Maw Lay

Maw Lay Travel view 🤓

06/07/2024

မြန်မာနိုင်ငံ၏ အဓိက ထုတ်ကုန်မှာ

Celebrity ဖြစ်သည်။

အပေါးဆုံးကဆယ်လီတေပဲ🤓


20/01/2022

မြန်မာမိဘတွေ ဖတ်ဖို့
🔶🔶🔶🔶🔶🔶🔶🔶

ကျောင်းပြီးတဲ့ ကိုယ့်တူမတွေကို ခေါ်ပြီး အလုပ်ခိုင်းကြည့်ဖူးတယ်။

ဘာမှ ခိုင်းမရ။ ထမင်းမချက်တတ်၊ တံမျက်စည်း မလှဲတတ်။ မီးပူထိုးခိုင်းတော့ အင်္က ျီတွေ ကျွမ်းကုန်ရော။

မြို့ထဲ ဆိုင်ကို တစ်ခုခု သွား၀ယ်ခိုင်းရင် မသွားရဲ။ ဆိုင်ဘယ်နားရှိမှန်းမသိ။

ကြမ်းတိုက်ခိုင်းတာနဲ့ အောက်တန်းကျတယ် ဆိုပြီး အိမ်ပြန်ပါလေရော။

သူ့အမေ ကိုယ့်အမတွေ ကို တိုင်တော့ အမဖြစ်သူ အဒေါ်ဖြစ်သူတွေ ကြားတော့ ကိုယ်ပဲ အဆိုးဖြစ်ရော။ သူတို့သမီး၊ သူတို့ တူမ လေးကို ခိုင်းရက်တယ်ပေါ့။

ကိုယ်တွေငယ်ငယ်က အဘွား ဟင်းချက်တဲ့ နား ကြက်သွန်လှီးပေး၊ ငရုတ်သီးထောင်းပေးခဲ့ရတယ်။ အဘွားတွေချက်တဲ့ ဟင်းမျိုးစုံကို မူလတန်းအရွယ်လောက်ကတည်းက လေ့လာခဲ့ဖူးတယ်။ ရန်ကုန်ဘက်က ကုမ္မဏီထောင်ထားတဲ့ အဒေါ်ဆို ခရမ်းချဉ်သီး အခွံနွှာတာကအစ လုပ်ပေးခဲ့ရတယ်။ ရုံးအလုပ်တွေအပြင်၊ အဒေါ်ရဲ့လုံချည်တွေ လျှော်ကူပေး၊ ကြမ်းတိုက် ရေအိမ်သာ သန့်ခဲ့ရတယ်။ အဒေါ့်ဆီက တန်ဘိုးရှိတဲ့ သြ၀ါစကားလေး က ငါ့တူ ကိုယ်ပိုင်လုပ်ငန်း ထောင်တဲ့ အချိန်ကျသိလာလိမ့်မယ်တဲ့။ အဆင့်တန်းဆိုတာ အဆင့်တန်းရှိတဲ့ သူတွေနဲ့ နေဖူးမှ ငါ့သားရဲ့တဲ့။

ဟိုနေ့က လူမင်းနဲ့ ဒေါင်း သားအဖအနေနဲ့ရိုက်ထားတဲ့ ဇားတ်ကား နမူနာလေးကြည့်ဖြစ်တော့ ကိုယ့်တူ၊ တူမ တွေကို ပြေးမြင်မိတယ်။

မိဘက အဆင်ပြေသလား မပြေသလားမသိ။ သူတို့ကတော့ ကော့ပျံနေအောင်၀တ်စားပြီး တချို့ဆို အိုင်ဖုန်းနဲ့ ကျောင်းတက်။

ရှိစုမဲ့စု မစားရက်မသောက်ရက် စုဆောင်ထားတဲ့ငွေလေးတွေနဲ့ (၁၀)တန်းအောင် အောင် မိဘက ကျူရှင်ဘော်ဒါတွေပေးထားခဲ့ရတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ ကျူရှင်ဘော်ဒါ နားခဏခဏ ရောက်ဖြစ်တော့ အဲလိုမျိုးမိဘတွေ ခဏခဏ တွေ့ရတယ်။ မျက်နှာမည်း ကျောမွဲ လူတန်းစား တောသူတောင်သားတွေရဲ့ ဘ၀က အင်မတန် သနားစရာကောင်းတယ်။

သူတို့ ကလေးတွေရဲ့ ကျောင်းစရိတ် (၁၀)သိန်းလောက်ကို ခွဲပေးတာတောင် မနည်းပေးနေရတယ်။ ကိုယ့်ရှေ့တင် မျက်နှာငယ်နဲ့ ခါးကိုင်းကိုင်း၊ လုံချည်ခပ်နွမ်းနွမ်းနဲ့ သားက ဘယ်သူ၊ သမီးက ဘယ်သူ ပြောလို့ ကြည့်မိတော့ ကလေးတွေက မင်းသား၊ မင်းသမီးကြလို့။ ဖူးဖူး မှုတ်ထားလိုက်ကြတာ။

အမှန်တော့ ကျွန်တော်တို့ မြန်မာ မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးကို ဖျက်နေကြတာ။ ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် မခိုင်းရက် ဘူးဆိုပြီး နှစ်နေကြတာ။

ပ်ိုက်ဆံဘယ်ကရသလဲ ဘယ်လိုရသလဲ မသိတဲ့ ကိုယ့်တူ၊ တူမတွေကို ကြည်ြ့့ပီး၊ စိတ်မကောင်းဖြစ်မိတယ်။

အလုပ်ပေးပြန်တော့လည်း ဘယ်အလုပ်ဖြစ်ဖြစ် တစ်လ မကြာ။ မိဘ ရှိရင် မငတ်ဘူးဆိုတဲ့ တလွှဲမာန က မြန်မာတွေရဲ့ အကျင့်ဆိုး ဥာဉ်ဆိုး။

ကျောင်းက ပြီးလာတော့ လက်တွေ့မပါ။ အိမ်အလုပ်တောင် မတတ်ခဲ့တဲ့ တူ၊ တူမတွေဆိုတော့ ဘယ်အလုပ်ရှင်ကများ ခယ ခေါ်မှာတဲ့လဲ။

ကျောင်းတွေပြီးလို့ ကွန်ပျူတာ ၊ အင်္ဂလိပ်စကားပြောလေး တက်ပါဆိုတော့၊ နွေရာသီ ဝါးနဲ့ မီးချိတ်၊ လှေခါး လုပ်သလို ခိုင်းလို့သာ လုပ်ရတယ် ဘယ်အတွက်မှန်းမသိ လျော့တိလျော့ရဲ။

တစ်လ နှစ်လလောက် သင်တန်းတက်တာနဲ့ အကုန်တတ်ပြီးထင်တာလည်း အံ့ပါရော။

အောင်လက်မှတ် အတင်းတောင်းပြီး အလုပ်သွားလျှောက်ကြတာလည်း ဘယ်လိုပြောရမှန်းမသိ။

အလုပ်ရှင်တွေမှာလည်း skilled worker ရှားပါးတော့ အလုပ်သင်နဲ့ ပဲ Trained လုပ်ပြိး သုံးကြရတယ်။ အလုပ်ရှင်တွေရဲ့ အဓိက ပြဿနာက သင်ပေးလိုက်လို့ တစ်နှစ်မကြာဘူး၊ ကျွမ်းကျင်မယ်လည်း လုပ်ရော ထွက်သွားကြပြန်ရော။

မိဘတွေလည်း ကလေးတွေကို ငယ်ကတည်းက သင်ယူတတ်တဲ့ အကျင့်လေး မွေးပေးရတော့မယ်။ အိမ်အလုပ်၊ လူမှုပတ်၀န်းကျင် နဲ့ ကျန်းမာရေး စတာလေး တွေ တို့ထိပေးရမယ်။

ကိုယ့်တူ၊ တူမတွေလို ဝါးတားတားတွေ များရင် နိုင်ငံ့အတွက် လက်ကျော မတင်းတဲ့ လူငယ်မျိုးဆက်သစ်တွေမဖြစ်စေချင်ဘူး။

ကိုယ့်ပတ်၀န်းကျင်နဲ့ ...
ဘက်စုံကဏ္ဍ တွေမှာ ထူးချွန်တဲ့ လူငယ်တွေ များများ မွေးထုတ်ပေးရမယ်။

၂မိနစ်လောက် အချိန်ပေးပြီးဖတ်ကြည့်ပါ

ခက်ခဲကြမ်းနေတဲ့ သင့်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါတယ်ဆိုတာ မမေ့ပါနဲ့ စိတ်ဓာတ်မကျမိစေနဲ့ တစ်ခါက အငြိမ်းစား ကျောင်းဆရာတစ်ယောက်နဲ့ ဘဏ်မန်နေဂျာဟောင်းတစ်ယောက်တို့ အိမ်နီးနားချင်းတွေဖြစ်ကြသတဲ့။

အလုပ်ကလည်း အနားယူပြီးပြီဖြစ်လို့ နှစ်ယောက်စလုံးက ခြံထဲမှာ သစ်ပင်စိုက်ဖို့ စိတ်ကူးရကြတယ်။ ဒီမှာ ထူးခြားချက်က ဘဏ်မန်နေဂျာက ခေတ်မီနည်းစနစ်တွေကို သိပ်ယုံကြည်အားကိုးတတ်သူတစ်ယောက်ဖြစ်ပ်ါတယ် နှစ်ယောက်သား အမျိုးအစားတူ သစ်ပင်လေးတစ်ပင် ခြံထဲကိုယ်စီ စိုက်ကြတယ်။

ကျောင်းဆရာဟောင်းကတော့ သူ့ပျိုးပင်လေးကို ပုံမှန်ရေလေးနည်းနည်းလောက်ပဲ လောင်းပြီး ဂရုတစိုက် ပြုစုလေ့မရှိဘူး။ နည်းပညာအားကိုးတဲ့ ဘဏ်မန်နေဂျာဟောင်းကတော့ သူ့ပျိုးပင်လေးကို မြေသြဇာကောင်းကောင်းကျွေး၊ ရေတွေလည်း အမြဲပုံမှန်လောင်းနဲ့ အရိပ်တကြည့်ကြည့် ပျိုးထောင်လာခဲ့ပါတယ်။

ဒီလိုနဲ့ … …သူတို့ရဲ့ သစ်ပင်လေးတွေပြိုင်တူ ကြီးထွားလာကြတယ်။ ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ရိုးရိုးသာမန်ပါပဲ။ ဘဏ်မန်နေဂျာရဲ့ သစ်ပင်ကတော့ သူ့ရဲ့ ဂရုတစိုက် ပြုစုမှုအကျိုးနဲ့ ပိုလှပ၊ ပိုဝေဆာတဲ့ သစ်ပင်လေးတစ်ပင်ဖြစ်လာတယ်။

တစ်ညမှာတော့ … … သူတို့မြို့လေးကို လေပြင်းမုန်တိုင်းအသေးစားလေးတစ်ခု ဝင်ရောက်တိုက်ခတ်ခံလိုက်ရတယ်။ အဲ့ဒီညက မိုးတွေကြီး လေတွေထန်လို့ အသည်းအသန်ပေါ့။

မနက်မိုးလင်းလင်းချင်းပဲ သစ်ပင်စိုက်ထားသူနှစ်ယောက် သူတို့ရဲ့ သစ်ပင်တွေကို ထွက်ကြည့်ကြတယ်။ အဲ့ဒီမှာတွေ့လိုက်ရတာကတော့ မန်နေဂျာရဲ့ သစ်ပင်က အမြစ်ကနေ ကျွတ်ထွက်နေပြီး ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ပုံစံမပျက်ဘဲ မားမားမတ်မတ် ရှင်ကျန်နေတာကို အံ့အားသင့်ဖွယ်တွေ့လိုက်ရပါတော့တယ်။

မန်နေဂျာလည်း အံ့သြတကြီးနဲ့ ကျောင်းဆရာကို လှမ်းမေးတယ်။ "ကျွန်တော်တို့ နှစ်ယောက် အမျိုးအစားတူ သစ်ပင်တစ်မျိုးထဲကိုပဲ တစ်ချိန်ထဲတူတူ စိုက်ခဲ့ကြတယ်လေ။ ကျွန်တော်က ခင်ဗျားထက်တောင် ဒီအပင်ကို ဂရုစိုက်ခဲ့သေးတာ။

အခု သေချာပြုစုထားတဲ့အပင်က အမြစ်ကကျွတ်ထွက်သွားပြီး ခင်ဗျားဂရုမစိုက်ခဲ့တဲ့ အပင်ကျတော့ အကောင်းအတိုင်း ကျန်နေခဲ့ပါရောလား" "မှန်ပါတယ်။ ခင်ဗျားက ငွေလည်း တတ်နိုင်နေတာဆိုတော့ … အပင်လေးကို မြေသြဇာပုံမှန်ကျွေး၊ … ရေသေချာလောင်းနဲ့ ဂရုတစိုက်ပြုစုခဲ့တော့ ခင်ဗျားအပင်လေးက ဘာမှ အခက်အခဲမရှိဘဲ ကြီးထွားလာနိုင်တာပေါ့။

သူ့ခမျာ ရှင်သန်ကြီးထွားဖို့ ဘာမှတောင် ပင်ပင်ပမ်းပမ်းမကြိုးစားလိုက်ရဘူးလေ … … ကျွန်တော့်အပင်လေးကိုတော့… ဘာမှထွေထွေထူးထူးလုပ်မပေးခဲ့ဘူး။ သူ့အတွက် လိုအပ်တဲ့ရေလေးလောက် လောင်းပေးပြီး ကျန်တာကို သူ့အစွမ်းအစနဲ့သူ ရှာဖွေဖို့ လွှတ်ပေးခဲ့တယ်။

ဒီတော့… … ကျွန်တော့်အပင်လေးက သူ့အတွက် မြေသြဇာကောင်းကောင်းရဖို့၊ သူရှင်သန်နိုင်ဖို့ မြေအောက်ကို သူ့အမြစ်တွေနဲ့ ဆက်ထိုးဖောက်ရတယ်။ ဒီလို … ရုန်းကန်ရင်းနဲ့ပဲ ဒီအပင်လေးက ပိုပြီးသန်မာလာတော့ အခုလို အခြေအနေဖြစ်သွားတော့တာပါပဲ"… …!

#သင်ခန်းစာ - - အခက်အခဲတွေကပဲ လူတစ်ယောက်ကို ပိုမိုသန်မာအောင် ကူညီပေးနိုင်ပါတယ်။ သင့်ဘဝမှာ. . . အခက်အခဲတွေကြုံနေရလို့ စိတ်မပျက်ပါနဲ့။ ကြိုးစားရင်း သင်ပိုမို သန်မာတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

သင့်မှာ … သားသမီးတွေရလာတဲ့အခါမှာလည်း… … ဒီအဖိုးကြီးနှစ်ယောက်ရဲ့ မတူညီတဲ့ သစ်ပင်ပျိူးပုံနဲ့ မတူညီတဲ့ ရလဒ်နှစ်ခုကို အမြဲတမ်းသတိရပါ။ ကြိုးစားနေကြသူတိုင်းး အားမလျှော့ကြပါနဲ့ … ဇွဲမလျှော့ကြပါနဲ့ နော် ...

Crd ... ✍️✍️✍️

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Maw Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category