03/04/2025
🇬🇧 ယူကေအစိုးရမှ လက်ရှိဖြစ်ပေါ်နေသော ငလျင်ဒဏ်ပျက်စီးမှုများအတွက် အကူအညီများ ထပ်တိုးမြှင့်ခြင်း
ယူကေအစိုးရသည် Disasters Emergency Committee (ဘေးအန္တရာယ်များဆိုင်ရာ အရေးပေါ်ကော်မတီ) ၏ ရန်ပုံငွေကောက်ခံခြင်းအစီအစဥ်တွင် စတာလင်ပေါင် ၅ သန်း ထည့်ဝင်ကြောင်း ယနေ့ ကြေညာလိုက်သည်။
ယူကေအစိုးရသည် ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူများအတွက် စတာလင်ပေါင် ၁၀ သန်းကို ကနဦး ပံ့ပိုးပေးခဲ့ပြီးဖြစ်ရာ ယခုထပ်တိုး ရန်ပုံငွေအပါအဝင် စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း ကူညီထောက်ပံ့ထားပြီဖြစ်သည်။
ယူကေအစိုးရ၏ရန်ပုံငွေများသည် မြန်မာစစ်တပ်ထံသို့ စီးဆင်းခြင်းလုံးဝမရှိပါ။
ယူကေဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး Baroness Chapman က
“ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံက အကူအညီအလွန်အမင်းလိုအပ်နေတဲ့ ပြည်သူများအတွက် တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ပေးနိုင်ရန် Disasters Emergency Committee (ဘေးအန္တရာယ်များဆိုင်ရာ အရေးပေါ်ကော်မတီ) ရဲ့ ဆောင်ရွက်မှုများကို ပံ့ပိုးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။
“မငြိမ်မသက်မှုများကြား ကြံ့ကြံ့ခံနေထိုင်နေရတဲ့ မြန်မာပြည်သူများအတွက် အခုအကျပ်အတည်းက ဆင်းရဲဒုက္ခများထပ်တိုးစေကာ အရေးပေါ်အကူအညီများ ပိုမိုလိုအပ်စေပါတယ်။
“အစားအစာ၊ ရေနဲ့ နေထိုင်စရာ အမိုးအကာများအစရှိတဲ့ အရေးပေါ် ပစ္စည်းများ အပါအဝင် ယူကေအစိုးရရဲ့ အကူအညီများဟာ ငလျင်ဒဏ်အပြင်းအထန်ဆုံးခံရတဲ့ဒေသများသို့ ရောက်ရှိနေပြီဖြစ်ပါတယ်” ဟု ပြောကြားထားသည်။
UK ups support to Myanmar amid ongoing earthquake devastation
Today, the UK government has pledged a further £5m to match donations to the Disasters Emergency Committee appeal.
This brings total UK support during the crisis to £15m, following an initial commitment of up to £10m in the days following the earthquake.
No UK funding goes to the Myanmar regime.
UK Minister for Development Baroness Chapman said:
"The UK government is proud to support the Disaster Emergency Committee’s efforts to do more for people in desperate need in Myanmar.
For people already enduring so much turmoil, this crisis has only brought more suffering and urgent need to Myanmar.
UK support is already reaching hardest hit areas, supplying emergency items, including food, water and shelter.”