18/10/2024
ကံကြမ္မာကိုအသက်ပီးပနာလောင်းကြေးထပ်ကြသူများ
ဒေချင့်ကသူများပြောရေဆိုစာထက် ကျနော်ကိုယ်တိုင်ကြုံတွေ့ခရရေ အဖြစ်အပျက်တစ်ခုပါဗျာယ် ကျနော်ရေ ထိုင်းနိုင်ငံမှာ5လလောက်အလုပ်လက်မဲ့ဖြစ်နိန်ရေအချိန်မှာ တစ်ဖြည်းဖြည်းနဲစိတ်ကုန်လာရေယင်းအချိန်မှာ မလေးကိုလားချင်ရေစိတ်ကထိန်းမရဖြစ်လာရေ လက်ထဲမှာလေ့ဖေသာတပြားလေ့မဟိ မိသားစုတိ သူငယ်ချင်းတိကိုအကူအညီတောင်းကြည့်ရေ တစ်ယောက်လေ့အဆင်မပြေခါ ရှေ့မျက်နာနောက်ထားပနာ ညီဝမ်းကွဲကို အကူအညီတောင်းကြည့်ရေ အိမ်နဲ့အဆက်အသွယ်မရလို့ ဖေသာမလွဲစော်3လလောက်ဟိယာလို့ပြောရေ လာချင်ကေတင်ပီးမေလို့ပြောရေ ယကေလားဖို့အတွက်အစဥ်အစိုင်စလို့အကောင်အထည်ဖော်ရေ အတက်က3500အလုပ်ပါတစ်ခါတည်းဆိုကေ 4000တောင်းရေ အဆင်ပြေရေဆိုကေ လာခေါ်ပါဗျာယ် ကျနော်ကထိုင်းနိုင်ငံ ပထုံဌာနီမှာနိန်စော်ယင်းကလာခေါ်ရေ မဟာချိုင်ကိုဝင်ပနာလူထပ်ခေါ်ပါရေ အားလုံးကျနော်အပါအဝင်5ယောက်ပါ မဟာချိုင်ကနိန်ပနာထပ်လို့လားရေ ကားလှပ်ပီးလိုက်တေမြို့ကိုတော့ခါ နာမည်မသိပါဗျာယ် express 2ထပ်ကားလာစော်နဲ့ပြေးတက်ခိုင်းရေ တစ်ညလုံးကိုတောက်လျှောက်မောင်းရေ ဖုန်းလည်းမကြည့်ရတစ်ခုလေ့မလုပ်ရ တစ်ညလုံးကို (ဟက်ယိုင်)မလေးနယ်စပ်မြို့ကိုရောက်စော်နဲ့ဆိုင်ကယ်သမားတိကအသင့်စောင့်နိန်ပါရေ ကားထက်ကဆင်းစော်နဲ့ဆိုင်ကယ်ကိုပြေးတက်ခိုင်းရေ 30 minလောက်မောင်းပနာကားတစ်စီးနားမှာချပခပါရေ ကားသမားက ကားထက်တက်ခိုင်းရေ ယင်းကနိန်ပနာ 1နာရီလောက်မောင်းစော်နဲ့ မလေးနယ်စပ်က တောထဲကအိမ်ချေတစ်အိမ်မှာထားပါရေ 1နာရီလောက်နိန်စော်နဲ့ ရဲတိလာရေဆိုပနာ တောထဲကိုခေါ်လားခရေအားလုံးကို ယင်းမှာတဲထိုးလို့နိန်ခိုင်းရေ မိုးကလေ့ရွာ ခြင်ကလေ့ကိုက်ယင်းပိုင်တစ်ညလုံးနိန်ခရရေ နောက်နိန့်ညသား 10နာရီလောက်ဆိုစော်နဲ့ နောက်တစ်ဖွဲ့ရောက်လာပါရေ အားလုံးဆိုကေ18ယောက် လမ်းပြက2ယောက် ည10ခွဲကေလားဖို့ အားလုံးအသင့်ပြင်ခိုင်းပါရေ အချေမိတစ်ယောက်ပါရေအချေက1နှစ်ခွဲလောက်ဟိဖို့ထင်ပါရေစိတ်ထဲမှာတော့ နည်းနည်းကသိကအောက်ဖြစ်လားခရေ လားရဖို့စော်ကိုဇာဖြစ်လို့ဆိုပါကေ လားရဖို့လမ်းကတောလမ်းဖြစ်တေ ကန့်သတ်ထားရေနယ်မြေတိကိုဝင်ရခါ နယ်ခြားစောင့်ရဲတိကင်းလှည့်နိန်လို့ပုန်းနိန်ရစော်လေ့ရှိဖို့ ယင်းအချိန်ခါအချေငိုပလိုက်ကေကာ ယင်းချင့်တစ်ခုကို စိတ်ထဲမှာတဝထင့်နိန်စော် 10နာရီခွဲကပင်စလို့လမ်းလျှောက်ရစော် မိုးလင်းအာရုံ5နာရီလောက်မှ မလေးဖက်ကိုရောက်တေ လမ်းခရီးမှာတော့ကြမ်းတမ်းစော်မှာတောကိုဖြတ်တောင်ကိုတက်နဲ့ မြောင်တိကိုလေ့ကူးခရရေ တောင်ဆိုကေ8/9လောက်ဟိဖို့ထင်ပါရေ ကျော်ခရစော် ဘဝမှာတစ်ခါလေ့မကြုံဖူးရေအခိုက်တန့်တစ်ခုပါဗျာယ် ကျနော်ဆိုကေဖျားတောင်ဖျားပါခရေ ပင်ပန်းလို့ ကျနော်အတွက်တော့ ဒေအဖြစ်အပျက်တိက တစ်သက်မမိန့်နိုင်ပါဗျာယ် အလုပ်ကတော့ ဒေနိန့်မှရပါရေ တစ်ပတ်လောက်အိပ်စားနိန်ပလိုက်ရရေ 3/4နှစ်လောက်ကြိုးကြိုးစားစားလုပ်ပနာ အိမ်ပြန်ချင်ပါရေ မိသားစုနဲ့နွေးနွေးထွေးထွေးနိန်ချင်ပါရေ ပြည်ပကိုရောက်နိန်ရေ အာရက္ခပြည်သားရို့လေ့ အားတင်းထားပါ အိမ်ပြန်ချိန်နီးနိန်ပါဗျာယ် အပျော်လွန်ပနာ ရည်မှန်းချက်တိမပျောက်လားစီကပ်ပါကေ့ သူများပြည်မှာအနိန်အထိုင်တိလေ့ ဆင်ခြင်ကတ်ပါ ဧည့်သည်စော် ဧည့်သည်နဲ့တူအောင်နိန်တက်ကတ်ရပါဖို့ အဖမ်းအဆီးတိလေ့ကောင်းများနိန်ပါရေ လားစော်လာစော်တိလေ့ ဂရုစိုက်ကတ်ပါ ထပ်လို့ပြောပါမယ် အိမ်ပြန်ချိန်နီးနိန်ပါဗျာယ် အိမ်ပြန်ဖို့နိန့ရက် ရောက်ရှိလာခါ အတူတူလက်တွဲလို့ အာရက္ခပြည်ကိုပြန်ကတ်ပါဖို့လို့ ရေးသားယင်းနက် ကျနော်ဒေနိန်ရာမှာအဆုံးသတ်လိုက်ပါဗျာယ်။