โทร เส้นทาง

Zay Phyo May May လက်လီလက်ကားဖြန့်ဖြူးရောင်းချလိုသူများလဲဖိတ်ခေါ်ပါတယ်ရှင့်

Myanmar နိုင်ငံက CM သမားများ Primary Location ကိုချိန်းချင်ရင် Service ခ 3**** mmk နဲ့ လိုချင်တဲ့နိုင်ငံရောက်အောင်တာဝန်ယူမှုအပြည့်နဲ့ချိန်းပေးပါတယ်ရှင့်
ချိန်းမယ်ဆို ချပေးထားတဲ့ Link ကို စိတ်ကြိုက်လာမေးပါရှင့် 👇👇👇👇👇

https://www.facebook.com/share/17

‼️ခုမနက်လေးတင်ဖြစ်သွားတာ ..အားလုံးသတိထားကျပါ‼️ဒီမနက်လေးတင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးမို့ ကျောင်းသားမိဘတွေ ...
15/08/2026

‼️ခုမနက်လေးတင်ဖြစ်သွားတာ ..အားလုံးသတိထားကျပါ‼️

ဒီမနက်လေးတင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးမို့ ကျောင်းသားမိဘတွေ အားလုံး ကြိုတင်သိရှိထားနိုင်အောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။ သားသမီးအပူဆိုရင် ဘာနဲ့မှမလဲနိုင်တဲ့ မိဘတွေရဲ့ စိတ်အားငယ်မှုကို အခွင့်ကောင်းယူသွားတဲ့ တကယ့်ကို ကြက်သီးထစရာ လိမ်လည်မှု လုပ်ရပ်တစ်ခုပါ။

ပြဿနာရဲ့ အစ (ရင်ထိတ်ဖွယ် ဖုန်းခေါ်ဆိုမှု)
ရုတ်တရက် ဖုန်းဝင်လာပြီး တစ်ဖက်ကနေ ကလေးအသံတိုးတိုးလေးနဲ့ "မေမေရေ မြန်မြန်လာပါ... သမီး ဗိုက်အရမ်းအောင့်နေလို့ပါ" ဆိုပြီး ငိုသံလေးနဲ့ စပြောပါတယ်။ "ဘယ်သူလဲ" မေးတော့ "သမီးလေ မေမေ... ဆရာမလည်း ပါတယ်" ဆိုပြီး ဖုန်းကို လွှဲပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ဆရာမဆိုသူက ကလေး အူအတက်ပေါက်လို့ အရေးပေါ် ခွဲစိတ်ရမယ်၊ အခု ကက်သလစ်ဆေးရုံ ဟိုဘက်ခြမ်းက 'မေတ္တာဆေးခန်း' မှာ တင်ထားတယ်လို့ အရေးတကြီး လှမ်းပြောပါတယ်။

အရေးပေါ် ငွေကြေး တောင်းခံလာခြင်း
အဲဒီနောက်မှာတော့ အရေးပေါ် ခွဲစိတ်ဖို့အတွက် Kpay အကောင့်နာမည် (SanSanYu) ဆီကို ငွေ (၁၀) သိန်း အခုချက်ချင်း လွှဲပေးဖို့ ဆက်တိုက် ဖိအားပေးလာပါတယ်။ ပိုက်ဆံ မလွှဲသေးဘူးလား ဆိုပြီး ဖုန်းတွေ ဆက်တိုက်ခေါ်လာတဲ့အတွက်၊ အချိန်ဆွဲတဲ့အနေနဲ့ Kpay ဆိုင်သွားနေကြောင်း ပြန်ပြောထားလိုက်ရပါတယ်။

မြေပြင်အခြေအနေနဲ့ တလွဲဖြစ်နေခြင်း
ဒီအချိန်မှာ အမျိုးသားဖြစ်သူက ဆေးခန်းကို အမြန်ပြေးသွားကြည့်တဲ့အခါ အဲဒီမနက်က အရေးပေါ် ခွဲစိတ်လူနာ လုံးဝ ရောက်မလာသေးကြောင်း သိလိုက်ရပါတယ်။ ဒါနဲ့ ဖုန်းထပ်ဆက်လာချိန်မှာ "ကလေး ဘယ်မှာလဲ၊ အခု မေတ္တာဆေးခန်းရှေ့ ရောက်နေပြီ" လို့ ပြန်ပြောလိုက်တဲ့အခါ၊ လိမ်လည်သူက စကားလွှဲပြီး "မေတ္တာဆေးခန်းက မနိုင်လို့ 'ငြိမ်းဆေးခန်း' ကို လွှဲလိုက်ပြီ" လို့ ထပ်လိမ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဖိအားပေး အကျပ်ကိုင်ခြင်း
ငြိမ်းဆေးခန်းက ဘယ်နားမှာလဲ သေချာမေးတဲ့အခါ လိပ်စာ အတိအကျ မပြောနိုင်ဘဲ၊ "ပိုက်ဆံ ၁၀ သိန်း လွှဲဖို့အရေး ဘာတွေဖြစ်နေတာလဲ၊ မိခင်စိတ် မရှိဘူးလား၊ ကလေး ခွဲကုတင်ပေါ် ရောက်နေတာတောင် ငွေလွှဲဖို့ ဘာဖြစ်နေတာလဲ" ဆိုပြီး ဒေါကြီးမောကြီးနဲ့ ပြန်ပြီး အပြစ်တင် ဖိအားပေးလာပါတယ်။

အမှန်တရား ပေါ်ပေါက်သွားခြင်း
နောက်ဆုံးမှာတော့ ကျောင်းအုပ်ဆရာမကြီးဆီ တိုက်ရိုက် ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးမြန်းလိုက်တဲ့ အခါမှာတော့... ကလေးဟာ အတန်းထဲမှာ အေးအေးဆေးဆေး စာသင်နေကြောင်း သိလိုက်ရမှပဲ ရင်ထဲက အပူမီးတွေ ငြိမ်းသွားခဲ့ရပါတယ်။ ကျောင်းကို ကိုယ်တိုင်သွားရောက် ကြည့်ရှုပြီး ကလေး ဘေးကင်းကြောင်း မျက်မြင်တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ကျောင်းထားတဲ့ မိဘတွေအနေနဲ့ အခုလို သားသမီးကို အကြောင်းပြပြီး အရေးပေါ် ငွေလွှဲခိုင်းတဲ့ ဖုန်းတွေ လာခဲ့ရင် ရုတ်တရက် မယုံကြည်ဘဲ၊ ကျောင်းကိုဖြစ်စေ၊ အတန်းပိုင် ဆရာမဆီကိုဖြစ်စေ အရင်ဆုံး ဆက်သွယ် အတည်ပြုကြဖို့ အထူးသတိထား ဆင်ခြင်နိုင်ကြပါစေ။

ပုသိမ်တွင် ပျော-က်ဆုံးသွားသော ဂျီတီအိုင်ဆရာမဟောင်း၏ ရုပ်အလော-င်းကို ရေထဲ၌ ပြန်တွေ့14 Aug 2026 By  Ko Myo/ MPAပုသိမ်မြို့...
15/08/2026

ပုသိမ်တွင် ပျော-က်ဆုံးသွားသော ဂျီတီအိုင်ဆရာမဟောင်း၏ ရုပ်အလော-င်းကို ရေထဲ၌ ပြန်တွေ့

14 Aug 2026 By Ko Myo/ MPA

ပုသိမ်မြို့တွင် ဈေးဝယ်ထွက်လာပြီးနောက် ပျော-က်ဆုံးသွားသည့် ဂျီတီအိုင်ဆရာမဟောင်း၏ ရုပ်အလော-င်း ကို ရေထဲ၌ ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။

ဩဂုတ်၄ရက်၊နံ နက်၁၀နာရီခွဲခန့်က ပုသိမ်ဈေးကြီးအနီးသို့ အထည်ဝယ်စရာရှိသဖြင့် နေအိမ်မှ ထွက်လာပြီးနောက် အဆက်အသွယ်မရတော့ဘဲ ပျော-က်ဆုံးခဲ့သော ဂျီတီအိုင်ဆရာမဟောင်း ဒေါ်အေးအေးမြင့်(၅၆နှစ်)၏ ရုပ်အလော-င်းကို မြောင်းမြမြို့နယ်အပိုင်၊ငမြင်းချောင်းအတွင်း တွေ့ ရှိခဲ့ကြောင်း ဆရာမ၏ တပည့်အချို့ထံက သိရသည်။

“မနေ့(ဩဂုတ်၁၃ရက်)က ရေထဲမှာ ပြန်တွေ့တာ။မိသားစုကို DB ကို အတည်ပြုပြီးပြီ။ဘာ့ကြောင့် အခုလိုမျိုး ဖြစ်ရသလဲဆိုတာကိုတော့ မသိရသေးဘူး”ဟု ဒေါ်အေးအေးမြင့်၏ တပည့်တစ်ဦးက MPA သို့ပြောသည်။

ဆရာမ ဒေါ်အေးအေးမြင့်သည့် မအူပင်ဂျီတီအိုင်(ECဌာန)နှင့် သန်လျင်ဂျီတီအိုင်(ECဌာန)တို့တွင် နှစ် များစွာကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒေါ်အေးအေးမြင့်သည် ပုသိမ်မြို့၊၃ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

ဒေါ်အေးအေးမြင့်၏ ရုပ်အလောင်းကို မြောင်းမြဆေးရုံကြီးတွင် ခွဲစိတ်စစ်ဆေးခဲ့ပြီး ယနေ့(ဩဂုတ် ၁၄ရက်)၌ ပုသိမ်မြို့တွင် မီးသင်္ဂြို-ဟ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#ပုသိမ်မြို့ #ဂျီတီအိုင်ဆရာမဟောင်း

Thanks for being a top engager and making it on to my weekly engagement list! 🎉 Thet Hnin Aye, Khin Mar Cho, Wyne Chit H...
14/07/2026

Thanks for being a top engager and making it on to my weekly engagement list! 🎉 Thet Hnin Aye, Khin Mar Cho, Wyne Chit Htoo, Nu Nu Kyawe

ကျေးဇူးအများကြီးတင်ပါတယ်🥰

မောနီးစောစီး အမြင်အာရုံစမ်းသပ်မယ်နော်ပုံလေးကိုထော-က် လက်လေးနဲ့ချဲ့ပြီးပုံထဲမှာ အကောင်လေးဘယ်နှစ်ကောင်လဲဘာကောင်လေးတွေလဲဆို...
08/07/2026

မောနီးစောစီး အမြင်အာရုံစမ်းသပ်မယ်နော်

ပုံလေးကိုထော-က် လက်လေးနဲ့ချဲ့ပြီး

ပုံထဲမှာ အကောင်လေးဘယ်နှစ်ကောင်လဲ

ဘာကောင်လေးတွေလဲဆိုတာ ကြည့်ပြီး

ပုံအောက်မှာ မန့်ခဲ့ပေးကြပါနော်

ဒီ page လေး Followers 1k ပြည့်ချင်လို့ Follow ေလးလဲလုပ်ပေးခဲ့ကြပါဦးနော်🥰

သင်္ချာဘယ်သူတော်လဲ စမ်းကြည့်မယ်နော်ကိန်းဂဏန်းအသီးသီးမှာ အဖြေရှိတယ်နော်ဒါဆို ❓ ပြနေတဲ့ 5+6 ရဲ့ ပေါင်းခြင်းအဖြေကဘာလဲ❓ #ဉာဏ...
07/07/2026

သင်္ချာဘယ်သူတော်လဲ စမ်းကြည့်မယ်နော်

ကိန်းဂဏန်းအသီးသီးမှာ အဖြေရှိတယ်နော်

ဒါဆို ❓ ပြနေတဲ့ 5+6 ရဲ့ ပေါင်းခြင်းအဖြေကဘာလဲ❓

#ဉာဏ်စမ်းမေးခွန်း
#ပဟေဠိ

တိရိစ္ဆာန်တွေကို ကျွေးမွေးစောင့်ရှောက်တဲ့အခါ သူတို့ဆီကနေ ရာထူး၊ ဓန၊ အဆင့်အတန်း ဒါမှမဟုတ် ကျေးဇူးပြန်ဆပ်တာမျိုးကို မျှော်...
05/07/2026

တိရိစ္ဆာန်တွေကို ကျွေးမွေးစောင့်ရှောက်တဲ့အခါ သူတို့ဆီကနေ ရာထူး၊ ဓန၊ အဆင့်အတန်း ဒါမှမဟုတ် ကျေးဇူးပြန်ဆပ်တာမျိုးကို မျှော်လင့်လို့မရပါဘူး။ အဲဒီလို ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ ပေးကမ်းတတ်တဲ့အကျင့် စိမ့်ဝင်နေသူဟာ လူသားအချင်းချင်း ဆက်ဆံတဲ့အခါမှာလည်း အတ္တကင်းကင်းနဲ့ ကူညီတတ်၊ ညှာတာတတ်တဲ့ စရို-က်ရှိလာပါတယ်။

မိမိထက် အင်အားနည်းတဲ့ သတ္တဝါတွေကို မညှ-ဉ်းဆဲဘဲ ကာကွယ်စောင့်ရှောက်တတ်သူဟာ မိမိထက် နိမ့်ကျသူ၊ အားနည်းသူ (ဥပမာ- ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ နွမ်းပါးသူများ) ကို နှိ-မ်ချဆက်ဆံတာ၊ ဖိနှိ-ပ်တာမျိုး ဘယ်တော့မှ မလုပ်ပါဘူး။ သူတို့ရဲ့ စိတ်အခြေခံက "အားနည်းသူကို ဖေးမခြင်း" ဖြစ်လို့ လူ့အဖွဲ့အစည်းအတွင်းမှာလည်း မှီခိုအားထားရသူတွေ ဖြစ်လာတတ်ပါတယ်။

တိရိစ္ဆာန်တွေဟာ လူတွေလို စကားမပြောတတ်တဲ့အတွက် သူတို့ရဲ့ လိုအပ်ချက်ကို နားလည်ဖို့ စိတ်ရှည်မှု အများကြီး လိုအပ်ပါတယ်။ ဒီလို သတ္တဝါလေးတွေအပေါ် စိတ်ရှည်သည်းခံတတ်တဲ့အကျင့်ဟာ လူသားအချင်းချင်း ဆက်ဆံတဲ့အခါမှာလည်း အမှားအယွင်းတွေကို ခွင့်လွှတ်ပေးနိုင်စွမ်း၊ အမြင်မတူတာတွေကို နားလည်ပေးနိုင်စွမ်းအဖြစ် ပြောင်းလဲသွားပါတယ်။

တိရိစ္ဆာန်လေးတွေကို ကြင်နာတတ်တဲ့ စိတ်နှလုံးဟာ လူသားဆန်မှု (Humanity) ရဲ့ အစပျိုးခြင်း ဖြစ်ပါတယ်။ "သတ္တဝါတွေကို သနားတတ်မှ၊ လူကိုလည်း ညှာတာတတ်မယ်" ဆိုတဲ့ စကားအတိုင်း နူးညံ့နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်တွေဟာ မိမိပတ်ဝန်းကျင်က လူသားအချင်းချင်းကိုလည်း ကိုယ်ချင်းစာတရားနဲ့ နွေးထွေးမှုတွေ အမြဲမျှဝေပေးနိုင်သူများ ဖြစ်ကြပါတယ် ။



#တိရိစ္ဆာန်လေးတွေကို
#ကြင်နာတတ်တဲ့နှလုံးသားနဲ့
#ချစ်ပေးပါ

စပိန်အသင်းကို မိနစ် ၉၀ အတွင်းဂိုးမပေးရအောင်ကစားခဲ့တယ် ။ ကမ္ဘာ့ဖလား ၂ ကြိမ်ရဖူးတဲ့ Uruguay အသင်းကို ချေပဂိုး ၂ ဂိုးပြန်သွ...
04/07/2026

စပိန်အသင်းကို မိနစ် ၉၀ အတွင်းဂိုးမပေးရအောင်ကစားခဲ့တယ် ။
ကမ္ဘာ့ဖလား ၂ ကြိမ်ရဖူးတဲ့ Uruguay အသင်းကို ချေပဂိုး ၂ ဂိုးပြန်သွင်းပြီး သရေရလဒ်ယူဆောင်ခဲ့တယ် ။
အာဂျင်တီးနားလို လက်ရှိချန်ပီယံအသင်းကို ၂ ကြိမ်တိုင် နောက်ကနေချေပဂိုးပြန်သွင်းပြီး အချိန်ပိုထိရောက်အောင် ကစားခဲ့တယ် ။
မိနစ် ၉၀ အတွင်းမှာ ဘယ်အသင်းကိုမှ မရှုံးနိမ့်ခဲ့ဘူး ။
ဂိုးသမားကြီး ဗိုဇင်ညာ နာမည်ကျော်ခဲ့သလို ကစားသမားအချို့ကိုလည်း European အသင်းတွေက စိတ်ဝင်စားနေလောက်ပါပြီ ။

ကိပ်ဗာဒီအသင်းရဲ့ ကမ္ဘာ့ဖလားခရီးစဉ်ကတော့ ဒီကနေ့မနက်မှာ ပြီးဆုံးသွားခဲ့ပါပြီ ။ ဒါပေမယ့် သူတို့အကြောင်းကိုတော့ အချိန်အတန်ကြာတဲ့အထိ ပြောဖြစ်နေဦးမှာပါ ။

ကျေးဇူးတင်ပါတယ် ကိပ်ဗာဒီ ၊ ပြန်လည်ဆုံတွေ့ကြပါစို့ . . .


#ကိပ်ဗာဒီအသင်း

ที่อยู่

Samut Prakn
Bangkok
10130

เบอร์โทรศัพท์

+959790539403

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Zay Phyo May May โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์