May Htut Khaung ⚠️⚠️⚠️လူ////လိ---မ်----တွေ ပေါလို့ ပါရှင့် ငွေ---လွှဲ ဖုန်း 09))50))4444))7 Daw Khaing Zin Latt တစ်လုံး ပဲ ငွေလွှဲ လက်ခံပါတယ်ရှင့် သတိပြုပေးကြပါရန် ⚠️⚠️⚠️⚠️
(1)

13/08/2026

✨ သဘာဝအိန္ဒိယနံ့သာနီ × ရှားပါး Blackwood ✨

မြန်မာ့လက်ရာအနုပညာနဲ့ အသေးစိတ်ကျကျ၊ သေသပ်လှပအောင် ကိုယ်တိုင်လက်ရာဖန်တီးထားတဲ့ လက်ပတ်လေးပါ။ ❤️

🔴 သဘာဝအိန္ဒိယနံ့သာနီ စစ်စစ်
⚫️ ရှားပါးဂမ္ဘီရ Blackwood စစ်စစ်

သဘာဝအလှကို ပေါင်းစပ်ပြီး မြန်မာမှု မြန်မာ့လက်ရာအတိုင်း အစိတ်အပိုင်းတိုင်းကို သေချာလက်ရာဖော်ထားတာကြောင့် ရိုးရိုးလက်ပတ်တစ်ကွင်းထက် ထူးခြားတဲ့ လက်ရာတစ်ခုအဖြစ် ဆောင်ထားနိုင်မှာပါ။

🪵 လက်ရာအရမ်းခက်ခဲတဲ့ Handmade လက်ရာဖြစ်တာကြောင့် အကွင်းရေအများကြီး ထုတ်လုပ်လို့မရပါဘူး။

ပုံမှန်အားဖြင့် တစ်လကို ၁ ကွင်းခန့်သာ လက်ရာဖော်နိုင်ပြီး၊ လူအင်အားတိုးပြီး အထူးကြိုးစားထုတ်လုပ်ပေးနိုင်တဲ့အချိန်တောင် အများဆုံး ၃ ကွင်းသာ ရရှိနိုင်ပါတယ်။

ဒါကြောင့် ဒီလက်ပတ်က
“ရှိသလောက်ရောင်းတဲ့ ပစ္စည်း” မဟုတ်ဘဲ
“ရနိုင်တဲ့အချိန်မှာပဲ လက်မလွတ်သင့်တဲ့ Limited Handmade လက်ရာ” ဖြစ်ပါတယ်။ 🖤❤️

အိန္ဒိယနံ့သာနီဟာ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့
စီးပွားရေး ဓနဥစ္စာ အားလုံးကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် သဘာဝတရားက လူသားတွေကို ပေးအပ်ထားတဲ့ အလွန်အရေးပါပြီး တန်ဖိုးထားအပ်တဲ့ ရတနာတစ်ပါး ဖြစ်ပါတယ်။

⚫️ ရှားပါးဂမ္ဘီရ Blackwood — ရှေးယုံကြည်မှုမှ ယနေ့ခေတ်လက်ရာအထိ

ရှေးယခင်ကတည်းက Blackwood ကို မကောင်းသောအရာများ၊ အမှောင့်ပယောဂများမှ ကာကွယ်ပေးနိုင်တယ်လို့ ရိုးရာယုံကြည်မှုများရှိခဲ့တဲ့ သစ်သားတစ်မျိုး အဖြစ် တန်ဖိုးထားခဲ့ကြပါတယ်။

ဒါကြောင့် ရှေးခေတ်က Blackwood ကို အသုံးပြုပြီး အဆောင်ပုတီးများ စိပ်ခြင်း၊ ဘုရားရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်း စတဲ့ ရိုးရာအသုံးပြုမှုတွေ ရှိခဲ့ပါတယ်။

ထို့အပြင် ရှေးခေတ် မင်းစိုးရာဇာများနဲ့ စစ်သူကြီးများကလည်း အန္တရာယ်ကင်းစေရန်၊ ဘုန်းတန်ခိုးကြီးမားစေရန် ရည်ရွယ်ပြီး Blackwood နဲ့ ပြုလုပ်ထားတဲ့ တုတ်ကောက်၊ ဓားရိုး စတဲ့ ပစ္စည်းတွေကို ဆောင်ကိုင်ခဲ့ကြတယ်လို့ ရိုးရာမှတ်တမ်းနဲ့ ယုံကြည်မှုတွေမှာ တွေ့ရပါတယ်။

🖤 ရှေးက ဆောင်ခဲ့ကြတဲ့ Blackwood ကို ယနေ့ခေတ်မှာတော့ ပိုမိုသပ်ရပ်ပြီး ခေတ်မီတဲ့ပုံစံနဲ့ ဆောင်နိုင်ပါပြီ။

လည်ဆွဲ၊ လက်ပတ်၊ ပုတီး စတဲ့ နေ့စဉ်အသုံးပြုလို့အဆင်ပြေတဲ့ လက်ရာပစ္စည်းတွေအဖြစ် ဖန်တီးပေးထားတာကြောင့်
ရှေးရိုးရာအဓိပ္ပာယ်နဲ့ ခေတ်သစ်လက်ရာကို တစ်နေရာတည်းမှာ ပေါင်းစပ်ဆောင်ထားနိုင်မှာပါ။

#အိန္ဒိယနံ့သာနီ #အထူးလက်ရာလက်ပတ် #ကလျာဏီ #မေထွဋ်ခေါင်

09/08/2026

အိန္ဒိယနံ့သာနီပုတီးတစ်ကုံး ၈ သောင်းလျှော့
ဝါတွင်းကာလကုသိုလ်ဖြစ် ဒုတိယအကြိမ် ပရိုမိုးရှင်းပါ😍

မမေရဲ့ Customer များကလည်း အရည်အသွေးကောင်းမွန်ပြီး ဘယ်မှာမှ ဝယ်လို့မရနိုင်မယ့် စျေးနှုန်းဆိုတာ သိပုံရပါတယ်။ 😉

မူရင်းတန်ဖိုး ၃၀၀,၀၀၀ ကျပ်တန် အိန္ဒိယနံ့သာနီ ၁၀၈ လုံးပုတီးကို ၂၂၀,၀၀၀ ကျပ်တည်းနဲ့ အထူးလျှော့ဈေးနဲ့ ရောင်းပေးခဲ့တဲ့ Promotion မှာ Customer တစ်ဦးတည်း ၂ ကုံး၊ ၃ ကုံးစီအထိ မှာယူကြတဲ့အတွက် Promotion စတင်ပြီး ၂၄ နာရီအတွင်းမှာပဲ ပုတီးတွေ အကုန် Sold Out ဖြစ်သွားတာပါ။ ❤️

ဒါကြောင့် Promotion အမှီမရလိုက်တဲ့ Customer များအတွက် ဒုတိယအကြိမ် ပရိုမိုးရှင်းထပ်ပေးတာပါ 🥰

✨ ဝါတွင်းကာလ တစ်လလုံး
✨ အထူး Promotion ဈေးနှုန်းဖြင့်
✨ အိန္ဒိယနံ့သာနီ ၁၀၈ လုံးပုတီးများကို
ထပ်မံရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

တစ်နှစ်မှတစ်ကြိမ်သာ ရရှိနိုင်မယ့် အခွင့်အရေးကို မမှီလိုက်တဲ့ Customer များအတွက် ဒီတစ်ကြိမ်တော့ လက်လွတ်မခံလိုက်ပါနဲ့။

Quality အားဖြင့် အရည်အသွေး အကောင်းဆုံး
ထိပ်တန်း အိန္ဒိယနံ့သာနီပုတီးကို ဒီလိုဈေးနှုန်းမျိုးနဲ့
ရနိုင်ဖို့ မလွယ်ကူပါဘူးနော်။

🔴 အိန္ဒိယနံ့သာနီပုတီး Quality ကို သိချင်ရင် "ပုတီးဖောက်ကွင်း” ကိုကြည့်ပါ။

အိန္ဒိယနံ့သာနီပုတီးတစ်ကုံးရဲ့ အရည်အသွေးကောင်းမကောင်းကို အပြင်ပန်းအရောင်လှပမှုတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။
ပုတီးရဲ့ ဖောက်ကွင်းက အတွင်းသားကို မြင်နိုင်တဲ့ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါ။

❌ ပုတီးလုပ်ငန်းကို ကျွမ်းကျင်တဲ့ ပညာရှင်တွေက အရည်အသွေးမကောင်းတဲ့ နံ့သာနီတွေကို ပုတီးဖောက်ပြီးရင် အရောင်မညီတာ၊ အပြစ်အနာအဆာရှိတာတွေကို ဖယောင်းတင်ပြီး အပြင်ပန်းလှပအောင် ပြုပြင်နိုင်ပါတယ်။

👍 အဲ့လို မကောင်းတဲ့ ပုတီးတွေကို သိနိုင်ဖို့ဟာ ပုတီးဖောက်ကွင်းကပုတီးရဲ့ အတွင်းသားအရည်အသွေးကို ဖော်ပြနေတဲ့ အဓိကသက်သေတစ်ခုပါပဲ။

✨ ကျွန်မတို့ဆိုင်က အိန္ဒိယနံ့သာနီပုတီးတွေကတော့ ဖောက်ကွင်းကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပေါ်တင်ပြသထားပါတယ်။

ဘာကြောင့်လဲဆိုတော့—

ကျွန်မတို့အသုံးပြုတဲ့ နံ့သာနီအသားက အရောင်အဖြူကျားတာတွေ၊ အရောင်မညီတာတွေ လုံးဝမရှိပဲ နီရဲပြီး အသားရောင်အရည်အသွေးကောင်းတဲ့ နံ့သာနီ ဖြစ်တယ်ဆိုတာ သိစေဖို့ပါ။

နီရဲရုံတင်မကဘဲ အသားမှာ လိမ္မာရောင်သန်းတဲ့ သဘာဝအရောင်တောက်ပမှု ပါရှိတာကြောင့် နံ့သာနီဝါသနာရှင်တွေကြားမှာ “ရွှေနံ့သာနီ” လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ✨

ဒါကြောင့် ကျွန်မတို့အတွက် Quality ဆိုတာ စာနဲ့ပြောပြီး ယုံကြည်ခိုင်းရတဲ့အရာမဟုတ်ပါဘူး။

ပုတီးကို လှည့်ကြည့်လိုက်ပါ။
အသားကိုကြည့်ပါ။ ဖောက်ကွင်းကိုကြည့်ပါ။

အတွင်းသားအထိ Quality ကောင်းတာကို ကိုယ်တိုင်မြင်နိုင်ပါတယ်။ 🔴✨

အပြင်ပန်းလှတာထက် အတွင်းသားထိ ကောင်းတာထိကိုပါ ဦးစားပေးသူများအတွက် ကျွန်မတို့ရဲ့ သဘာဝအိန္ဒိယနံ့သာနီပါစစ်စစ်ပါပဲရှင်။

#အိန္ဒိယနံ့သာနီ #၁၀၈လုံးပုတီး #အထူးပရိုမိုးရှင်း

09/08/2026

🏡 ကလောမြို့မှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးကောင်းတစ်ခု

ကလောမြို့ရဲ့ နေရာကောင်း၊ မြေကျယ်ဝန်းတဲ့ မြေကွက်တစ်ကွက် ကို မိတ်ဆက်ပေးချင်ပါတယ်။

📍 ဟိုတယ်၊ Condo နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့ အထူးသင့်တော်တဲ့နေရာ ဖြစ်ပြီး၊ မြေအကျယ်အဝန်းကလည်း စီးပွားရေးလုပ်ငန်းအမျိုးမျိုး အကောင်အထည်ဖော်နိုင်တဲ့အထိ ကျယ်ဝန်းပါတယ်။

🌿 ကလောရဲ့ အေးမြတဲ့ရာသီဥတုနဲ့ ခရီးသွားလုပ်ငန်းအလားအလာကို အခြေခံပြီး ရေရှည်ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ မြေကွက်တစ်ကွက် ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဆက်လက်မိတ်ဆက်ပေးပါမယ်ခင်ဗျာ။

05/08/2026

မောင်ဘယ်ကိုသွားသွားမကိုခေါ်ပါနော်
#မေထွဋ်ခေါင် #ကလျာဏီ #နံ့သာနီ

02/08/2026

ပြောတော့ဖြင့်အယုံကြည်မရှိဘူးဆို

ခုတော့ 21 ရက်တွင်းထူးခြားလို့

မင်္ဂလာသိဒ္ဓိအောင် ပုတီးကို အပြေးလွှားကိုလာဝယ်သော ချစ်သူငယ်ချင်းကြီး ရိုတ😂

#မင်္ဂလာသိန္ဓိအောင် #ပုတီး #လက်ပတ် #ပုတီး #ဝယ်ရောင်းအဆောင်

01/08/2026

အိန္ဒိယ နံ့သာနီ ရဲ့ ကောင်းကျိုး နဲ့ အသုံးဝင်ပုံတွေပါရှင့်

#နံ့သာနီ #ကလျာဏီ

30/07/2026

🙏 လေးစားရသော Customer များခင်ဗျာ🙏🏻

အရင်ဆုံး မိမိတို့ကို ယုံကြည်စွာ အားပေးဝယ်ယူပေးကြတဲ့ Customer တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။ 💙

ဒီလအတွင်း မျှော်မှန်းထားတာထက် အော်ဒါအရေအတွက် အများကြီးတိုးလာပြီး တစ်ရက်ကို ရာချီဝင်ရောက်လာတဲ့အတွက် အော်ဒါအချို့ ပို့ဆောင်မှု နောက်ကျခဲ့ရတာကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။ 🙏

မိမိတို့ ရောင်းချနေတဲ့ ပစ္စည်းများဟာ သဘာဝအဖိုးတန် သစ်သားများကို အသုံးပြုထားပြီး လက်မှုအဆင့်ဆင့်နဲ့ အသေးစိတ်ပြုလုပ်ရတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုချင်းစီရဲ့ အရည်အသွေးကို အဓိကထားတဲ့အတွက် မပြည့်စုံတဲ့ပစ္စည်း၊ အပြစ်အနာအဆာရှိတဲ့ပစ္စည်းကို မပို့ချင်တာကြောင့် အချို့အော်ဒါများမှာ ပြန်လည်ပြင်ဆင်ရတာ၊ အသစ်ထပ်မံပြုလုပ်ရတာ၊ ပစ္စည်းအဆင်သင့်ဖြစ်ဖို့ စောင့်ဆိုင်းရတာမျိုးတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ဝန်ထမ်းအင်အားတိုးချဲ့ခြင်း၊ ထုတ်လုပ်မှုနဲ့ ပါဆယ်ထုပ်ပိုးမှုကို အရှိန်မြှင့်တင်ခြင်းများ ပြုလုပ်နေပြီး Customer များ လက်ထဲကို အမြန်ဆုံးရောက်ရှိနိုင်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။

စောင့်ဆိုင်းပေးရတဲ့ Customer များအားလုံးကို ထပ်မံတောင်းပန်အပ်ပြီး ခဏတာ နားလည်ပေးကာ စိတ်ရှည်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

Customer တစ်ယောက်ချင်းစီရဲ့ ယုံကြည်အားပေးမှုက မိမိတို့အတွက် အင်အားတစ်ခုပါ။ ယုံကြည်မှုကို မပျက်စေရန် ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ဝန်ဆောင်မှုကို အမြဲတမ်းပေးနိုင်အောင် ဆက်လက်ကြိုးစားသွားပါမယ်။

#ကလျာဏီ #မေထွဋ်ခေါင်

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ဝါဆိုလပြည့်နေ့ မြတ်အခါသမယဖြစ်ပါစေကြောင်း "မမေတို့ မိသားစု”မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါ...
29/07/2026

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ဝါဆိုလပြည့်နေ့ မြတ်အခါသမယဖြစ်ပါစေကြောင်း "မမေတို့ မိသားစု”မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🌸🙏

ရှေးလူကြီးသူမများ တပျော်တပါး မှတ်သားခဲ့ကြတဲ့ – “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ”
ဆိုတဲ့အတိုင်း ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင်၏ သမိုင်းဝင် ထူးခြားသော ဖြစ်စဉ်ကြီး (၄) ရပ်နှင့် ပြည့်စုံသည့်နေ့ ဖြစ်ပါတယ်။

၁။ သန္ဓေ – မယ်တော် မဟာမာယာ၏ ဝမ်းတော်တွင် ပဋိသန္ဓေ နေတော်မူသောနေ့။

၂။ တောထွက် – သိဒ္ဓတ္ထမင်းသားသည် လောကီစည်းစိမ်ကို စွန့်၍ တောထွက်တော်မူသောနေ့။

၃။ ဓမ္မစက် – ဣသိပတနမိဂဒါဝုန်၌ ဓမ္မစကြာတရားတော်ကို ပထမဆုံး ဟောကြားတော်မူသောနေ့။

၄။ တချက်ပြာဋိဟာ – ရေမီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူသောနေ့။

ဤသို့သော မွန်မြတ်လှသည့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ နံ့သာဆီ၊ နံ့သာတုံး၊ နံ့သာခဲများဖြင့် မွှေးကြိုင်သင်းပျံ့စွာ ပူဇော်ကုသိုလ်ယူကြသူများ၊ ဝါဆိုသင်္ကန်း လှူဒါန်းကြသူများနှင့် တရားဘာဝနာ ပွားများကြသူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း

"မမေတို့မိသားစု" မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🕯🌸✨
#ကလျာဏီနံ့သာရောင်းဝယ်ရေး #ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့ #ကုသိုလ်ပူဇော်ပွဲ

29/07/2026

သဲသဲလှုပ်မေမေများအတွက် မိမိရဲ့ရတနာလေးတွေအတွက် အန္တရာယ်ကင်းကလေး လက်ပတ်အဆောင်လေးပါ

#မေထွဋ်ခေါင် #ကလျာဏီ

28/07/2026

ဒီနေ့တော့ ဆူ မှရတော့မှာ😮‍💨

#မေထွဋ်ခေါင် #ကလျာဏီ #မေထွဋ်ခေါင်

ที่อยู่

1030, 1030/2 หมู่ 7 ถนน, Nong Khang Phlu, Nong Khaem
Bangkok
10160

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ May Htut Khaungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์