28/09/2026
ဂျော့ရှုဝါဗန် - ဘဝသင်ခန်းစာ 💔
MMA မှာ ၅ ပွဲဆက်နိုင်တော့ ဘဝင်မြင့်လာတယ်။
ပွဲမထိုးခင် ၂ ပတ်အလို Indiana သွားဖို့ တားတာကို မရဘူး၊ သွားခဲ့တယ်။
အဲ့ဒီကစပြီး - အိပ်မပျော်၊ အရက်သောက်၊ လေ့ကျင့်ခန်းပျက်၊ ပထမဆုံး ရှုံးပွဲကြုံတယ် 😭
နိုင်တုန်းက ဝိုင်းနေတဲ့သူငယ်ချင်းတွေ ဘယ်သူမှမရှိ၊ ကျန်တာ ၂ ယောက်ပဲ။
အဲ့ဒီနေ့ပဲ ဆုံးဖြတ်ခဲ့တယ်
"ဒီခံစားချက်မျိုး ထပ်မခံစားချင်ဘူး"
အဲ့ဒီရှုံးပွဲကိုပဲ အားအဖြစ်ယူပြီး ပြန်ကြိုးစားတယ်၊ ပြည်နယ် No.1 Paris ကိုနိုင်လိုက်မှ UFC တံခါးပွင့်သွားတာ 🔥
မာနမရှိရင် ဒီနေ့ Van မရှိဘူး 💪
#ချန်ပီယံ