13/06/2025
" MYs 420 " 🚶🔥
ကျွန်တော်တို့ အားလုံး ကိစ္စကြီးငယ်တွေကို လုပ်ရင်း"
ရှေ့ကို ရောက်သွားကြတယ်ပေါ့ဗျာ ...
ဘယ်ကိုရောက်လဲ ဆိုတာထက် မရောက်ခင်တွေ့ရတဲ့
တချို့ အခိုက်တန့်တွေက ပိုအရေးပါတယ်လို့
ကျွန်တော် ထင်ပါတယ် ...
အခိုက်အတန့်တွေနဲ့ ပတ်သတ်ပြီး
ကျွန်တော်မှာလည်း နှမျောရတဲ့ အရာလေးတွေရှိပါတယ် ...
အဲ့အရာတွေက
ကျွန်တော် ပညာမပြည့်မစုံနဲ့ ဖြတ်သန်းလာခဲ့တဲ့ ခရီးတစ်လျှောက်က ဓာတ်ပုံတွေ ၊ တွေ့ဆုံခဲ့ကြတဲ့ ညီကိုတွေရဲ့ အမှတ်အသားတွေ ၊ ကျွန်တော်တို့ ရူးသွပ်ခဲ့တာတွေ ၊ အစုံပါပဲ ...
ထိုအရာတွေ အကုန်လုံး အခု " Mys420 " မှာ ရေရှည်ထိန်းသိမ်းထားတော့မယ် ...
ဝင်ကြည့်ရင် Personl Web, Portfolio web, Shop web, Booking web, 420 web ဆိုပြီး တစ်ယောက်တစ်မျိုးစီ မြင်ချင်သလိုမြင်ကြမှာပေါ့ဗျာ ...
တကယ်က
ကျွန်တော့်ဆီရှိတဲ့ သယ်ဆောင်စရာနည်းနည်းကို
" Mys420 ဆိုတဲ့ အရူးလွယ်အိတ် " ထဲ အကုန်ပစ်ထည့်လိုက်တဲ့ သဘောပါပဲ ... 🚶💭
ဒီမှာ ဘာတွေ ရနိုင်မလဲဆိုရင်
- ကျွန်တော့် လမ်းခရီးတလျှောက် တွေ့ဆုံကြုံတွေ့ခဲ့ရတဲ့ ညီကိုတွေရဲ့ အမှတ်တံဆိပ်တွေ ဂုဏ်ယူစွာ ပြသထားမယ် ...
- ဘရားသား ဘယ်ရောက်" accessories လိုအပ်လာရင်
website ကို ဝင်လိုက်ရုံပဲ ...
လိုအပ်တဲ့ accessories တွေကို ဘရားသား နဲ့ အနီးစပ်ဆုံး ကျွန်တော့်မိတ်ဆွေဆိုင်ကနေ တဆင့်ပို့ပေးမယ် ...
- fb ကလို Resolution ကိစ္စကြောင့် အဖူးပုံကိုဖြဲကြည့်ရင် Trichomes ဘာညာ မမြင်ရတာမျိုး မဖြစ်တော့ဘူး ...
- ကျွန်တော် သွားခဲ့တဲ့ event တွေ နေရာတွေ Chill spot တွေ
- နောက်ပိုင်း ကျွန်တော် Cannaphotography နဲ့ ပတ်သက်ပြီး ကျွန်တော် သိတဲ့နည်းနည်း Blog ထဲမှာပဲ
ပြန် share ပေးသွားမယ် ... ( ကျွန်တော် သိပ်အများကြီးမသိပါဘူး )
နောက်ဆုံး ကျွန်တော့်အကြောင်းနဲ့
ကျွန်တော်တို့ အတူဖန်တီးကြဖို့ Booking ပါမယ်ပေါ့ဗျာ ...
ဒါပါပဲ ဒီမှာမှမရပ်ရင်လည်း ကျွန်တော့် web developer (HH+Web) က သူပါ ရူးချင်းသလိုဖြစ်နေပြီဆို လို့ရပ်လိုက်ရတယ် ... 🤟🔥
( တစ်ခုခွင့်တောင်းချင်တာက ကျွန်တော်နဲ့ လက်တွဲခဲ့ဖူးတဲ့ ညီကိုတွေ ကိုပါ ... ညီကိုတို့ရဲ့ အမှတ်အသားကို ကျွန်တော့်ရဲ့ အရူးလွယ်အိတ်မှာ အမှတ်တရ ရေးထိုးချင်ပါတယ် ... အဆင်မပြေတာမျိုးရှိရင် လာပြောပေးပါ ဘရို ... ✌️🕊️ )
Let’s grow together bro … 🤟🌱
Moe Yan CannaPhotography