โทร เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

NIE Freelance Creator // Artist

LUCID DREAMS ,  NIE Somewhere between awake and gone.
16/08/2026

LUCID DREAMS , NIE

Somewhere between awake and gone.

22/07/2026

ဝေး NIE

Title - အချစ် အစမှာတွေ့တော့ ငါ့မှာငေးမောမင်းမျှကာပေးတဲ့အရသာလေးကိုအရသာတွေ့တော့ခဏတာလေးကို ဘဝပါပေးညမှဆွေးတဲ့ lil’Z သီချင်းလ...
16/03/2026

Title - အချစ်

အစမှာတွေ့တော့ ငါ့မှာငေးမော
မင်းမျှကာပေးတဲ့အရသာလေးကိုအရသာတွေ့တော့
ခဏတာလေးကို ဘဝပါပေး

ညမှဆွေးတဲ့ lil’Z သီချင်းလို မင်းကိုတစ်ညမှမမေ့
အလှအပအလေးတွေမှရွေးချစ်တဲ့မင်းကတော့
ငါ့လိုအညတရလေးကို ပြသွားတဲ့ပညာ ပါးပါးလေး

တစ်ကယ်ဆိုလူ့ဘဝမှာကြုံသမျှက အတွေ့အကြုံဆို
မင်းနဲ့ဆုံခဲ့တာလေးက ငါ့ဘဝရဲ့အလှအပတစ်ကွေ့
နူးညံ့မှူတွေနဲ့ အတူမင်းထားသွားလိမ့်မယ်လို့
ငါမတွေးခဲ့မိတဲ့ အမှားများနဲ့အတိတ်

ရသမျှစိတ်ဒဏ်ရာတွေကို သိမ်းကြုံးပစ်
ခံစားချက်တွေနောက်မလိုက်ပဲအဝေးထိရွက်လွင့်
မင်း သိလာမှာပေါ့တစ်နေ့မှာတော့အချစ်ရဲ့ခက်ဆစ် NIE

တိမ်လိုလူ နေလိုပူတဲ့စိတ်တွေနဲ့ ငါ့ခန္ဓာဟာအထာမကျဥယျာဥ်မှူးတွေစိတ်ရှည်ရှည်နဲ့ပျိုးခဲ့လည်းဒီအပင်ဟာသန်မလာပါဓာတ်စာမကျတဲ့ ခွက်...
12/02/2026

တိမ်လိုလူ နေလိုပူတဲ့စိတ်တွေနဲ့
ငါ့ခန္ဓာဟာအထာမကျ

ဥယျာဥ်မှူးတွေစိတ်ရှည်ရှည်နဲ့ပျိုးခဲ့လည်း
ဒီအပင်ဟာသန်မလာပါ

ဓာတ်စာမကျတဲ့ ခွက်ပမာဏစာ
နေ့မြင်ညပျောက်ကမ္ဘာအောက်
ငါ ပျောက်ကွယ်မယ့်နေ့ကိုသာစောင့်

တခါပဲရောက်မယ့် ဒီသိုးအုပ်ထဲ
ငါအနောက်လှည့်သာလျှောက်

နုပျိုမှူကစွမ်းအင်တစ်ခုဆို
ငါ့စွမ်းအင်ဟာငါ့ကိုငါတောင်မသမာ

တခါတလေငါဆဲမိမယ် သို့ပေမယ့်
ငါမလိမ်ပါအမြဲ ရှာဖွေကာဖြဲကြည့်ကြေးဆို
နာကျင်တာအထဲထိတယ် ချစ်လို့ရူးရင်လည်းငရဲကြီးမယ်

အဖန်တရာကြံကာခဲ ကြမ္မာငင်တာနဲ့
ခွါတွေပါပြဲ
အရာထင်ပါရဲ့ မှတ်ဥာဏ်မပါတော့
ဂါနေဂါဆဲ NIE

တချိန်တခါက ကျား/မ မရွေး မင်းတို့စိတ်ကျေနပ်အရေး ငါ့မှာဓာတ်ပုံလေးတွေရိုက်ပေးစိတ်ရှည်ခြင်းဆိုတာငါ့ခန္ဓာမှာကပ်မနေ သို့ပေမယ့်...
29/01/2026

တချိန်တခါက ကျား/မ မရွေး
မင်းတို့စိတ်ကျေနပ်အရေး ငါ့မှာဓာတ်ပုံလေးတွေရိုက်ပေး

စိတ်ရှည်ခြင်းဆိုတာငါ့ခန္ဓာမှာကပ်မနေ သို့ပေမယ့်
ဓာတ်ပုံရဲ့ အငွေ့အသက်တွေငါ့ရဲ့စိတ်ကိုဆွဲဆန့်နေ

အခုငါခံစားနေတဲ့ မနေ့ကညနေ စီးကရက်ရှိုက်ရင်း
စာတစ်ပိုဒ်လောက် ဆက်ဖို့ဝန်မလေး

လူ့ဘဝကိုဆန့်ကျင်ရအောင် မင်းနဲ့ငါလည်း
ငရဲမကပ်ချင် ဆက်ဒိုးနေဆဲပေါ့ ငါတို့ဘဝရွက်လှေ

NIE

မြို့ပြရဲ့အလင်းရောင်တွေကြား အမှောင်တံခါးများဖွင့်လျက်သားအို.. ဘဝ ကြုံသမျှ အစုံမလှလည်းကိုယ့်အိပ်မက်ကိုယ် ပုံချ ယုံထားမယ်တ...
01/01/2026

မြို့ပြရဲ့အလင်းရောင်တွေကြား
အမှောင်တံခါးများဖွင့်လျက်သား

အို.. ဘဝ ကြုံသမျှ အစုံမလှလည်း
ကိုယ့်အိပ်မက်ကိုယ် ပုံချ ယုံထားမယ်

တခါတလေကျ ပတ်ဝန်းကျင်ကလှောင်ကြမယ်
ဒါဘဝပဲ အထာကျချင် အဲ့ကောင်တွေဘက်ယောင်မသွားနဲ့

🛹Godz Garden
©️NIE

ခေါင်းစဥ် - အတိုအစများနေ့စဥ်မနက်အိပ်ရာကနိုးလာတယ် အသက်ရှူသွင်းရှူထုတ်နေသေးတယ် မနက်အိပ်ရာသိမ်းနိုင်သေးတယ်ဟော... မနက်စာလည်း...
30/12/2025

ခေါင်းစဥ် - အတိုအစများ

နေ့စဥ်မနက်အိပ်ရာကနိုးလာတယ်
အသက်ရှူသွင်းရှူထုတ်နေသေးတယ်
မနက်အိပ်ရာသိမ်းနိုင်သေးတယ်
ဟော... မနက်စာလည်းစားနိုင်ပြန်ပါရောလား
တန်ပါတယ်ဗျာ
စားဝတ်နေရေးအတွက်လည်း အလုပ်ရှိပြန်တယ်
အချို့အချို့ကတော့ ညဘက် လက်ဖက်ရည်ဆိုင်ထက်
ပိုသောဆိုင်တွေလည်းထိုင်နိုင်ပါသေးတယ်

အပေါ်ကအချက်သေးသေးတွေက ဒီနေ့ခေတ်မှာ
ကျွန်တော်တို့ အခြေခံလူတန်းစားဘဝအလွှာရဲ့
သာမန်နေ့ရက်များသာဖြစ်ပါတယ် သို့ပေမယ့်
သတိပြုစရာက မနက်နိုးတည်းက မိတ်ဆွေ
အောင်မြင်တာပါ

ပျောက်ကွယ်လိုက် အသစ်တိုးလာလိုက်လည်ပတ်တဲ့
ယန္တရားကြီးမှာ သားရဲတွေပေါလို့ သားရဲချည်း
အုပ်စိုးနိုင်တာသဘာဝပါ သင်ကိုယ်တိုင် သားကောင်
မဖြစ်သ၍ မစာနာတာဟာ ဓမ္မတာဖြစ်ပြန်ပါတယ်

မပြောလိုပေမယ့်ပြောရပါမယ် အနီးအနားမှာတင်
ဘာမျှမသိပဲ မမျှော်လင့်ပဲ ဘဝပြောင်းသွားတဲ့
သားကောင်တွေရှိခဲ့သလိုဒါဟာရှိမြဲပါ

ကိုယ်ဝါသနာပါတဲ့ဘဝကိုရွေးချယ်သူတွေဟာ
ကိုယ်မလုပ်ချင်တာကိုလုပ်ရတဲ့သူတွေထက်
ပိုတော်မနေပါဘူး
ကိုယ်ရောက်တဲ့နေရာမှာကိုယ်ပျော်ရင် အဲ့သူပဲ
သေချာပေါက် ထက်မြက်လာမှာပါ

ချစ်သောသူငယ်ချင်းမိတ်ဆွေများ အတွက်
တတ်သလောက်မှတ်သားမိသေးသလောက်မျှဝေပါတယ်

©️NIE


ငါ့ရဲ့နေ့ရက်တွေ အရင်လိုမတောက်ပ ရောက်ရာအရပ်ကမင်းကိုမျက်နှာမူပြီး လမ်းတွေလျှောက်တာခက်ခေါင်းမာတတ်တဲ့ ငါ့ရဲ့ အချိုးကမပြောင်း...
11/12/2025

ငါ့ရဲ့နေ့ရက်တွေ အရင်လိုမတောက်ပ

ရောက်ရာအရပ်ကမင်းကိုမျက်နှာမူပြီး လမ်းတွေလျှောက်တာခက်

ခေါင်းမာတတ်တဲ့ ငါ့ရဲ့ အချိုးကမပြောင်းလဲ
မင်းမရှိတော့ ငါ့ရဲ့ညတွေ ဖြစ်ပြီ ေ*ာက်တလွဲ NIE

အသက်အသက်က ဘာဖြစ်မလဲ ????? အသိစိတ် ( Consciousness ) မသိစိတ်  ( unconsciousness ) *( preconscious ) သတိမမူမိသော်လည်း ပြန်...
27/11/2025

အသက်

အသက်က ဘာဖြစ်မလဲ ?????

အသိစိတ် ( Consciousness )
မသိစိတ် ( unconsciousness )
*( preconscious ) သတိမမူမိသော်လည်း ပြန်လည်အမှတ်ရနိုင်သော စိတ်အခြေအနေ

ဒီအရာတွေကိုယှက်သန်းသွားလာနေတာများ
နုယွလိုက် ခက်ထန်သွားလိုက် ၊ အနှိမ့်အမြင့်အစုံကို
ဖြတ်ပြီး ၊ ဖြတ်ဆဲ ၊ ဖြတ်ဖို့ အသက်ထဲကျနော်တို့ဝင်ခဲ့ပြီး
ခရီးဆက်နေကြတယ်

ရှင်သန်ခြင်းကအသက်ဖြစ်သလို
သေဆုံးခြင်းလည်းအသက်ပဲ

တိုမလား ကြာရှည်မလား ဘယ်သူမှသေချာ
မသိပေမယ့် ပုံစံအမျိုးမျိုးရှေ့ဆက်လိုက်ပျောက်ကွယ်လိုက်ပဲ

အတွေးမတူပန်းကန်ပူတဲ့ခေတ်ကို မင်းနဲ့ငါ အသက်ဆက်နေရတယ်
မင်းလည်းသွေးမနည်းသလိုငါလည်းထပ်တူပါပဲ

အသက်ဆိုတာဘာလဲ ??
လူအမျိုးမျိုး
အဖြေအမျိုးမျိုးရှိမှာပါ

အသက်ဝင်လာတည်းက မထွက်ခင်ထိ 
ဘာလုပ်ခဲ့သလဲ ဘာလုပ်နေလဲ ဘာလုပ်မှာလဲ
ခဏလောက် တွေးကြည့်မယ်ဆိုရင်ရော ...

NIE



အသက်အသက်က နှလုံးကလည်းမဟုတ်ဦးဏှောက် ခန္ဓာအစိတ်အပိုင်းများလည်းမဟုတ်သွေးကြောထဲကလည်းမဟုတ်အသက်က ငါတို့မွေးတည်းကကပ်ရပ်လေးသယ်ပ...
26/11/2025

အသက်

အသက်က နှလုံးကလည်းမဟုတ်
ဦးဏှောက် ခန္ဓာအစိတ်အပိုင်းများလည်းမဟုတ်
သွေးကြောထဲကလည်းမဟုတ်

အသက်က ငါတို့မွေးတည်းက
ကပ်ရပ်လေးသယ်ပိုးခိုင်းတဲ့နံပါတ်လေးမဟုတ်သလို
အသက်ကငါမရှင်ချင်တိုင်းလည်းသေမှာမဟုတ်

အသက်ဆိုတဲ့စကားလုံးအဓိပ္ပါယ်အတိမ်အနက်က

မင်းနှင့်ငါ

ဒီကမ္ဘာမြေပေါ် ဝင်ရောက်လာပြီးမှ အဓိပ္ပာယ်စရှိ

ငါတို့အားလုံးဒီလိုပဲ ဝင်မှန်း သိ မသိ

ငါနှင့်မင်း မသိ

ငါတို့မထွက်ခွါချင်လည်း ထုတ်ယူခံရမှာ

အသက်က ဘာဖြစ်မလဲ ??

NIE

ที่อยู่

Bangkok

เบอร์โทรศัพท์

+959958127211

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ NIE โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง NIE:

ทางลัด

แชร์

หมวดหมู่