Ma Aye

Ma Aye ခရီးသွားတာလေးတေမျှဝေမယ်

11/12/2025

ကုလားမလေးခဏလုပ်ပါရစေ🫶🏾

01/10/2025

မြွေဘုရင်တဲ့ဖ

ဒီလိုမျိုး တင်ရတဲ့အတွက်အားလုံးကို ကျွန်တော်အရင်ဆုံးတောင်းပန်ပါရစေဗျဒီအောက်ပါပုံထဲမှ လူရဲ့နာမည်ကတော့ဦးဇော်မင်းဟန် လို့ခေါ...
24/09/2025

ဒီလိုမျိုး တင်ရတဲ့အတွက်
အားလုံးကို ကျွန်တော်အရင်ဆုံးတောင်းပန်ပါရစေဗျ

ဒီအောက်ပါပုံထဲမှ လူရဲ့နာမည်ကတော့
ဦးဇော်မင်းဟန် လို့ခေါ်ပါတယ်။

ကျွန်တော့်အား မွေးဖွားခဲ့တဲ့
နာမည်ခံ ဖခင်တစ်ဦးလည်းဖြစ်ပါသည်။
သို့ပေမယ့် အဖေတစ်ယောက်မဟုတ်ပါ
အဖေတစ်ယောက်အနေနဲ့လည်း မနေထိုင်ခဲ့သလို
သားသမီးများအား ဇနီးမယားအားလည်း
ရိုက်နှက် နှိပ်စက်ခဲ့သူ တစ်ဦးဖြစ်ပါသည်။

ဒီလူသည် ယနေ့ ၁၈ ရက်နေ့တွင်
ကျွန်တော့်၏ တစ်ဦးတည်းသော
အစားထိုး၍မရသော ကျွန်တော့်၏ မွေးမိခင် အမေအား
ဓားဖြင့်ထိုး သ-တ်ဖြတ်၍ ထွက်ပြေးတိမ်းရှောင်နေပါသည်။

ဒီလူအား မဖမ်းမဆီးရသရွေ့ ကျွန်တော့်၏ ညီ
ကျွန်တော့်၏ အမ ကျွန်တော့်၏ အဖွား
ကျွန်တော့်မိသားစု လုံခြုံမှုအား ကျွန်တော်စိတ်မချနိုင်ပါ။

ဒီနေ့သည် ကျွန်တော့်အမေ့၏ မွေးနေ့လည်းဖြစ်ပါသည်။
ကျွန်တော့်၏အမေ သူ့မွေးနေ့တစ်ရက်တာကို ဒီလူ့ကြောင့်
အဆုံးထိ မဖြတ်သန်းလိုက်ရပါ။

ဒီသားမိုက်သည်လည်း သူမ၏ မွေးနေ့အား
သတိရနောက်ကျ၍ မွေးနေ့လက်ဆောင် အမှီမပေးလိုက်နိုင်ပါ။ အမေ့အတွက် မွေးနေ့မှာသုံးဖို့ သားပိုက်ဆံလွှဲလိုက်တယ်အမေ ဆိုသော စကားတစ်ခွန်းလေးလည်း ကျွန်တော်မပြောလိုက်နိုင်ပါ။

အားလုံးကို ကျွန်တော် တောင်းဆိုပါတယ်။ ဒီပိုစ့်အား
Share ပေးကြပါ။ ဒီလူယုတ်မာအား အမြန်ဖမ်းဆီးနိုင်ဖို့ အားလုံးကူညီနိုင်သလောက် ကူညီပေးကြပါဗျာ။ ကျွန်တော် ရှိကြီးခိုးတောင်းဆိုပါတယ်ဗျာ။

Edit: တည်နေရာ ခဏခဏမေးနေကြလို့ဗျ
ပဲခူးတိုင်း သာယာဝတီမှာဖြစ်သွားတာပါ
အခုထိလည်း ဒီလူအား မဖမ်းဆီးနိုင်သေးပါ
အမှုလည်းဖွင့်ထားပြီးပါပြီ
Credit: Shai

🖤🫰🏻
10/09/2025

🖤🫰🏻

သဘာဝ🍀
04/09/2025

သဘာဝ🍀

ChatGPT ကို သိပ်မယုံဖို့ CEO ကိုယ်တိုင် သတိပေးလာလူသန်းပေါင်းများစွာ နေ့စဉ်သုံးစွဲနေတဲ့ ChatGPT ကို ဖန်တီးခဲ့တဲ့ OpenAI က...
29/06/2025

ChatGPT ကို သိပ်မယုံဖို့ CEO ကိုယ်တိုင် သတိပေးလာ

လူသန်းပေါင်းများစွာ နေ့စဉ်သုံးစွဲနေတဲ့ ChatGPT ကို ဖန်တီးခဲ့တဲ့ OpenAI ကုမ္ပဏီရဲ့ CEO Sam Altman ကိုယ်တိုင်က သုံးစွဲသူတွေကို အံ့အားသင့်စရာ သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

"AI ဟာ မရှိတဲ့အချက်အလက်တွေကို အတည်ပေါက်ကြီး ဖန်တီးပြောတတ်တယ် (hallucinates)၊ ဒါကြောင့် ChatGPT ပေးတဲ့အချက်အလက်တွေကို လုံးဝမယုံကြည်သင့်ပါဘူး" လို့ သူက ဆိုပါတယ်။

ဒီလိုသတိပေးနေပေမဲ့ OpenAI ရဲ့ အပတ်စဉ် သုံးစွဲသူ သန်း ၅၀၀ ကျော်အထိ ရှိလာပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၀% နီးပါးက သူတို့ရဲ့ AI စနစ်တွေကို သုံးနေတာနဲ့ ညီမျှပါတယ်။ ကုမ္ပဏီရဲ့ ဝင်ငွေစာလည်း၂ ဆ တိုးလာပြီး အမေရိကန်ဒေါ်လာ $10 ဘီလီယံ အထိ ရောက်ရှိလာခဲ့ပါတယ်။

Sam Altman က ရှင်းပြတာကတော့ "ChatGPT ကို လုံးဝမရှိတဲ့ စကားလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကိုမေးရင်တောင် ယုံကြည်မှုအပြည့်နဲ့ မှားယွင်းတဲ့အဖြေကို ပုံစံကျကျ ပြန်ဖြေနိုင်တယ်" ဆိုတာပါပဲ။

ဒါကြောင့် ChatGPT ကို အချက်အလက်ရှာဖွေရာမှာ အထောက်အကူ (tool) တစ်ခုအနေနဲ့ သုံးနိုင်ပေမဲ့၊ သူပေးတဲ့ အဖြေတိုင်းကို ၁၀၀% အပြည့်အဝ မယုံကြည်ဘဲ ကိုယ်တိုင်ပြန်လည်စစ်ဆေးဖို့ (fact-check) လုပ်ဖို့ အရေးကြီးကြောင်း မီးမောင်းထိုးပြလိုက်တာပါပဲ။

AI ကို သုံးနေတဲ့ မိတ်ဆွေတွေကိုလည်း ဒီအကြောင်း mention ခေါ်ပြီး ဝေမျှပေးလိုက်ပါဦး။ 👇

#နည်းပညာ

နှစ်ပေါင်းများစွာကြိုးစားပြီးမှ ပြည့်လာခဲ့တဲ့အိပ်မက်လျှပ်တစ်ပြတ်အတွင်း အကုန်ပျက်စီးသွားခဲ့...Dr Pratik Joshi(ဒေါက်တာ ပရာ...
13/06/2025

နှစ်ပေါင်းများစွာကြိုးစားပြီးမှ ပြည့်လာခဲ့တဲ့အိပ်မက်
လျှပ်တစ်ပြတ်အတွင်း အကုန်ပျက်စီးသွားခဲ့...

Dr Pratik Joshi(ဒေါက်တာ ပရာတစ် ဂျိုရှီ)သည်
လန်ဒန်တွင် လွန်ခဲ့သော ခြောက်နှစ်ကတည်းက
အခြေချနေထိုင်နေသူဖြစ်သည်။

သူသည် အိန္ဒိယတွင် ကျန်ရစ်နေခဲ့သော
သူ၏ ဇနီးနှင့် သားသမီး သုံးဦးအတွက်
ပိုမိုကောင်းမွန်သော အနာဂတ်ကို
နိုင်ငံခြားတွင်တည်ဆောက်ရန် အိပ်မက်မက်ခဲ့သည်။

ထိုအိပ်မက် အကောင်အထည်ပေါ်လာရေး
နှစ်ပေါင်းများစွာကတည်းက လိုအပ်သော
စာရွက်စာတမ်းများ စီစဉ်မှုအတွက်
စိတ်ရှည်စွာနဲ့ ကြိုးစားဆောင်ရွက်မူ့တို့ဖြင့်
သူ့အိပ်မက်သည် နောက်ဆုံးတွင်
အကောင်အထည်ပေါ်လာခဲ့သည်။

လွန်ခဲ့တဲ့ (၂)ရက်က ဆေးဘက်ဆိုင်ရာ
ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်တဲ့
သူ့ဇနီး Dr.Komi Vyasသည် လန်ဒန်မှာအခြေချရေးအတွက်
အိန္ဒိယရှိ သူမ၏ အလုပ်မှ နုတ်ထွက်ခဲ့သည်။
ပစ္စည်းအိတ်များထုပ်ပိုးပြီး၊
မိတ်ဆွေသူငယ်ချင်းများနဲ့လည်း
နှုတ်ဆက်စကားများ ပြောပြီး၊
အနာဂတ်အိပ်မက် စောင့်မျှော်နေတဲ့ လန်ဒန်စီသို့
ခရီးထွက်ရန် စောင့်နေခဲ့ကြသည်။

မနေ့ကမနက်၊ သူတို့ ငါးဦးလုံး မျှော်လင့်ချက်၊
စိတ်လှုပ်ရှားမှုအပြည့်နဲ့ အနာဂတ်အစီအစဉ်များရှိရာ
လန်ဒန်သို့ Air India လေယာဉ်နံပတ် 171 ဖြင့် ထွက်ခွာခဲ့သည်။ ဤဆယ်လ်ဖီဓာတ်ပုံကို ရိုက်ကာ ဆွေမျိုးများထံ ပို့ခဲ့သည်။
အိန္ဒိယသို့ ပြန်မလာတော့မယ့်
ဘဝသစ်တစ်ခုကို စတင်ရန် ထွက်လာခဲ့ကြလေသည်။

သို့သော် သူတို့အားလုံး သူတို့ရဲ့ ပန်းတိုင်အဆုံးထိ
မရောက်ရှိခဲ့ကြပါ။ လေယာဉ်ပျက်ကျခဲ့သည်။
တစ်ဦးမှ အသက်ရှင်မကျန်ခဲ့ပါ။

ခဏအတွင်း တစ်သက်လုံး မက်ခဲ့သော
အိပ်မက်များသည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဘဝဟူသည် အချိန်မရွေး
ထိတ်လန့်ကြောက်မက်ဖွယ်ရာအကြောင်းအရာတွေနဲ့
ဆုံတွေ့နိုင်ကြောင်း ကျွန်တော်တို့အားလုံးကို
သတိပေးနေပါသည်။
သင်တည်ဆောက်ထားသမျှ၊
သင်မျှော်လင့်ထားသမျှ၊ သင်ချစ်မြတ်နိုးသမျှသည်
သေးငယ်သောချည်မျှင်တစ်ခုဖြင့်သာ ဆွဲထားသည်။

ထို့ကြောင့် ခင်ဗျာအသက်ရှင်နေတုန်းမှာ ချစ်ပါ၊ပြုံးပါ၊
မေတ္တာတွေနဲ့ရှင်သန်နိုင်ဖို့ ကြိုးစားပါ၊
အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တဲ့ဘဝမှာ
ပျော်ရွှင်မှုတွေအတွက် မနက်ဖြန်ကို စောင့်ဆိုင်းမနေပါနဲ့။

photo,story fully credit to
the skin doctor

စိတ်မကောင်းလိုက်တာ ကလေးရယ်😥🥀ပဲခူးမြို့ မဟာစေတီ (၃)လမ်းအမည်-မောင်သက်နိုင်မင်းအသက်-၁၃ နှစ်အဖ-ဦးသန်းမြိုင်အမိ-ဒေါ်ရည်မွန်မေ...
24/05/2025

စိတ်မကောင်းလိုက်တာ ကလေးရယ်😥🥀
ပဲခူးမြို့ မဟာစေတီ (၃)လမ်း
အမည်-မောင်သက်နိုင်မင်း
အသက်-၁၃ နှစ်
အဖ-ဦးသန်းမြိုင်
အမိ-ဒေါ်ရည်မွန်

မေလ ၂၀ ရက်နေ့ ညနေ ၅နာရီခွဲလောက်ကတည်းက ‌ပျောက်ဆုံးသွားခဲ့တာ၊
ပြန်တွေရှိပေမယ့် အသက်မပါတဲ့ခန္ဓာကိုယ်ပါတဲ့😥

ယနေ့ ၂၃.၅.၂၀၂၅ သင်္ဂြိုဟ်ပါမည်တဲ့ခင်ဗျာ

ဘယ်လိုလူတွေပါလိမ့် ယုတ်မာလိုက်ကြတာ

ကောင်းရာဘုံဘဝရောက်ပါစေ ကလေးရယ် 🥀🥀

13/01/2025

Address

Singapore

Telephone

+6580149004

Website

Alerts

Be the first to know and let us send you an email when Ma Aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category