အသိပညာတိုးပွားစေ

အသိပညာတိုးပွားစေ အသိပညာတိုးစေ

06/05/2026

သေသွားရင် ဖိနပ်စုတ်လောက်မှ
တန်ဖိုးမရှိတဲ့အတွက် မသေခင်
အကျိုးရှိသောအလုပ်နဲ့ နေပါ #

21/01/2026

ရွာကို လွမ်းတဲ့ည

မိုးတိမ်ပါးပါး
လေညင်းနူးနူး ဝင်လာချိန်တိုင်း
ရွာလမ်းလေးကို စိတ်က လှမ်းမြင်မိတယ်။

မြေညှင်းရနံ့
မနက်ခင်းရဲ့ အေးမြမှု
ခြေဖဝါးအောက်က မြေသားနူးညံ့မှု
အကုန်လုံးကို နှလုံးသားထဲ ထည့်လွမ်းနေဆဲ။

အမေရဲ့ အသံ
အဖေရဲ့ အပြုံး
အိမ်မိုးတန်းအောက်က အေးချမ်းမှုက
အိပ်မက်ထဲမှာတောင် မပျောက်သေးဘူး။

မြို့ရဲ့ မီးအလင်းတွေကြား
ရွာရဲ့ ကြယ်ပြာညကို လွမ်းမိတဲ့အခါ
မျက်လုံးမစိုချင်ပေမယ့်
နှလုံးသားက မတိတ်နိုင်တော့ဘူး။

ရွာရေ…
ကိုယ် မဝေးချင်ခဲ့ဘူး
ဘဝကြောင့်သာ ဝေးနေရတယ်
တစ်နေ့တော့ ပြန်လာမယ်
လွမ်းလို့ အသက်ရှူနေရတဲ့
ဒီနှလုံးသားနဲ့ပဲ။

20/01/2026

ဘေးနားမှသူရှိနေရင် ကျေနပ်တယ်
စကားမများလည်း ကောင်းတယ်
တိတ်ဆိတ်မှုထဲမှာ
ရင်ခုန်သံတူနေရုံနဲ့
လောကကြီး ပေါ့သွားတတ်တယ်။

လက်မထိလည်း ကောင်းတယ်
မျက်လုံးချင်း မတွေ့လည်း ကောင်းတယ်
တူညီတဲ့အချိန်တစ်ခုကို
တူညီတဲ့အသက်ရှုမှုနဲ့
ဖြတ်သန်းနေတာပဲ လုံလောက်တယ်။

မိုးရွာလည်း ကောင်းတယ်
နေထွက်လည်း ကောင်းတယ်
ဘေးနားမှာ သူရှိနေသရွေ့
နေ့ရက်တွေက
အဓိပ္ပါယ် ရှိနေတတ်တယ်။

09/12/2025

💕💕💕အသားမဲရင်💕💕💕
Effect-ထည့်လို့ရပေမယ့်

စိတ်ဓာတ်မဲလို့ကတော့
ဘာ Effect-ထည့်ထည့်
ဖြူမလာဘူး👈👈👈👈

09/08/2025

မဂ်လာပါ-----------------------------------ကျနော် သူငယ်ချင်း အကြောင်း-------------------------------ကျနော့် နာမည် မောင်မောင်ပါ (နာမည်လွှဲ)ကျနော့်ရဲ့ မလေးရှားနိုင်ငံ အော်ပရာစီ အဖမ်းခံရခြင်းမှာ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ ကိုအမှန်အတိုင်းရေးပြပါမယ်။ကျနော်က မြန်မာနိုင်ငံသားတယောက်ဖြစ်ပြီး၂၀၂၃ ခုနှစ် ဧပြီလ မှာ မလေးရှားနိုင်ငံ သို့တရားမဝင်အောက်လမ်းမှ ဝင်ရောက်ခဲ့ပါတယ်ကျနော်တို့နိုင်ငံရဲ့ အခြေအနေများကြောင့်မဖြစ်မနေခိုးဝင်လာရခြင်းဖြစ်ပါတယ်၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ မလေးရှားနိုင်ငံ ကွာလလန်ပူမြို့ ဂျလန်း အမ်ပိ ရပ်ကွက်မှာမလေးရှားလဝက အော်ပရာစီအဖမ်းခံရပါတယ်(ကျနော့်မှာ RTK 2.0 မှာ တရားဝင်အလုပ်လုပ်ခွင့် ပါမစ် ကို အေးဂျင့် များထံတွင်ပြုလုပ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်Cancel လုပ်ခြင်းခံရပါတယ် ထိုအချိန်တွင် ဆေးစစ်ခြင်း လက်ဗွေနှိပ်ခြင်း ကိစ္စများ ပြီးစီးပါပြီ)ကျနော်အဖမ်းခံရချိန်တွင် ယခင်လက်ဗွေနှိပ်ထားတဲ့ သက်သေခံစာရွက်အားပြသရာ အကျိုးမဝင်တော့ဘူး သက်တမ်းကုန်ဆုံးနေခဲ့ပါသည်။ထို့ကြောင့် တရားမဝင် နေထိုင်ခြင်း ပြစ်မှုဖြင့်၂၀၂၅၊ဧပြီလ၊၁၇ ရက်နေ့၊ ဒေသစံတော်ချိန်ည ၈ နာရီ ၄၅ မိနစ်မှာ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ကျနော်တို့ကို မလေးရှား လူဝင်မှုကြီးကြပ်ရေးတွေဟာ ပူထရာဂျာရာ လူဝင်မှုကြီးကြပ်ရေး ဌာနကို လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွားကြပါတယ်။၎င်းဌာနရောက်ချိန်တွင် ကျနော်တို့ကို အကုန်လုံးကို ထိုင်ခိုင်းထားပြီး အထောက်အထား စာရွက်စာတမ်းများ စိစစ်ပါတယ် ( ပတ်စပို့ ပါမစ် ရှိ၊မရှိ ။ UNHCR Card ရှိ၊မရှိ ) ထိုင်အချိန်တွင် အထောက်အထား ရှိသူများအား၎င်း အထောက်အထား သက်တမ်းရှိမရှိ စစ်ဆေးပြီး သက်တမ်းကျန်ရှိသူများအား၎င်းနေရာတွင်ပင် ပြန်လည်လွှတ်ပေးပါတယ်။ဘာအထောက်အထားမှမရှိသူများ၊ ပါမစ်သက်တမ်း ကုန်ဆုံးနေသူများအား အကုန်လုံးကိုထိုင်ခိုင်းထားပါသည်။ လာဘ်ပေး လာဘ်ယူ လုပ်ခြင်း----------------------------------------------ကျနော်တို့ကို အထောက်အထား မပြည့်စုံခြင်းပါမစ် သက်တမ်းကုန်ဆုံးနေခြင်း တို့ကြောင့်ပြန်မလွှတ်ပဲ ထိုင်ခိုင်းထားချိန်တွင် တွန်း ဟုခေါ်ရသော လူဝင်မှုကြီးကြပ်ရေးမှ ယူနီဖောင်းဝတ်ဖြင့် မိန်းကလေးနှစ်ယောက်သည် ဖုန်းတွင် တခုခုကို ကြည့်နေဟန်တူသည်။ ထိုအချိန်တွင် ဌာနအပြင်ဖက်တွင် ဖမ်းဆီးခံရသူတို့တချို့၏ မိသားစုဝင်များ၊ သူဌေးများ၊ ဆွေမျိုးများ စသဖြင့် လာရောက်၍ ဖမ်းဆီခံရသူများအား(အထောက်အထားမရှိသူများ) အား ပိုက်ဆံ ၅၀၀၀ မှ ၈၀၀၀ အထိပေး၍ လာရွေးကြသည်။ကျနော်တို့ ထိုင်နေသော လူငါးဆယ်ခန့်တို့မှာ ဘာအထောက်အထားမှမရှိသူများ ဖြစ်ကြသည်။ ကျနော်ဘေးမှ မြန်မာ လူတယောက်အားကျနော်မေးကြည့်သည်၊ ခင်ဗျားမှာ ဘာအထောက်အထားရှိသလဲ ဟု၊ သူကပြန်ဖြေသည် ဘာမှမရှိဘူး သို့သော် သူဌေးကို ဖုန်းဆက်၍ လာရွေးခိုင်းထားကြောင်း သူကပြောပြသည်။ ထိုအချိန်တွင် ကျနော်တို့ ဖုန်းများအားအရာရှိများမှ သိမ်းဆည်းထားပြီးဖြစ်ပါသည်။ခဏအကြာတွင် ကျနော့်ဘေးမှ ထိုလူအား အရာရှိ မိန်းကလေးတဦးမှ နာမည် ခေါ်၍ လက်ထိပ်ကို ဖြုတ်ပေးလိုက်သည်။ ပြီးနောက် သူသည် စစ်ဆေးနေသူ အရာရှိများ၏ အနောက်ဖက် တံခါးမှ ၎င်း၏ဖုန်းအားသွားယူပြီး ထွက်သွားသည်။ ထိုကဲသို့ လာဘ်ပေးပြီး ထွက်သွားသူများမှာ ထိုသူအပါ လူ ၁၂ ယောက်ရှိပြီ။ကျနော်တို့သည် အချိန် ၅ နာရီ ခန့်ထိုင်ခိုင်းပြီး မနက် ၃ နာရီလောက်တွင် အပေါ်ထပ်သို့ ဓာတ်လှေခါးမှ တဆင့် ခေါ်ယူသွားသည်။(ကျနော်တို့ဆိုသည်မှာ လာရွေးမယ့်သူမရှိသူများနှင့် အထောက်အထားစာရွက်စာတမ်းများ မပြည့်စုံသူများဖြစ်ကြပါသည်)အပေါ်ထပ်တွင် လက်ဗွေနှိပ်ခြင်း မှတ်တမ်းဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ပြီး မနက် ၈နာရီ အထိ စောင့်ရပါသည်။ လက်ထိပ်များမဖြုတ်ပေးပါ။ တစုံတယောက် အိမ်သာသွားလိုလျှင် အကုန်လုံး လိုက်ပါကြရပါသည်။ထိုည၌ အပူချိန်မှာလည်း အလွန်ပင် အလွန်ပင် အေးစိမ့်ပြီး ချမ်းလှပါသည်။စဖမ်းကတည်းက ဆဲဆိုသံများမှာကား ကြားရဆဲ မြင်ရဆဲ ဖြစ်ပါသည်။ ကျနော်တို့ ဖုန်းများကို နာမည်နဲ့တကွ သိမ်းဆည်းပါသည်။ကျနော့်တွင် ဖုန်း(Oppo reno 6z) အမျိုးအစားတလုံး၊ Laptop (Dell Latitude 5310) အမျိုးအစားတလုံး၊ Laptop bag တလုံး၊ Wallet တလုံး ပါပါသည်။ Wallet ထဲတွင် ​မလေးရှား ရင်းဂစ် ၁၆၄၂ ရင်းဂစ် ပါသည်။ထိုအချိန်တွင် ဖုန်းနဲ့လက်တော့အား သိမ်းပါသည်။ Wallet အားမသိမ်းပါ။ဘူကစ်ဂျာရီ ကန့် သို့------------------------------------ကျနော်တို့ကို မနက် ၈နာရီ ၁၈ မိနစ်မှာ ကျနော်တို့ကို ဖမ်းယူလာသော ကားဖြင့်ပင် ဘူကစ်ဂျာရီ ကန့် (အချုပ်) သို့ ခေါ်ယူလာပါသည်။ယူနီဖောင်းဖြင့် ဓားပြများ-----------------------------------------------ဘူကစ်ဂျာရီကန့် ရောက်ပြီးချိန်တွင် အချိန်များကို မသိနိုင်တော့ပါ ကျနော်တို့၏ ဖုန်း နာရီ စတာတွေအကုန်လုံးကို စာရင်းလုပ်လိုက်ပါသည်။အလွန်ရိုင်းစိုင်းသော စကားလုံးများဖြင့် အမြဲလိုလို ဆဲဆိုနေပါသည်။ ဘဂ်လားဒေ့ရှ် နိုင်ငံသားတယောက် အိမ်သာသွားချင်သည်ဟုပြောတဲ့အတွက်ကြောင့် ပါးသုံးချက်အရိုက်ခံရပါသည်။ ကျနော်တို့အား လက်ထိပ်ဖြုတ်ပြီးအချုပ် တခုထည့်တွင် ထည့်ထားပါသည်။ခဏအကြာတွင် အရာရှိတဦးမှ ပိုက်ဆံများအား ယူဆောင်မရကြောင်း အပြင်၌သူတို့ထံတွင် အပ်နှံထားရမည်ဖြစ်ကြောင်း ပြောပြပါသည်။တယောက်ချင်းစီခေါ်ယူ၍ ကျနော်တို့ ပစ္စည်းများအား ပြသ၍ မိမိတို့ပစ္စည်း မှန်မမှန် စစ်ခိုင်းပြီး စာရင်းလုပ်ပါသည်။ ကျနော်တို့တွင် လူ ၅၄ ဦးပါပါသည်။ နိုင်ငံအတော်များများမှ လူပေါင်းစုံပါသည်။ ပစ္စည်းများအားပြသ၍မိမိတို့ပစ္စည်းမှန်မမှန် စစ်ခိုင်းခြင်း လူ ၅ ယောက်ပြီးချိန်တွင်ကျနော်သည် ထို၅ယောက်ထဲမှ နှစ်ယောက်အား ဤသို့မေးကြည့်သည်။ ပိုက်ဆံမည်မျှပါသလဲ၊ ပါသမျှပိုက်ဆံအားလုံးကို စာရင်းအတိအကျ ရေးသလား မေးပါသည်။ ထိုအခါ ထိုနှစ်ဦးစလုံးမှ တဦးမှာ ပိုက်ဆံ ၃၈၀၀ ပါကြောင်း စာရင်းတွင် ၃၅၀၀ သာထည့်ကြောင်း၊ ကျန်တဦးမှာ ပိုက်ဆံ ၄၅ ရင်းဂစ်သာပါကြောင်း ထိုသူမှာ ၄၅ရင်းဂစ် စလုံးအား စာရင်းထည့်ကြောင်းပြောပြသည်။ ကျနော်သဘောပေါက်ရိပ်မိသည်ကပိုက်ဆံများလျှင် အပြည့် စာရင်းမထည့် ဟုဖြစ်သည်။ တချို့သည် ဘောင်းဘီအိတ်များအက်ျီအိတ်များတွင် ဖွက်ထားကြသည်။ကျနော်လည်း ၁၃၀၀ အား စာရင်းထည့်ပြီး ကျန်ငွေ ၃၄၂ရင်းဂစ် အား ဖွက်ထားလိုက်သည်။ဖုန်းတလုံးအား ထိုအရာရှိမှ ကိုင်ပြသည်၊ဒါမင်းဖုန်းလားမေးပါသည်။ ကာဗာမှာ ကျနော့်ကာဗာ ဖြစ်နေသောကြောင့်တကြောင်း သေချာအောင်သေချာကြည့်နေရင် အရိုက်ခံရမှာတကြောင်း၊ ကာဗာမှာ အမှတ်အသားရှိ၍ ကျနော့်ဖုန်း မှန်ပါသည်ဟုပြောလိုက်ပါသည်။ခဏအကြာတွင် တခန်းလုံးထဲမှ လူများအား မတ်တပ်ရပ်ပြီး လက်နှစ်ချောင်းအား နံရံပေါ်တွင် ကပ်ထားပြီး လှည့်မကြည့်ရဘူးဟု ပြောပါသည်။ ထို့နောက် ကျနော်တို့ အိတ်များ ဘောင်းဘီအိတ်များ အကုန်လုံးကို ရှာဖွေမွှေနှောက်ပြီး စာရင်းမထည့်သော ပိုက်ဆံများအားအကုန် သိမ်းသွားပါသည်။ တချို့တွင် စာရင်းမအပ်ပဲ ရင်းဂစ် ၂ထောင်ကျော်ထိ ပါသွားကြပါသည်။ ယူနီဖောင်းဖြင့် ဓားပြများအား မျက်ဝါးထင်ထင် မြင်တွေ့ရခြင်း ဖြစ်သည်။ တချိန်က ကျနော်သည် မလေးရှားနိုင်ငံသားများအား တိုးတက်သောနိုင်ငံ စည်းကမ်းရှိသောနိုင်ငံ ကျင့်ဝတ်တွေ ဥပဒေတွေကို လိုက်နာသော နိုင်ငံ ၊ နိုင်ငံကြီးသားများဟု အထင်ကြီးခဲ့သမျှသည် လုံးဝ အမှားသာဖြစ်သည်။ အချိန်အတော်အကြာတွင် အပေါ်ဆောင် အချုပ်သို့ ကျနော်တို့ အားလုံးကို ခေါ်သွားပါသည်။အသားထဲမှ လောက်ကောင်များ-----------------------------------------------------အပေါ်ဆောင်သို့မဝင်မီ အကုန်လုံးကို နေပူကျဲကျဲတွင် တန်းစီထိုင်ခိုင်းထားပါသည်။ပြီးနောက် ယူနီဖောင်းဝတ်ထားသော လူသုံးဦးသည် ခြေမအရွယ်အစာခန့်ရှိသော ရေပိုက်အပျော့အား ကိုင်ပြီး ကျနော်တို့အား ရိုက်တော့မည့်ဟန် ခဏခဏလုပ်ပြပါသည်။ နောက်တယောက်တွင်လည်း သံတုတ်များအား ခဏခဏချိန်ရွည်ပြနေသည်။ ဝန်ခံရလျှင် ကျနော် လွန်စွာ ကြောက်ရွံ့နေခဲ့ပါသည်။ခဏအကြာတွင် အဆောင်ထဲသို့ လူ၂၀ ခန့်စီခွဲ၍ ဝင်ခိုင်သည်။ ဝင်သည်နဲ့ ကျနော်တို့ အဝတ်အစားများအား ချက်ချင်းချွတ်ရန် အော်ဟစ်ပြောဆိုကြသည်။ တဦးနဲ့တဦး လှည့်မကြည့်ရပါ အသက် ၁၇ ခန့် မြန်မာ ကလေးတဦးသည် လှည့်ကြည့်မိ၍ ပါးအရိုက်ခံရပါသည်။အရှက်တရားကို အကြောက်တရားမှ အနိုင်ယူလိုက်ချေပြီ။ကိုယ်လုံးတီးချွတ်ပြီး ထိုင်ထ လုပ်ရပါသည်။အကြိမ်ရေ ၁၀ ဖြစ်ပါသည်။ထိုအချိန်တွင် ကျနော်တို့ အောက်ထပ်မှ ပါလာသော ပိုက်ဆံ အနည်းငယ်များ၊ အကြွေစိများ၊ အကုန်လုံးကို သိမ်းသွားကြပြန်သည် ။ကျနော်တို့တွင် မွေးရာပါ ဖွားဖက်တော်မှလွဲ၍ဘာမှမကျန်တော့ပေ။(လိင်တံကိုဆိုလိုသည်)ကျနော်တို့အား အနီရောင် အက်ျီတထည်နဲ့ဘောင်းဘီတထည်ပေးပြီး အခန်းထဲသို့ဝင်စေပါသည်။ ဆဲဆိုသံများမှာ ပထမကထက် ဆယ်ဆလောက်ကြားရပါသည်။ ကျနော်တို့ကို တိရစ္ဆာန် များကဲ့သို့ပင် ဆက်ဆံပုံမှာ စိတ်ပျက်စရာကောင်းလှသည်။ထိုဆဲဆို ရှာဖွေနေသူတချို့မှာ မြန်မာပြည်ဖွားလောက်ကောင်တချို့လည်းပါဝင်သည်။ထိုသူများအား တန်းစီးဟုခေါ်သည်။ဘူကစ်ဂျာရီကန့် အစားအစာများ--------------------------------------------------------------ဤသို့ဖြင့် ညနေချိန်တွင် လူတယောက်စီအားပလတ်စတစ် တခါသုံး ထမင်းတဘူး၊ လက်နှစ်လုံးခန့် ငါးကြော်နှစ်ကောင်၊ ရေ 200ml ခန့်တထုတ်၊ ဂေါ်ဖီကြော်တထုတ်၊ (ရေထုတ်အရွယ်အစား) Soup တထုတ် ။ ပေးပါသည်။မည်သည့်ဟင်းငါးမှ အရသာမရှိသည်မှာ ထိုကန့်ကိုရောက်ဖူးသူတိုင်း သိပါသည်။တနေ့လျှင် ထမင်း နှစ်ကြိမ်ကျွေးပါသည်။မနက်စာ ပေါင်မုန့်ပြား နှစ်ချပ်နဲ့ Teh O ဟုခေါ်သော လက်ဖက်ခြောက်တမျိုးအား သကြားရည်အနည်းငယ်ဖြင့်ရော၍ တိုက်ပါသည်။(ပေါင်မုန့်ပြားနှစ်ချပ်နဲ့ Teh O)နေ့လည်တွင် ဘီစကစ် ၆ ချပ်နဲ့ Teh O တိုက်ပါသည်။တပတ်တွင် ကြက်သားဟင်း နှစ်ကြိမ် နဲ့ ကြက်ဥဟင်းတကြိမ် ကျန်ရက်များအားလုံး ငါးဟင်းဖြစ်ပါသည်။ထမင်းကျွေးချိန်တွင် ဖရဲသီး(သို့)ငှက်ပျောသီးတလုံး တခုခုပါတတ်သည်။ဤသို့ဖြင့် မဝရေစာစား၍ ထိုကန့်တွင်ပင်၂၆ ရက်နေရသည်။ထိုကန့်တွင် ၁၄ ရက်မြောက်နေ့မှာ ရဲတွေလာပြီးကျနော်တို့အား စစ်ဆေးပြီး အမှုတွဲလုပ်၍ တရားမဝင်နေထိုင်မှုတို့ဖြင့် တရားစွဲပါသည်။ပထမရုံးချိန်းချိန်တွင် တရားသူကြီး မအားသောကြောင့် ဒုတိယတကြိမ် ထပ်မံ၍ရုံးချိန်းပါသည်။၂၆ ရက်မြောက် ဒုတိယရုံးချိန်းတွင်လည်း မြန်မာ စကားပြန်မရှိဘူးဆိုကာ ကျနော်တို့အားလုံးကို ဆရမ်ဘမ်းထောင်သို့ ပို့ပါသည်။ဘူကစ်ဂျာရီ ကန့် အလှူပွဲ------------------------------------------------------------ကန့်မှ ထွက်၍ ထောင်ကိုသွားရမယ့်နေ့တွင်အပ်ထားသော ပစ္စည်းများကို ပြန်ပေးပါသည်။စာရင်းအပ်ထားသော ပိုက်ဆံများကို တပြားမှ ပြန်မရသူ 70% ရှိပါသည်။ဘဂ်လားဒေ့ရှ် နိုင်ငံသားတယောက် တွင်စုစုပေါင်း ရင်းဂစ် သုံထောင်ကျော်ပါသည်။ထိုသူက မေးပါသည်။ သူ၏ ပိုက်ဆံ မရရှိသေးကြောင်းပြောရာ အရာရှိများမှ မင်းပိုက်ဆံ ကုန်ပြီ မရှိတော့ဘူး ဟုသာ ပြောပါသည်။ ထိုသူက စာရင်းစာရွက်အားထုတ်ပြသောအခါ အနားခေါ်၍ပါးရိုက်ခံရပါသည်။ စာရင်းစာရွက်ကိုလည်း ရှေ့တွင် ဆုတ်ဖြဲလိုက်ပါသည်။ကျနော့်ပိုက်ဆံလည်း တကျပ်တလေမှ ပြန်မရခဲ့ပါ။ ၁၀ ရင်းဂစ် မှ ၂၀၀ ရင်းဂစ် အထိဆို ပြန်ရပါသည်။ များလျှင်မရပါ။ပစ္စည်းသိမ်းသော အရာရှိ မှာ လက်ပတ်ကားခေါင်းကိုခေါက်လိုက်လျှင် မူးသွားလောက်တဲ့ထိကြီးပါသည်။ လက်ပတ်၊ ဆွဲကြိုး၊ လက်စွပ် တခန္ဓာလုံးတွင် ရွှေများ ဝင်းဝါနေသည်။ ကျနော်တွေးမိသလို မိတ်ဆွေတို့လည်း တွေးမိမည်ထင်သည်။ ယူနီဖောင်းဖြင့် ဓားပြများ ။ကန့်ထဲမှ နတ်ဆေး-------------------------------------------------------------ကျနော်တို့နဲ့အတူ အဖမ်းခံရချိန်တွင် ထွက်ပြေးသဖြင့် ရိုက်နှက်လိုက်ခြင်းကြောင့် လူနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများ ရသွားပါသည်။တဦးမှာ မျက်လုံးနီရဲယောင်ကိုင်းပြီး မျက်လုံးပင်မမြင်ရ ဖူးယောင်နေသည်။ ကျန်တယောက်မှာ လက်ကျိုးသွားပြီး အရေးပေါ်ဆေးရုံတင်လိုက်ရသည်။ ကန့်ထဲတွင် တရက်တခါ နေကောင်း၊မကောင်း စစ်ပါသည်။တာဝန်အရစစ်ခြင်းမျှသာ ဖြစ်ပါသည်။လည်ချောင်းနာ၊ ဖျားနာကိုက်ခဲ၊ ချောင်းဆိုး၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ အော့အန်၊ ခေါင်းမူး၊ ခေါင်းကိုက် ဘာဖြစ်ဖြစ် ပါရာစီတမော့ ဆေးတမျိုးတည်းသာပေးပါသည်။ ဆေးတလုံးသာ ပေးပါသည်။ဆရမ်ဘမ်းထောင် (သို့မဟုတ်) ငရဲခန်း-----------------------------------------------------------------၂၆ ရက်မြောက်နေ့ ညနေ ၆ နာရီ ခန့်လောက်တွင် ကျနော်တို့ ကို စမုံညှင်း တရားရုံးမှ ဆရမ်ဘမ်းထောင်သို့ ၇ ယောက် နှင့် ၂၀ နှစ်အောက် လူငယ်တွေနဲ့ ကောင်မလေးများအား တခြားထောင်အသီးသီးသို့ ပို့ပါသည်။ကျနော်တို့ကို ဆရမ်ဘမ်းထောင် သို့ပို့ပါသည်။ဂိတ်အရောက် ပစ္စည်းလက်ခံနေရာတွင် ဆံပင်များကို အကုန်ရိတ်ပြီး ဂတုံး တုံးရပါသည်။ ပိုက်ဆံပါသလားမေးပါသည်။ထိုနေရာမှ နာရီ အနည်းငယ်အကြာ တွင်ထောင်ထဲသို့ လက်ထိပ်ထပ်ခတ်ပြီး ဝင်ရပါသည်။ ထို့နောက် စောင်၊ ရေချိုးခွက်၊ သောက်ရေခွက်၊ သွားတိုက်တံ၊သွားတိုက်ဆေး၊ ဆပ်ပြာအကြမ်း တို့ပေးပြီး ပုံစံထိုင်ခိုင်းပါသည်။(မည်သည့် ကန့် ထောင်မှာမှ အတွင်းခံဘောင်းဘီမဝတ်ရပါ) စစ်ဆေးပါသည်။အကယ်၍ဝတ်ထားခဲ့လို့ မိလျှင် ပါးအရိုက်ခံရပါသည်။ ဒူးဖြင့် ခြေထောက်ဖြင့် အကန်ခံရပါသည်။ဆဲဆိုခြင်းမှာကား တေးသံလိုပင် နားရည်ဝနေပြီဟု ဆိုရပေမည်။(တိုက်ပိတ်ခံရခြင်း)ကျနော်တို့ကို အသုံးအဆောင် ပစ္စည်းများပေးပြီး အဆောင် ဘီ ရှေ့တွင် ပုံစံထိုင်ခိုင်းပြီးအခန်းနံပါတ်ပြောပြီး အခန်းသို့ဝင်ခိုင်းပါသည်။အဆောင်မှာ ၃ထပ်ဖြစ်သည်။ ကျနော်တို့သည် အပေါ်ဆုံးထပ်တွင်နေရပါသည်။ အခန်းမှာ ၆ပေ ၊၁၀ပေ ဖြစ်ပြီး တံခါးမှာ သစ်သားအထူဖြင့်အလုံပိတ်အခန်းဖြစ်ပါသည်။ ပြတင်းပေါက် တခြားအပေါက်တခုမျှမရှိသည့် အလုံပိတ်အခန်းဖြစ်သည်။ တခါးမကြီးတွင် တလက်မခန့် စက်ဝိုင်းပုံအပေါက်တပေါက်ရှိပါသည်။ မှောင်မှောင်မဲမဲနှင့် ဘာမှမမြင်ရ၊ နေ့နဲ့ည ခွဲမသိပါ။ဤသို့တိုက်ပိတ်၍ တပတ်နေရပါသည်။ မနက်စာအဖြစ် ဆန်ပြုတ်၊ပဲရည်၊ပေါင်မုန့် တခုခုကျွေးပါသည်။ ကော်ဖီဟုခေါသော အရည်တခုကျွေးပါသည်။ ဆန်ပြုတ်စားရသည့်နေ့တွင် ဗိုက်အလွန်ဆာပါသည်။ ဆန်ပြုတ်တွင် အရည်များပြီး အဖတ်အနည်းငယ်သာ ပါပါသည်။ ဘာအရသာမှမရှိပါ။ ကော်ဖီဆိုသည်မှာလည်း အနံ့ရော အရသာပါ မပါဝင်ပါ။ ကျနော်သည် ကော်ဖီရည်အနည်းငယ်အား ခွက်ဖြင့်ထည့်၍ ပုရွက်ဆိတ်လာတတ်သော နေရာတွင် ထားကြည့်သည်။ သို့သော် အချိုမပါသဖြင့် ပုရွက်ဆိတ်ပင် မစားပါ။ ထမင်းနှစ်နပ်ကျွေးပါသည်။ထမင်းများမှာလည်း တနေ့မှ မကျက်ပါ။ မနူးမနပ်ဖြစ်ပါသည်။ ကန်ဇွန်းရွက်များနှင့်မြက်များရောထွေးပြီး ဟင်းအဖြစ် ပြုတ်၍ကျွေးပါသည်။ ထမင်းမှာလည်း ကြောင်တကောင်စားလောက်ရုံသာရှိသည်။တခါမှပင် စိတ်မကူးမိသော မယုံကြည်နိုင်သော အစားအစာများဖြစ်သည်။ လွန်စွာဆိုးပါသည်။နေ့လည်ဆယ့်နှစ်နာရီခန့်တွင် ရေချိုးရသည်။ထိုချိန် တန်းစီချိန်တွင် အကျဥ်းသား ၅၄၈ ဦးရှိသည်။ အကုန်လုံးသည် ကိုယ်တုံးလုံးချွတ်ပြီး ရေချိုးကြရသည်။ ပြီးလျှင် နေပူကြဲကြဲတွင် ပုံစံထိုင်ပြီး ထမင်းစားရပါသည်။ အရှက်တရားနဲ့အကြောက်တရားများကို မျက်ဝါးထင်ထင် တွေ့ရသည်။ ဒုက္ခ ပေါင်းစုံဖြင့် ၁၄ ရက်နေအပြီးတွင်ကျနော်တို့ကို စမုံညှင်းတရားရုံးသို့ ထပ်မံခေါ်ယူ၍ အမိန့်ချခဲ့သည်။တရားသူကြီးမှ (သင်တို့အားတရားမဝင်အထောက်အထားမရှိနေထိုင်မှုဖြင့် ဖမ်းယူသည့်နေ့မှစ၍ ထောင်ဒဏ်၂လ အမိန့်ချလိုက်သည်။) ဟုဆိုသည်။ ထိုနေ့သည် ကျနော်တို့မှာ ကန့်မှာရော ထောင်မှာပါ ဖမ်းယူသည့်နေ့မှ ၄၂ ရက်မြောက်နေ့ဖြစ်သည်။ ကာဂျမ်းထောင်သို့ ------------------------------------------------အမိန့်ချအပြီးတွင် ကျနော်တို့အား ကာဂျမ်းထောင်သို့ ထပ်မံပို့ဆောင်ပါသည်။ထိုနေ့ အစားအစာမှာ ဘာမှမစားရ ရေပင်မသောက်ရပါ။ ကာဂျမ်းထောင်ရောက်ချိန် စာရင်းသွင်းခြင်း လက်ဗွေနှိပ်ခြင်း တို့လုပ်ဆောင်ရပြီးအက်ျီအဖြူရောင်ဝမ်းဆက်ဝတ်ရပါသည်။လက်ပေါ်တွင် ဘောပင်ဖြင့် BD ဟုရေးပေးပါသည်။ ည ၉ နာရီခန့်လောက်တွင်မှ သိုးနေသော ထမင်းနဲ့ ပုတ်စော်နံနေပြီဖြစ်သော ငါးတကောင်ဖြင့် ထမင်းကျွေးပါသည်။ထိုထောင်၌တညအိပ်ရပြီး မနက်တွင် ဘနားနားကန့်သို့ ထပ်မံပို့ဆောင်ပါသည်။ဘနားနားကန့် မှ ငိုသံများ---------------------------------------------------------------ကျနော်တို့ ထိုကန့်သို့ ရောက်သောအခါပစ္စည်းစာရင်းအပ်ရသည်။ အရာရှိတဦးမှကျနော့် ကွန်ပျူတာ အား ပေးရန် အတင်းတောင်းသည်။ ကျနော့်မှာ ဖုန်းလည်းပျောက်သွားပြီဖြစ်၍ အဆက်အသွယ်ရရန် ဤတခုသာရှိတော့၍ မပေးနိုင်ပါ ပြောသည်ကို အရိုက်ခံရပါသည်။ သို့သော်လည်း မပေးခဲ့ပါ။ထိုကန့်တွင် အဆက်အသွယ် မရ၍မပြန်ရသော သူများကား ဒုနဲ့ဒေး လွန်စွာများ၏။နှစ်ပေါင်းများစွာ နေနေရသူလည်းအလွန်များ၏။ကျနော်တို့ပစ္စည်းအပ်ပြီးသောအခါ ဘလော့ F သို့ သွားရသည်။ အခန်းဝင်သည်နဲ့ ကျနော်တို့ လူ ၅၄ ယောက်တို့ကို ၂၀ ခန့်စီခွဲ၍ အဝတ်အစားတွေ အကုန်ချွတ်ပြီး ထိုင် ထ အကြိမ်ရေ ၁၂၈ ကြိမ်လုပ်ရသည်။ ပုံမှန် အကြိမ် ၁၀၀ လုပ်ရမည်ဖြစ်သော်လည်း ရေတွက်ခြင်းမှားယွင်းသွားသောကြောင့် ဖြစ်သည်။ ထိုင်ထလုပ်ရင်း အကြိမ်ကြိမ် ရိုက်နှက်သံများလည်း ကြားရသည်။ မည်သူကိုရိုက်သည်မသိပါ။ မကြည့်ရပါ။ ကြည့်မိရင် ပါးချခံရပါမည်။ ထိုင်ထလုပ်တာ အရမ်းလွယ်တယ် ထင်ရင် မိတ်ဆွေ အကြိမ် ၂၀ ပုံစံမပျက် လက်နှစ်ဖက်အား ဆန့်တန်း၍ လုပ်ကြည့်ပါ။ ကျနော်လည်း ၉ ရက်ခန့် လမ်းတောင် မလျှောက်နိုင်ပါ။ အစားအသောက်များဆိုးဝါးပုံများ အရိုက်အနှက်ခံရပုံများ အဆဲအဆို ခံရပုံများ ရေးမကုန်နိုင်ပါ။တနေ့တွင် အသက် ၆ဝ ကျော် အသက်ကြီးကြီး အမျိုးသားတဦးသည် ဆေးမြိုလာသည်ဟုကျနော်တို့အခန်းတွင် သတင်းရသည်။ဆေးမြိုခြင်း ဆိုသည်မှာ ထောင်ထဲမရောက်မီ ဆေးခြောက် မူးယစ်ဆေး တမျိုးမျိုးအား ကြွတ်ကြွတ်အိတ်ဖြင့် ထုတ်၍ ပါးစပ်မှ ဝမ်းထဲသို မြိုချလာခြင်းကိုဆိုသည်။ ထိုဆေးအား ထောင်ထဲရောက်သောအခါ အိမ်သာတက်ချိန်တွင် ပြန်ဆယ်ယူပြီး သုံးစွဲကြသည်။ပြန်ဆက်ပြောရလျှင် ထိုအမျိုးသား ယူလာသောဆေးကြောင့် တခန်းလုံး ပုံစံထိုင်ခိုင်းပြီး ရှာဖွေခံရပြန်သည်။ အတော်ဆိုးသော ထောင်သားတချို့လည်း ရှိပါသည်။ထိုနေ့တွင် မသခ်ါသော လူတစုအားရေကို အဝသောက်ခိုင်းပြီး မသောက်နိုင်လျှင် ပါးစပ်ထဲသို့ ပိုက်လုံးထိုးသွင်းပြီး ရေထည့်စေသည်။ ပြီးလျှင် ကိုယ်တုံးလုံးချွတ်ပြီး တမင်တလင်း ကြမ်းပြင်မှာ လှိမ့်ခိုင်းပါသည်။ရိုက်နှက်သံများမှာ နားမခံသာ။လူ ၂၀ ခန့်မှာ မငိုတဲ့သူ မရှိသလောက်။ငိုကြပါသည်။ကျနော်တို့ ထိုအရိုက်ခံရသူများထဲတွင် မပါဝင်ပါ။ ဤသို့ဖြင့် ရက်အနည်းငယ်အကြာတွင်မြန်မာ သံရုံးမှ တာဝန်ရှိသူနှစ်ဦးလာ၍ အချက်အလက်စစ်ဆေး ကောက်ယူပြီးကျနော်တို့အား မိသားစု အသိ မိတ်ဆွေများထံသို့ ဆက်သွယ်စေပြီး အပြန်လမ်းစရိတ် ရင်းဂစ် ၇၃၀ သွင်းပြီး မြန်မာနိုင်ငံသို့ ပြန်ပို့လေသည်။ ထပ်ပြီး အသေးစိတ် ရေးချင်ပါသည်။အလုပ်မအားလပ်သောကြောင့်ဒီစာအား ၂ ပတ်လောက် အားတဲ့အချိန်များတွင်ရေးပါသည်။ မြန်မာနိုင်ငံသားများအဖမ်းအဆီးကင်းဝေးကြပါစေ။အားလုံး ကျမ်းမာ ချမ်းသာကြပါစေ ။(မှတ်ချက် ။ ။ မလေးတချို့အရာရှိများလည်း ESkill ညံ့ပါသည်)လိုအပ်ချက်များ ဖြည့်စွတ်သင့်သည်များလည်းရှိပါသည်။ နားလည်ပေးကြပါ။စာရေးဆရာ မဟုတ်ပါ။ အမှားပါရင် ခွင့်လွှတ်ကြပါ။ ကိုယ်တိုင်ကြုံခဲ့ရခြင်းပါ။ရေးချင်တာက စာအုပ်တအုပ်နီးပါးပါအချိန်မရလို့ ဖြေးဖြေးချင်း ရေးခဲ့တာပါ။ #မလေးရောက်ရွှေမြန်မာ #အော်ပရာစီ

15/06/2025

စိတ်ချမ်းသာအောင် နေနည်းလမ်းညွှန်
စိတ်ချမ်းသာအောင် နေထိုင်ခြင်းဆိုတာ လူတိုင်းလိုချင်တဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ဘယ်လိုနေရမလဲဆိုတာ တချို့က မသိကြဘူး။ ဒီမှာတော့ စိတ်ချမ်းသာဖို့အတွက် လိုက်နာသင့်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
* အိပ်ရေးဝအောင် အိပ်ပါ။ တစ်နေ့ကို ၇ နာရီမှ ၈ နာရီအထိ အိပ်ဖို့ ကြိုးစားပါ။ အိပ်ရေးဝခြင်းက စိတ်ရောကိုယ်ပါ လန်းဆန်းစေပါတယ်။
* ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။ အသင့်စား အစားအစာတွေနဲ့ သကြားဓာတ်များတဲ့ အစားအစာတွေကို လျှော့စားပါ။
* လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လမ်းလျှောက်တာ၊ ပြေးတာ၊ ဒါမှမဟုတ် တခြား ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။
* ဝါသနာပါရာ လုပ်ငန်းတွေ လုပ်ပါ။ ကိုယ်ပျော်ရွှင်စေမယ့် အရာတွေ (ဥပမာ- စာဖတ်တာ၊ ဂီတနားထောင်တာ၊ ပန်းချီဆွဲတာ) ကို လုပ်ပါ။
၂။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ကောင်းမွန်ပါစေ
* ချစ်ခင်ရသူတွေနဲ့ အချိန်ပေးပါ။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ။ သူတို့နဲ့ စကားပြောတာ၊ ပျော်ပျော်နေတာက စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ်။
* တခြားသူတွေကို ကူညီပါ။ တခြားသူတွေကို ကူညီပေးခြင်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ခံစားရစေပြီး ပျော်ရွှင်မှုကို ရရှိစေပါတယ်။
* လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ပါ။ စေတနာ့ဝန်ထမ်း လုပ်ငန်းတွေမှာ ပါဝင်တာ၊ ကိုယ်စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင်တာက ပျော်ရွှင်မှုနဲ့ ပြည့်စုံစေပါတယ်။
၃။ စိတ်နေစိတ်ထား ကောင်းမွန်ပါစေ
* ကျေးဇူးတင်တတ်တဲ့ စိတ်ထားရှိပါ။ ကိုယ့်ဘဝမှာ ရရှိထားတဲ့ ကောင်းမွန်တဲ့ အရာတွေအတွက် ကျေးဇူးတင်တတ်တဲ့ စိတ်ထားထားပါ။ နေ့တိုင်း ကျေးဇူးတင်စရာ တစ်ခုခုကို စဉ်းစားပါ။
* အပြုသဘောဆောင်အောင် တွေးပါ။ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ပါ။ အခက်အခဲတွေကို သင်ယူမှု အခွင့်အရေးအဖြစ် မြင်ပါ။
* ခွင့်လွှတ်တတ်ပါ။ ကိုယ်နဲ့ တခြားသူတွေကို ခွင့်လွှတ်တတ်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ငြိမ်းချမ်းမှုကို ရရှိစေပါတယ်။
* လက်ရှိအချိန်မှာ နေထိုင်ပါ။ အတိတ်အကြောင်းတွေ၊ အနာဂတ်အကြောင်းတွေ စဉ်းစားပြီး ပူပန်နေမယ့်အစား လက်ရှိအချိန်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။
၄။ စိတ်ဖိစီးမှု လျှော့ချပါ
* အနားယူပါ။ အလုပ်များတဲ့အခါ ခဏတာ အနားယူပါ။ တေးဂီတနားထောင်တာ၊ တရားထိုင်တာ၊ ဒါမှမဟုတ် အသက်ရှူ လေ့ကျင့်ခန်းလုပ်တာတွေက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
* မလိုလားအပ်တဲ့ ဖိစီးမှုတွေကို ရှောင်ပါ။ ကိုယ့်ကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
* လိုအပ်ရင် အကူအညီယူပါ။ စိတ်ဖိစီးမှုတွေ အရမ်းများလာပြီး ကိုယ့်ဘာသာ မဖြေရှင်းနိုင်တော့ဘူးဆိုရင် စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။
ဒီအချက်တွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် သင့်ဘဝမှာ ပိုပြီး ပျော်ရွှင်ချမ်းမြေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘဝမှာ စိတ်ချမ်းသာဖို့အတွက် အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး အကောင်းမြင်စိတ်ထားဖို့ပါပဲ။

07/05/2025

"စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်များ" ဆိုတာ လူ့အဖွဲ့အစည်းတစ်ခု တည်တံ့ဖို့၊ အေးချမ်းသာယာဖို့နဲ့ အပြန်အလှန် လေးစားမှုရှိဖို့အတွက် လူတိုင်း လိုက်နာစောင့်ထိန်းသင့်တဲ့ အခြေခံကျင့်ဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဆိုလိုတာပါ။ ဒီကျင့်ဝတ်တွေဟာ ယဉ်ကျေးမှု၊ ဘာသာရေး၊ ဒေသပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပေမယ့် အခြေခံအားဖြင့်တော့ တူညီတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတတ်ပါတယ်။အဓိက စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်တွေထဲက တချို့ကို ဖော်ပြပေးပါမယ်:အခြေခံကိုယ်ကျင့်တရားများ: * ရိုးသားခြင်း (Honesty): အမှန်ကို ပြောဆိုခြင်း၊ လိမ်လည်လှည့်ဖြားခြင်းကို ရှောင်ရှားခြင်း။ * သစ္စာရှိခြင်း (Integrity): မိမိရဲ့ ကတိကဝတ်ကို တည်ကြည်ခြင်း၊ မှန်ကန်စွာ ပြုမူခြင်း။ * လေးစားခြင်း (Respect): အသက်အရွယ်၊ ကျားမ၊ လူမျိုး၊ ဘာသာမရွေး အားလုံးကို တန်ဖိုးထားပြီး ရိုသေစွာ ဆက်ဆံခြင်း။ * စာနာထောက်ထားခြင်း (Empathy): သူတစ်ပါးရဲ့ ခံစားချက်ကို နားလည်ပြီး ကိုယ်ချင်းစာနာခြင်း။ * တာဝန်ယူမှု (Responsibility): မိမိရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူခြင်း၊ အမှားကို ဝန်ခံခြင်းနဲ့ ပြင်ဆင်ခြင်း။ * သည်းခံခြင်း (Tolerance): အမြင်မတူသူတွေ၊ ယုံကြည်မှုမတူသူတွေကို လက်ခံနိုင်ခြင်း၊ သည်းခံနိုင်ခြင်း။ * မျှတခြင်း (Fairness): လူတိုင်းကို တန်းတူရည်တူ ဆက်ဆံခြင်း၊ မတရားမှုတွေကို ရှောင်ရှားခြင်း။လူမှုဆက်ဆံရေးဆိုင်ရာ ကျင့်ဝတ်များ: * ယဉ်ကျေးသိမ်မွေ့ခြင်း (Politeness): ချိုသာသော စကားကို ပြောဆိုခြင်း၊ သင့်လျော်သော အမူအရာကို ပြုမူခြင်း။ * ကူညီဖေးမခြင်း (Helpfulness): သူတစ်ပါး အခက်အခဲရှိချိန်မှာ တတ်နိုင်သလောက် ကူညီခြင်း။ * ကျေးဇူးသိတတ်ခြင်း (Gratitude): သူတစ်ပါးရဲ့ ကောင်းမှုကို တန်ဖိုးထားပြီး ကျေးဇူးတင်ကြောင်း ဖော်ပြခြင်း။ * အပြန်အလှန် လေးစားမှု (Mutual Respect): တစ်ဦးနဲ့တစ်ဦးရဲ့ အခွင့်အရေး၊ ထင်မြင်ယူဆချက်တွေကို လေးစားခြင်း။ * အများအကျိုးကို ရှေးရှုခြင်း (Consideration for Others): မိမိရဲ့ လုပ်ရပ်တွေဟာ အများအပေါ် ဘယ်လို သက်ရောက်နိုင်မလဲဆိုတာကို စဉ်းစားခြင်း။ * ပူးပေါင်းဆောင်ရွက်ခြင်း (Cooperation): အများနဲ့အတူ ရည်မှန်းချက်တစ်ခုကို အောင်မြင်အောင် လက်တွဲဆောင်ရွက်ခြင်း။ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာခြင်း: * နိုင်ငံရဲ့ ဥပဒေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းဟာလည်း အရေးကြီးတဲ့ လူ့ကျင့်ဝတ်တစ်ရပ် ဖြစ်ပါတယ်။ ဒါမှသာ တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာပါ။ဒီလို စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်တွေကို လိုက်နာခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ပါတယ်။ လူတွေကြားမှာ ယုံကြည်မှု၊ လေးစားမှုနဲ့ နားလည်မှုတွေ တိုးပွားလာပြီး အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျင့်ဝတ်တွေကို ကိုယ်တိုင် လိုက်နာကျင့်သုံးဖို့နဲ့ မိမိပတ်ဝန်းကျင်ကိုလည်း လိုက်နာကျင့်သုံးအောင် တိုက်တွန်းဖို့ အရေးကြီးပါတယ်။

02/05/2025

ကိုယ်ကျင့်တရားကောင်းမွန်ဖို့ဆိုတာ လူတစ်ယောက်ရဲ့ အတွင်းစိတ်နဲ့ အပြင်ပန်းအပြုအမူတွေ မှန်ကန်ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အောက်ပါ အရာတွေ လိုအပ်ပါတယ်။၁. မှန်ကန်တဲ့ အသိဉာဏ်နဲ့ တရားမျှတတဲ့ အမြင် (Right Understanding and Fair Perspective): * ဘာက မှန်တယ်၊ ဘာက မှားတယ်ဆိုတာကို ခွဲခြားသိမြင်နိုင်တဲ့ ဉာဏ်ပညာ ရှိဖို့ လိုအပ်ပါတယ်။ * ကိုယ့်ရဲ့ အကျိုးစီးပွားတင် မကဘဲ တခြားသူတွေရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားပြီး တရားမျှတတဲ့ အမြင်ရှိဖို့ အရေးကြီးပါတယ်။၂. ကိုယ်ချင်းစာနာစိတ် (Empathy): * တခြားသူတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနာ နားလည်နိုင်တဲ့ စိတ်ထား ရှိဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို ကိုယ်တိုင် ခံစားနိုင်မှသာ သူတို့ကို ကူညီဖို့ ဒါမှမဟုတ် နာကျင်အောင် မလုပ်ဖို့ စဉ်းစားမိမှာပါ။၃. လေးစားမှု (Respect): * လူတိုင်းကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အဆင့်အတန်း မခွဲခြားဘဲ လေးစားတတ်တဲ့ အလေ့အကျင့် ရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ထက် ငယ်သူကိုလည်း လေးစားရပါမယ်။၄. ရိုးသားမှုနဲ့ စစ်မှန်မှု (Honesty and Integrity): * ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ အပြင်ပန်းအပြုအမူတွေ တထပ်တည်း ဖြစ်ဖို့ လိုအပ်ပါတယ်။ မဟုတ်မမှန်တာ မပြောဘဲ ရိုးသားစွာ ပြောဆိုပြုမူတတ်ရပါမယ်။ ကတိသစ္စာ တည်ကြည်ရပါမယ်။၅. တာဝန်ယူမှု (Responsibility): * ကိုယ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူတတ်တဲ့ စိတ်ထား ရှိဖို့ အရေးကြီးပါတယ်။ အမှားလုပ်မိရင် ဝန်ခံပြီး ပြင်ဆင်ဖို့ ဝန်မလေးရပါဘူး။၆. စည်းကမ်းနဲ့ လိုက်နာမှု (Discipline and Obedience): * လူ့အဖွဲ့အစည်းမှာ အတူတကွ နေထိုင်ဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ဟာ တခြားသူရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်စေရပါဘူး။၇. သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်း (Tolerance and Forgiveness): * တခြားသူတွေရဲ့ အားနည်းချက်တွေ၊ အမှားတွေကို သည်းခံနိုင်တဲ့ စိတ်ထား ရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ကို နာကျင်အောင် လုပ်ခဲ့တဲ့သူကိုလည်း ခွင့်လွှတ်နိုင်မှ စိတ်ရဲ့ ချမ်းသာမှုကို ရရှိမှာပါ။၈. ရက်ရောမှုနဲ့ ပေးကမ်းလိုစိတ် (Generosity and Willingness to Give): * ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအထိ တခြားသူတွေကို ကူညီပေးကမ်းလိုတဲ့ စိတ်ထား ရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ ငွေကြေးတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘဲ ကိုယ့်ရဲ့ အချိန်၊ အသိပညာ၊ အားအင်တွေကိုလည်း ပေးကမ်းနိုင်ပါတယ်။၉. မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း (Self-Control): * ဒေါသ၊ လောဘ၊ မနာလိုမှု စတဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် ရှိဖို့ လိုအပ်ပါတယ်။၁၀. အတုယူစရာ ပုဂ္ဂိုလ် (Role Models): * ကိုယ်ကျင့်တရားကောင်းမွန်တဲ့ လူကြီးမိဘ၊ ဆရာသမား ဒါမှမဟုတ် အခြားသော လေးစားရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အပြုအမူတွေကို လေ့လာပြီး အတုယူခြင်းဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို တိုးတက်စေနိုင်ပါတယ်။၁၁. ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း (Self-Reflection): * ကိုယ့်ရဲ့ နေ့စဉ်အပြုအမူတွေကို ပြန်လည် သုံးသပ်ပြီး ဘာတွေ မှားယွင်းနေလဲ၊ ဘာတွေ ပြင်ဆင်သင့်လဲဆိုတာကို ဆင်ခြင်သုံးသပ်ခြင်းဟာ ကိုယ်ကျင့်တရားကို တဖြည်းဖြည်း တိုးတက်စေပါတယ်။၁၂. စဉ်ဆက်မပြတ် လေ့ကျင့်ခြင်း (Continuous Practice): * ကိုယ်ကျင့်တရားကောင်းမွန်ဖို့ဆိုတာ တစ်ရက်တည်းနဲ့ ရရှိလာတဲ့ အရာမဟုတ်ပါဘူး။ အမြဲတမ်း သတိရှိရှိနဲ့ လေ့ကျင့်သွားမှသာ ကိုယ့်ရဲ့ အကျင့်စာရိတ္တဟာ တဖြည်းဖြည်း ပိုမိုကောင်းမွန်လာမှာပါ။ဒါတွေအားလုံးဟာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို လက်ကိုင်ထားပြီး ကျင့်ကြံသွားမယ်ဆိုရင် လူ့အဖွဲ့အစည်းမှာ လေးစားခံရတဲ့၊ တန်ဖိုးထားခံရတဲ့ သူတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။

17/04/2025

ဒီနှစ်သင်္ကြန်မှာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ * ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝတဲ့ သင်္ကြန်ဖြစ်ပါစေ။ * မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ။ * စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ * လိုရာဆန္ဒတွေ ပြည့်ဝပြီး အရာရာအောင်မြင်ပါစေ။ * မိသားစုနဲ့အတူ ပျော်ရွှင်စရာ သင်္ကြန်ကို ဖြတ်သန်းနိုင်ပါစေ။ * အေးချမ်းသာယာတဲ့ နှစ်သစ်တစ်ခုကို စတင်နိုင်ပါစေ။ * ကံကောင်းခြင်းတွေ အမြဲတမ်း သင့်ဘက်မှာ ရှိပါစေ။ * လုပ်ငန်းဆောင်တာတွေ အဆင်ပြေပြီး တိုးတက်ကြီးပွားပါစေ။ * ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီး ဖန်တီးနိုင်ပါစေ။ * အရာအားလုံး အကောင်းဆုံး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။ဒီဆုတောင်းစကားလေးတွေက သင့်အတွက် အနည်းငယ်ဖြစ်ဖြစ် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်စရာ သင်္ကြန်ပွဲတော် ဖြစ်ပါစေ!

19/02/2025

#မနာလိုတဲ့စိတ်ဆိုတာ လူတိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝစိတ်ခံစားမှုတစ်ခုပါ။ အခြားသူတစ်ဦးတစ်ယောက်မှာ ကိုယ်မရှိတဲ့ အရာ (ဥပမာ - အောင်မြင်မှု၊ ပစ္စည်းဥစ္စာ၊ ဆက်ဆံရေး) ရှိနေတဲ့အခါ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီး မကျေနပ်တဲ့ ခံစားချက်မျိုးပါ။မနာလိုစိတ်ဖြစ်ရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အဓိက အကြောင်းရင်းတွေကို ဖော်ပြပေးပါမယ်။ * ကိုယ့်ကိုယ်ကို တန်ဖိုးမထားခြင်း: ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့သူ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့သူတွေဟာ အခြားသူတွေနဲ့ အမြဲတမ်း နှိုင်းယှဉ်တတ်ပါတယ်။ သူတို့ဟာ အခြားသူတွေထက် နိမ့်ကျတယ်လို့ ခံစားရတဲ့အခါ မနာလိုစိတ် ပေါ်လာတတ်ပါတယ်။ * နှိုင်းယှဉ်မှု: လူတွေဟာ ငယ်ဘဝကတည်းက အခြားသူတွေနဲ့ နှိုင်းယှဉ်ခံရလေ့ရှိပါတယ်။ အဲဒီလို နှိုင်းယှဉ်မှုတွေကြောင့် လူတွေဟာ အခြားသူတွေထက် ပိုကောင်းချင်တဲ့ စိတ်ဆန္ဒ ရှိလာပါတယ်။ အခြားသူတွေထက် ပိုကောင်းချင်တဲ့ စိတ်ဆန္ဒ ပြည့်ဝမလာတဲ့အခါ မနာလိုစိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။ * လုံခြုံမှု မရှိခြင်း: လူတွေဟာ သူတို့ရဲ့ အနာဂတ်၊ သူတို့ရဲ့ ရပ်တည်မှုအတွက် လုံခြုံမှု မရှိဘူးလို့ ခံစားရတဲ့အခါ မနာလိုစိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။ အခြားသူတွေရဲ့ အောင်မြင်မှုနဲ့ တိုးတက်မှုကို မြင်တဲ့အခါ သူတို့ရဲ့ လုံခြုံမှု မရှိတဲ့ ခံစားချက်ကို ပိုပြီး ခံစားရပါတယ်။ * လူမှုရေး ဖိအား: လူ့အဖွဲ့အစည်းမှာ လူတွေဟာ အောင်မြင်မှု၊ ပစ္စည်းဥစ္စာ၊ ရာထူး စတာတွေကို တန်ဖိုးထားကြပါတယ်။ ဒီလို လူမှုရေး ဖိအားတွေကြောင့် လူတွေဟာ အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး မနာလိုစိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။ * စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ: တချို့လူတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ (ဥပမာ - စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု) ကြောင့် မနာလိုစိတ် ပိုပြီး ဖြစ်ပေါ်လာနိုင်ပါတယ်။မနာလိုစိတ်ဟာ လူတိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝစိတ်ခံစားမှုတစ်ခုပါ။ ဒါပေမယ့် မနာလိုစိတ်ကို အလွန်အကျွံ ခံစားရရင် ကိုယ့်ကိုယ်တိုင်ကိုရော အခြားသူတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ မနာလိုစိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ခြင်း၊ အခြားသူတွေရဲ့ အောင်မြင်မှုကို အားပေးခြင်း၊ ကိုယ့်ရဲ့ အားသာချက်တွေကို အာရုံစိုက်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when အသိပညာတုိးပြားေစ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category