Singapore arrive Kachin Youth 23

Singapore arrive Kachin Youth 23 �Jesus is love � Myitkyina အထည်​လက်​လီလက်​ကား

✈️လေဆိပ်သွားရင် မျက်စိမလည်ဖို့ ✈️^^^^^^^^^^^^^^^^^^^^^^^^^^နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိ...
07/09/2023

✈️လေဆိပ်သွားရင် မျက်စိမလည်ဖို့ ✈️
^^^^^^^^^^^^^^^^^^^^^^^^^^
နိုင်ငံခြားသွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိကြမယ်ထင်တယ်၊ ကျွန်တော်တို့လို ခရီးခဏခဏ သွားတဲ့သူတွေတောင် ခုချိန်ထိ လေဆိပ်အတွင်း Sign တွေလိုက်ကြည့်ပြီးပဲ သွားရတာပါ။ Dubai, Doha နဲ့ Kuala Lumpur တို့လို Transit အဝင်အထွက်များတဲ့ Airport တွေဆို Terminal တစ်ခုနဲ့တစ်ခုကူးဖို့ လေဆိပ်အတွင်း Bus နဲ့ Mini Train တွေတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် နိုင်ငံတကာက လေဆိပ်တွေအားလုံးရဲ့ အဆင့်ဆင့်ဖြတ်ကျော်ပုံက အတူတူပဲမို့ အထောက်အကူဖြစ်အောင် ဒီ Content လေး ရေးပေးလိုက်ပါတယ်၊ အသုံးလိုတဲ့အခါ ထုတ်ကြည့်လို့ ရအောင်ပေါ့...။

အဆင့် (၇) ဆင့်ကို အလွတ်မှတ်ထားပါ
၁။ Check-in Counter သွားမယ်
အရင်ဆုံး ကိုယ့်လေယာဥ် ဘယ် Terminal ကစီးရမှာလဲ သိရမယ်၊ အဲ့တာကလည်း Flight Ticket ထဲ ပါမှာမို့ စိတ်ပူစရာမလိုပါ။ ထွက်ခွာဆို Departure ကိုသွားပြီး ဆိုက်ရောက်က Arrival ပါ။ Departure Terminal အတွင်း ကြိုက်တဲ့ Gate ကဝင်ပြီး အရင်ဆုံးလုပ်ရမှာ Airline Check-in Counter ရှာရပါမယ်၊ လေဆိပ်တွေမှာ အပေါက်ဝဝင်ဝင်ချင်း LED Board တွေနဲ့ ဘယ် Airline Counter ကတော့ ဘယ် Roll မှာ A, B, C စသဖြင့် ရေးထားလို့ အဲ့မှာကြည့်ပြီး Sign အတိုင်းလိုက်သွားပါ၊ ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ Counter တွေ့ရင် တန်းစီ Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ပါ။ Luggage အပ်တဲ့အခါ ကွဲတတ်တာတွေပါရင် တစ်ခါတည်းပြောပါ၊ Battery ပါတဲ့ Power Bank လို ပစ္စည်းတွေကတော့ ကိုယ်နဲ့အတူ လေယာဥ်ပေါ် Hand Carry သယ်သွားပါ။ မတော်တဆပါသွားခဲ့ရင် လေယာဥ်ပေါ်ရောက်ပြီးမှ ကိုယ့်နာမည်ခေါ်ပြီး ပြန်လာထုတ်ခိုင်းလို့ အရမ်းကို အလုပ်ရှုပ်တဲ့အပြင် လေယာဥ်ပါ Delay ဖြစ်နိုင်တာမို့ အထူးဂရုစိုက်ပါ။ (ခုက Traditional နည်းပဲ ရေးထားပါတယ် Online နဲ့ Self Check-in နည်းတွေပါရေးရင် ရှည်သွားမှာမို့ ဒီလောက်ပဲမှတ်ထားရင် ရပါပြီ)

၂။ Immigration ဖြတ်မယ်
Check-in ဝင်ပြီးပြီဆို ကိုယ်လေယာဥ်စီးရမယ့် လက်မှတ် Boarding Pass ရလာပါမယ်၊ အဲ့တာရပြီးပြီဆို လူဝင်မှုကြီးကြပ်ရေး Immigration ဆိုပြီး ရဲပုံလေးနဲ့ Sign နောက်ကို သွားပါ၊ ဒါမှမဟုတ် To Gates ဆိုတာနောက် လိုက်သွားလည်း ရပါ၏၊ ကိုယ်ဒီနိုင်ငံက ထွက်ခွာသွားပြီဆိုတဲ့ တုံးထုပေးဖို့ပါပဲ စိတ်ပူစရာမလို ကြောက်စရာမလို။ ကိုယ်သွားမယ့်နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် Visa လိုတယ်ဆို ဒီနေရာမှာ စစ်ပါတယ်၊ မြန်မာပြည်က Departure Card ဆိုတာ ဖြည့်ရလို့ Check-in Counter မှာရလာတဲ့ Card ကိုဖြည့်ပြီး Immigration မှာပေးခဲ့ပါ။

၃။ Security စစ်မယ်
Immigration ကို ဖြတ်လာပြီးရင်တော့ လေယာဥ်စီးရမယ့် Gate တွေကို မရောက်ခင် ကိုယ့်ကိုရော လေယာဥ်ပေါ်ယူသွားမယ့် Hand Carry ကိုပါ Security စစ်ပါမယ်၊ ဒီနေရာမှာ အရည်ပါတဲ့ပစ္စည်းတွေ 100ml ထက်ပိုပြီး သယ်မရပါ Skincare ဘူးကြီးတွေဆိုလည်း အကုန်ထားခဲ့ရမှာမို့ Luggage အကြီးထဲထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့။ လိုအပ်ချက်ပေါ် မူတည်ပြီး ဖိနပ်၊ ဦးထုပ်၊ အနွေးထည်နဲ့ ခါးပတ်တွေပါ ချွတ်ခိုင်းမှာမို့ သူတို့တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံပါ။

၄။ စီးရမယ့် Gate ရှာမယ်
ဒီနေရာကို ရောက်လာပြီဆို စိတ်နည်းနည်းအေးရပါပြီ... To Gates ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass ပေါ်က ကိုယ်စီးရမယ့် Gate နံပါတ်ကို လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ Duty Free Area ထဲ သွားချင်တဲ့နေရာသွားပြီး စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်ဆိုင်းရုံပါပဲ။ တစ်ခုသတိထားရမှာက Last Minute မှ Gate ပြောင်းတတ်လို့ ကိုယ့် Gate ကိုတော့ အမြဲ Check နေပါနော်။

၅။ လေယာဥ်ပေါ်တက်မယ်
Boarding ခေါ်တဲ့အခါ အသံနဲ့ကြေငြာပါတယ်၊ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့ သူပြီးရင် ဝင်ရပါတယ်၊ လေယာဥ်အတွင်းရောက်ပြီဆို ကိုယ့်ရဲ့ Seat နံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ပါ။ ကိုယ် Window Seat ဆို ကိုယ့်နံပါတ်ဘေးမှာ လေယာဥ်ပြတင်းပေါက်ပုံလေး ပြထားပါလိမ့်မယ်၊ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ခုံပေါ့။

၆။ Immigration ဖြတ်မယ်
Landing ဖြစ်ပြီး လေယာဥ်ပေါ်က ပြန်ဆင်းရပြီဆို Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ အရင်ဆုံး Immigration ဖြတ်ရမှာအပြင် တခြားမရှိပါ၊ ကိုယ့်မှာပါတဲ့ စာရွက်စာတမ်းတွေပြ၊ Officer က တုံးထု၊ လိုအပ်တဲ့ Scan ဖတ်တာတွေလုပ် ပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ လေဆိပ်သွားရင် သပ်သပ်ရပ်ရပ်ဝတ်စားသွားဖို့ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ အရမ်းစကားပြောပါတယ်၊ ကိုယ့်ကိုမသင်္ကာရင် မသင်္ကာသလို ရစ်နိုင်လို့ ကိုယ်ကကြောက်နေတဲ့ပုံ မနေသင့်ပါဘူး၊ ပုံမှန်အားဖြင့်တော့ ဒီတိုင်းတုံးထုပေးပြီး မစစ်လိုက်တာများပါတယ်၊ ကျန်တာတော့ ကိုယ့်ကံပေါ့။

၇။ Baggage Claim မယ်
နောက်ဆုံးအဆင့်ရောက်ပါပြီ၊ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ Flight က ဘယ်နံပါတ်မှာ Luggage တွေ ချပေးမလဲဆိုတာ ကြည့်ရမယ့် LED Board ကို ရှာပါ။ အဲ့မှာကြည့်ပြီး အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်၊ ကိုယ်ဆက်သွားမယ့်နေရာ ဆက်သွားနိုင်ပါပြီ။
ဒီအဆင့်တွေအားလုံးက ကျော်စရာလည်းမလိုသလို ကျော်လို့လည်း မရပါဘူး... စိတ်ချမ်းသာပြီး အရာရာ အဆင်ပြေတဲ့ ခရီးစဥ်တွေ ဖြစ်ကြပါစေ။
.....


"  #မသိမသာနဲ့ငါတို့အိုမင်းလာခဲ့ပြီ "===================အချိန် သွားနေတယ်၊အသက်အရွယ် ပြောင်းနေတယ်။ကလေးအရွယ်ကနေ ဆယ်ကျော်သက်အ...
25/08/2023

" #မသိမသာနဲ့ငါတို့အိုမင်းလာခဲ့ပြီ "
===================
အချိန် သွားနေတယ်၊
အသက်အရွယ် ပြောင်းနေတယ်။
ကလေးအရွယ်ကနေ ဆယ်ကျော်သက်အရွယ်က
အပူအပင်မဲ့ ပျော်စရာအရွယ်ပေါ့။
ဆယ်ကျော်သက်ကနေ လူငယ်လူရွယ်အရွယ်က
ဘာလုပ်လုပ် စိတ်အားထက်သန်တယ်။
လူရွယ်ကနေ လူလတ်ပိုင်းအရွယ်ရောက်တော့
စိတ်ပျက်လက်မှိုင်ချရတာတွေ များလာခဲ့တယ်။
ဘဝဆိုတာ ရုပ်ရှင်ရိုက်သလိုပါပဲ။
ဖြတ်လျှောက်ဘဝကနေ အရံသရုပ်ဆောင်
ငါတို့ဖြစ်လာတယ်။

အရံကနေ ခေါင်းဆောင်သရုပ်ဆောင်ဖြစ်လာတယ်။
အတိုက်အခိုက် အထိုးအနှက်ကြားမှာ သင်ခန်းစာယူပြီး
အခက်အခဲကြားမှာ အတွေ့အကြုံကို ငါတို့ယူခဲ့တယ်။
မသိမသာနဲ့ ငါတို့ ရင့်ကျက်လာခဲ့တယ်၊ တည်ငြိမ်လာခဲ့တယ်။
အရာတော်တော်များများကိုလည်း
သဘောပေါက် နားလည်လာခဲ့တယ်။
လူ့စိတ် လူ့မနှောကိုလည်း သိလာခဲ့တယ်။
စစချင်းမှာရှိတဲ့ မခံချင်စိတ် ဒေါသတွေက
နောက်ပိုင်းမှာ ငြိမ်သက်လာတယ်။
စစချင်းမှာ ကြည့်မရတဲ့အရာတွေက
နောက်ပိုင်းမှာ ထားလိုက်တော့လို့ဖြစ်သွားတယ်။
ဒီဘဝခရီးလမ်းက
ပြောင်းလဲမှုမြန်ဆန်နေတယ်။
မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
မိဘတွေ ဖြစ်ကုန်ကြပြီ။
ဦးဦးဒေါ်ဒေါ်တွေ ဖြစ်ကုန်ကြပြီ။
အမှားလုပ်မိရင် တာဝန်ယူရပြီ။
မိသားစုရှိလာတော့ တာဝန်ကိုထမ်းပိုးရပြီ။
အရင်ကလို အဖေတို့ အမေတို့လုပ်လိုက်မယ်ဆိုတာမျိုး မရတော့ဘူး။
မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
ခန္ဓာကိုယ် ပုံပြောင်းစပြုလာပြီ။
ဗိုက်ပူလာပြီ။
အကျင့်စရိုက်တောင်မှ တည်တည်ငြိမ်ငြိမ်ဖြစ်လာခဲ့ပြီ။
အိမ်ကို ပိုပိုသံယောဇဉ်ရှိလာခဲ့ပြီ။
ဘုရားတရားရိပ်ကို ပိုတပ်မက်လာခဲ့ပြီ။
ကျန်းမာရေးကိုပထမလို့ ထားတတ်လာခဲ့ပြီ။
ငွေကြေးဥစ္စာအပေါ် အမြင်တဖြည်းဖြည်းပေါ့လာခဲ့ပြီ။
မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
မောတဲ့အခါ နားသင့်ရင်နားပါ..
ခန္ဓာကိုယ်က အဓိကပါ။
နွမ်းတဲ့အခါ အိပ်သင့်ရင်အိပ်ပါ..
အိပ်ရေးတွေ အပျက်မခံနဲ့တော့။
ဆာတဲ့အခါ စားသင့်ရင်စားပါ...
တစ်သက်တာက တိုလွန်းပါတယ်..
မျက်စိတစ်မှိတ်တွင်းမှာ ကျော်ဖြတ်ကုန်ကြတာပါပဲ။
ကောင်းတဲ့အရာကို နောက်ဆုံးသိမ်းမထားပါနဲ့။

မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
crd_to_owner

Singapore ရောက်ရင် မဖြစ်မနေသွားရောက်လည်ပတ်ရမဲ့နေရာလေးတွေပါ❤
24/08/2023

Singapore ရောက်ရင် မဖြစ်မနေသွားရောက်လည်ပတ်ရမဲ့နေရာလေးတွေပါ❤

Mare kahtawng hpe marit ten sumtsan du nga ten grau grau marit ai 😍  crd..
23/08/2023

Mare kahtawng hpe marit ten sumtsan du nga ten grau grau marit ai 😍
crd..

“ကိုယ်ရှိတယ်နော်” အဲ့ဒီစကားလေးဟာအတော်လေးနွေးထွေးရတယ် ။  #ဒါပေမယ့် ကိုယ့်အတွက်တော့ အမေရှိတယ်နော် ဆိုတဲ့ စကားကသာ ကမ္ဘာမှာ ...
23/08/2023

“ကိုယ်ရှိတယ်နော်” အဲ့ဒီစကားလေးဟာ
အတော်လေးနွေးထွေးရတယ် ။ #ဒါပေမယ့် ကိုယ့်အတွက်တော့ အမေရှိတယ်နော် ဆိုတဲ့ စကားကသာ ကမ္ဘာမှာ အနွေးထွေးဆုံးပါ။😔 အမေ့ကိုလွမ်းတယ်

လူဆိုတာ အနွေးဓာတ်လိုပါတယ်
ပင်ပန်းတာတွေ ဖြေဖျောက်ဖို့
ပျော်ရွှင်ခြင်းတွေ မျှဝေခံစားဖို့
‌တစ်ယောက်အတွက်
တစ်ယောက်က ရှိနေပေးတာဟာ
တကယ်ကို ကြည်နူးစရာပါပဲ ။

#ခက်နှောင်

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Singapore arrive Kachin Youth 23 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Singapore arrive Kachin Youth 23:

Share

Category