04/02/2026
ကချင်ပြည်နယ်ထဲ ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်(KIA)ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေသလို မိုးညှင်းမြို့နယ်ထဲမှာလည်း KIA/PDF ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်နဲ့ရှမ်းနီတပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်နေတယ်လို့ စစ်ရေးအခြေအနေ သိသူက ပြောပါတယ်။
ဖားကန့်မြို့နယ်ထဲက ဆိုင်းတောင်ရွာနား၊ ထုံးဘိုကျေးရွာထဲမှာ စစ်ကြောင်းစဝင်လာတဲ့ ဇန်နဝါရီ ၃၀ ကနေ ဒီနေ့ဖေဖော်ဝါရီ ၄ ရက်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။