Blue Dagon စာနာနားလည္မႈ့နဲ႔လူလုက္ပါ

18/02/2023
17/02/2023

KIA၊ PDF နှင့် တပ်မ ၉၉ တို့ ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်

13 February 2023 - Kachinwaves

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းယန်ကျေးရွာအနီးတွင် KIA၊ PDF နှင့် တပ်မ ၉၉ စစ်ကောင်စီတပ်တို့ ယနေ့မွန်းလွဲ ၃ နာရီခန့်၌ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခင်ကတည်းက KIA တပ်စွဲနေသည့် တပ်စခန်းအနီးသို့ ထိုးစစ်ဆင်တက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။ ယမန်နေ့လည်း ယင်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်သည့်အတွက် နှစ်ဖက်အထိအခိုက်ရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

KIA၊ PDF နှင့် စစ်ကောင်စီတပ်တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲမကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

===
ပုံ - ပုံဟောင်းဖြစ်သည်။

Photo: Credit

17/02/2023
16/02/2023

စစ်ကောင်စီ၏ ရဟတ်ယာဉ်၊ တိုက်လေယာဉ်ပျံတက်မှု သတင်းများ ပေးပို့မည့် လေကြောင်းကင်းထောက်များကို NUG ဖိတ်ခေါ်

▪️ https://t.me/MASurveillance24 ထံသို့ သတင်းများ အချိန်နှင့်တပြေးညီ ပေးပို့နိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်များ၊ လေယာဉ်ပျံတက်မှုဆိုင်ရာ သတင်းများ ပေးပို့မည့် လေကြောင်းကင်းထောက်များကို အမျိုးသားညီ ညွတ်ရေး အစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်ပြီး သတင်းများကို https://t.me/MASurveillance24 တယ်လီဂရမ်ထံသို့ အချိန်နှင့်တပြေးညီ ပေးပို့နိုင်ကြောင်း NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို ဖိတ်ခေါ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ် ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်း ပေးပို့ရန် လိုအပ်ကြောင်း NUG က ကြေညာ အသိပေးထားသည်။

ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူလူထု၏အားဖြင့် ကာကွယ်ရန် လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့် တယ်လီဂရမ် စာမျက်နှာ
https://t.me/MASurveillance24 သို့ သတင်းများ အချိန်နှင့် တပြေးညီ ပေးပို့ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

16/02/2023

"ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ ဒေါ်လာ ၁၀၀၀၀၀ ကမ်ပိန်း" ရဲ့ စတုတ္ထအကြိမ် fundraising အခမ်းအနားကို လာမည့် ဖေဖော်ဝါရီ ၂၆ ရက် တနင်္ဂနွေ မြန်မာစံတော်ချိန် မနက် ၈ နာရီတွင် LIVE ထုတ်လွှင့်သွားမည့် အကြောင်းကြိုတင်အသိပေးအပ်ပါတယ်။ တနင်္သာရီဒေသကို ထောက်ပို့ကူညီဖို့ ကိုယ်တိုင်တက်ရောက်ပြီး အလှူငွေများ လှူဒါန်းလို့နိုင်အောင်စီစဉ်ထားသလို ကမ်ပိန်းကာလကိုလည်း မတ်လ ၁၅ ရက်နေ့အထိ သတ်မှတ်ထားတာကြောင့် နိုင်ငံတကာမှ Fundraiser များထံမှာ ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။ အလှူရှင်များထံသို့ ကျေးဇူးတင်မှတ်တမ်းလွှာပေးပို့သွားမှာဖြစ်ပါတယ်။
OFP fundraiser များမှ ပါဝင်ကူညီလျှက်ရှိပြီး ဆက်သွယ်နိုင်မည့် fundraiser များကို comment တွင်ဖော်ပြထားသော Page တွင်ကြည့်ရှုနိုင်ပါတယ်။



-------------------------------------------
CRPH - OFP ၏ တရားဝင်အလှူငွေကောက်ခံသည့်အဖွဲ့များအနေဖြင့် မိမိတို့၏ Fundraising Campaign များကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ အလှူရှင်များအတွက် အခါအားလျော်စွာ CRPH - OFP page တွင်ဖော်ပြလိုပါက CRPH - OFP ၏ အီးမေးလ်သို့ “Facebook Campaign Post Request” ဟုလိပ်မူပြီး Campaign နေ့မတိုင်ခင်အနည်းဆုံး ၁ပတ် ကြိုတင်လျှောက်ထားနိုင်ပါသည်။

#အရေးတော်ပုံအောင်ရမည်

16/02/2023

လေကြောင်းကင်းထောက်များအလိုရှိသည်

‌အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို ဖိတ်ခေါ်အပ်ပါသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများလိုအပ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူ့အားဖြင့် ကာကွယ်ဖို့ လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့်အောက်ပါ telegram သို့ ဆက်သွယ် သတင်းပေးပို့ကြပါရန်တိုက်တွန်းအပ်ပါသည်။

https://t.me/MASurveillance24

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

16/02/2023

ที่อยู่

Amphoe Muang Ranong

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Blue Dagonผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์