โทร เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

HAN LINN VLOGS Travelog ✍🏻Travel Photographer 📸 Knowledge Sharing✨ ခရီးတွေသွားမယ် ၊ ဓာတ်ပုံရိုက်မယ် ၊ စာတွေရေးပြီး ဝေမျှပေးမယ်။

ကြောင်မလေးအကြောင်း 🐈ကြောင်တွေက လူတွေထင်သလို သခင်က သူတို့ကို ရွေးချယ်ထားတာ မဟုတ်ဘူး။တစ်ခါတလေ ကြောင်တွေကိုယ်တိုင်က သူတို့ရ...
28/09/2026

ကြောင်မလေးအကြောင်း 🐈

ကြောင်တွေက လူတွေထင်သလို သခင်က သူတို့ကို ရွေးချယ်ထားတာ မဟုတ်ဘူး။

တစ်ခါတလေ ကြောင်တွေကိုယ်တိုင်က သူတို့ရဲ့ သခင်ကို ရွေးချယ်ကြတာ။

ဘယ်သူက သူ့ကို နားလည်ပေးလဲ၊ ဘယ်သူ့အနားမှာ နေရတာ စိတ်ချမ်းသာလဲ၊ ဘယ်သူက သူ့ကို တကယ်ဂရုစိုက်လဲဆိုတာ ကြောင်တွေက ထင်ထားတာထက် ပိုသိတတ်ကြတယ်။

ဒါကြောင့် သူတို့က ချစ်ဖို့လည်း အရမ်းကောင်းတယ်။ ကိုယ့်အနားမှာ တိတ်တိတ်လေး လာနေပြီး သူ့ရဲ့ယုံကြည်မှုနဲ့ ချစ်ခြင်းကို ပေးတဲ့အခါ အဲ့ဒီအချိန်ဟာ တကယ်ကို တန်ဖိုးရှိတယ်။

ဒါပေမယ့် ကြောင်တွေမှာ စိတ်ပျက်စရာတစ်ခုလည်း ရှိတယ်။ သူတို့ မပျော်တော့တဲ့နေရာမှာ မနေတတ်ကြဘူး။ အချစ်မရှိတော့ရင်၊ ဂရုစိုက်မှုမရှိတော့ရင်၊ စိတ်မချမ်းသာတော့ရင်…

တစ်နေ့မှာ ဘာမှမပြောဘဲ ထွက်သွားတတ်ကြတယ်။

ကြောင်တစ်ကောင် သခင်ပြောင်းသွားတာဟာ သူ့သခင်ကို မချစ်တော့လို့ပဲ မဟုတ်ဘူး။

တစ်ခါတလေ သူ့အတွက် ပျော်ရွှင်စရာ မကျန်တော့လို့ ဖြစ်နိုင်တယ်။

အဲ့ဒါကြောင့် ကြောင်တစ်ကောင်ရဲ့ ချစ်ခြင်းကို ရထားပြီဆိုရင် ပိုင်ဆိုင်ထားတယ်လို့ မထင်နဲ့။

သူ့ကို ပျော်ရွှင်အောင် ထားနိုင်သရွေ့ပဲ သူက ကိုယ့်အနားမှာ ရှိနေမှာပါ။

​

ကြောင်မလေးအကြောင်း 🐈ကြောင်တွေက လူတွေထင်သလို သခင်က သူတို့ကို ရွေးခ...

Green 💚
15/08/2026

Green 💚

18/07/2026

သဘာဝဟာ သဘာဝပါ✨☘️🍃

တစ်ဖက်ကကြည့်တော့ အလင်းတစ်ဖက်ကပြန်ကြည့်တော့ အမှောင်အမြင်မတူတာ မဟုတ်ဘူးးဖြစ်တည်ပုံတွေ ကွဲပြားနေကြတာ။မတူတာတွေစုရင် ပေါင်းစည...
08/07/2026

တစ်ဖက်ကကြည့်တော့ အလင်း
တစ်ဖက်ကပြန်ကြည့်တော့ အမှောင်

အမြင်မတူတာ မဟုတ်ဘူးး

ဖြစ်တည်ပုံတွေ ကွဲပြားနေကြတာ။

မတူတာတွေစုရင် ပေါင်းစည်းအားတစ်ခုဖြစ်တယ်။

အလင်းက အလင်း
အမှောင်က အမှောင်
သူတို့ ကိုယ်ပိုင် ဂုဏ်ရည်တွေရှိတယ်။

ကမ္ဘာမြေတောင် မှောင်တစ်လှည့် လင်းတစ်လှည့် မဟုတ်လား…

ဒီလိုပဲ…ဖြစ်တည်နေတာပဲလေ

လွန်ဆန်လို့မရဘူး
ပြောင်းလဲလို့မရဘူး
ကောင်းစွာ အသုံးပြုတတ်ဖို့ပဲလိုမယ် ထင်တယ်။


#အတွေးအပိုင်းအစများ

17/06/2026

The deeper you think, the clearer you understand and the stressful you get!

But fight for it💪🏻

06/06/2026

ဤ ခရီး နီးသလား✨

Han Lin Aung

The world is wide, and my heart is curious...
25/03/2026

The world is wide, and my heart is curious...

The world is wide, and my heart is curious✨💚

တစ်ခါတစ်လေလမ်းညွှန်ဆိုင်းဘုတ်တစ်ခုပဲနောက်ထပ်ခရီးတစ်ခုကို စတင်ပေးနိုင်တယ်။ဒီလမ်းကတော့Lampang ကို ညွှန်နေတယ်…✨Road trip လု...
10/03/2026

တစ်ခါတစ်လေ
လမ်းညွှန်ဆိုင်းဘုတ်တစ်ခုပဲ
နောက်ထပ်ခရီးတစ်ခုကို စတင်ပေးနိုင်တယ်။

ဒီလမ်းကတော့
Lampang ကို ညွှန်နေတယ်…✨

Road trip လုပ်ဖူးလား...?

Hoodie တစ်ထည် Backpack တစ်လုံးနဲ့ ချင်းမိုင် နေ့ရက်များ✨😁🎒🎒🎒🎒🎒🎒🏕️🏕️🏕️🏕️🏕️🏕️🧥🧥🧥🧥Backpacker သမားတွေရဲ့ ဘဝမှာ ဘာလိုလဲ မေးရင...
02/03/2026

Hoodie တစ်ထည် Backpack တစ်လုံးနဲ့ ချင်းမိုင် နေ့ရက်များ✨😁
🎒🎒🎒🎒🎒🎒🏕️🏕️🏕️🏕️🏕️🏕️🧥🧥🧥🧥

Backpacker သမားတွေရဲ့ ဘဝမှာ ဘာလိုလဲ မေးရင် လိုအင်ဆန္ဒတစ်ကယ်နည်းပါတယ်...

ကိုယ်လိုသမျှကို အဲ့ backpack ထဲ ပြစ်ထည့်ပြီး သွားရကြတာကို😅

Backpacker တွေရဲ့ အဓိက ရည်ရွယ်ချက် က သဘာဝတရားနဲ့ ကမ္ဘာမြေကြီးနဲ့ အနီးကပ်ဆုံး ထိတွေ့ချင်ကြတဲ့ သူတွေမို့နေမယ်...

အများဆုံး 60/70L above အလေးချိန်ရှိတဲ့ အိတ်ကြီးကို လွယ်ပြီး တစ်ချို့ဆို ပြည်တွင်းက တစ်ချို့ဆို ပြည်ပက တစ်ချို့ဆို ပြည်ပနိုင်ငံ ဒေသအစုံက သဘာဝဆိုတဲ့ အရာတွေကို ရှာဖွေထိတွေ့ခံစားကြတာ မဟုတ်လား...

Backpacker သမားတွေရဲ့ ဘဝက အများသောအားဖြင့် ရိုးရှင်းကြတယ်....

Backpack တစ်လုံး က သူတို့ရဲ့ ဘဝ
သူတို့ရဲ့ အသက် သူတို့ရဲ့ အိမ်တစ်လုံးပဲ...

ကျနော်ကတော့ I ❤️ backpacker life ပဲ
သူငယ်ချင်းတို့ရော....🤔

Thai မှာ အထူးသဖြင့် ချင်းမိုင်မှာ ‘ထိုင်းပန်းသီး’ Thai Apple တဲ့ Rose Apple လို့ ခေါ်ကြတယ် ။ထိုင်းလို Chomphu / ชมพู่ လိ...
01/03/2026

Thai မှာ အထူးသဖြင့် ချင်းမိုင်မှာ ‘ထိုင်းပန်းသီး’ Thai Apple တဲ့ Rose Apple လို့ ခေါ်ကြတယ် ။ထိုင်းလို Chomphu / ชมพู่ လို့ ခေါ်တယ်။
‎
ထိုင်းနိုင်ငံ မှာ အရမ်းပေါများတဲ့ အသီး 🍎✨
‎အရည်ရွှမ်းရွှမ်းနဲ့ နည်းနည်းချိုတယ် စားပီးရင် ပါးစပ်ထဲမှာ ဖန်တဲ့အရသာကျန်တယ်...

🍎 အထူးခြားတဲ့ လက္ခဏာ

အရောင် – အနီမှ ခရမ်းနီရောင်အထိ

ပုံစံ – ဝိုင်းဝိုင်း လုံးလုံး၊ တချို့က အောက်ဘက်နည်းနည်း ပြားသလို

အရသာ – ချိုချို သဲသဲ၊ ရေများပြီး လတ်ဆတ်လတ်ဆတ်

အတွင်း – အဖြူရောင်၊ များသောအားဖြင့် အလယ်မှာ မျိုးစေ့သေးသေးလေး ရှိတယ်။

🌿 အကျိုးကျေးဇူး

ရေဓာတ်များလို့ အပူသက်သာစေတယ်။

Vitamin C ပါဝင်ပြီး ကိုယ်ခံအားကောင်းစေတယ်
ကယ်လိုရီနည်းလို့ Diet သမားတွေ စားလို့ကောင်း အထူးသင့်တော်တယ်။

🍽 ဘယ်လိုစားလဲ?

လတ်လတ်ဆတ်ဆတ် သန့်စင်ပြီး ခြစ်စားတယ်
ဆားငရုတ်မှုန့်နဲ့တွဲစားရင် ပိုလတ်ဆတ်ပြီး အရသာထူးတယ်😋

Juice လုပ်သောက်လို့လည်း ရတယ်👍🏻

ရာသီဥတုအပူတဲ့အချိန်စားရင် တော်တော် refresh ဖြစ်‌စေတယ်🍃

‎စမ်းစားဖူးလား?
‎
‎

ที่อยู่

Bangkok

เบอร์โทรศัพท์

+959960061400

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ HAN LINN VLOGS โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง HAN LINN VLOGS:

ทางลัด

แชร์

หมวดหมู่