဘဲ တံခါးကဝင်လာတဲ့ အလင်းတန်း၊ ပြတင်းပေါက်က အလင်း၊ ဒါမှမဟုတ် Out-of-focus Highlight တစ်ခု ဝင်သွားတယ်။)

# Frame နှစ်ခု ပေါင်းသွားတော့
Brown Lady လို့ ထင်ရတဲ့ ပုံရိပ် ဖြစ်သွားတယ်။

Brown Lady ကို သေချာကြည့်ရင်…
“လူတစ်ယောက်” ထက်အလင်းစု (Light Mass) တစ်ခုလို ပိုခံစားရပါတယ်။

အထူးသဖြင့်…
ခေါင်းပိုင်းက အလင်းပိုများတယ်။
* အောက်ပိုင်းက Motion Blur လို ဆင်းသွားတယ်။
* ခြေထောက်ကို မမြင်ရဘူး။
* အဝတ်အစားရဲ့ Fold တွေ၊ မျက်နှာအသေးစိတ်တွေ မရှိဘူး။

ဒါတွေက Out-of-focus Highlight တစ်ခု ဒါမှမဟုတ် Overexposed Subject တစ်ခုနဲ့လည်း ကိုက်ညီနိုင်ပါတယ်။

Motion Blur (Slow shutter speed)ဆိုတာလည်း ဖြစ်နိုင်ပါတယ်။
ဥပမာ… Shutter speed
1 sec……2 sec…..4 sec….စသဖြင့်
Slow Shutter speedလောက်မှာ အလင်းတန်းလေးတစ်ခု ရိုက်မိရင်လည်းBrown Lady လို Motion Blur ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက
Out-of-focus Light Source က ဝင်သွားရင်လည်း ဒီလို နူးညံ့တဲ့ ပုံစံ ထွက်နိုင်ပါတယ်။

ကျွန်တော် စဉ်းစားမိတဲ့ နောက်တစ်ချက်

Brown Lady မှာ…
ပုံရိပ်က လှေကားပေါ်မှာ “ရပ်” နေတာ မဟုတ်ဘူး။
“မျောနေသလို” ဖြစ်နေတယ်။

ဒါက…
Double Exposure ဖြစ်ရင်လည်း အဲဒီလို ဖြစ်နိုင်ပါတယ်။
အထူးသဖြင့်
Exposure နှစ်ခုရဲ့ Density မတူရင်
Subject က ပွင့်လင်းမြင်သာ (Transparent) ဖြစ်သွားတတ်ပါတယ်။

ဒါပေမဲ့ လှေကားရဲ့ညာဖက်မှာ သရဲအရိပ်တခုတွေ့ရတာက စဉ်းစားစရာပါ။
ကျွန်တော်တို့မြန်မာအယူအဆမှာတော့ သရဲဆိုတာ အရိပ်မထွက်ဘူးလို့ပြောကြတယ်။

တကယ်လို့ Brown Lady ပုံမှာ Subject က အလင်းကို ပိတ်ဆို့ပြီး Shadow တစ်ခု ထွက်နေတာ သေချာတယ်ဆိုရင်၊ အဲဒီ Subject ဟာ အလင်းကို အမှန်တကယ် တားဆီးနိုင်တဲ့ ရုပ်ဝတ္ထု ဖြစ်ရပါမယ်။

အဲဒါက “ပရလောက” ဆိုတဲ့ ယုံကြည်ချက်ထက် ဓာတ်ပုံနည်းပညာ နဲ့ ပိုကိုက်ညီသွားပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း သတိထားရမယ့်အချက်က—

Shadow လို့ မြင်နေတာက တကယ့် Shadow ဟုတ်မဟုတ် ဆိုတာကို ပုံတစ်ပုံတည်းနဲ့ အတည်မပြုနိုင်ပါဘူး။ Film grain၊ print contrast၊ scan quality ကြောင့်လည်း အဲဒီလို မြင်နိုင်ပါတယ်။

ခင်ဗျားတို့ရဲ့
ဒီပုံ ကိုတွေ့တဲ့…ပထမဆုံးခံစားချက်ကို လည်း သိချင်ပါတယ်။

4-Aug-2026

With Aye Chan Tun – I just got recognized as one of their top fans! 🎉
03/08/2026

With Aye Chan Tun – I just got recognized as one of their top fans! 🎉

“ပရလောကနဲ့ ဓာတ်ပုံဆရာ” ၂ပုဂံက ဓမ္မရာဇက ဘုရားကပုံကို တောင်းထားပါတယ်။ ရခဲ့ရင် အဲ့အကြောင်းဆက်ရေးပါမယ်။ အဲ့ပုံကိုရိုက်ခဲ့တဲ့...
03/08/2026

“ပရလောကနဲ့ ဓာတ်ပုံဆရာ” ၂

ပုဂံက ဓမ္မရာဇက ဘုရားကပုံကို တောင်းထားပါတယ်။
ရခဲ့ရင် အဲ့အကြောင်းဆက်ရေးပါမယ်။

အဲ့ပုံကိုရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာ(ရေနံချောင်းကလို့ကြားဘူး) များ ဒီ post ဖတ်မိရင်
* Camera အမျိုးအစား
* Exposure (ISO /Shutter speed/Aperture) …သိပါရစေခင်ဗျာ…
****************************
အခုလောလောဆယ်တော့
The Brown Lady of Raynham Hall (1936)ပုံကို လေ့လာကြည့်ကြနယ်နော်

ဒီပုံကို
အပိုင်း (၄) ပိုင်းခွဲပြီး ကြည့်ရအောင်။

၁။ ဖြစ်စဉ် (The Story)ကတော့
၁၉၃၆ ခုနှစ်မှာ Country Life မဂ္ဂဇင်းက ဓာတ်ပုံဆရာ Captain Hubert C. Provand နဲ့ သူ့ရဲ့လက်ထောက် Indre Shira တို့ကို Raynham Hall ကို သမိုင်းမှတ်တမ်းအတွက် ရိုက်ကူးဖို့ စေလွှတ်ခဲ့ပါတယ်။

အလုပ်ပြီးခါနီး
လှေကားကြီးကို နောက်ဆုံးတစ်ပုံ ရိုက်နေတုန်း…
Shira က

“There’s something on the stairs!”

လို့ အော်တယ်လို့ ပြောကြပါတယ်။
Provand ကလည်း ချက်ချင်း shutter နှိပ်လိုက်တယ်။
Film ထွက်လာတဲ့အခါ အမျိုးသမီးတစ်ယောက်လို ဖျော့ဖျော့ပုံရိပ်တစ်ခု လှေကားပေါ်က ဆင်းလာသလို ပေါ်နေပါတယ်။

ဒီပုံကို “Brown Lady” လို့ အမည်ပေးခဲ့ကြတယ်။
၂။ ဘာကြောင့် လူတွေ ယုံကြည်ခဲ့ကြသလဲ?
၁၉၃၆ ဆိုတာ…
* Photoshop မရှိသေးဘူး။
* AI မရှိသေးဘူး။
* Digital Camera မရှိသေးဘူး။
အဲဒါကြောင့်
“Film မှာ ဒီလိုပေါ်လာရင် အမှန်ပဲ”
လို့ လူအများက ယုံခဲ့ကြပါတယ်။
နောက်ပြီး Raynham Hall က အရင်ကတည်းက သရဲခြောက်တယ်ဆိုတဲ့ ဒဏ္ဍာရီလည်း ရှိပြီးသား ဖြစ်ပါတယ်။
၃။ Photographer တစ်ယောက်အမြင်
အနေနဲ့ ဒီပုံကို ကြည့်ပြီး“Ghost”လို့ အရင်မပြောလိုပါဘူး။

ပထမဆုံး စဉ်းစားမယ့်အချက်တွေက…
(၁) Double Exposure
Film နှစ်ကြိမ်ရိုက်မိသွားသလား?
(၂) Long Exposure
Shutter ဖွင့်ထားတုန်းလူတစ်ယောက် ဖြည်းဖြည်းချင်းဆင်းသွားတာလား?
(၃) Lens Flare
အလင်းပြန်မှုလား?
(၄) Processing Error(Darkroom ) မှာ ဖြစ်တာလား?
(၅) တမင်ဖန်တီးထားတာလား?
ဒါတွေကို အရင်စဉ်းစားမယ်

၄။ အခုခေတ် သုံးသပ်ချက်

နောက်ပိုင်း ဓာတ်ပုံကျွမ်းကျင်သူတော်တော်များများကဒီပုံဟာLong Exposure
သို့မဟုတ်
Double Exposure ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ဒါပေမယ့်
“ဒီလိုပဲ ဖြစ်တယ်”
လို့ သက်သေအပြည့်အစုံနဲ့ အတည်မပြုနိုင်သေးပါဘူး။

ကျွန်တော် အထူးသတိထားမိတဲ့အချက်
Brown Lady ပုံမှာ…
Ghost က
လှေကားပေါ်မှာ ရပ်နေတာ မဟုတ်ဘူး။
ဆင်းလာသလို
Motion Blur ပါနေတယ်။
အဲဒါက Long Exposure ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

သင်ရော…ဒီ Brown Lady ပုံကို ပထမဆုံးမြင်တဲ့အချိန်မှာ

“ဒါ တကယ်ပရလောကပဲ” လို့ ခံစားခဲ့မိသလား?
ဒါမှမဟုတ်

“ဒီလိုပုံဟာ Film နည်းပညာကြောင့်လည်း ဖြစ်နိုင်တယ်” လို့ အရင်တွေးမိခဲ့သလား?

Darkroom မှာ errors တစ်ခုခုလို့ထင်လား?

(ကျွန်တော့်ထင်မြင်ချက်ကို လဲ နောက်post မှာတင်ပေးပါမယ်)

၀၃-၀၈-၂၀၂၆

02/08/2026

“ပရလောကနဲ့ ဓာတ်ပုံဆရာ-၁”

The Brown Lady of Raynham Hall (1936)

ဒီဓာတ်ပုံကို Captain Hubert C. Provand နဲ့ Indre Shira တို့က အင်္ဂလန်က Raynham Hall မှာ ရိုက်ခဲ့တာပါ။

လှေကားကို ရိုက်နေတုန်း လူမရှိဘူးလို့ ပြောကြပေမယ့်၊ ဓာတ်ပုံထွက်လာတဲ့အခါ လှေကားပေါ်က ဆင်းလာတဲ့ အမျိုးသမီးအရိပ်ပုံ ပေါ်လာတယ်လို့ နာမည်ကြီးခဲ့ပါတယ်။

ဒီပုံကို နှစ်ပေါင်းများစွာ “အကျော်ကြားဆုံး သရဲဓာတ်ပုံ” လို့ ပြောခဲ့ကြပါတယ်။

Long Exposure ရိုက်နေတုန်း မျက်စိနဲ့ မမြင်မိတဲ့ လူပုံစံတစ်ခုက ဓာတ်ပုံထဲမှာ ပေါ်လာပြီး၊ အဲဒီပုံဟာ နောက်ပိုင်းမှာ ကမ္ဘာကျော် “ghost photograph” တစ်ပုံ ဖြစ်လာတယ် ဆိုတဲ့ ဖြစ်ရပ်ပါ။

အလားတူဖြစ်ရပ်မျိုး လွန်ခံတဲ့ နှစ် ၂၀ ကျော်က မြန်မာပြည် ပုဂံ မြို့ဟောင်းရဲ့ ဘုရားမှာဖြစ်ခဲ့တာ ကြားဘူးကြမယ်ထင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ဝန်းကျင် က မြန်မာဓာတ်ပုံလောကမှာ အတော်လေး ပြောစရာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။
ပြောဆိုကြတာက ပုဂံ ဓမ္မရာဇက ဘုရား မှာ

* ညဘက် အချိန်
* Long Exposure နဲ့ ဘုရားကို ရိုက်နေစဉ်
* Photographer က လူမရှိဘူးလို့ ထင်ခဲ့တယ်။
* ဒါပေမယ့် Film ကို ဆေးထုတ်ပြီးတဲ့အခါ ဘုရားပေါ်မှာ ခေါင်းပေါင်း ဆောင်းထားတဲ့ စစ်သူကြီး တစ်ယောက်လို ပုံရိပ် ပေါ်လာတယ်။

အဲဒီပုံဟာ “ပရလောကပုံ” ဆိုပြီး ဓာတ်ပုံအသိုင်းအဝိုင်းနဲ့ မြန်မာ့လူမှု့အသိုင်းဝန်းမှာ အတော်လေး နာမည်ကြီးခဲ့တယ်။

ကျွန်တော်အယူအဆနဲ့ ဖြစ်နိုင်ခြေများ နဲ့
အခြားဖြစ်ရပ်ဆန်းတွေကို နောက် ပိုစ် တွေမှာ

ထပ်မံ ရေးသားပါမယ်။

“Photography Page”
Professional travel & advertising photographer since the 1980s. Capturing the soul of Myanmar: chasing light, preserving heritage, and framing timeless stories.

01/08/2026

“ဓာတ်ပုံ တစ်ပုံဆိုတာ
ဦးနှောက်၊ မျက်လုံးနဲ့ နှလုံးသားကို တစ်သားတည်းဖြစ်အောင် ဖန်တီးရတာပါ။”

“Photography is putting one’s head, one’s eye and one’s heart on the same axis.”

Henri Cartier-Bresson

ကမ္ဘာကျော် ပြင်သစ်ဓာတ်ပုံပညာရှင် Henri Cartier-Bresson စကားသည်

ဓာတ်ပုံပညာ၏
အနှစ်သာရ၊ အနုပညာမြောက်မှုနှင့် ဖန်တီးသူ၏ ခံယူချက်တို့ကို အနက်ရှိုင်းဆုံး ဖော်ပြထားသော အဆိုအမိန့်တစ်ခု ဖြစ်ပါသည်။

ဤစကား၏ အဓိပ္ပါယ်ကို အဓိက အပိုင်း (၃) ပိုင်းဖြင့် အောက်ပါအတိုင်း ရှင်းလင်းဖော်ပြနိုင်ပါသည်။

၁. Head (ဦးနှောက် / ဉာဏ်ပညာ)
ဓာတ်ပုံတစ်ပုံ ရိုက်ကူးရာတွင် နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတများ (ဥပမာ- အလင်းအမှောင်ချိန်ဆခြင်း၊ ကင်မရာဆက်တင်များ၊ Shutter Speed၊ Aperture စသည်) နှင့် ဖွဲ့စည်းတည်ဆောက်ပုံ (Composition) တို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ဆိုလိုသည်။
(မည်သည့်နေရာ၊မည်သည့်အချိန်တွင် ရိုက်ရမည်၊ နောက်ခံ နှင့် ရှေ့(Subject) ကို မည်သို့ ချိန်ညှိရမည်ဆိုသည့် ဆင်ခြင်တုံတရားနှင့် ဗဟုသုတ ဖြစ်ပါသည်)

၂. Eye (မျက်စိ / အမြင်အာရုံ)
သာမန်လူများ သတိမထားမိဘဲ ကျော်သွားတတ်သော သဘာဝ၏ အလှတရားများ၊ ပတ်ဝန်းကျင်၏ ဖြစ်ရပ်များကို ထူးခြားစွာ မြင်တွေ့နိုင်စွမ်း (Visual Sense) ကို ဆိုလိုသည်။
(နေ့စဉ်ဘဝ၏ လှုပ်ရှားမှုများထဲမှ အရေးအပါဆုံး၊ အလှပဆုံး သို့မဟုတ် အဓိပ္ပါယ်အရှိဆုံး "ဆုံချက်အခိုက်အတန့်" ကို ချက်ချင်း ဖမ်းစားနိုင်သော အမြင်အာရုံစူးစိုက်မှု ဖြစ်ပါသည်)

၃. Heart (နှလုံးသား / ခံစားချက်)
ရိုက်ကူးမည့် အကြောင်းအရာအပေါ် ထားရှိသည့် စာနာနားလည်မှု၊ မေတ္တာတရား၊ စိတ်ခံစားချက်နှင့် လူသားဆန်မှုကို ဆိုလိုသည်။
(ရိုက်ကူးနေသည့် လူ သို့မဟုတ် အရာဝတ္ထုနှင့် ဓာတ်ပုံဆရာ၏ စိတ်ချင်းဆက်သွယ်မိခြင်း ဖြစ်သည်။ ရိုးရိုးမှတ်တမ်းတင်သည်ထက် ခံစားချက်ပါဝင်နေခြင်း က ဓာတ်ပုံကို သက်ဝင်လှုပ်ရှားစေပြီး ကြည့်ရှုသူ၏ ရင်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေသည်။)

ကောင်းမွန်သော ဓာတ်ပုံတစ်ပုံ ဖြစ်လာရန်အတွက် "ဦးနှောက်" (စဉ်းစားဉာဏ်)၊ "မျက်စိ" (မြင်ကွင်းအမြင်) နှင့် "နှလုံးသား" (ခံစားချက်) တို့သည် တစ်သားတည်းကျနေရန်လိုအပ်သည်။

အနုပညာနှင့်အတတ်ပညာပေါင်း စပ်ထားသည့်အတွက် ခံစားချက်တွေကို ဖေါ်ထုတ်တဲ့နေရာမှာ ဓါတ်ပုံပညာရပ်နဲ့သက်ဆိုင်တဲ့အတတ်ပညာ ကျွမ်းကိင်မှု(camera/lens/lighting…. စသဖြင့်)လိုအပ်တယ်။

နည်းပညာ၊ အမြင်နှင့် ခံစားချက်တို့ ဟန်ချက်ညီညီ ပေါင်းစပ်သွားသည့်အခါမှသာ ကြည့်ရှုသူ၏ ရင်ကို ထိရှစေနိုင်သော စစ်မှန်သည့် ဓာတ်ပုံအနုပညာလက်ရာတစ်ခု ပေါ်ထွက်လာမည်ဖြစ်ကြောင်း ဤစကားက အဓိပ္ပါယ်ဖော်ဆောင်နေပါသည်။

မိုးမင်း
July,2026

ที่อยู่

Naradhiwas Soi 24
Bangkok
10120

เบอร์โทรศัพท์

+959972884477

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Moe Min - Rays โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Moe Min - Rays:

ทางลัด

แชร์

หมวดหมู่