29/12/2021
စိတ်ဓာတ်တွေကျလာတဲ့အခါ
ကိုယ့်ထက်ပြိုလဲနေသူတွေကိုအားနာပြီး
ပြန်လည်ရုန်းထခွန်အားယူပါ.....
ကိုယ့်အမြင့်တွေ ကိုယ့်အောက်တွေကြည့်ပြီး
အားငယ် အားတက်ဖြစ်ရတာထက်
ကိုယ်လုပ်နိုင်တာလေးကိုသာအမြဲဂုဏ်ယူပါ.....
ကိုယ့်လုပ်အားနဲ့ရတဲ့ဝင်ငွေဟာ
ကိုယ့်ဝင်ငွေဖြစ်တဲ့အတွက်
နည်းတယ် များတယ်ဆိုတာအတွက်
ဘယ်တော့မှသိမ်မငယ်ပါနဲ့
အမြဲတန်ဖိုးထားမြတ်နိုးပါ ဂုဏ်ယူပါ.....
ကိုယ်လုပ်နေတဲ့အလုပ်ဟာ
လိပ်ပြာသန့်သန့်နဲ့လုပ်နေတာဆို
ဘယ်သူနဲ့မှယှဉ်ပြီးအားမငယ်ပါနဲ့
ကိုယ့်အလုပ်ကိုတန်ဖိုးထားဂုဏ်ယူပါ...
ကိုယ့်ဝင်ငွေနဲ့ကိုက်ညီတဲ့
ဝတ်စားဆင်ယင်ခြင်း
စားသောက်နေထိုင်ခြင်းအတွက်
မည်သူတစ်ဦးတစ်ယောက်ကိုမျှ
အားနာသိမ်ငယ်ခြင်း
ရှက်ရွံ့ဂုဏ်ငယ်ခြင်းကိုမပြုပါနဲ့.....
ကိုယ့်ဝင်ငွေနဲ့ထွက်ငွေကို
သိတတ်နားလည်ခြင်းကသာ
ကိုယ့်ဘဝကိုမြှင့်တင်ရှင်သန်စေနိုင်မှာပါ
ကိုယ့်ရဲ့ဖြစ်တည်ရှင်သန်ခြင်းအတွက်
အရှိအတိုင်းသာရှင်သန်နေထိုင်ပါ.....
ကိုယ်ဖြစ်လိုတဲ့ရည်ရွယ်ချက်အတွက်
တစ်စိုက်မတ်မတ်ရှင်သန်ပါ
မဖြစ်နိုင်ခြင်းဟာ
မလုပ်တော့ခြင်းကစပါတယ်.....
ရည်ရွယ်ချက် နဲ့ ရည်မှန်းချက်အတွက်သာ
ရှင်သန်နေထိုင်ပါ
အားငယ်ခြင်း သိမ်ငယ်ခြင်းနဲ့
တခြားတစ်ယောက်ကိုတိုက်ခိုက်ဖို့
တခြားတစ်ယောက်ကိုမနာလိုဖို့
တခြားတစ်ယောက်အတွက်
စိတ်သောကရောက်ဖို့အတွက်
မရှင်သန် မနေထိုင်ပါနဲ့.....
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားသိတတ်ခြင်းနဲ့သာ
ရှင်သန်ပါ.....
အေးမြငြိမ်းချမ်းခြင်းနဲ့ ဖြစ်လိုခြင်းတွေဟာ
ကိုယ့်ဆီမှာပါပဲ
#ပုံက လက်ဆောင်ပါ😬