Prae Phroe Naing - Photo journalist

Prae Phroe Naing - Photo journalist For everyone.

24/08/2026

အာရက္ခဒေသက ကြိုးစားနီရေလူငယ်တစ်ယောက်ဖြစ်တေ တေးရီး ၊ တေးဆို ကိုအဂ္ဃဇော် နန့် တွိ့ဆုံခြင်း - ၁

ပုဏ္ဏားကျွန်းမှာ ဌာနဆိုင်ရာနှင့် လူငယ်အဖွဲ့တွေပူးပေါင်းပြီး သစ်ပင်စိုက်ပျိုး (ဓာတ်ပုံသတင်း)ပြည့်ဖြိုးနိုင် ၊ ၂၃ သြဂုတ် ၂...
23/08/2026

ပုဏ္ဏားကျွန်းမှာ ဌာနဆိုင်ရာနှင့် လူငယ်အဖွဲ့တွေပူးပေါင်းပြီး သစ်ပင်စိုက်ပျိုး (ဓာတ်ပုံသတင်း)

ပြည့်ဖြိုးနိုင် ၊ ၂၃ သြဂုတ် ၂၀၂၆

အာရက္ခပြည် ၊ စစ်တွေခရိုင် ၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဦးဆောင်ပြီး ဌာနဆိုင်နဲ့ လူငယ်အဖွဲ့အစည်းတွေပူးပေါင်းပြီး " Green Arakkha '" စီမံကိန်းဖြင့် ခရိုင်ချင်းဆက် ၊ မြို့ချင်းဆက်လမ်းမကြီးများတစ်ဖက်တချက်တွင် သစ်ပင် (၃၀၀) ခန့်စိုက်ပျိုးခဲ့ကြောင်းသိရသည် ။

သစ်ပင်စိုက်ပျိုးရာတွင် ပါတီလူငယ်စင်တာ ၊ အုပ်ချုပ်ရေးဌာန ၊ HDCO ၊ DLEPS ၊ အာရက္ခအမျိုးသားပညာရေးဌာန ၊ မြေယာကော်မတီ ၊ ခမီ နှင့် မြို လူမျိုးစုရေးရာရုံး တွေအပြင် ဒေသခံလူမှုကူညီရေးအဖွဲ့တွေဖြစ်ကြတဲ့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) ၊ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ စိုက်ပျိုးခဲ့ကြပါတယ် ။

သြဂုတ်လ (၂၂) ရက်နေ့ ၊ နေ့လည် (၂) နာရီမှစတင်ကာ အပင် (၃၀၀) ခန့် စိုက်ပျိုးခဲ့ကြပြီး တိရစ္ဆန်များအန္တရာယ်မှ ကာကွယ်ရန် အမြင့် (၅)ပေ အနံ (၂)ပေခွဲခန့်ရှိသည့် ခြံများကာရံလျက်စနစ်တကျစိုက်ပျိုးခဲ့ကြသည် ။

ပုဏ္ဏားကျွန်းမြို့နယ်မှ ယာဥ်တိုက်ခံရ၍ ခြေပိုင်းထားရသည့် လူငယ်တစ်ဦး ဆေးကုသစရိတ်အခက်အခဲဖြစ်နေပြည့်ဖြိုးနိုင် | ၁၇ သြဂုတ် ...
17/08/2026

ပုဏ္ဏားကျွန်းမြို့နယ်မှ ယာဥ်တိုက်ခံရ၍ ခြေပိုင်းထားရသည့် လူငယ်တစ်ဦး ဆေးကုသစရိတ်အခက်အခဲဖြစ်နေ

ပြည့်ဖြိုးနိုင် | ၁၇ သြဂုတ် ၂၀၂၆

ရခိုင်ပြည် ၊ ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးတရုပ်ကျေးရွာ အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ဦး ယာဥ်တိုက်ခံရပြီး ခြေတစ်ဖက်ပိုင်းထားရကာ လက်ရှိတွင်ဆေးကုသစရိတ်အခက်ခဲဖြစ်လျက်ရှိကြောင်းသိရသည် ။

၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးတရုပ်ရွာက အသက် (၁၉) နှစ်အရွယ် မောင်စည်သူဟိန်းသည် ပုဏ္ဏားကျွန်းမြို့နယ် ၊ ကြံခင်းကျေးရွာအနီးတွင် ဆိုင်ကယ်ဖြင့် နေရပ်ယိုးတရုပ်ကျေးရွာသို့ ပြန်လာစဥ် တစ်ဖက်ကလာသော တုတ်တုတ်ချေကဝင်တိုက်ပြီးထွက်ပြေးသွားကြောင်းသိသည် ။

ထို့နောက် မောင်စည်သူဟိန်းအား ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ကြရာ ခြေတစ်ဖက်အရိုးကြေမွသွားပြီး ဆေးရုံအရောက်တွင် ပေါင်မှနေ၍ ခြေထောက်အဖြတ်ခံလိုက်ရကြောင်းသိရသည် ။

ဖခင်ဖြစ်သူမှာလည်း လေဖြတ်လူနာတစ်ဦးဖြစ်နေပြီး မိခင်ဖြစ်သူမှာ လက်လုပ်လက်စားဖြစ်သောကြောင့် လက်ရှိတွင်ဆေးကုသစရိတ်မတတ်နိုင်၍ ဆေးရုံမှ ထုတ်ယူခဲ့ရကြောင်း မိဘများလာရောက်အကူအညီတောင်းခံစဥ်ပြောကြားခဲ့သည်ဟု ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးထံမှသိရသည် ။

ဆက်လက်ဆေးကုသရန် ကျပ်သိန်း (၃၀၀)နီးပါးကုန်ကျနိုင်ပြီး ဆေးကုသရန်အကူအညီများစွာလိုအပ်နေသည့်အတွက် မိခင်ဖြစ်သူမှာ အဖွဲ့အစည်းများထံလိုက်လံအကူအညီတောင်းနေကြောင်းသိရသည် ။

ရသေ့တောင်ကိုစစ်အုပ်စုလေကြောင်းတိုက်ခိုက်ပြည့်ဖြိုးနိုင် | ၁၇ သြဂုတ် ၂၀၂၆ရသေ့တောင်မြို့နယ် ၊ မိုးစဲကျွန်း ၊ အောက်ဇီးကိုင်...
17/08/2026

ရသေ့တောင်ကိုစစ်အုပ်စုလေကြောင်းတိုက်ခိုက်

ပြည့်ဖြိုးနိုင် | ၁၇ သြဂုတ် ၂၀၂၆

ရသေ့တောင်မြို့နယ် ၊ မိုးစဲကျွန်း ၊ အောက်ဇီးကိုင်းရွာကို စစ်အုပ်စုလေတပ်က ယနေ့ (သြဂုတ်လ ၁၇ ရက်)နေ့မှာ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည် ။

ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် စစ်အုပ်စုလေတပ်က ပေါင် ၃၀၀ ဗုံးတစ်လုံးကြဲချကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦးထိခိုက်ဒါဏ်ရာရရှိကြောင်း သိရသည် ။

စစ်အုပ်စုကြဲချခဲ့သည့် ဗုံးသီးမှာ အောက်ဇီးကိုင်းရွာအနီး လယ်ကွင်း၌ ကျရောက်ပေါက်ကွဲခြင်းကြောင့် ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်းသိရသည် ။

#လေကြောင်း #တိုက်ခိုက်

ဆိုးဆိုးရွားရွားပျက်စီးနေသည့် ကျောက်တော် - သရက်အုပ်လမ်းကို ဒေသခံများကိုယ်ထူကိုယ်ထတနိုင်တပိုင်ပြုပြင်နေ(ဓာတ်ပုံသတင်း)ပြည်...
17/08/2026

ဆိုးဆိုးရွားရွားပျက်စီးနေသည့် ကျောက်တော် - သရက်အုပ်လမ်းကို ဒေသခံများကိုယ်ထူကိုယ်ထတနိုင်တပိုင်ပြုပြင်နေ
(ဓာတ်ပုံသတင်း)

ပြည့်ဖြိုးနိုင် | ၁၇ သြဂုတ် ၂၀၂၆

အာရက္ခပြည် ၊ ကျောက်တော်မြို့နယ်က ရွာပေါင်း (၁၀) နီးပါးပါးနေ့စဥ်အသုံးပြုသွားလာနေရတဲ့ ကျောက်တော် - သရက်အုပ်လမ်းဟာ ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် ဒေခံတွေကိုယ်ထူကိုယ်ထ တနိုင်တပိုင်ပြုပြင်နေကြပါတယ် ။

လမ်းပျက်တဲ့အတွက် ကျန်းမာရေးကိစ္စတွေမှာဆိုရင်အရေးပေါ်မရောက်နိုင်လို့ လမ်းခရီးမှာသေဆုံးတာတွေတောင်ရှိနေတယ်လို့သိရပါတယ် ။ သွားလာရေးအဆင်မပြေမှုကြောင့် ကျန်းမာရေးကိစ္စအပြင် တစ်ခြားလှုမှုရေး ၊ စီးပွားရေး အဖက်ဖက်က ထိခိုက်တယ်လို့ ဒေသခံတွေကပြောပါတယ် ။

လက်ရှိမှာ ဒေသခံပြည်သူတွေစုပေါင်းပြီး လမ်းကို တနိုင်တပိုင်ပြုပြင်နေကြပေမဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးက ဦးဆောင်ပြီး လမ်းခရီးအဆင်ပြေအောင် ဒီလမ်းကိုပြုပြင်ပေးဖို့ ဒေသခံတွေမျှော်လင့်နေကြပါတယ် ။

စစ်တွေတွင် အာဖရိကန်ဝက်တုပ်ကွေးဖျားရောဂါ ကူးစက်နေသူများရှိနေပြည့်ဖြိုးနိုင် | ၁၃ သြဂုတ် ၂၀၂၆စစ်အုပ်စုထိန်းချုပ်ထားသည့် စစ...
13/08/2026

စစ်တွေတွင် အာဖရိကန်ဝက်တုပ်ကွေးဖျားရောဂါ ကူးစက်နေသူများရှိနေ

ပြည့်ဖြိုးနိုင် | ၁၃ သြဂုတ် ၂၀၂၆

စစ်အုပ်စုထိန်းချုပ်ထားသည့် စစ်တွေတွင် အာဖရိကန်ဝက်တုပ်ကွေးဖျားရောဂါ ကူးစက်နေသူများရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှသိရသည် ။

" ခုလက်ရှိဖြစ်နေတဲ့ ဝက်တုပ်ကွေးဖျားရောဂါဖြစ်နေတာတွေရှိတယ် ၊ ဘယ်လောက်ဖြစ်မှန်းမသိဘူး ၊ အနည်းငယ်တော့ကြားတယ် ၊ ဒါပယ်မဲ့ ပြည်သူတွေကြားမှာဖြစ်နေတာကရှိနိုင်တယ် ၊ စစ်တပ်ကဖုံးထားတယ် '' ဟု သူကပြောသည် ။

စစ်အုပ်စုသည် သတင်းရင်းမြစ်များသာမက Kpay ငွေအလွှဲ ၊ ဖုန်းအဝင် Call တစ်ချက်ကအစ စစ်ဆေးလျက်ရှိပြီး မသင်္ကာလျှင် ဖမ်းဆီးကြောင်းလည်းသိရသည် ။

ဓာတ်ပုံ - Crd

ဂွကိုစစ်အုပ်စုဗုံးကြဲပြည့်ဖြိုးနိုင် | ၁၃ သြဂုတ် ၂၀၂၆ရခိုင်​ပြည် ၊ ဂွမြို့ နယ်၊ ကိုင်းခုံကျေးရွာကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ...
13/08/2026

ဂွကိုစစ်အုပ်စုဗုံးကြဲ

ပြည့်ဖြိုးနိုင် | ၁၃ သြဂုတ် ၂၀၂၆

ရခိုင်​ပြည် ၊ ဂွမြို့ နယ်၊ ကိုင်းခုံကျေးရွာကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်၊ ည (၉) နာရီ အချိန်ခန့်တွင် စစ်အုပ်စုလေတပ် မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် (၂) ကြိမ် တိုင်တိုင်လာရောက်ကာ ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည် ။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူများထိခိုက်ဒဏ်ရာရမှု မရှိခဲ့သော်လည်း ပြည်သူလူထုတို့၏ လူနေအိမ် (၇) လုံးမှာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့​ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည် ။

#လေကြောင်း #တိုက်ခိုက်

ပုဏ္ဏားကျွန်းမြို့နယ်  ရေနစ်သေဆုံးသည့်ရုပ်အလောင်းတစ်ခုတွေ့ရှိ (ဓာတ်ပုံသတင်း)ပြည့်ဖြိုးနိုင် | ၁၃ သြဂုတ်လ ၂၀၂၆ပုဏ္ဏားကျွန...
13/08/2026

ပုဏ္ဏားကျွန်းမြို့နယ် ရေနစ်သေဆုံးသည့်ရုပ်အလောင်းတစ်ခုတွေ့ရှိ (ဓာတ်ပုံသတင်း)

ပြည့်ဖြိုးနိုင် | ၁၃ သြဂုတ်လ ၂၀၂၆

ပုဏ္ဏားကျွန်းမြို့နယ် ၊ နတ်ဆိပ်ကျေးရွာအနီးတွင် ရေနစ်သေဆုံးသည့်အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိကြောင်း ပုဏ္ဏားကျွန်းအခြေစိုက် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းထံမှ သိရသည် ။

ရုပ်အလောင်းအား ၂၀၂၆ခုနှစ် ၊ သြဂုတ်လ (၁၁) ရက်နေ့ ည (၇) နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း နှင့် အောင်ဖြူပြင်သာရေးနာရေးအသင်း တို့ပူးပေါင်းကာ ကူညီပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည် ။

အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောကြောင့် မည်သူမည်ဝါဖြစ်မှန်းမသိကြောင်း ပုဏ္ဏားကျွန်းအခြေစိုက် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း ဒုဥက္ကဌ ကိုသောက်ကြာက ပြောကြားသည် ။

ယခုနှစ်မိုးရာသီတွင် ပုဏ္ဏားကျွန်းမြို့နယ်ဧရိယာအတွင်း ရေနစ်သူ (၁၆)ဦးထိရှိလာနေပြီဖြစ်ကြောင်းသိရသည် ။

ဓာတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

12/08/2026

ကျောက်တော်က ထိန်းသိမ်းခံကျောင်းသားများအား ပြုပြင်ဆုံးမပေးပြီးပြန်လည်အပ်နှံမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်းနှင့် မှုယစ်ဆေးပပျောက်ရေး အစိုးရနှင့်ပူးပေါင်းကူညီမည်ဟု ကျောင်းသားမိဘတစ်ဦးပြော

၂၀၂၆ ခုနှစ် ၊ သြဂုတ်လ ၁၁ ရက်နေ့ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထိန်းသိမ်းခံထားရသည့် ကျောင်းသားနှင့်လူငယ် (၁၉)ဦးအားမိဘထံအပ်နှံသည့်အခမ်းအနား

မူးယစ်ဆေးဝါးသုံးစွဲမှု ဖြင့်ထိန်းသိမ်းထားသည့် အာရက္ခပြည် ကျောက်တော်မြို့မှ ကျောင်းသားနှင့် လူငယ် (၁၉)ဦးအား အာရက္ခပြည်သူ...
11/08/2026

မူးယစ်ဆေးဝါးသုံးစွဲမှု ဖြင့်ထိန်းသိမ်းထားသည့် အာရက္ခပြည် ကျောက်တော်မြို့မှ ကျောင်းသားနှင့် လူငယ် (၁၉)ဦးအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က အခမ်းအနား နှင့်တကွမိဘများထံသို့အပ်နှံ

ပြည့်ဖြိုးနိုင် ၊ ၁၁ သြဂုတ် ၂၀၂၆

ที่อยู่

Ayutthaya
13170

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Prae Phroe Naing - Photo journalistผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท