ZPA Gallery

ZPA Gallery ငါတို့ဟာ
ပိုကောင်းတဲ့အရာနဲ့ထိုက်တန်တဲ့အခါ
ဘုရားသခင်ဟာ
‌‌တောင်းဆုတွေကို မျက်ကွယ်ပြုတယ်။

-သွယ်မြိတ်

ဘယ်ဘဝကပဲလာလာလောကထဲဝင်လာရတဲ့အခါအဖော်မပါဘူးကိုယ်တစ်ယောက်တည်းပဲဘယ်သူတွေကိုယ်အနားမှာပဲရှိရှိဝေဒနာတွေခံစားရတဲ့အခါကိုယ့်အစားကူ...
16/06/2026

ဘယ်ဘဝကပဲလာလာ
လောကထဲဝင်လာရတဲ့အခါ
အဖော်မပါဘူး
ကိုယ်တစ်ယောက်တည်းပဲ

ဘယ်သူတွေ
ကိုယ်အနားမှာပဲရှိရှိ
ဝေဒနာတွေခံစားရတဲ့အခါ
ကိုယ့်အစားကူပြီးခံစားပေးလိုမရဘူး
ကိုယ်တစ်ယောက်တည်းပဲခံစားရတယ်

ဘယ်သူတွေ
ကိုယ့်အပေါ်ဘယ်လောက်ပဲကောင်းကောင်း
အဆင်မပြေဖြစ်လာတဲ့အခါ
ဒုက္ခမှန်သမျှကျော်ဖြတ်ရတဲ့အခါ
ကိုယ်တစ်ယောက်တည်းပဲ

ဘယ်သူတွေ
ဘယ်လောက်ပဲနားလည်ပေးပေး
စိတ်ဆင်းရဲမှုတစ်ခုကြုံတွေ့ရတဲ့အခါ
ခံစားသမျှနာကျင်ရတာ
ကိုယ်တစ်ယောက်တည်းပဲ

ဘယ်သူတွေ
ဘယ်လောက်ပဲချစ်ချစ်
ရေစက်ပါလိုဆုံကြတာပဲရှိမယ်
အချိန်တန်လိုခွဲခွါတဲ့အခါကျန်ခဲ့ရတာ
ကိုယ်တစ်ယောက်တည်းပါပဲ

ဘယ်သူတွေနဲ့ပဲလျှောက်ခဲ့၊လျှောက်ခဲ့
လမ်းကြုံလိုခရီးဆုံခဲ့တာပဲရှိမယ်
ခရီးဆုံးတဲ့အခါကိုယ်တစ်ယောက်တည်းပဲ

ဒါကြောင့်
တစ်ခြားသူတွေကို
အရမ်းကြီးမှီခိုဖိုလည်းမကြိုးစားပါနဲ့
ကိုယ့်စိတ်နဲ့အတူတူပဲဆိုပြီး
အရမ်းကြီးလည်းမယုံလိုက်နဲ့

တစ်ယောက်တည်းဆိုပြီး
အားငယ်စိတ်လည်းမဝင်လိုက်နဲ့
ချန်ထားခံခဲ့ရလိုလည်း
ဝမ်းနည်းမနေနဲ့

အချိန်တန်ရင်
ကိုယ်တစ်ယောက်တည်းပါပဲဆိုတဲ့
အမှန်တရားကိုလက်ခံနိုင်ဖိုကြိုးစားပါ

HAPPY BIRTHDAY TO ME

ဆေးကရက်မီးညှိတာကအစ ကဗျာဆန်နေတဲ့ကမ္ဘာမှာရေများများသောက်ပါ လေကောင်းလေသန့်ရှူရှိက်ပါအဆုံးစီရင်သွားတဲ့လူငယ်တွေအကြောင်းမေ့မေ့...
16/06/2026

ဆေးကရက်မီးညှိတာကအစ
ကဗျာဆန်နေတဲ့ကမ္ဘာမှာ
ရေများများသောက်ပါ
လေကောင်းလေသန့်ရှူရှိက်ပါ
အဆုံးစီရင်သွားတဲ့လူငယ်တွေအကြောင်း
မေ့မေ့ပျောက်ပျောက်နေပါ
ဟိုရောက်ဒီရောက်စာတွေ ချရေးပါ ။

#မာဂရက်

16/06/2026

လာမယ့်ဘေးတွေချည်းပဲ
ဘာလို့ပြေးတွေ့နေမှာလဲ ။

- အောင်ခိုင်မြတ်

လူတွေဟာ မျှော်လင့်ချက်နဲ့အသက်ရှင်နေကြတယ်။မျှော်လင့်ချက် ဆိုတာက မနက်ဖြန် ပေါ့။တကယ်တော့ မနက်ဖြန် ဆိုတာလည်းအကောင်အထည် မဲ့ လ...
15/06/2026

လူတွေဟာ မျှော်လင့်ချက်နဲ့
အသက်ရှင်နေကြတယ်။
မျှော်လင့်ချက် ဆိုတာက မနက်ဖြန် ပေါ့။
တကယ်တော့ မနက်ဖြန် ဆိုတာလည်း
အကောင်အထည် မဲ့ လှပါတယ်။
ကနေ့မှာ ပျော်ရတာဟာ မနက်ဖြန်ကို
မျှော်ရတာထက် အဓိပ္ပာယ်ရှိပါတယ်။ ။

-ဖော်ဝေး

14/06/2026

ခေတ်ကြီးကြောင့်အိမ်နဲ့ဝေးဝေးလာခဲ့ရ
ခေတ်တိုင်းမှာလည်းအိမ်ပြန်နောက်ကျခဲ့တဲ့
သားမိုက်တွေပေါ့ ။

ကျွန်တော်သာ ငှက်ကလေးဖြစ်ခဲ့ရင်လေ
ဒီခေတ်ကြီးထဲက ထပျံလိုက်တယ် ။ ။

- နွေသွေးညို

တစ်ယောက်ယောက်မရှိလို့ မဖြစ်တဲ့ကမ္ဘာဆိုတာတော့ မရှိပါဘူး၊ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါတစ်ယောက်​ယောက်ရဲ့ ကမ္ဘာဟာချောက်...
14/06/2026

တစ်ယောက်ယောက်မရှိလို့
မဖြစ်တဲ့ကမ္ဘာဆိုတာတော့ မရှိပါဘူး၊
ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ
တစ်ယောက်​ယောက်ရဲ့ ကမ္ဘာဟာ
ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး...။

▪️ခွန်းညိုသွေး

13/06/2026

ကျိုက္မရော မြို့
အထက ကျောင်း ❤

13/06/2026

နေကောင်းအောင်နေပါ မာရီယာ
နေမကောင်းရင် ကမ္ဘာကြီးက
မင်းကို မောင်းထုတ်ကြလိမ့်မယ်

လူတွေချစ်တယ်ဆိုတာက
သူတို့ကို မထိခိုက်သရွေ့ပဲမဟုတ်လား...။

-မင်းခိုက်စိုးစန်

13/06/2026

ဘယ့်လောက်ပဲနှေးနှေး
ဆက်လျှောက်နေဖို့ပဲလိုတာပါ၊
မရပ်တန့်လိုက်ဖို့ပါပဲ။

ကွန်ဖြူးရှပ်

Address


Telephone

+66659328721

Website

Alerts

Be the first to know and let us send you an email when ZPA Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Photography Service?

Share