NYINE CHAN HTET AUNG

NYINE CHAN HTET AUNG နွေထွေးစွာကြိုဆ်ုပါတယ်။

07/01/2024

သူများတွေလို ငယ်ဘဝကပုံလေးတင်ချင်တာ

တစ်ပုံမှ ဘောင်းဘီပါလို့ မတင်ရဲပု.😃😀😀🤣🤣

07/01/2024

လူငယ်တွေအချစ်ရေးမှာ မိဘတွေမပါသင့်ဘူး

သူတို့တုံးကလဲ ငါတို့မပါဘူးလေ

🤣🤣🤣🤣🤣🤣🤣🤣🤣

🏃🏃🏃🚶🚶🚶မလေးလား ထိုင်းလား..
30/09/2023

🏃🏃🏃🚶🚶🚶မလေးလား ထိုင်းလား..

23/08/2023

"တန်ဖိုးရှိလွန်းလို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"
===============================

ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်

ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်

ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်

ငါဘဝမွာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်

နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်

နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်

ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်

မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်

ဘဝမွာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။

ကျနော် အပေါ်ယံတွေကို တကယ်မုန်းတယ်

23/08/2023

မင်းဘယ်လောက်ရုပ်ဆိုးဆိုး ဘယ်လောက်မွဲမွဲ
ဝက်စရာထမီမရှိပဲနေနေ
မင်းဘဝပြောင်းလဲလာအောင် ငါချွေးနည်းစာနဲ့
ရှာကျွေးနိုင်တယ်...မင်းယုံကြည်ရင်လိုက်ခဲ့...
တစ်ခုတော့ထားခဲ့....သစ္စာမရှိတဲ့...အချစ်တုယောင်တွေ...👌

10/06/2023

If you get a chance, you want to believe it

15/03/2022
09/03/2022

ဒါကတော့ငါးကွန်းရှပ်ခြောက်အစပ်ချက်ပါရှင်ငါးကွန်းရှပ်ကိုအနေတော်တုံးထားပါကြက်သွန်ဖြူနီငရုတ်ပုကြိတ်ထားပါငရုတ်သီးစိမ်းမညက်တညက်ကြိတ်ထားပါဆီအိုးပူလာရင်ငါးခြောက်များထည့်မွှေပါအနံ့မွှေးလာရင်ဆယ်ထားပါပြီးရင်ခုနကဆီထဲကိုကြက်သွန်ဖြူနီငရုတ်ပုကြိတ်ထားတာကိုဆီသပ်ပါငါးခြောက်ကြော်လေးတွေထည့်ပါငါးပိရည်ကြိုထားတာစစ်ထည့်ပါအပေါ့အငန်စိတ်ကြိုက်ထည့်ပါပြီးမှငရုတ်သီးစိမ်းထည့်မွှေပေးပါအဖုံးခနအုပ်ပေးထားပြီးဆူလာရင်တော့ငါးခြောက်ဟင်းစပ်စပ်လေးရပါပြီရှင်🌶🌶🌶

Credit : Kyi Kyi Ppk

04/03/2022

ဒီရက်ပိုင်းအလှူလုပ်ချင်သူများအတွက် လက်ဖက်ထမင်း၊ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ကြာဇံကြော်
အိုးကြီး လူ၁၀၀စာ ချက်နည်း . . .

(၁) လက်ဖက်ထမင်း
လက်ဖက် ခရမ်းချဉ်သီး ကြက်သွန်ဖြူ ဂေါ်ဖီ အ​ကြော်စုံ ဆီ ထမင်း ပုစွန်ခြောက် နှမ်း ငံပြာရည် ကြက်သားမှုန့်
သံပုရာရည် အကုန်ရောသုပ်ပါ ဘဲဥကြော်ပြီး အပေါ်မှတင်ပါ။ တစ်ခါတည်းမနယ်ရ ၃ခါခွဲပြီးသုပ်ပါ။
လက်ဖက် ၄၀သား
ထမင်းချက်ပြီးသား ၅ပြည်ခွဲ
ဆီ ၂လီတာ
ခရမ်းချဉ်သီး အလုံး၅၀
ဂေါ်ဖီ ၁ထုပ်
အ​ကြော်စုံ ၇ဝသား
ပုစွန်ခြောက် ၃၀သား
ငံပြာရည် ထမင်းစားဇွန်း ၂၅
ကြက်သားမှုန့် အထုပ်သေး ၂ထုပ်ခွဲ
သံပုရာသီး ၂၀
နှမ်း ၂၀ သား
ငရုတ်စိမ်း ၅၀သား
ကြက်သွန်ဖြူ ၂၀သား
ဘဲဥ အလုံး၁၀၀

(၂) ခေါက်ဆွဲကြော်
ဘဲဥကို ကြော်ပြီး ကတ်ကြေးဖြင့်ညှပ်ထားပါ
ကြက်သားကိုအတုံးသေးသေးလေးတုံးထားပါ
ခေါက်ဆွဲကို ပဲငံပြာရည် ခရုဆီ ဆား ကြက်သားမှုန့် သကြား ထည့်ပြီးနယ်ပါ ဆီဆူဆူထဲ ကြက်သားအတုံးသေးများထည့်ကြော်ပါ ရေအနည်းငယ်ထည့်ပြီး အသားကျက် ရေခမ်းကြော်ပါ ကြက်သားကျက်လောက်ပြီဆိုမှ ဂေါ်ဖီ နဲ့ မုန်လာဥထည့်ကြော်ပါ အသီးရွက်အိပြီဆိုမှ ​ခေါက်ဆွဲထည့်ကြော်ပါ
ခေါက်ဆွဲကြော်နေစဉ်အောက်ခြေမတူးစေရန် ရေအနည်းငယ်ထည့်ထည့်ပြီး ကြော်ပေးပါ မီးမပြင်းရပါ
တစ်ပွဲစာပြင်ပြီး အပေါ်မှတစ်ပွဲစာဘဲဥကြော်ညှပ်ထည့်ပါ
တရုတ်နံနံအုပ်ပါ
ခေါက်ဆွဲ ၅ပိသာ
ဂေါ်ဖီ ၂ထုပ်
မုန်လာဥ ၁ပိသာခွဲ
တရုတ်နံနံ ၄၀၀ဖိုး
ပဲငံပြာရည်ဗူးသေး ၂ဗူး
သကြား ၂၅သား
ဆား ထမင်းစားဇွန်း ၂၀
ခရုဆီဗူးသေး ၂ဗူး
ကြက်သား ၅၀ သား
ဆီ ၃လီတာ
ကြက်သားမှုန့်အထုပ်သေး ၁ထုပ်ခွဲ
ဘဲဥ ၅၀လုံး
အချဉ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ဂေါ်ဖီ၁ထုပ်ဝက် ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ဗူးထည့်နယ်ပါ

(၃) ထမင်းကြော်
ဗူး၁၀၀အတွက် ဘဲဥအလုံး၁၀၀ကြော်ထားပါ
ချက်ပြီးသားထမင်း ကြက်သွန်နီ ပဲငံပြာရည် ဆား သကြား ကြက်သားမှုန့် ခရုဆီ ငရုတ်ကောင်းထည့်ပြီးရောနယ်ပါ ဆီဆူဆူထဲ ဘဲဥ ၇လုံး ထည့်ပြီးမွှေကြော်ပါ ဘဲဥအသားမာမာလေးဖြစ်မှ နယ်ထားတဲ့ထမင်းရောထည့်ကြော်ပါ မီးမပြင်းရပါ ပြီးမှအပေါ်ကနေဘဲဥကြော်အုပ်ပါ
ထမင်း ၆ပြည်
ဆီ ၂လီတာ
ကြက်သွန်နီ ၁၀လုံး
ပဲငံပြာရည်ဗူးသေး ၁ပုလင်း
ဆား ထမင်းစားဇွန်း ၂၀
အချိုမှုန့် အထုပ်သေး ၂ထုပ်
ခရုဆီ ထမင်းစားဇွန်း ၂၀
သကြား ၁၀ သား
ငရုတ်ကောင်းဗူးသေး ၁ဗူး
ဘဲဥ အလုံး ၁၀၀ + အိုးထဲရောကြော်ဖို့ ၇လုံး
အချဉ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ဂေါ်ဖီ၁ထုပ်ဝက် ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ဗူးထည့်နယ်ပါ

(၄) ကြာဇံကြော်
ဘဲဥကို ကြော်ပြီး ကတ်ကြေးဖြင့်ညှပ်ထားပါ
ကြက်သားကိုအတုံးသေးသေးလေးတုံးထားပါ
ကြာဇံကိုနာရီဝက်ရေကြိုစိမ်ထားပါ ကြာဇံသားပွလာပြီဆိုဇကာနဲ့ဆယ်ပြီးရေစစ်ထားပါ ရေကုန်သလောက်ရှိပြီဆို ပဲငံပြာရည် ခရုဆီ ဆား သကြား ငရုတ်ကောင်းထည့်ပြီးနယ်ပါ ဆီဆူဆူထဲ ကြက်သားအတုံးသေးများထည့်ကြော်ပါ ရေအနည်းငယ်ထည့်ပြီး အသားကျက် ရေခမ်းကြော်ပါ ကြက်သားကျက်လောက်ပြီဆိုမှ ဂေါ်ဖီ နဲ့ မုန်လာဥထည့်ကြော်ပါ အသီးရွက်အိပြီဆိုမှ ကြာဇံထည့်ကြော်ပါ တရုတ်နံနံအုပ်ပါ
ကြော်နေစဉ်အောက်ခြေမတူးစေရန် ရေအနည်းငယ်ထည့်ထည့်ပြီး ကြော်ပေးပါ မီးမပြင်းရပါ
တစ်ပွဲစာပြင်ပြီး အပေါ်မှတစ်ပွဲစာဘဲဥကြော်ညှပ်ထည့်ပါ
ကြာဇံအစိတ်သားထုပ် ၂၀ထုပ်
ဂေါ်ဖီ ၂ထုပ်
မုန်လာဥ ၁ပိသာခွဲ
တရုတ်နံနံ ၄၀၀ဖိုး
ပဲငံပြာရည်ဗူးသေး ၂ဗူး
သကြား ၂၅သား
ဆား ထမင်းစားဇွန်း ၂၀
အချိုမှုန့် အထုပ်သေး ၂ထုပ်
ခရုဆီဗူးသေး ၂ဗူး
ကြက်သား ၅၀ သား
ဆီ ၃လီတာ
ငရုတ်ကောင်း ဗူးသေး၁ဗူး
ဘဲဥ ၅၀လုံး
အချဉ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ဂေါ်ဖီ၁ထုပ်ဝက် ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ဗူးထည့်နယ်ပါ

အချိုမှုန့်မသုံးချင်ရင်ကြက်သားမှုန့်အစားထိုးသုံးပါ
အရသာအပေါ့အငန်အတွက်လိုသလိုထပ်မံပြုပြင်နိုင်ပါသည် အကြမ်းဖျင်းတွက်ထားသလောက်ချရေးပြလိုက်ပါတယ်

Credit post Thin Phyu Soe

Address

Kampong Meru

Telephone

+60146558645

Website

Alerts

Be the first to know and let us send you an email when NYINE CHAN HTET AUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NYINE CHAN HTET AUNG:

Share

Category