ဆရာမ သင်းသန္တာဇော်

ဆရာမ သင်းသန္တာဇော် တဲ့ရော့ ဗေဒ. လက္ခဏာ

တယ်လီပသီ (ခေါ်) ထူးခြားအာရုံစွမ်းအင်များ[ဒီ Telepathy ပိုစ်တင်တဲ့ ရည်ရွယ်ချက် အရင်ပြောပါမယ်။][[ စိတ်ဖြင့်အရာဝတ္ထုများကို...
14/02/2024

တယ်လီပသီ (ခေါ်) ထူးခြားအာရုံစွမ်းအင်များ

[ဒီ Telepathy ပိုစ်တင်တဲ့ ရည်ရွယ်ချက် အရင်ပြောပါမယ်။]
[[ စိတ်ဖြင့်အရာဝတ္ထုများကို ရွှေ့လျားစေနိုင်သောပညာရပ် (Telekinesis)
ဒီပညာရပ်ကို မြင်လိုက်သည့်အခါ လူတိုင်းတတ်ချင်စိတ်များ ပြင်းပြလာလိမ့်မည်ဟု ထင်မြင်မိပါသည်။
ဒီပညာရပ်ကို မစတင်မီ
တယ်လီပသီ (ခေါ်)
ထူးခြားအာရုံစွမ်းအင်များ နှင့်
စိတ်ညှို့ပညာ ကို
အရင်ဆုံးဖတ်ရှုပြီး (လေ့ကျင့်) နားလည်ထားမှသာလျှင် ဒီပညာရပ်ကို လုပ်ဆောင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မည်။ ဒီ Telekinesis ပညာရပ်ကို ရေးသားစေချင်သည့်ဆန္ဒကြောင့်
ခုလို အထောက်အကူပြုပညာရပ်များကို ရေးသားခြင်း ဖြစ်ပါသည်။

တယ်လီပသီ (ခေါ်) ထူးခြားအာရုံစွမ်းအင်များ
တယ်လီပသီဆိုသည်မှာ ကျွန်တော်တို့ပြောချင်တဲ့စကားလုံးကို စိတ်ကနေပြောပြီး သူတစ်ပါးရဲ့စိတ်ထဲမှာ နားလည်အောင် ပြောခြင်းပဲ ဖြစ်ပါသည်။ စိတ်ချင်းဆက်သွယ်မှု၊ စိတ်စွမ်းအင်ဖြင့်ပတ်သတ်သည့်အကြောင်းအရာများကို လေ့လာသူများစွာ ရှိခဲ့ပါသည်။
အဲဒီအထဲတွင် အမေရိကန်လူမျိုး ဒေါက်တာ ဂျေဘီရိုင်း(Dr.J.B.Rhine)လို့ နာမည်အတိုဖြင့် လူသိများတဲ့ ဒေါက်တာဂျိုးဇက်ဘဏ်ရိုင်း(Dr.Joseph Banks Rhine)ပဲ ဖြစ်ပါသည်။ သူက အမေရိကန်ပြည်ထောင်စု North Carolina ပြည်နယ် Durham(ဒါရမ်မြို့) Duke University တွင်ရှိတဲ့ နယ်လွန်စိတ္တဗေဒဓာတ်ခွဲဌာနကို တည်ထောင်ခဲ့သူဖြစ်ပါသည်။
ထူးခြားသောအာရုံခံစားမှုတွင် အဓိက အမျိုးအစားခွဲခြားမှုကြီး(၃)ခု ရှိပါသည်။
အဲဒါက
(၁) တယ်လီပသီ (Telepathy) လို့ခေါ်တဲ့
စိတ်ချင်းဆက်ဆံမှု
(၂) ကလယ်ယာဗွိုင်းယင့် (Clairvoyance) လို့ခေါ်တဲ့ အမြင်ရခြင်း တတိယမျက်လုံး
(၃) ပရီကော့ဂနစ်ရှင်း (Precognition) လို့ခေါ်တဲ့ ကြိုတင်သိမြင်ခြင်း တို့ပင် ဖြစ်သည်။
စိတ်ချင်းဆက်ဆံမှု အဓိပ္ပာယ်မှာ သာမန်ဆက်သွယ်ရေးနည်းလမ်းများအားဖြင့် မဟုတ်ဘဲ သူတစ်ပါး၏စိတ်ကူးများကို သိရှိရခြင်း ကို ဆိုလိုသည်။
(၁) တယ်လီပသီကို စမ်းသပ်ကြည့်ရအောင်ဗျာ။ ကျွန်တော်တို့ အန်စာတုံးတစ်လုံးကို လိမ့်လိုက်တယ်ထားပါစို့။ အဲဒီကနေ ကျလာတဲ့ ဂဏန်းကို လူ(၁)က မြင်လိုက်တယ်။ ဒါပေမယ့် လူ(၂)ကို ပြောမပြ။ လူ(၂)က အာရုံပြုပြီး ထိုဟာသည် ဘာဂဏန်းဖြစ်သည်ဟု မှန်အောင် ပြောနိုင်မယ်ဆိုလျှင် လူ(၂)တွင် စိတ်ချင်းဆက်ဆံနိုင်သော စွမ်းရည်ရှိနေပြီဟု ပြောဆိုရပေမည်။

(၂) တစ်ခါတစ်ခါ လူတစ်ဦးတစ်ယောက်၏အာရုံထဲတွင် လူမရှိသော အခန်းတစ်ခုအတွင်းတွင် ရှိသော ပစ္စည်းတစ်ခုခု ပြုတ်ကျသွားသည်ကို မြင်လိုက်ရသလိုလို အာရုံခံစားမိလိုက်တယ်ဆိုရင် ဒီအကြောင်းအရာသည် တစ်နေရာတွင် တကယ်ဖြစ်ပွားနေသည်ကို စိတ်အာရုံဖြင့် မြင်လိုက်ရခြင်း ဖြစ်၍ တတိယ်မျက်လုံး ဒိဗ္ဗစက္ခု ခေါ် အမြင်ရခြင်းဟူ သတ်မှတ်နိုင်ပါတယ်။

(၃) Tarrot ကတ်တစ်ကတ်မှ ကတ်တစ်ကတ်ကို ဆွဲလိုက်ပြီး မှောက်လျက်သား စားပွဲပေါ်မှာ တင်ထားပါတယ်။ အဲဒီကတ်သည် ဘာကတ်မှန်းမသိချေ။ အဲဒီကတ်ကို ကျွန်တော်အာရုံယူလိုက်သည်။ ကျွန်တော့်စိတ်ထဲတွင် ဒီကတ်သည် မယ်တော်ကြီးခေါ်ကတ်နံပါတ်(၂)ကို မြင်သည်ထင်မြင်မိသည်။ ကတ်ကို လှန်ကြည့်လိုက်တဲ့အခါ အဲဒီကတ်အတိုင်း မှန်ကန်နေပြီဆိုရင် ကျွန်တော်သည် အမြင်ရနေပေပြီဟု ဆိုရပေမည်။ အနာဂတ်တွင် ဘာဖြစ်မလဲဆိုသောအချက်သည် ကြိုတင်သိမြင်ခြင်း ခေါ် ပရီကော့ဂနစ်ရှင်းဖြစ်သည်။
( သတိပြုရန် ) လူတိုင်းလူတိုင်း မိမိကြိုတင်သတ်မှတ်ထားသည့်အချက်များ မဟုတ်လျှင် မည်သူမျှ အနာဂတ်ကို မသိပါ။

ထူးခြားအာရုံဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ဖြစ်ရပ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စိတ်ဝိညာဉ်လေ့လာရေးနယ်ပယ်တွင် တယ်လီပသီနေရာတွင် ESP (extra sensory perception) ဆိုသော အင်္ဂလိပ်ဝေါဟာရ စကားလုံးတစ်လုံး ခေတ်စားလာသည်။ အီးအက်ပီ၏ အဓိပ္ပာယ်မှာ လူတစ်ယောက်၏အတိတ် သို့မဟုတ် ပစ္စုပ္ပန် အနာဂတ်ဖြစ်ပျက်မှုကို အလိုလိုသိရှိမှု ဖြစ်ပါသည်။

တယ်လီပသီ ခေါ် စိတ်ချင်းဆက်ဆံမှု ရရှိအောင် ဘယ်လိုလေ့ကျင့်မလဲ။ လေ့ကျင့်နည်းတွေ ကျင့်စဉ်တွေကို အခု ဆဋ္ဌမအာရုံမဂ္ဂဇင်းမှတစ်ဆင့် စာဖတ်သူများကို ဖော်ပြပေးပါမည်။

တယ်လီပသီမှာ ကျင့်စဉ်တွေ နည်းလမ်းတွေ အများကြီး ရှိပါသည်။ ဥပမာအနေနှင့် ပြောပြရရင်တော့ ပုံဆွဲခြင်းကျင့်စဉ် ၊ အရောင်ပုံစံများဖြင့်လေ့ကျင့်နည်း စသဖြင့် နည်းလမ်းတွေ ရှိပါသည်။

အခုဖော်ပြပေးမည့် လေ့ကျင့်နည်း ခေါ် ကျင့်စဉ်မှာတော့ ဘာပစ္စည်းမှ မလိုအပ်ဘဲ မိမိ၏စိတ်ကိုပဲ အသုံးချရပါမည်။
တယ်လီပသီကို လေ့ကျင့်ရန်အတွက် ပထမဆုံးသိထားသင့်သည်မှာ သဘာဝနှင့်သက်ဆိုင်သော အံ့ဖွယ်ဖြစ်ရပ်များကိုပင် ဖြစ်ပါသည်။
မှန်ကန်သောနယ်မြေတစ်ခုတွင် မိမိတို့၏သက်ရောက်အားကို စုစည်းနိုင်စေရန် သဘာဝသည် ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုတွေထက် ပိုမိုသာလွန်သည် ဆိုသောအချက်ကို အရင်ဆုံး နားလည်ထားသင့်ပေသည်။

တယ်လီပသီ(ခေါ်) စိတ်ပိုင်းဆိုင်ရာဆက်ဆံခြင်းကို ရုပ်ခန္ဓာက ပါဝင်လုပ်ဆောင်နေသည်မဟုတ်ချေ။ ထို့ကြောင့် စိတ်ခြင်းဆက်နွယ်မှုဖြစ်စဉ်ကို အလုပ်ဖြစ်စေရန်အတွက် ကိုယ့ျရဲ့စိတျပိုငျးဆိုငျရာအာရုံစူးစိုကျမှုကို ရုပ်ခန္ဓာမှလုပ်ဆောင်သည် ဟူသောအတွေးများကို ပြောင်းလဲပစ်ရန် လိုအပ်ပေသည်။ တယ်လီပသီလေ့ကျင့်ခန်းကို မစတင်မီ ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ အနားယူမှုကို အရင်ဆုံးပြုလုပ်ထားဖို့ လိုအပ်ပါသည်။ အကယ်၍ ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုပိုင်းကို နည်းပါးစွာ အာရုံစူးစိုက်မှု ပြုလုပ်ခဲ့ပါက မိမိ၏ ဆိုက်ကိုဇိုးမား ဟုခေါ်သော စိတ်ဝိညာဉ် နှင့် ခန္ဓာကိုယ်စွမ်းအင်တို့ မှလာသော ဝင်ရောက်မှုအချို့ကို သတိပြုမိလာပါလိမ့်မည်။ အချို့သောကိစ္စတွေမှာတော့ အသံလှိုင်းတွေကို ကာကွယ်ဖို့အတွက် နားကြပ်တွေကို အသုံးပြုကြသည် ၊ အချို့ကြတော့ မျက်လုံးထိခိုက်မှုကို ကာကွယ်နိုင်ဖို့ နေကာ မိုးကာ လေကာမျက်မှန်များဖြင့် မျက်လုံးကို ကာကွယ်ထားကြပါသည်။ ဘာလို့ ဒီလူတွေ ကာကွယ်ထားကြသလဲဆိုတော့ အပြင်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက်ကြောင့်ပဲ ဖြစ်ပါသည်။
စိတ်စွမ်းအင် နှင့် အာရုံစူးစိုက်နိုင်စွမ်းသည် အရေးအကြီးဆုံးကဏ္ဍတစ်ခု ဖြစ်ပြီး ကျွန်တော်တို့ပေးပို့လိုက်တဲ့ စွမ်းအင်အမြောက်အမြားကို ပိုမိုတိုးတက်စေနိုင်ပါသည်။ ထိုတိုးတက်မှုသည် စိတ်ချင်းဆက်နွယ်မှုလှိုင်းများအေပါ်တွင် အကျိုးပြုမှုရှိနိုင်ပြီး ထိုလှိုင်းများတွင် ကျွန်တော်တို့ပေးပို့လိုက်သည့် အတွေးပုံရိပ်များနှင့် အတွေးအချက်အလက်များကို ပိုမိုရှင်းလင်းစေနိုင်ပြီး စွမ်းအင်ပမာဏကိုလည်း တိုးတက်စေနိုင်ပါသည်။
ဒီတယ်လီပသီကျင့်စဉ်သည် အရင်ကတည်းက မကျင့်ရသေးသူတွေအတွက် အများကြီး အထောက်အကူဖြစ်ပါလိမ့်မည်။ ဒီနည်းစနစ်ကို သင်နဲ့ရင်းနှီးခဲ့တဲ့သူတစ်ယောက်နဲ့ ဆက်သွယ်ရန်အသုံးပြုကြပါသည်။
အကယ်၍သင်ဟာ တယ်လီပသီလုပ်ဖို့ ရည်ရွယ်ထားတဲ့အချိန်မှာ ရုပ်ရှင်များ တီဗီများကိုအချိန်အတော်ကြာကြာ ကြည့်ထားခြင်း ၊ တီဗီဂိမ်း ဖုန်းဂိမ်းများကို အချိန်ကြာမြင့်စွာ ကစားထားခြင်း နှင့် သီချင်းအကျယ်ကြီးကို အချိန်အတော်ကြာ နားထောင်ထားခြင်း တို့ပြုလုပ်ထားခဲ့သည် ဆိုရင်တော့ အချိန်တစ်နာရီလောက်ပေးကာ သစ်ပင်ပန်းမန်တွေရှိရာ စိမ်းလန်းလန်းဆန်းစေမယ့် နေရာမျိုးကို လမ်းလျှောက်ပြီးမှ တယ်လီပသီလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်သင့်ပါသည်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအား အနားယူခြင်းမျိုးပင်ဖြစ်ပြီး တယ်လီပသီလုပ်ငန်းစဉ်ကို အနှောက်အယှက်နည်းပါးစွာ လုပ်ဆောင်နိုင်ဖို့အတွက်ပဲ ဖြစ်ပါသည်။ ကျင့်စဉ်နှင့်နည်းလမ်းများကို အောက်ပါအချက်များဖြင့်
(၁) ပထမအဆင့်
ငါးမိနစ်ခန့် ခန္ဓာကိုယ်ကို ဆန့်ကာလဲလျောင်းရင်း အကြောများကိုဖြေလျော့ပြီး ကြွက်သားများ၊ အကြောများ၊ ကြွက်သားများအားလုံးကို ဖြေလျော့ထားရမည်။
(၂) ဒုတိယအဆင့်
နှာခေ့ါင်းနဲ့ဝင်လေထွက်လေကို အသက်ပြင်းစွာ (၁ဝ)မိနစ်ခန့်ရှူရှိုက်ပေးပါ။
ယခု့ အဆင့်(၃)ကို ရှင်းလင်းလှစွာသော ကြည်လင်ပြတ်သားလှစွာသောစိတ်ဖြင့် တက်လှမ်းနိုင်မည်ဖြစ်ပါသည်။
(၃) တတိယအဆင့်
လှဲချလိုက်ပါ (သို့မဟုတ်) သက်တောင့်သက်သာရှိအောင်ထိုင်ချလိုက်ပါ။ ထို့နောက် မျက်စိကိုမှိတ်ကာ ၁ဝဝ မှ ၁ အထိ နောက်ပြန်ရေတွက်ပေးပါ။ ဂဏာန်းတစ်လုံးချင်းစီတိုင်းကို သင့်ရဲ့စိတ်ထဲမှာ ပုံဖော်ကြည့်ရင်း အသက်ကို ပုံမှန်ငြိမ်သက်စွာရှူရှိုက်ပေးပါ။ ယခု သင်စိတ်ပိုင်းဆိုင်ရာဆက်သွယ်ရန်အတွက် သင့်တော်သော အခြေအနေသို့ရောက်ရှိသွားပြီဖြစ်ပြီး သင်ဘယ်လိုခံစားလိုသည် ဆက်သွယ်သည့်သူဆီသို့ ပို့ဆောင်သွားရောက်လိုသော ခံစားချက်မျိုးအထိရောက်အောင်ဆွဲတွေးပါ။ ယခုအဆင့်သည် အလွန်အရေးကြီးသောကြောင့် သေချာဂရုစိုက်၍ လုပ်ဆောင်ရမည်ဖြစ်သည်။
(၄) စတုတ္ထအဆင့်
မိမိကိုယ်ကို ဆိတ်ငြိမ်သောနေရာတစ်ခုမှာရောက်ရှိသွားပြီလို့ မြင်ယောင်ပါ။ ထိုနေရာဟာ ကမ်းခြေ၊ တောင်တန်း၊ ကန်တစ်ခုအနီး၊ စိမ်းလမ်းသောတောအုပ်၊ ပန်းခြံ၊ တိတ်ဆိတ်သောကန္တာရ သင်တိတ်ဆိတ်မည်ဟုယူဆရသောနေရာကိုမြင်ယောင်ပါ။ သင်ဟာထိုနေရာမှာ မည်သည့်စိတ်ဖိအားသက်ရောက်မှုမှ မပါဘဲ လွတ်လပ်စွာလျှောက်လမ်းနေသည်ဟု ဆက်လက်အာရုံပြုပါ။
(၅) ပဉ္စမအဆင့်
သင်ဆက်သွယ်လိုတဲ့သူ သင်သွားနေတဲ့လမ်းရှေ့မှာရောက်ရှိလာပြီလို့ ဆက်လက်အာရုံပြုပါ။ သင့်ရဲ့သူ့ကိုပြောကြားလိုတဲ့အေကြာင်းအရာကို သေချာအာရုံစူးစိုက်ပါ။ ထိုသို့အာရုံစူးစိုက်နေချိန်မှာ ထိုသူထံမှ စိတ်ဖိအားများစွာဟာ သင့်ဆီကို သက်ရောက်လာနိုင်ပြီး တယ်လီပသီကို စတင်လုပ်ဆောင်သူတော်တော်များများ ဒီလိုမျိုး စိတ်ဖိအားမျိုးကို အလွယ်တကူပဲလက်ခံမိလေ့ရှိတတ်ကြသည်။
သင်ဟာ ဘာကြောင့် သင့်ခံစားချက်ကို ကိုယ်တိုင်သိမြင်မှုဟာ အရေးကြီးလည်းဆိုသည်ကိုလည်း နားလည်ထားရပါမည်။ ထို့မှသာ သင်ဟာ သင့်ရဲ့ကိုယ်ပိုင်ခံစားချက်၊ ပြောကြားသောအကြောင်းအရာနှင့် အခြားသူထံမှ လက်ခံရရှိသောအချက်အလက်များကိုခွဲခြားသိမြင်နိုင်မည်ဖြစ်ပါသည်။
(၆) ဆဋ္ဌမအဆင့်
ကိစ္စပြီးပါက ပြောကြားမှုကိုအဆုံးသတ်ပြီး ထိုအကြောင်းအရာများအားလုံးကို ဘာမှမရှိတော့လောက်အောင် မေ့ပစ်လိုက်ပါ။ ထိုအရာသည် နောက်ဆုံးနှင့် အရေးအကြီးဆုံးအဆင့်ပင်ဖြစ်ပါသည်။
ယခုကဲ့သို့ သင် တစ်ဦးတစ်ယောက်နှင့် တယ်လီပသီနည်းအရဆက်သွယ်မှုပြုလုပ်လိုက်ချိန်တွင် သင်သည်ထိုသူ့ဆီသို့ အပြုသဘောဆန်သော ဖိအားနဲ့စွမ်းအင်များကို ပို့လွတ်နေသည်ဖြစ်သည်။ အကယ်၍ ပေးပို့ခြင်းခံရသူဟာ သင့်ရဲ့ဖိအားနဲ့စွမ်းအင်များကို ခံစားတုန့်ပြန်ပါက တယ်လီပသီလုပ်ခြင်း အောင်မြင်သွားပြီဖြစ်ပြီး ထိုသူသည် သင်ပို့လွတ်သော ပြောကြားသောအကြောင်းအရာများကို မတုံ့ပြန်ပါက ထိုအရာကိုမေ့ကာ စိတ်ထဲမှရုန်းထွက်ပြန်ထရမည်ဖြစ်သည်။ ထိုအရာသည် သင်တွေ့ဆုံလိုသောသူနှင့်ဆွဲဆောင်အားကို ဖန်တီးပေးပါသည်။
အကယ်၍ စိတ်ပိုင်းဆိုင်ရာအနားယူမှုပြုရာမှာ စိတ်အာရုံစုစည်းမှုနဲ့ သက်တောင့်သက်သာမှုတို့ကိုမရှိပါက သင် တယ်လီပသီကို ပိုမိုလေ့လာပြီးမှ ပြန်လည်လုပ်ဆောင်သင့်သည်။
သင်ဆက်သွယ်မှုရရှိသော်လည်း ဆိုးဝါးစွာဝမ်းနည်းမှုကို ခံစားနေရပါက အခြေအနေမကောင်းသောကြောင့် သင့်ရဲ့မေတ္တာတရားကိုသာ ထိုသူဆီပို့လွတ်ခဲ့ပြီး စိတ်တွင်းမှရုန်းထွက်ကာ လှိုင်းပို့လွတ်မှုကိုရပ်တန့်ရပါမည်။

မူရင်းရေးသားသူ - မိုးကြယ်စင်

Copy From MM - SEARCH Blog (OLEH - LINN NYO TARYAR)
Photo များအားလုံးကို သက်ဆိုင်ရာ Site များဆီသို့
ခရက်ဒစ်ပေးပါသည်။

 #သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု ၁။  #ဂရုမစိုက်နဲ့။ သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့...
23/01/2024

#သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု

၁။ #ဂရုမစိုက်နဲ့။

သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊
သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ #လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။

တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရွိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

၃။ #တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။

ပညာလို အိုသည်မရှိ ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။
ငါ့ အသက်အရွယ်ကြီးနဲ့
မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။

၄။ #အရမ်းမတွေးပါနဲ့။

အတိတ္က အဖြစ်အပျက်တွေ အတိတ္က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။
အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေ​ေစဖို့သာ ကြိုးစားပါ။

၅။ #ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။

ကိုယ်ကျင့်တရားကောင်းတဲ့့သူက
လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။

၆။ #ထင်ချင်သလို ထင်ကြပါစေ။

လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ
လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့ ...❤️

Crd .... #မနုစာရီရွှေသော့

အရမ်းကောင်းလို့.(ဖတ်စေချင်)💞💞"ကိုယ်ကိုယ်ကိုဆုံးမခြင်း''✍~~~~~~~~~~~~~~~~~~~~~~~~~~~အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်...
13/08/2023

အရမ်းကောင်းလို့.(ဖတ်စေချင်)💞💞

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''✍
~~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!💪

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ်မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!! 💪

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!✍

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!✍

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!✍

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!✍

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!✍

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ

....မူရင်း

https://www.facebook.com/profile.php?id=100087469464639&mibextid=2JQ9oc  #ချစ်သောကျွန်မမိတ်ဆွေများရှင် တဲ့ရော့ဖြင့်ကံကြမ...
06/08/2023

https://www.facebook.com/profile.php?id=100087469464639&mibextid=2JQ9oc
#ချစ်သောကျွန်မမိတ်ဆွေများရှင် တဲ့ရော့ဖြင့်ကံကြမ္မာအကောင်းအဆိုးနေ့စဥ်နေ့သားလိုက်ဟောပြောသွားပါမည်ရှင်။ကျွန်မပေ့ကို အပ်ထားကြပါအုံးနော်👆👆👆
တဲ့ရော့ကဒ်တွေအများကြီးရှိတဲ့အထဲက...အဘဆရာကြီးကိုယ်တိုင်ပေးခဲ့သော
အဘရဲ့မူပိုင်တဲ့ရော့ကဒ်နဲ့သာဟောပေးမှာဖြစ်ပါသည်ရှင်....

 #ဘယ်သူ့ကိုမှသင့်စကားအကုန်ဖွင့်မပြောလိုက်ပါနဲ့လူရင်းထိုးတဲ့ဓားကပိုနက်တယ်🔪ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့ မင်းကတော့ ယုံကြ...
27/07/2023

#ဘယ်သူ့ကိုမှသင့်စကားအကုန်ဖွင့်မပြောလိုက်ပါနဲ့

လူရင်းထိုးတဲ့ဓားက
ပိုနက်တယ်🔪

ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့
မင်းကတော့ ယုံကြည်လွန်းလို့

မင်းမိသားစုအကြောင်းတွေ
မင်းအလုပ်အကြောင်းတွေ
မင်းရဲ့ပြဿနာတွေ
မင်းရဲ့ထင်မြင်ယူဆချက်တွေ

ဘာရယ်မဟုတ်ဘူး
လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့
ပြောဆိုရင်ဖွင့်လိုက်တာပဲ

ဒါပေမယ့်

သူတို့ကမင်းဆီကနေ ပွင့်လင်းမှုတွေ
ခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း

သူတို့စိတ်ထဲမှာမင်းကို
တဖြေးဖြေးပုံဖော်လာကြတာ
ဒါကိုမင်းမသိလိုက်ဘူး။

မင်းရဲ့အောက်ဖဲတွေကို
တဖြေးဖြေးရိပ်မိလာကြတာကို
မင်းမသိလိုက်ဘူး။

မင်းကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ်

တစ်နေ့ပြီးတစ်နေ့
တစ်ရက်ပြီးတစ်ရက်
တစ်နှစ်ပြီးတစ်နှစ်ကြာလာတဲ့အခါ
သူတို့စိတ်အမြင်မှာ
မင်းဟာ တံဆိပ်တစ်ခုကပ်ထားတဲ့
လူသားတစ်ယောက်ဖြစ်လာတယ်
အဲဒီတံဆိပ်က....
မင်းဟာ အရည်အချင်း ထင်သလောက်
မရှိဘူး။

မင်းဟာ ငွေမက်တယ်

မင်းဟာ ထင်သလောက်
စိတ်ထားမကောင်းဘူး။

မင်းဟာ စိတ်မမှန်ဘူး
မင်းက ငပေါတစ်ယောက်ဖြစ်တယ်
မင်းက အရူးတစ်ယောက်ဖြစ်တယ်
မင်းက သိပ်အထင်ကြီးစရာမကောင်းဘူး။

မင်းဟာ တရားမရွိဘူး
မင်းဟာ ပါးစပ်မလုံဘူး
စသည်စသည်ဖြင့်...
သူတို့ထင်ရာ မြင်ရာ တွေးမိရာ
တံဆိပ်တစ်ခုကို ကပ်လိုက်ကြတယ်။

နောက်ပိုင်းမှာတော့
သူတို့ကပ်ထားတဲ့အဲဒီတံဆိပ်ကိုကြည့်ပြီး
မင်းကိုသူတို့က ရာသက်ပန် အဲ့ဒီအတိုင်း
ဆက်ဆံသွားကြတော့တယ်

မင်းကိုမြင်တာနဲ့ အဲဒီတံဆိပ်သူတို့မျက်လုံးထဲ တန်းမြင်ကြတော့တာပါ။

အဲဒါဘာလဲ သိလား
စကားကိုအကုန်ပြောခဲ့လို့....
ရင်တွေအကုန်ဖွင့်ခဲ့မိလို့.......

လူရင်းလုပ်ပြီး
ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး
အရာရာကို ဖွင့်ပြောခဲ့လို့

ဟုတ်ကဲ့

"လက်ဆောင်လေးတစ်ခုပေးလိုက်ချင်ပါတယ်...."

ဘယ်သူ့ကိုမှ စကားကိုအကုန်မပြောပါနဲ့
မင်းကို ဘယ်သူကမှ ရိုက်မစစ်ပါဘူး
ဘယ်သူကမှ ကြိုးတုပ်မမေးပါဘူး
လူရင်းထိုးတဲ့ဓားက ပိုနက်တယ်ဆိုတာ သတိထားစေလိုပါတယ်။


#မူရင်းရေးသားသူcreditပေးပါသည်
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်
😊

 #တစ်ချို့ခင်မင်မှုတွေဆိုတာနောက်နှစ် ဆက်မသုံးတော့တဲ့ပြက္ခဒိန် ဖြစ်သွားတယ် #တစ်ချို့ခင်မင်မှုတွေဆိုတာကြွေလွင့် ခဲ့ပြီး ပြ...
22/07/2023

#တစ်ချို့
ခင်မင်မှုတွေဆိုတာ
နောက်နှစ်
ဆက်မသုံးတော့တဲ့
ပြက္ခဒိန် ဖြစ်သွားတယ်

#တစ်ချို့
ခင်မင်မှုတွေဆိုတာ
ကြွေလွင့် ခဲ့ပြီး
ပြန်ဆက်မရတဲ့
သစ်ရွက်
ဖြစ်သွားတယ်

#တစ်ချို့
ခင်မင်မှုတွေဆိုတာ
ကျကွဲသွားပြီး
ပြန်ကြည့်မရတော့တဲ့
မှန်တစ်ချ ပ်
ဖြစ်သွားတယ်

#တစ်ချို့
ခင်မင်မှုတွေဆိုတာ
လန့်နိုးချိန်မှာ ပြန်ရှာမရတဲ့
အိပ်မက် ဖြစ်သွားတယ်

#တစ်ချို့
ခင်မင်မှုတွေဆိုတာ
အခါးပေါ် အချို
ဖုံးထားတဲ့
ဆေးတစ်ခွက်
ဖြစ်သွားတယ်

#တစ်ချို့
ခင်မင်မှုတွေဆိုတာ
ခိုနားလို့ အမောပြေ
ချိန်မှာ ပျံ ထွက်သွားတဲ့
ငှက်တစ်ကောင်ဖြစ်သွားတယ်

ဒီလိုပါပဲ... ။

#တစ်ယောက်နဲ့ တစ်ယောက်
ခင်မင်မှုတွေ ဆိုတာ

#စိတ်ချင်း နီးနေတုန်း
ခဏလေး ပါပဲ

#စိတ်ချင်း ဝေးသွားတဲ့ အချိ န်မှာ
#တင်းလွန်းတဲ့ ကြိုး
#ပြတ်သွားသလို
#ကြာလာတော့လည်း
#မေ့မေ့ ပျောက်ပျောက်
#ဖြစ်ခဲ့ကြရတာပါပဲ.... ။

Credit.

#ပြန်လည်မျှဝေ

အွန်လိုင်းဗေဒင် မေးချင်သူများဖြင့်ဖုန်းဆက်ပြီ စရင်း ပေးချင်ကပို၍သေချာပါတယ်.မြန်ဆန်ပါသည်စာပို့ထားတဲ့အခါ.လိုင်းပေါ်မရှိရင်...
25/05/2023

အွန်လိုင်း
ဗေဒင် မေးချင်သူများဖြင့်
ဖုန်းဆက်ပြီ စရင်း ပေးချင်က
ပို၍သေချာပါတယ်.မြန်ဆန်ပါသည်
စာပို့ထားတဲ့အခါ.လိုင်းပေါ်မရှိရင်..ကြာတတ်ပါတယ်

မဂ်လာပါ
25/05/2023

မဂ်လာပါ

ဆုရသူလေး လိပ်စာ၊ ဖုန်းနံပါတ်လေး လာပေးပါဦးရှင့် 💗💗💗
14/02/2023

ဆုရသူလေး လိပ်စာ၊ ဖုန်းနံပါတ်လေး လာပေးပါဦးရှင့် 💗💗💗

09/02/2023

ဆုရသူများ လိပ်စာ၊
ဖုန်းနံပါတ်လေးများ
cb တွင်
လာပေးကြပါရှင့်💗💗

Address

@stree
Yongon

Website

Alerts

Be the first to know and let us send you an email when ဆရာမ သင်းသန္တာဇော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category