Prae Phroe Naing - Photo journalist

เส้นทาง

Prae Phroe Naing - Photo journalist For everyone.

23/09/2026

အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် အမြင့်ကျွန်းကျေးရွာ၊ မင်းချောင်းတံတားအနီး၌ လက်ရဖမ်းဆီးရမိခဲ့သော ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သားရန်ငြိမ်းအောင်၏ ထွက်ဆိုချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်

အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ထံမှ အာရက္ခတပ...
20/09/2026

အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ထံမှ အာရက္ခတပ်တော် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်သုံ့ပန်းနှင့် ရန်သူအလောင်းအချို့ အား AA ထုတ်ဖော်ပြသ

နောက်ထပ် သိမ်းဆည်းရမိ လက်နက်ခဲယမ်း နှင့် ရန်သူ့အလောင်းများကို ဆက်လက် တင်ပေးသွားမည်ဟုပြော

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်

#ပုဏ္ဏားကျွန်း

20/09/2026

အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကွမ်းတောင် နှင့် အမြင့်ကျွန်းကျေးရွာကြားတိုက်ပွဲ၌ လက်ရဖမ်းဆီးရမိခဲ့သော ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၇) တပ်ရင်းမှ တပ်သားမိုင်ကယ်၏ ထွက်ဆိုချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်

20/09/2026

အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကွမ်းတောင် နှင့် အမြင့်ကျွန်းကျေးရွာကြားတိုက်ပွဲ၌ လက်ရဖမ်းဆီးရမိခဲ့သော ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သား အောင်ပြည့်စုံ၏ ထွက်ဆိုချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်

စစ်တွေနှင့်ပုဏ္ဏားကျွန်းကိုစစ်တပ်ကလေယာဥ်အုပ်စုဖြင့်ဗုံးကြဲပြည့်ဖြိုးနိုင် | ၁၉ စက်တင်ဘာ ၂၀၂၆အာရက္ခတပ်တော် နဲ့ အကြမ်းဖက်စ...
18/09/2026

စစ်တွေနှင့်ပုဏ္ဏားကျွန်းကိုစစ်တပ်ကလေယာဥ်အုပ်စုဖြင့်ဗုံးကြဲ

ပြည့်ဖြိုးနိုင် | ၁၉ စက်တင်ဘာ ၂၀၂၆

အာရက္ခတပ်တော် နဲ့ အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲပြင်းထန်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့စစ်တွေမြို့နယ်တို့ကို အကြမ်းဖက်စစ်တပ် မနေ့ စက်တင်ဘာလ (၁၈)ရက် နံနက် (၇)နာရီ (၃၅)မိနစ်မှ စတင်ကာ ဂျက်ဖိုက်တာ(၅)စီးဖြင့် (၁၂)ကြိမ်ထိ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ် ။

ပုဏ္ဏားကျွန်းမြို့နယ်ကို ဂျက်ဖိုက်တာ (၂)စီးနဲ့ မနက် (၇)နာရီ (၃၅)မိနစ် မှ (၇) နာရီ (၅၀)မိနစ် အတွင်း လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်ပြုလုပ်ခဲ့ပြီး စစ်တွေမြို့နယ်ကိုလည်း နံနက် (၇)နာရီ (၅၈)မိနစ်မှ (၈)နာရီ (၁၉)မိနစ်အတွင်း (၈)ကြိမ်အထိလေကြောင်းတိုက်ခိုက်ခဲ့ပါတယ် ။

ဒါအပြင် နံနက် (၁)နာရီခန့်တွင်လည်း L-410 UVP-E20 အမျိုးအစား စစ်ထောက်ပို့/ဗုံးကြဲလေယာဥ်နဲ့လည်း ပျံဝဲပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ် ။

၄၉၂၆ စစ်ဆင်ရေးမှာ ရှံးပြီးတပ်ပျက်နေတဲ့စစ်တပ်ဟာ မြေပြင်မှာ အထိနာမှုတွေများနေတဲ့အတွက် လေကြောင်းပစ်ကူကိုအဓိကအားကိုးပြီး အသုံးပြုနေရပါတယ် ။ ဒါ့အပြင်အကြမ်းဖက်စစ်တပ်ဟာ စစ်မြေပြင်မှာရှုံးနေတဲ့အတွက် ပြည်သူလူထုတွေရှိတဲ့ နေရာတွေကို ဦးတည်ထားဗုံးကြဲမှုတွေပြုလုပ်လာနေပါတယ် ။

#ပုဏ္ဏားကျွန်း #စစ်တွေ #လေကြောင်း #တိုက်ခိုက်

သာသနာပြုမင်းကြောင့် မြေခခဲ့တဲ့ဘုရားတွေ (ဓာတ်ပုံ)ပြည့်ဖြိုးနိုင် | ၁၈ စက်တင်ဘာ ၂၀၂၆ပုဏ္ဏားကျွန်းမှာ စစ်အုပ်စုလက်နက်ကြီးပစ...
18/09/2026

သာသနာပြုမင်းကြောင့် မြေခခဲ့တဲ့ဘုရားတွေ (ဓာတ်ပုံ)

ပြည့်ဖြိုးနိုင် | ၁၈ စက်တင်ဘာ ၂၀၂၆

ပုဏ္ဏားကျွန်းမှာ စစ်အုပ်စုလက်နက်ကြီးပစ်ခတ်မှုဒဏ်ကြောင့် ဘုရားဆင်းထုတော်တစ်ချို့ ပျက်စီးသွားခဲ့ရပြီး ရှေ့ဟောင်းဂူနံရံတွေလည်း ထိခိုက်ခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ် ။

#ပုဏ္ဏားကျွန်း #လက်နက်ကြီး
#ဂူဝဘုရား

ပုဏ္ဏားကျွန်းမြို့နယ်ကိုစစ်အုပ်စုလေကြောင်းဗုံးကြဲတိုက်ခိုက်ပြည့်ဖြိုးနိုင် | ၁၆ စက်တင်ဘာ ၂၀၂၆အာရက္ခပြည် ပုဏ္ဏားကျွန်းမြိ...
16/09/2026

ပုဏ္ဏားကျွန်းမြို့နယ်ကိုစစ်အုပ်စုလေကြောင်းဗုံးကြဲတိုက်ခိုက်

ပြည့်ဖြိုးနိုင် | ၁၆ စက်တင်ဘာ ၂၀၂၆

အာရက္ခပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်အုပ်စုက ယနေ့စက်တင်ဘာလ (၁၆)ရက်နေ့ က ပုဏ္ဏားကျွန်းမြို့နယ်ကို ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။

အကြမ်းဖက်စစ်အုပ်စုရဲ့ လေတပ်က ဂျက်ဖိုက်တာဟာ ဒီနေ့ နေ့လည် (၁၂) နာရီခန့်မှာ ပုဏ္ဏားကျွန်းမြို့နယ် နိုင်ငံတောင်တန်းနဲ့ အနီးဝန်းကျင်ကို ဗုံး(၂)လုံးကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ် ။ လက်ရှိမှာ စစ်အုပ်စုဖက်က ပုဏ္ဏားကျွန်းမြို့နယ် ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုတွေလည်း ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်အထဲက တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ နေရာကိုတွေ လေကြောင်း နဲ့ လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်နေသလို ပုဏ္ဏားကျွန်းမြို့ရှိ ရှေးဟောင်းဘုရားတွေပါ မကျန် လိုက်လံတိုက်ခိုက်နေတာဖြစ်ပါတယ် ။

#ပုဏ္ဏားကျွန်း #လေကြောင်း #တိုက်ခိုက်

ဝီရဌာနီ မှ အရပ်သားတစ်ဦး ပုဏ္ဏားကျွန်းမှာစစ်တပ်ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍သေဆုံးပြည့်ဖြိုးနိုင် ၊ ၁၁ စက်တင်ဘာ ၂၀၂၆လက်ရှိတိ...
11/09/2026

ဝီရဌာနီ မှ အရပ်သားတစ်ဦး ပုဏ္ဏားကျွန်းမှာစစ်တပ်ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍သေဆုံး

ပြည့်ဖြိုးနိုင် ၊ ၁၁ စက်တင်ဘာ ၂၀၂၆

လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်၍ အရပ်သားတစ်ဦးသေဆုံးသွားခဲ့သည် ။

သေဆုံးသွားသူမှာ ဝီရဌာနီမြို့နယ် ၊ သဝင်ချောင်းရပ်ရွာက ပုဏ္ဏားကျွန်းမြို့နယ်သို့ရောက်ရှိနေသည့် အသက် (၆၃)နှစ်အရွယ် ဒေါ်လှသန်းရီဖြစ်သည် ။

စက်တင်ဘာလ (၁၁)ရက်နေ့ ၊ နံနက် (၂) နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ် ၊ ကျောက်ဆိပ်ကျေးရွာသို့ FPV Drone ဖြင့်တိုက်ခိုက်ခဲ့သောကြောင့် ဒေါ်လှသန်းရီမှာ ဘယ်ဘက်ရင်အုံံ၌ ထိမှန်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းဥက္ကဌ ကိုခိုင်ဟိန်းထက် ထံမှာသိရသည် ။

လက်ရှိတွင်ရုပ်အလောင်းအားဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ သဂြိုလ်ရန်အတွက် ကူညီပေးခဲ့ကြောင်းသိရသည် ။

ဓာတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

#ပုဏ္ဏားကျွန်း

ပုဏ္ဏားကျွန်းနှင့်သံတွဲကို စစ်တပ်ဗုံးကြဲပြည့်ဖြိုးနိုင် ၊ ၇ စက်တင်ဘာ ၂၀၂၆အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို...
07/09/2026

ပုဏ္ဏားကျွန်းနှင့်သံတွဲကို စစ်တပ်ဗုံးကြဲ

ပြည့်ဖြိုးနိုင် ၊ ၇ စက်တင်ဘာ ၂၀၂၆

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အကြမ်းဖက်မြန်မာစစ်တပ်က ဒီနေ့ စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၇) နာရီ (၄၅)မိနစ်ကနေ (၈)နာရီခန့်အထိ (၁၅) မိနစ်ခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည် ။

ထို့အတူ သံတွဲမြို့ကိုလည်း ဒီနေ့ နံနက် (၁၀) နာရီခွဲမှ စတင်ကာ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း အာရက္ခတပ်တော် ကထုတ်ပြန်ထားသည် ။

အာဏာလုမြန်မာစစ်တပ်သည် အရပ်ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်လာနေသဖြင့် လေကြောင်း ၊ ရေကြောင်းရန် ကာကွယ်ရေးကို အထူးသတိထားရန်လိုအပ်သည် ။

#လေကြောင်း #တိုက်ခိုက်

06/09/2026

စစ်အုပ်စုလက်ချက်ဖြင့်ပျက်စီးသွားသည့် ပုဏ္ဏားကျွန်းမြို့က ရှေးဟောင်းသမိုင်းဝင်ဂူဝဘုရား

Video - Lurnn Khine (PSRK)

#ပုဏ္ဏားကျွန်း #လေကြောင်း #တိုက်ခိုက်

ที่อยู่

Ayutthaya
13170

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Prae Phroe Naing - Photo journalist โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่