NIE Freelance Creator // Artist

Title - အချစ် အစမှာတွေ့တော့ ငါ့မှာငေးမောမင်းမျှကာပေးတဲ့အရသာလေးကိုအရသာတွေ့တော့ခဏတာလေးကို ဘဝပါပေးညမှဆွေးတဲ့ lil’Z သီချင်းလ...
16/03/2026

Title - အချစ်

အစမှာတွေ့တော့ ငါ့မှာငေးမော
မင်းမျှကာပေးတဲ့အရသာလေးကိုအရသာတွေ့တော့
ခဏတာလေးကို ဘဝပါပေး

ညမှဆွေးတဲ့ lil’Z သီချင်းလို မင်းကိုတစ်ညမှမမေ့
အလှအပအလေးတွေမှရွေးချစ်တဲ့မင်းကတော့
ငါ့လိုအညတရလေးကို ပြသွားတဲ့ပညာ ပါးပါးလေး

တစ်ကယ်ဆိုလူ့ဘဝမှာကြုံသမျှက အတွေ့အကြုံဆို
မင်းနဲ့ဆုံခဲ့တာလေးက ငါ့ဘဝရဲ့အလှအပတစ်ကွေ့
နူးညံ့မှူတွေနဲ့ အတူမင်းထားသွားလိမ့်မယ်လို့
ငါမတွေးခဲ့မိတဲ့ အမှားများနဲ့အတိတ်

ရသမျှစိတ်ဒဏ်ရာတွေကို သိမ်းကြုံးပစ်
ခံစားချက်တွေနောက်မလိုက်ပဲအဝေးထိရွက်လွင့်
မင်း သိလာမှာပေါ့တစ်နေ့မှာတော့အချစ်ရဲ့ခက်ဆစ် NIE

တိမ်လိုလူ နေလိုပူတဲ့စိတ်တွေနဲ့ ငါ့ခန္ဓာဟာအထာမကျဥယျာဥ်မှူးတွေစိတ်ရှည်ရှည်နဲ့ပျိုးခဲ့လည်းဒီအပင်ဟာသန်မလာပါဓာတ်စာမကျတဲ့ ခွက်...
12/02/2026

တိမ်လိုလူ နေလိုပူတဲ့စိတ်တွေနဲ့
ငါ့ခန္ဓာဟာအထာမကျ

ဥယျာဥ်မှူးတွေစိတ်ရှည်ရှည်နဲ့ပျိုးခဲ့လည်း
ဒီအပင်ဟာသန်မလာပါ

ဓာတ်စာမကျတဲ့ ခွက်ပမာဏစာ
နေ့မြင်ညပျောက်ကမ္ဘာအောက်
ငါ ပျောက်ကွယ်မယ့်နေ့ကိုသာစောင့်

တခါပဲရောက်မယ့် ဒီသိုးအုပ်ထဲ
ငါအနောက်လှည့်သာလျှောက်

နုပျိုမှူကစွမ်းအင်တစ်ခုဆို
ငါ့စွမ်းအင်ဟာငါ့ကိုငါတောင်မသမာ

တခါတလေငါဆဲမိမယ် သို့ပေမယ့်
ငါမလိမ်ပါအမြဲ ရှာဖွေကာဖြဲကြည့်ကြေးဆို
နာကျင်တာအထဲထိတယ် ချစ်လို့ရူးရင်လည်းငရဲကြီးမယ်

အဖန်တရာကြံကာခဲ ကြမ္မာငင်တာနဲ့
ခွါတွေပါပြဲ
အရာထင်ပါရဲ့ မှတ်ဥာဏ်မပါတော့
ဂါနေဂါဆဲ NIE

တချိန်တခါက ကျား/မ မရွေး မင်းတို့စိတ်ကျေနပ်အရေး ငါ့မှာဓာတ်ပုံလေးတွေရိုက်ပေးစိတ်ရှည်ခြင်းဆိုတာငါ့ခန္ဓာမှာကပ်မနေ သို့ပေမယ့်...
29/01/2026

တချိန်တခါက ကျား/မ မရွေး
မင်းတို့စိတ်ကျေနပ်အရေး ငါ့မှာဓာတ်ပုံလေးတွေရိုက်ပေး

စိတ်ရှည်ခြင်းဆိုတာငါ့ခန္ဓာမှာကပ်မနေ သို့ပေမယ့်
ဓာတ်ပုံရဲ့ အငွေ့အသက်တွေငါ့ရဲ့စိတ်ကိုဆွဲဆန့်နေ

အခုငါခံစားနေတဲ့ မနေ့ကညနေ စီးကရက်ရှိုက်ရင်း
စာတစ်ပိုဒ်လောက် ဆက်ဖို့ဝန်မလေး

လူ့ဘဝကိုဆန့်ကျင်ရအောင် မင်းနဲ့ငါလည်း
ငရဲမကပ်ချင် ဆက်ဒိုးနေဆဲပေါ့ ငါတို့ဘဝရွက်လှေ

NIE

မြို့ပြရဲ့အလင်းရောင်တွေကြား အမှောင်တံခါးများဖွင့်လျက်သားအို.. ဘဝ ကြုံသမျှ အစုံမလှလည်းကိုယ့်အိပ်မက်ကိုယ် ပုံချ ယုံထားမယ်တ...
01/01/2026

မြို့ပြရဲ့အလင်းရောင်တွေကြား
အမှောင်တံခါးများဖွင့်လျက်သား

အို.. ဘဝ ကြုံသမျှ အစုံမလှလည်း
ကိုယ့်အိပ်မက်ကိုယ် ပုံချ ယုံထားမယ်

တခါတလေကျ ပတ်ဝန်းကျင်ကလှောင်ကြမယ်
ဒါဘဝပဲ အထာကျချင် အဲ့ကောင်တွေဘက်ယောင်မသွားနဲ့

🛹Godz Garden
©️NIE

ခေါင်းစဥ် - အတိုအစများနေ့စဥ်မနက်အိပ်ရာကနိုးလာတယ် အသက်ရှူသွင်းရှူထုတ်နေသေးတယ် မနက်အိပ်ရာသိမ်းနိုင်သေးတယ်ဟော... မနက်စာလည်း...
30/12/2025

ခေါင်းစဥ် - အတိုအစများ

နေ့စဥ်မနက်အိပ်ရာကနိုးလာတယ်
အသက်ရှူသွင်းရှူထုတ်နေသေးတယ်
မနက်အိပ်ရာသိမ်းနိုင်သေးတယ်
ဟော... မနက်စာလည်းစားနိုင်ပြန်ပါရောလား
တန်ပါတယ်ဗျာ
စားဝတ်နေရေးအတွက်လည်း အလုပ်ရှိပြန်တယ်
အချို့အချို့ကတော့ ညဘက် လက်ဖက်ရည်ဆိုင်ထက်
ပိုသောဆိုင်တွေလည်းထိုင်နိုင်ပါသေးတယ်

အပေါ်ကအချက်သေးသေးတွေက ဒီနေ့ခေတ်မှာ
ကျွန်တော်တို့ အခြေခံလူတန်းစားဘဝအလွှာရဲ့
သာမန်နေ့ရက်များသာဖြစ်ပါတယ် သို့ပေမယ့်
သတိပြုစရာက မနက်နိုးတည်းက မိတ်ဆွေ
အောင်မြင်တာပါ

ပျောက်ကွယ်လိုက် အသစ်တိုးလာလိုက်လည်ပတ်တဲ့
ယန္တရားကြီးမှာ သားရဲတွေပေါလို့ သားရဲချည်း
အုပ်စိုးနိုင်တာသဘာဝပါ သင်ကိုယ်တိုင် သားကောင်
မဖြစ်သ၍ မစာနာတာဟာ ဓမ္မတာဖြစ်ပြန်ပါတယ်

မပြောလိုပေမယ့်ပြောရပါမယ် အနီးအနားမှာတင်
ဘာမျှမသိပဲ မမျှော်လင့်ပဲ ဘဝပြောင်းသွားတဲ့
သားကောင်တွေရှိခဲ့သလိုဒါဟာရှိမြဲပါ

ကိုယ်ဝါသနာပါတဲ့ဘဝကိုရွေးချယ်သူတွေဟာ
ကိုယ်မလုပ်ချင်တာကိုလုပ်ရတဲ့သူတွေထက်
ပိုတော်မနေပါဘူး
ကိုယ်ရောက်တဲ့နေရာမှာကိုယ်ပျော်ရင် အဲ့သူပဲ
သေချာပေါက် ထက်မြက်လာမှာပါ

ချစ်သောသူငယ်ချင်းမိတ်ဆွေများ အတွက်
တတ်သလောက်မှတ်သားမိသေးသလောက်မျှဝေပါတယ်

©️NIE


ငါ့ရဲ့နေ့ရက်တွေ အရင်လိုမတောက်ပ ရောက်ရာအရပ်ကမင်းကိုမျက်နှာမူပြီး လမ်းတွေလျှောက်တာခက်ခေါင်းမာတတ်တဲ့ ငါ့ရဲ့ အချိုးကမပြောင်း...
11/12/2025

ငါ့ရဲ့နေ့ရက်တွေ အရင်လိုမတောက်ပ

ရောက်ရာအရပ်ကမင်းကိုမျက်နှာမူပြီး လမ်းတွေလျှောက်တာခက်

ခေါင်းမာတတ်တဲ့ ငါ့ရဲ့ အချိုးကမပြောင်းလဲ
မင်းမရှိတော့ ငါ့ရဲ့ညတွေ ဖြစ်ပြီ ေ*ာက်တလွဲ NIE

အသက်အသက်က ဘာဖြစ်မလဲ ????? အသိစိတ် ( Consciousness ) မသိစိတ်  ( unconsciousness ) *( preconscious ) သတိမမူမိသော်လည်း ပြန်...
27/11/2025

အသက်

အသက်က ဘာဖြစ်မလဲ ?????

အသိစိတ် ( Consciousness )
မသိစိတ် ( unconsciousness )
*( preconscious ) သတိမမူမိသော်လည်း ပြန်လည်အမှတ်ရနိုင်သော စိတ်အခြေအနေ

ဒီအရာတွေကိုယှက်သန်းသွားလာနေတာများ
နုယွလိုက် ခက်ထန်သွားလိုက် ၊ အနှိမ့်အမြင့်အစုံကို
ဖြတ်ပြီး ၊ ဖြတ်ဆဲ ၊ ဖြတ်ဖို့ အသက်ထဲကျနော်တို့ဝင်ခဲ့ပြီး
ခရီးဆက်နေကြတယ်

ရှင်သန်ခြင်းကအသက်ဖြစ်သလို
သေဆုံးခြင်းလည်းအသက်ပဲ

တိုမလား ကြာရှည်မလား ဘယ်သူမှသေချာ
မသိပေမယ့် ပုံစံအမျိုးမျိုးရှေ့ဆက်လိုက်ပျောက်ကွယ်လိုက်ပဲ

အတွေးမတူပန်းကန်ပူတဲ့ခေတ်ကို မင်းနဲ့ငါ အသက်ဆက်နေရတယ်
မင်းလည်းသွေးမနည်းသလိုငါလည်းထပ်တူပါပဲ

အသက်ဆိုတာဘာလဲ ??
လူအမျိုးမျိုး
အဖြေအမျိုးမျိုးရှိမှာပါ

အသက်ဝင်လာတည်းက မထွက်ခင်ထိ 
ဘာလုပ်ခဲ့သလဲ ဘာလုပ်နေလဲ ဘာလုပ်မှာလဲ
ခဏလောက် တွေးကြည့်မယ်ဆိုရင်ရော ...

NIE

အသက်အသက်က နှလုံးကလည်းမဟုတ်ဦးဏှောက် ခန္ဓာအစိတ်အပိုင်းများလည်းမဟုတ်သွေးကြောထဲကလည်းမဟုတ်အသက်က ငါတို့မွေးတည်းကကပ်ရပ်လေးသယ်ပ...
26/11/2025

အသက်

အသက်က နှလုံးကလည်းမဟုတ်
ဦးဏှောက် ခန္ဓာအစိတ်အပိုင်းများလည်းမဟုတ်
သွေးကြောထဲကလည်းမဟုတ်

အသက်က ငါတို့မွေးတည်းက
ကပ်ရပ်လေးသယ်ပိုးခိုင်းတဲ့နံပါတ်လေးမဟုတ်သလို
အသက်ကငါမရှင်ချင်တိုင်းလည်းသေမှာမဟုတ်

အသက်ဆိုတဲ့စကားလုံးအဓိပ္ပါယ်အတိမ်အနက်က

မင်းနှင့်ငါ

ဒီကမ္ဘာမြေပေါ် ဝင်ရောက်လာပြီးမှ အဓိပ္ပာယ်စရှိ

ငါတို့အားလုံးဒီလိုပဲ ဝင်မှန်း သိ မသိ

ငါနှင့်မင်း မသိ

ငါတို့မထွက်ခွါချင်လည်း ထုတ်ယူခံရမှာ

အသက်က ဘာဖြစ်မလဲ ??

NIE

ခေါင်းစဥ်- အသိုက်အဝန်းအတောင်ပေါက်ကာစ ငှက်ငယ်လေးဘဝက လေဟုန်အဆန်ပြန်တက်ချင်ဇောနဲ့ ဆီပေပါတစ်ခုထဲပြုတ်ကျခဲ့ဖူးတယ်ဆီတွေပေကျံလေ...
17/11/2025

ခေါင်းစဥ်- အသိုက်အဝန်း

အတောင်ပေါက်ကာစ ငှက်ငယ်လေးဘဝက
လေဟုန်အဆန်ပြန်တက်ချင်ဇောနဲ့ ဆီပေပါတစ်ခုထဲပြုတ်ကျခဲ့ဖူးတယ်

ဆီတွေပေကျံလေးလံနေသော တောင်ပံနုလေးတွေ
လက်ရည်သွေးကာစကဆို ဝဲမပျံနိုင်တဲ့ ကြက်လေးတွေက အကြိမ်ကြိမ် အခါခါ စောင့်ကြည့် လှောင်ရယ် နေတတ်တယ်
တနေ့ကျ ကြက်တစ်ကောင် အစာဝတော့ ကြက်ပါးဝပြီး
ယှဥ်ပျံကြမလေတဲ့ ဪခက်ပါရဲ့ ကိုရွှေကြက်ရယ် မတတ်နိုင်တဲ့အဆုံး
အနုနည်းဖြင့်ပညာသားပါပါ ညာစားလိုက်ရတာပေါ့

အတောင်ကောင်းလို့ဆောင်းခိုကောင်းတုန်း
ကျီးတစ်ကောင် ဒေါင်းယောင်ဆောင်လို့ ကောင်းစ
ပျော်မြူးစမှာ တစ်ကွက် က ပြတော့
ဆီပေပါထဲကျဖူးတဲ့ကိုယ့်အဖြစ်တောင်
ပြန်တမ်းတမိတယ်
ဇော လေ ဇောကပ်တယ်ပဲ ပြောရမှာပေါ့

နှလုံးတည်ငြိမ်ဖို့ ဘာလိုတယ်မှတ်လဲ ကိုယ်ဘာငှက်လဲကိုယ်သိဖို့ပဲ လိုတယ်မှတ်တယ်ဗျာ

Copyrighted artwork by NIE

Title - ခရီးသည် ဤကမ္ဘာသား၌ ခိုလုံစရာရင်ခွင် မရှိရယ်သံပြန့်ပြန့်ပုံရိပ်တိုင်းကိုမှတ်မိ ခံစားချက်မှာကား ဗလာနတ္တိအစင်းသာလှပ...
07/09/2025

Title - ခရီးသည်

ဤကမ္ဘာသား၌ ခိုလုံစရာရင်ခွင် မရှိ

ရယ်သံပြန့်ပြန့်ပုံရိပ်တိုင်းကိုမှတ်မိ
ခံစားချက်မှာကား ဗလာနတ္တိ

အစင်းသာလှပြီး အတွင်းမှာကြေမွပျက်စီး

အက်ကွဲခဲ့သည့်ဆက်ဆံရေးများ အတိတ်မှာအနာရှိ

ပျောက်ကွယ်ရမည့်ခရီးသည်တစ်ဦးအတွက် သတင်းပါလာ၏

သတင်းစာ၏နောက်ဆုံးစာမျက်နှာသာကြည့်

အမြဲအမှတ်ရနေမည်ဆိုသူများ
တစ်ယောက်မှပေါ်မလာဘိ ။

ရက်သတ္တပတ်မျှကြာလေပြီ
ထိုသတင်းစာအဘယ်မှာရှိ ?

ထိုသူများရော အလွမ်းကျန်ပါ၏လော ? ?

Copyrighted by NIE

“ စိတ်အလိုကျရှင်သန်ကြည့်တော့မှမင်းသိမယ် ဘဝဟာ သိပ်တိုသလား ?? ”အမှားတွေကိုဘုရားထင်တဲ့လူတွေကြားအမှန်တွေထောက်ပြတဲ့မင်းပဲစိတ်...
05/08/2025

“ စိတ်အလိုကျရှင်သန်ကြည့်တော့မှမင်းသိမယ်
ဘဝဟာ သိပ်တိုသလား ?? ”

အမှားတွေကိုဘုရားထင်တဲ့လူတွေကြား
အမှန်တွေထောက်ပြတဲ့မင်းပဲစိတ်တိုရ

အိပ်လို့မရတဲ့ညနက်တွေထဲ
ကာဖီခါးခါးနဲ့ဆေးလိပ်တိုများ

အတွေးလွန်နေမိတဲ့စိတ်ကိုမျှား
အတိတ်ဆိုတဲ့အစာလေးကိုချိတ်လို့ထား

တနေ့တနေ့အချိန်တွေကုန်မှန်းမသိဘဝတက်လမ်းကိုပိတ်လို့ထားတဲ့ ရောင်စုံငွေစက္ကူပါး

မိတ်ဆွေများရယ် အတွေးလှေမမှားပဲ
သိပ်တိုရတဲ့ဘဝကို မျောကာလိုက်ပေါ့
မင်း စိတ်အလိုကျပဲ မဟုတ်လား

Copyrighted by NIE

လေးလံလွန်းတဲ့ ကျွန်တော့်၏အရူးလွယ်အိတ်ထဲဘာတွေကများ သည်လောက်လေးလံနေရလဲဆိုသော စိတ်အလိုမကျမှုဖြင့် ဖွင့်ကြည့်မိသည်။ငယ်ငယ်က ခ...
18/07/2025

လေးလံလွန်းတဲ့ ကျွန်တော့်၏အရူးလွယ်အိတ်ထဲ
ဘာတွေကများ သည်လောက်လေးလံနေရလဲ
ဆိုသော စိတ်အလိုမကျမှုဖြင့် ဖွင့်ကြည့်မိသည်။

ငယ်ငယ်က ခဲတံကျိုးလွယ်သောကျွန်တော့်အဖို့
အဖေထည့်ထားပေးလေ့ရှိသော ချွန်စက်အားတွေ့ရသည်။

ပေတံပျောက်လွန်းသောကျွန်တော့်အဖို့ ပေတံအပိုနှစ်ချောင်းကလည်း မတ်မတ်ရပ်ပြနေသည်။

မှားယွင်းရေးသားမှုများအား ဖျက်ပစ်မည်ဆိုသော
ခဲဖျက်မှာမူ မဲပေသောမျက်နှာထားဖြင့် လျှိုပုန်းနေသည်။

ဘာအတွက်မှန်းမသိပဲရေဘူးတစ်ဘူးလည်းဝင်ထိုင်နေ
သေးသည်။

ရှိသမျှအကုန်ထုတ်ပြီးသည့်တိုင်ကျွန်တော့်၏ အရူးလွယ်အိတ်ဟာ ပေါ့မသွားပေ ။

ခံစားမှုနောက် ရောယောင်လိုက်သွားပြီးနောက်
ကျွန်တော်မှားမှန်း စခံစားရပြီ ၊သို့သော်
ခဲဖျက်သည် ကျွန်တော်နဲ့ အတူမရှိနေတော့သလို
အမှားအမှန်တိုင်းတာရန် မည်သူ့ပေတံမျှငှားရန်မတွေ့ ချေ ။

နေဝင်စပျိုးချိန်မှာ ကမ်းစပ်အဝေးက
ကျွန်တော် နေ၏ ရွေ့လျားမှုကို ကြိုက်မှန်းမသိပဲ
မျောပါကြည့်ရှုနေမိသည်။

နေမရှိတော့သောအမှောင်ယံတွင်
ကျွန်တော်တစ်ယောက်တည်း ကောင်းကင်က
ကြယ်ဆိုသော ဂြိုလ်များနဲ့စကားစမြည်ပြောခဲ့ကြသည်။

မိုးသောက်စချိန်တွင် ထိုဂြိုလ်များက စကားပြောကောင်းသောကျွန်တော့်အား သူတို့၏ ဖုန်းနံပါတ်
ပေးရန်ပြောဆိုကြပြန်သည်။ သို့သော် မှတ်သားစရာ
ခဲတံမပါလာသောကျွန်တော် ထိုဂြိုလ်များနဲ့
နောက်တစ်ကြိမ်စကားမပြောဖြစ်တော့ပေ။

အရူးလွယ်အိတ်လေးလည်းပေါ့သွားခဲ့ပြီ။

Copyrighted artwork by NIE

ที่อยู่

Bangkok

เบอร์โทรศัพท์

+959958127211

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NIEผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง NIE:

แชร์

ประเภท