Saw War Phyu 하얀색 စောဝါးဖြူ

Saw War Phyu 하얀색 စောဝါးဖြူ ✨️🧘‍♂️✨️

09/07/2026
05/07/2026
05/07/2026

ဘာမှ မရှိခင်မှာ စိတ်ရှည်ပြီး စောင့်မျှော်ပါ။အရာရာ ရှိပြီးသွားရင် စိတ်နေစိတ်ထားကို အထူး သတိပြုပါ။

🔺 စိတ်ရှည်ခြင်း (Patience)

ဘာဆို ဘာမှ မရှိခင် စိတ်ဓာတ်ကျမယ်၊ကြိုးစားလိုစိတ် လျှော့လာမယ်၊ရှင်သန်လိုစိတ် ပျောက်လာမယ်။ဘဝအပေါ် ရည်မှန်းချက်ကြီးတဲ့လူတွေ၊လောဘကြီးတဲ့လူတွေ
အများအားဖြင့် ခုလို ခံစားရတယ်။
တချို့လည်း ဘဝကို ရောင့်ရဲကျေနပ်တတ်ရင် စိတ်ပူလောင်မှု
ဒီလောက် မခံစားရဘူး။
ကျေနပ်ရောင့်ရဲလွယ်ရင်လည်း
မကောင်းသလို လောဘကြီးလွန်ရင်လည်း မကောင်းပြန်ဘူး။
ကြိုးစားတာ ဖြစ်မြောက်လာဖို့
အချိန်တော့ ပေးရတယ်။ပန်းတစ်ပွင့် လှပစွာ ဖူးပွင့်လာဖို့ သူ့အချိန်တော့ စောင့်ရတယ်။ရေတွင်းထဲက
ရေကြည်သောက်ရဖို့ ရေနှောက်ကို
အရင်ဆုံး ကုန်အောင် စုပ်ထုတ်ရတယ်။

ထိုနည်းတူ ဘဝမှာ လိုချင်တာရဖို့
အချိန်လိုတယ်။စိတ်ရှည်ရတယ်။
ကောင်းတဲ့အရာအားလုံးက အချိန်ယူတတ််တယ်။စောင့်ရချိန်မှာ
စောင့်မှ စောင့်ရကျိုးနပ်လိမ့်မယ်။
လုံ့လရှိပါ၊သည်းခံပါ၊စိတ်ရှည်ပါ။

🔺 စိတ်နေစိတ်ထား (Attitude)

လိုချင်တာ တစ်ခုပြီးတစ်ခု ရလာတဲ့အခါ၊အစစအရာရာ အဆင်ပြေလာတဲ့အခါ၊ငွေရေးကြေးရေးကအစ
အဖက်ဖက်မှာ အဆင်ပြေ အောင်မြင်လာတဲ့အခါ စိတ်ထား၊ကိုယ်အနေအထား အထူးသတိပြုရတယ်။
မာနထောင်လွှားခြင်း၊မောက်မာခြင်း၊ကြွားဝါခြင်း၊အထင်ကြီးခြင်း
ဒါတွေ မလုပ်မိဖို့ လိုတယ်။
လူရဲ့ သဘော သဘာဝက နည်းနည်းဆိုတာနဲ့ ကြွားဝါမယ်၊အထင်ကြီး
စိတ် ဝင်လာမယ်။
ဒီအစား နှိမ့်ချတတ်တဲ့စိတ်နှလုံး
ရှိရတယ်။ကိုယ့်ကို ဟုတ်လှပြီ ထင်လာရင် လောကဓံရှစ်ပါးကို
ပြန်လည် နှလုံးသွင်းပါ။
လူအများစု အောင်မြင်မှုဒဏ်ကို
မခံနိုင်တာက နှိမ့်ချတဲ့စိတ်မရှိလို့ပါ။အပေါ်ရောက်ဖို့ ခက်သလောက်အောက်ကို ပြန်ကျဖို့ သိပ်လွယ်တယ်။

နှိမ့်ချခြင်းဖြင့် အောင်မြင်ပါ။
အောင်မြင်မှုဒဏ်ကို ခံနိုင်ရည်ရှိပါ။

ဘဝမှာ လိုချင်တာ မရတဲ့အခါ
သူ့အချိန် မရောက်သေးလို့ပါ။
အချိန်ကောင်း ရောက်လာဖို့ စိတ်ရှည်ပါ။လိုချင်တာ ရလာတဲ့အခါ မိမိရဲ့စိတ်နေစိတ်ထားကို အထူးဂရုစိုက်ပါ။

#နူးနူးအောင်

ที่อยู่

Thai
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Saw War Phyu 하얀색 စောဝါးဖြူผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท