11/12/2023
( 1 ) သင်ယူလေ့ မရှိခြင်း (11%)
သင်ယူလိုစိတ် နည်းပါးခြင်း
သင်ယူတယ်ဆိုတာ ပင်ပန်းရပါတယ်။
အားထုတ်ရပါတယ်။ ဦးနှောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊
အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ဝတ်ကျေ
တန်းကျေလုပ်ပါတယ်။ အပြစ်တင်လွတ်အောင်
သာလုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့
အခွင့်အရေးရှိတယ်ဆိုတာ သူတို့ မသိကြ။
သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင်
သက်သောင့်သက်သာနဲ့ လက် လက်ကိုင်ဖုန်းဆော့နေ
တတ်ကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။
အလ္လာဘ သလ္လာဘတွေပြောနေတတ်ကြပါတယ်။
---------------------------------
( 2 ) ဆင်ခြေများလွန်းခြင်း (22%)
ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များ
လွန်းခြင်းဟာ ဘ၀ကိုရှုံးနိမ့်စေတဲ့ အကြောင်းရင်း
ထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ
အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်ကြ။
ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ
အကြောင်းပြချက်မျိုးစုံ အမြဲရှိနေတတ်တယ်။
လုပ်ဖော်ကိုင်ဖက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊
ခေတ်ကာလကြောင့်၊ မိဘတွေကြောင့်၊
သူငယ်ချင်းကြောင့်၊ ဘာကြောင့်ညာကြောင့်နဲ့
သူတို့ဆုံးရှုံးရတယ်လို့ပဲ ယူဆကြပါတယ်။
သူတို့ကိုယ်သူတို့ ဘယ်သောအခါမှ ပြန်လည်
ဆန်းစစ်လေ့မရှိကြ။
---------------------------------
( 3 ) အဖြစ်မှန်ကိုရင်မဆိုင်လိုခြင်း (7%)
စိတ်ကူးယဉ်ဆန်လွန်းခြင်း
လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူး
ယဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ
ကျေနပ်နေတတ်တဲ့လူစားမျိုးကို ဆိုလိုတာပါ။
ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်း
အောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေ
တတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်
တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်
စသဖြင့်ပေါ့။
---------------------------------
( 4 ) မိမိကိုယ်ကိုမိမိ ဘောင်ခတ်မိနေခြင်း (6%)
ဆိုပါစို့၊ ဒီအလုပ်ဟာအလုပ်ဖြစ်နိုင်တယ်
လုပ်ကိုင်ဖို့အခွင့်အရေးလည်းရှိတယ်
ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ဂုဏ်ကိုင့်လို့ မလုပ်ဖြစ်တဲ့လူတွေ
အများကြီးတွေ့ဖူးပါတယ်။
ဂုဏ်ငယ်မှာကြောက် လို့ ကိုယ့်ကိုယ်ကို ဘောင်ပြန်ခတ်မိနေတာပဲဖြစ် ပါတယ်။
ဟိုအလုပ်မလုပ်နိုင်ဘူး ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး ဘာကြောင့် ဆိုပြီး
ကိုယ့်ကိုယ်ကိုဘောင်ခတ်နေကြတာတွေ အများကြီးရှိပါသေးတယ်။
---------------------------------
( 5 ) သူများငြင်းပယ်မှာကို ကြောက်ရွံ့ခြင်း (7%)
ကိုယ်ချစ်မိနေတဲ့သူက ငြင်းဆိုလိုက်မှာကို ကြောက်လို့ ဖွင့်မပြောရဲတဲ့
လူဟာ, ကိုယ်ချစ်တဲ့သူ အခြားလူနဲ့ ညားသွားတဲ့အခါကျမှ
အကြီးအကျယ်အသည်းကွဲရတတ်ပါတယ်။
အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။
ကိုယ်က စတောင် မစရသေးဘူး၊ သူများငြင်းဆို လိုက်မှာကို စိုးရိမ်နေရင်
ဘယ်တော့မှ စဖြစ်တော့မှာ မဟုတ်ပါဘူး။
---------------------------------
( 6 ) ကောက်ရိုးမီးအကျင့် (8%)
ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာ
မျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ
ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နှာတောင် မျာ
ပြီးအောင်မဖတ်ရှု့နိုင်တဲ့ အကျင့်မျိုးဖြစ်ပါတယ်။
သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်၊ အစတုန်းကတော့
အစတုန်းကတော့
ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။
ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စ
သက်သရော စိတ်ရော
လုပ်တယ်။ အစတော့ အားတက်သရော စိတ်ရော
ကိုယ်ပါ ကြိုးစားပါသေးတယ်၊ အလုပ်တောင်
ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွား
တာမျိုးတွေပေါ့။
---------------------------------
( 7 ) အချိန်ဆွဲခြင်း (9%)
လုပ်မယ် လုပ်မယ် မနက်ဖြန်စမယ်ဆိုပြီး
မပြီးဆုံးနိုင်တဲ့မနက်ဖြန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။
ခဏနေမှလုပ်မယ်၊ မနက်ဖြန်မှ လုပ်မယ်၊
နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့အကျင့်မျိုးဟာ ကျရှုံးစေတဲ့
အဓိကအကြောင်းအရာထဲမှာ ပါပါတယ်။
---------------------------------
( 8 ) ချီတုံချတုံဖြစ်ခြင်း (13%)
ဘာကိုမှပြတ်ပြတ်သားသားမဆုံးဖြတ်ရဲ၊
ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊
ဟိုဟာလုပ်ရ ကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့
အချိန်ကုန်အသက်ကြီးသွားတဲ့ လူတွေတပုံကြီး ပါ။ မှားမှာကြောက်လို့၊
ဆုံးရှုံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံဖြစ်စေပါတယ်။
ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင်
အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။