03/10/2024
DV2026 တင်ပီးသွားပါပီ
အခု အချိန်က စပြီး ကို အောင်မြင်စွာ တင်နိုင်ပါပြီ။
https://dvprogram.state.gov/
ဒီစာမျက်နှာ တစ်ခုထဲကသာ တင်ရမှာပါ။ ကျန်တဲ့ ဂရင်းကတ်ရမယ် ငွေတောင်းနေတာ မှန်သမျှ အကုန် အတုပါ။ Begin Entry ကနေ စတင်ပါ။
တင်ပြီးရင် Success လက်ခံ Confirmation Page လေးသိမ်းထားပါ
အောင်မြင်ကြပါစေ။
တချို့ တကယ်အလှမ်းဝေးတဲ့ သူတွေ ရှိနေတာ တွေ့ရပါတယ်
ပုံဘယ်မှာရိုက်ရမလဲ
ဘယ်လိုတင်ရမလဲပေါ့နော်
အဲလိုလူတွေအတွက် ပုံပါရိုက်ပေးပီး
တခါတည်း ကူညီတင်ပေးပါမယ်ဗျာ
Sat & Sun လူ ၁၀ ယောက်တစု ကို အဆင်ပြေမဲ့ တနေရာမှာစုပီး တခါတည်း ရိုက်တင် လုပ်ပေးပါမယ်
သိတဲ့သူတွေတော့ ကိုယ့်အားကို ကိုးကြပါခင်ဗျ
လွယ်ပါတယ်
DV group တွေမှာ အစုံအလင်တင်ထားကြတာရှိပါတယ်
Singapore မှာရှိနေပီး တကယ်မသိတဲ့သူတွေအတွက်
No charge ပါ ခင်ဗျာ
အရင်နှစ်က သူငယ်ချင်းတစ်ယောက်ပေါက်ပီး ရောက်သွားပီ
သူပေါက်တုန်းကဆို ကိုယ်ပါ တပါတ်လောက် တွေးပျော်နေရတာ
ဘယ်သူပေါက်ပေါက်
အတူတူရင်ခုန် မျော်လင့်လို့ရတာပေါ့
Our State Department Web site for the 2026 Diversity Visa Program (DV-2026) is now open. The entry submission period for DV-2026 is from 12:00PM EDT (GMT -4) on October 2, 2024 to 12:00PM EST (GMT -5) on November 5, 2024. The entry form will only be available for submission during this period and th...