Sa Oo Thu - Nature Gallery

Sa Oo Thu - Nature Gallery 📸 Birds • Landscapes • Nature Moments

ဘာနဲ့ ဖြစ်ဖြစ် ကိုယ်တိုင် ရိုက်ထားတဲ့ သဘာဝ ဓါတ်ပုံလေး တစ်ပုံစီ comment ပေးခဲ့ပါလား … ဓါတ်ပုံလေးတွေ အတူတူကြည့်ရင်း စိတ်အပ...
16/08/2026

ဘာနဲ့ ဖြစ်ဖြစ် ကိုယ်တိုင် ရိုက်ထားတဲ့ သဘာဝ ဓါတ်ပုံလေး တစ်ပုံစီ comment ပေးခဲ့ပါလား … ဓါတ်ပုံလေးတွေ အတူတူကြည့်ရင်း စိတ်အပန်းဖြေ ကြတာပေါ့ … ❤️❤️❤️

လှတပတ လူချစ်လူခင်များတဲ့ ငှက်လေး .… ကျွန်တော်တို့အခေါ်ဆို “ကလောသားလေး/ ဆိုက်ကယ်ဦးထုပ်လေး” ပေါ့။တစ်ချို့လာမေးကြသေးတယ် … “...
15/08/2026

လှတပတ လူချစ်လူခင်များတဲ့ ငှက်လေး .… ကျွန်တော်တို့အခေါ်ဆို “ကလောသားလေး/ ဆိုက်ကယ်ဦးထုပ်လေး” ပေါ့။

တစ်ချို့လာမေးကြသေးတယ် … “အိမ်မှာမွေးလို့ ရလား” တဲ့။ သဘာဝထဲက ဘယ်တိရိစ္ဆာန်မှ ဖမ်းပြီး မွေးဖို့ မသင့်တော်ပါဘူး … မနေနိုင်လို့ မွေးချင်တယ် ဆိုရင်လည်း Pet Shop တွေမှာ မွေးမြူရေးအတွက် …. သီးသန့် သားဖေါက်ပြီး ရောင်းတဲ့ တိရိစ္ဆာန်တွေကိုပဲ ဝယ်ပြီး မွေးကြပါ …. ❤️❤️❤️

ID - Long-tailed Broadbill
မြန်မာအမည် - ငှက်ဆတ်

အိန္ဒိယနိုင်ငံမှာ တွေ့ခဲ့ဖူးတဲ့ စာနီငှက်က ကိုယ်လုံးအနီရောင်ပိုများပြီးတော့ ဝမ်းဗိုက်တွေလည်းနီတယ် …. မြန်မာမှာ တွေ့ရတဲ့ စ...
15/08/2026

အိန္ဒိယနိုင်ငံမှာ တွေ့ခဲ့ဖူးတဲ့ စာနီငှက်က ကိုယ်လုံးအနီရောင်ပိုများပြီးတော့ ဝမ်းဗိုက်တွေလည်းနီတယ် …. မြန်မာမှာ တွေ့ရတဲ့ စာနီငှက်ကတော့ ဗိုက်အဝါနဲ့ လိမ္မော်ရောင် သန်းတာကို တွေ့ရတယ် … ဓါတ်ပုံတွေ ပြန်ရှာပြီးတော့မှ နှစ်ပုံ ယှဉ်ပြီး ပြန်တင်ပေးမယ် .… ❤️❤️❤️

ID - Red Avadavat
မြန်မာအမည် - စာပတီးနီ / စာနီ

သစ်ကိုင်းတွေ ရှုပ်နေလို့ ရှင်းရှင်းလင်းလင်း ရိုက်လို့ မရဘူး …. ဘာငှက်လေးလဲ … မှန်အောင် ဖြေနော် … ❤️❤️❤️                 ...
14/08/2026

သစ်ကိုင်းတွေ ရှုပ်နေလို့ ရှင်းရှင်းလင်းလင်း ရိုက်လို့ မရဘူး …. ဘာငှက်လေးလဲ … မှန်အောင် ဖြေနော် … ❤️❤️❤️

နေပူကျဲတဲ ထဲမှာ အဆင်ပြေသလိုရိုက်ထားမိတဲ့ ပုံဆိုတော့ … အရောင်တွေကတော့ မြင်တဲ့အတိုင်းပဲဗျာ … ငှက်နာမည်ကတော့  အားလုံးသိ့တဲ့...
14/08/2026

နေပူကျဲတဲ ထဲမှာ အဆင်ပြေသလိုရိုက်ထားမိတဲ့ ပုံဆိုတော့ … အရောင်တွေကတော့ မြင်တဲ့အတိုင်းပဲဗျာ … ငှက်နာမည်ကတော့ အားလုံးသိ့တဲ့ မောင်ငှက်ခါး .… ❤️❤️❤️

ID - Indochinese Roller
မြန်မာအမည် - ငှက်ခါး

ရန်ကုန်မှာ … သွားချင်ရာ လျှောက်သွားပြီးရင် … အိမ်ပြန်ရောက်လာတဲ့ … အနေအထား …. ❤️❤️❤️ID - Red-vented Bulbulမြန်မာအမည် - ဗွ...
13/08/2026

ရန်ကုန်မှာ … သွားချင်ရာ လျှောက်သွားပြီးရင် … အိမ်ပြန်ရောက်လာတဲ့ … အနေအထား …. ❤️❤️❤️

ID - Red-vented Bulbul
မြန်မာအမည် - ဗွတ်ဖင်နီ

တစ်ချို့လည်း ငှက်အရောင်ဆန်းဆန်း လှလှလေးတွေဆို ပိုသဘောကျကြမယ် ထင်တယ်။ ဒီလို အပြာရောင် ငှက်လေးတွေရော ချစ်တဲ့သူ ရှိလား …. ❤...
13/08/2026

တစ်ချို့လည်း ငှက်အရောင်ဆန်းဆန်း လှလှလေးတွေဆို ပိုသဘောကျကြမယ် ထင်တယ်။ ဒီလို အပြာရောင် ငှက်လေးတွေရော ချစ်တဲ့သူ ရှိလား …. ❤️❤️❤️

ID - Blue-throated Flycatcher (Male)
မြန်မာအမည် - ပိုးကောင်ဖမ်းငှက် လည်ပြာ

သွားရင်းလာရင်း … အောက်ချင်းငှက်မောင်နှံ … ညဖက်ကြီး ပိုးဖလံတွေ ထွက်စားနေကြတာ အမှတ်မထင် တွေ့လို့ ဓါတ်ပုံရိုက်ထားခဲ့မိတာ။ညအ...
12/08/2026

သွားရင်းလာရင်း … အောက်ချင်းငှက်မောင်နှံ … ညဖက်ကြီး ပိုးဖလံတွေ ထွက်စားနေကြတာ အမှတ်မထင် တွေ့လို့ ဓါတ်ပုံရိုက်ထားခဲ့မိတာ။

ညအမှောင်ထဲဆိုတော့ ပုံကတော့ ကြည်ကြည်လင်လင် မြင်ရမှာ မဟုတ်ဘူး … ကျွန်တော့်အတွက်တော့ အိပ်တန်းဝင်ချိန် ညအချိန်ကြီး ဒီလို တွေ့ခဲ့ရတာ အမှတ်တရတစ်ခုပါပဲ …. ❤️❤️❤️

ID - Oriental Pied Hornbill
မြန်မာအမည် - အောက်ချင်း

12/08/2026

အန္တရာယ် မပြုမှန်းသိ့တော့ … အနားကပ်ခံတယ် …. ဖုန်းနဲ့ Video ကပ်ရိုက်ထားတာ … ဒါတောင် ဆရာသမားက ပတ်ပြေးနေသေးတယ် … ❤️❤️❤️

ID - Common Myna
မြန်မာအမည် - ဆက်ရက်

တစ်ကောင်က ဆောင်းခိုဧည့်သည် … ကျန်တဲ့ တစ်ကောင်ကတော့ ဌာနေ …. ဘယ်ငှက်လေးက ဌာနေ ဖြစ်မလဲဆိုတာတော့ သိတယ် မဟုတ်လား။ဒီဓာတ်ပုံရို...
12/08/2026

တစ်ကောင်က ဆောင်းခိုဧည့်သည် … ကျန်တဲ့ တစ်ကောင်ကတော့ ဌာနေ …. ဘယ်ငှက်လေးက ဌာနေ ဖြစ်မလဲဆိုတာတော့ သိတယ် မဟုတ်လား။

ဒီဓာတ်ပုံရိုက်တဲ့ အချိန်က မနက်စောစော နေရောင် ကျတာလေးလဲ တော်တော်လှတယ်။ ငှက်ကိုပဲ အဓိကရိုက်ထားတော့ ပုံထဲမှာတော့ သိပ်မသိ့သာဘူး။ အပြင်မှာတော့ ရွှေရောင်လက်လက်ထပြီး တော်တော် လှတဲ့ မြင်ကွင်းလေးပါပဲ .… ကျွန်တော် မရိုက်တတ်တာလဲ ပါတာပေါ့ … ❤️❤️❤️

ID - Black-headed Ibis
မြန်မာအမည် - ခရုစုပ်ခေါင်းမည်း

ID - Little Egret
မြန်မာအမည် - ဗျိုင်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sa Oo Thu - Nature Galleryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Sa Oo Thu - Nature Gallery:

ทางลัด

แชร์

ประเภท