17/06/2016
ဓာတ်ပုံ ကောင်းတစ်ပုံ ဖန်တီးနိုင်ဖို့ ဘာတွေ လိုအပ်ပါသလဲ ? ဆိုတဲ့ မေးခွန်းနဲ့> (ကျွန်တော်ရဲ့ အတွေ့အကြုံ များ. ) 📷🎥💻💽📹🔒🔑🔍⛳
ဒီမေးခွန်းကို ဓာတ်ပုံ ဝါသနာရှင်တွေ ဓာတ်ပုံ ပညာ စတင်လေ့လာတဲ့ အချိန်မှာ အမြဲ မေးလေ့ရှိလိုက်မယ်လို့ ကျွန်တော် ထင်ပါတယ်.
ကျွန်တော် ဒီမေးခွန်းကို မမေးခဲ့မိလို့ ဓာတ်ပုံပညာလေ့လာတဲ့ အချိန်မှာ အရမ်းအခတ်ခဲတွေများစွာနဲ့ ယောင်လည်လည် ဖြစ်ခဲ့ရပါတယ်.
ကျွန်တော် မေးခွန်း မထုတ်ခဲ့ပါဘူး ကိုယ့်ခံယူချက်နဲ့ကို ဆရာတွေ ပြောတာ သိပ်ပြီး လက်မခံခဲ့ဘူး ဒါကြောင့်လဲ ယောင်လည်လည် ဖြစ်နေခဲ့ရတာပါ.
အခု ဒီ ဓာတ်ပုံ album လေးရဲ့ storyကို အနည်းငယ် ပြောပြချင်ပါတယ်.
>ဒီအခု album ထဲကပုံလေးတွေဟာ လွန်ခဲ့တဲ့ 11/11/2014 က သင်တန်းပြီးဖို့ တစ်ပတ်အလိုမှာ ရိုက်ခဲ့တဲ့ ပုံတွေပါ.
သူငယ်ချင်းတစ်ယောက်ရဲ့ ကမ်မရာ
Canon EOS 650d.
Canon EF-S 55-250mm IS
Len ကိုအသုံးပြုပြီး ရိုက်ခဲ့တာပါ. အမှန်တိုင်းပြောရရင် ဒီပုံတွေအားလုံးဟာ ကျွန်တော် ပျစ်ပယ်ခဲ့တဲ့ပုံတွေပါ သင်တန်းရဲ့ နောက်ဆုံးအပတ် အရည်အချင်း စစ်တဲ့အနေနဲ့ manul mode ကိုသုံးပြုပြီး ရိုက်ခဲ့တာပါ. ရိုက်ပြီးတဲ့ပုံတွေထဲက ကိုယ်အကြိုက်ဆုံး ၃ပုံကို ဆရာကို ပေးရတာပါ ဆရာက သူ့တပည့်တွေရဲ့ လက်ရာကို သင်တန်းပြီးပြီဆိုတော့ ပွဲထုတ် ကြော်ငြာပေးတဲ့ သဘောပါ.
ကျွန်တော် manul mode သုံးပြီး ပုံ၃၀၀ ကျော်ရိုက်ဖြစ်ခဲ့ပါတယ် ဒါပေမဲ့ ဆရာ့ကို ပုံတစ်ပုံမှ မအပ်နိုင်ခဲ့ဘူး. ကျွန်တော် စာမေးပွဲ မဖြေနိုင်ဖူးလို့ခံယူခဲ့တယ်.. ကျွန်တော် ရိုက်ခဲ့တဲ့ပုံတွေကို ကျွန်တော် တစ်ပုံမှ စိတ်တိုင်းမကျခဲ့ဘူး ဒါကြောင့် ကျွန်တော် စာမေးပွဲကို ကိုယ့်ဘာသာကို အရှုံးပေးခဲ့တယ်. ဆရာက ကောင်းတဲ့ပုံ ရွေးပြီး ဆရာ့ကို အပ်စေချင်ပေမဲ့ ကျွန်တော် မအပ်ခဲ့ဘူး . ကျွန်တော် ဆရာ့ကို ပြောခဲ့တယ် နောက် ကျွန်တော် Camera ကောင်းစား Lens အကောင်းစားတွေ ဝယ်ပြီး ပုံကောင်းကောင်းလေး စိတ်ကြိုက် ရိုက်နိုင်တဲ့ အခါကြမှပဲ ကိုယ့်ကို Photograph တစ်ယောက်လို့ သက်မှတ်တော့မယ်လို့ . ဆရာက ဘာပြန်ပြောလဲ ဆိုတော့ ဆောင်းမာန် " နင် Cameras ကောင်း တွေ lens အကောင်းစားတွေရမှ ဓာတ်ပုံရိုက်မယ်ဆိုရင် ဓာတ်ပုံ ဆရာဖြစ်မှာ မဟုတ်တော့ဘူးတဲ့ အကောင်းစားတွေ နောက်လိုက်နေရင် ဓာတ်ပုံရိုက်ဖြစ်မှာ မဟုတ်တော့ဘူးတဲ့. နင်လိုချင်တဲ့ Cameras ကောင်းစားတွေ lens အကောင်းစားတွေက အမြဲတမ်း အသစ်ထွက်နေတာတဲ့ လိုက်လို့မမှီနိုင်ဘူးတဲ့ .ကိုယ့်မှာ လောလောဆယ် ရှိတဲ့ ဟာနဲ့ ပုံကောင်းရနိုင်အောင် ရိုက်နိုင်ဖို့က အဓိကကျ တာပါတဲ့.ကျွန်တော်က လေဘကြီးတယ် ခေါင်းမာတယ် ထင်တာပဲ ဆရာပြောတာကို နားမထောင်ခဲ့ဘူး ကျွန်တော် Cameras ကောင်းစားတွေ Lens ကောင်းစားတွေ လိုချင်တဲ့ ကမ်မရာ ပစ္စည်း တွေဝယ်ပြီး ပစ္စည်း စုံတော့မှပဲ ဓာတ်ပုံ စရိုက်တော့မယ်လို့ ပြောခဲ့တယ်.
ပြောရရင် အခု ဒီ album ထဲက ကျွန်တော်ရိုက်ခဲ့တဲ့ ပုံတွေကို ကျွန်တော် လက်မခံခဲ့ဖူး ငါရိုက်တဲ့ camera နဲ့ lenက ညံ့လို့ ပုံကောင်း ငါမရိုက်နိုင်ခဲ့တာလို့ ခံယူခဲ့တယ်လေ.ဒါနဲ့ပဲ Camera နဲ့ lens ကောင်းစား တွေဝယ်ဖို့ ပိတ်ဆံစုရင်းနဲ့ ပဲအချိန်တွေကုန်ပြီး တစ်နှစ်ကျော် နှစ်နှစ် နီးပါးလောက် အချိန်ဖြန်းခဲ့မိတယ် .
အခုတော့ ကိုလိုချင်တဲ့ Camera, lens, ပစ္စည်း တွေ ရပြီဆိုတော့ စမ်းရိုက်ကြည့်တာပေါ့ ... ဘယ်ဟုတ်မလဲ Cameras အကောင်းတွေ Lens ကောင်းစားတွေ ကရိုက်လို့ ထွက်လာတဲ့ပုံက အရင်က စိတ်တိုင်းမကျလို့ deleted လုပ်ခဲ့တဲ့ပုံတွေနဲ့ ဘာမှ သိပ်ပြီးကွာ ခြားမှု မရှိဘူးဆိုတာ နားလည်လာရတယ်. ဒီတော့မှပဲ အရင်က ဆရာပြောတဲ့ စကားကို ပြန်ကြားရောင်လာတယ်.
ကိုယ့်ကိုကို စိတိမကောင်းဖြစ်မိတယ်. အချိန်တွေ ငွေတွေ အများကြီး ဖြုန်းတီး ခဲ့သလို ခံစားရမိတာပေါ့. ဒါပေမဲ့ အတွေ့ကြုံတစ်ခုလို့ပဲ ခံယူရမှပါ.
အခုဆို ကျွန်တော် editing လေ့လာပြီး အရင်က deleted လုပ်ခဲ့တဲ့ ဓာတ်ပုံတွေပြန်ရှာပြီး edited လုပ်ကြည့်တာ ပုံတွေက သက်ဝင်လာတာတွေ့ရတယ် အခုတင်ထားတဲ့ပုံတွေက သက်သေပါပဲ.
ကျွန်တော့် အတွေ့အကြုံအရ ဓာတ်ပုံကောင်း တစ်ပုံဖန်တီးနိုင်ဖို့ ဘာတွေလိုအပ်သေးလဲလို့ မေးရင် ယခုအချိန်မှာ ကျွန်တော် ဖြေမိမှာကတော့....> ဓာတ်ပုံကောင်း တစ်ပုံ ဖန်တီးနိုင်ဖို့ ကိုယ့်မှာ အနုပညာ ဖန်တီးနိုင်မှု အစွမ်းရည်ရှိရပါမယ် + Photograph တစ်ယောက်မှာ ရှိသင့်တဲ့ Knowledge တွေရှိထားဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။
Knowledge တွေရှိထားဖို့က အရမ်းကို အရေးကြီးပါတယ်၊ Knowledge မရှိရင် ဓာတ်ပုံကောင်း တစ်ပုံ ဖန်တီးတဲ့နေရာမှာ ဘယ်လို Cameras, Lens, Computers, Saftwares တွေအသုံးပြုရမလဲ ဓာတ်ပုံတွေကို ဘယ်လို edit လုပ်ရမယ်ဆိုတာလည်း နားလည်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အရည်အသွေး ရှိတဲ့ ဓာတ်ပုံကောင်း တစ်ပုံဖန်တီးနိုင်ဖို့ ကို့မှာရှိတဲ့ အနုပညာကို ကိုယ်လေ့လာ တက်မြောက်ထားတဲ့ အသိပညာ အတက်ပညာ တွေနဲ့ပေါင်းပြီး အကောင်းဆုံး ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်လို့ ထပ်ပြီးပြောချင်ပါတယ်။
လွယ်ကူစွာ အရည်သွေးပြည့်တဲ့ ဓာတ်ပုံ ကောင်းတွေ ထုပ်ပေးနိုင်တဲ့ အကောင်းစား cameras, Lens, Saftwares , edit နည်းပညာတွေ အများအကြီးရှိပါတယ်၊ ရှင်းပြနေရင် ကုန်နိုင်မှာ မဟုတ်ပါဘူး။
အဓိကကျတာကတော့ ကိုယ့်မှာ ရှိတဲ့ Cameras, Lens,တွေကို စနစ်တကျ ကိုင်တွယ် အသုံးပြုတက်ပြီး Computers နဲ့ Photo editing Saftwares တွေကိုပိုင်စွာ အသုံးပြုတက်ပြီဆိုရင်တော့ သင်ဟာ အရည်သွေးရှိတဲ့ ဓာတ်ပုံကောင်းတွေ အများကြီး ဖန်တီးဖို့ ready ဖြစ်နေပြီ ဆိုတာပါပဲ။
Cameras ကောင်းစား Lens အကောင်းစားတွေ ကိုင်နိုင်ဖို့က အဓီက မဟုတ်ပါဘူး၊ ကိုယ့်မှာရှိတဲ့ ဟာနဲ့ ကိုယ့်ရဲ့ အနုပညာအရည်သွေးကို သူများတွေ လက်ခံနိုင်အောင် ပြသနိုင်ဖို့က အဓီကပါ.။
Cameras ကောင်းတွေ lens ကောင်းစားတွေက တန်ဖိုးကြီးသလောက် Systems တွေအရမ်းမြင့်လာတာနဲ့အမျှ Image quality တွေကလည်း အရည်းအသွေး ပိုပြီး အရမ်းကောင်းတာ အမှန်ပါ၊ တန်ဖိုးနည်းတဲ့ Cameras တွေနဲ့တော့ ဓာတ်ပုံ quality ကို ကျွန်တော်တို့ သွားပြီး compares လုပ်လို့မရပေမဲ့ သူ့ခေတ် သူ့အခါ သူ့နေရာနဲ့သူ ကိုယ့်မှာရှိတဲ့ budget နဲ့ ကိုယ်လုပ်မဲ့ အလုပ်အပေါ်မူတည်ပြီး ကိုယ့်မှာရှိတဲ့ အနုပညာအရည်ချင်းကို အများသိအောင် ဖန်တီးပြသနိုင်ဖို့က အဓီက မဟုတ်ပါသလား ။..
သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ ဆရာသမားတွေအားလုံးကို အစဉ် ထာဝရ လေးစားလျှက်..
ဓာတ်ပုံ ဝါသနာရှင် မိတ်ဆွေများ အားလုံး ကိုယ့်ရင်ထဲမှာရှိတဲ့ အနုပညာကို စိတ်ကြိုက် ပုံဖေါ် ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်...................။📷🎥🚩🎉
(Saunn Man )နှင်းလူ. 📷