18/10/2020
လှိုက်လှိုက်လှဲလှဲဖြင့်
ကျေးဇူးအထူးတင်ရှိပါကြောင်း
မှတ်တမ်းတင်ဖော်ပြအပ်ပါသည် -
မိမိတို့ မိသားစုသည် COVID - 19 ရောဂါပိုး Positive ဖြစ်သူနှင့် ထိတွေ့မှု မရှိခဲ့သော်လည်း နေပြည်တော်၌ Positive ဖြစ်နေသူနှင့် ဆက်စပ်နေခြင်းကြောင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်အတိုင်း (၁-၁၀-၂၀၂၀) ရက်နေ့မှစ၍ Community Quarantine နေထိုင်ပြီး (၂-၁၀-၂၀၂၀)ရက်နေ့တွင် Swab နမူနာများ ရယူ စစ်ဆေးခဲ့ကြပါသည် ။
မိသားစုအားလုံး၏ Swab စစ်ဆေးချက်ရလဒ်များမှာ Not - Detected (Negative) ဖြစ်ကြောင်း (၈-၁၀-၂၀၂၀)ရက်နေ့တွင် သိရှိခဲ့ရပါသည် ။
ထို့နောက် နေအိမ်တွင် Quarantine (၇)ရက် ဆက်လက်နေထိုင်ခဲ့ရာ (၁၆-၁၀-၂၀၂၀)ရက်နေ့တွင် Quarantine ကာလအားလုံး ပြီးဆုံးခဲ့ပါသည် ။
Community Quarantine နေထိုင်ချိန်မှစ၍ ယနေ့အချိန်အထိ မိမိတို့မိသားစု၏ ကျန်းမာရေးအတွက် မေတ္တာပို့သပြီး စောင့်ရှောက်ပေးပါသော ကရင်ပြည်နယ် ၊ ကမမောင်းမြို့ ၊
ကိုးနဝင်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုသလ အားလည်းကောင်း ၊ ရန်ကင်းမြို့နယ်
သံဃနာယကအဖွဲ့ ဥက္ကဌ ၊ မြတ်ဘုန်းပွင့်ဆရာတော် ဘဒ္ဒန္တ ပညာသာမိ အားလည်းကောင်း ၊ မိုးကုတ်ဝိပဿနာဘုရားလေးကျောင်းတိုက် ဆရာတော်
ဒေါက်တာ အဂ္ဂေါဘာသ အားလည်းကောင်း ၊
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ညောင်ရွှေမြို့နယ် ၊ အင်းလေး ၊ ဟဲယာရွာမ ကျောင်းတိုက် ဆရာတော် အရှင်သုနန္ဒ အားလည်းကောင်း ၊ပဲခူး ဖားအောက်တောရမှ အရှင်ဇောတိက အားလည်းကောင်း ၊ သုခိတာရာမ သီလရှင်စာသင်တိုက်မှ ဆရာကြီး၊ ဆရာလေး ဒေါ်သန္တာနှင့် သီလရှင်ဆရာလေးများ အားလည်းကောင်း ၊ ပရိတ်တရား
ပဌာန်းတရားများ နေ့စဉ်ရွတ်ဖတ်
သရဇ္စျာယ်၍ ဆုတောင်းပေးခြင်း ၊ မိမိတို့မိသားစုအမည်နာမဖြင့် သံဃာတော်များအား အလှူအတန်းကုသိုလ်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးပါသော ဟင်္သာတမြို့၊ ဆင်ဖြူတော် ပွဲရုံမှ
ကိုအောင်နိုင်မင်း အားလည်းကောင်း ၊ Community Quarantine နေထိုင်စဉ် ကုန်ကျစရိတ်များအနက် မေတ္တာစေတနာပြည့်ဝစွာဖြင့် မျှဝေထောက်ပံ့ကူညီပေးသော ကိုကျော်စိုးလင်းနှင့်
လေးမေ တို့မိသားစု အားလည်းကောင်း ၊ ထမင်း၊ ဟင်း ၊ အသား ၊ ငါး ၊ ကြက်ဥ ၊ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ ၊
မုန့်မျိုးစုံနှင့် လက်ဖက်ရည် အပါအဝင် စားသောက်စရာများ ပေးပို့ကူညီကြပါသော
ကိုသူရိန်လင်း + မချယ်ရီဦး ၊
ကိုအောင်တင့်ထွေး + မဖြိုးပပထွန်း ၊
ကိုဇေယျာဝင်း + မစောစန္ဒာဦး ၊
ဒေါက်တာ သဲသက်စု မိသားစု ၊
ညီငယ် လင်းလေး တို့အား
လည်းကောင်း ၊
Quarantine နေထိုင်ရန် ကူညီဆောင်ရွက်ပေးကြသော အမှတ်(၁၂)ရပ်ကွက်မှ ဆယ်အိမ်မှူး ၊ ရာအိမ်မှူး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအားလည်းကောင်း ၊ Handphone, Messenger, Viber, Message များဖြင့် သတင်းမေးမြန်းခြင်း ၊ လိုအပ်သည့်အကူအညီများပေးရန် အသင့်ရှိကြောင်းနှင့် စိတ်ဓာတ်ခွန်အား တက်ကြွစေရန် အားပေးစကားပြောကြား၍ ကူညီပေးကြသော ဦးရဲရွှေ + ဒေါ်လှကြိုင် မိသားစု ၊
ဦးရဲလေး မိသားစု ၊ ခင်မောင်ညွန့်
ထရေးဒင်း နှင့် ရန်ကုန်ထရစ်ပဲလ် ကုမ္ပဏီတို့မှ ဒါရိုက်တာများ ၊ ကျောင်းနေဖက် ငယ်သူငယ်ချင်းများအားလုံး ၊ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများ ၊ 38th Intake မှ ချစ်သူငယ်ချင်းများနှင့် မိသားစုများ ၊ အနော်ရထာ
ဂါဒီယန် ညီအစ်ကိုများ ၊ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့ အားလည်းကောင်း ၊ အကြံဉာဏ်ပေး၍ ကူညီကြသော 37th Intake မှ နောင်တော်များအားလည်းကောင်း ၊ Community Quarantine နေရာ၌ မိမိတို့လိုအပ်လျက်ရှိသော ဆေးဝါးများ လာရောက်ပို့ဆောင်ပေးသော ညီငယ် ကိုကိုဝင်း အားလည်းကောင်း ၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသော မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ၊ တာဝန်ရှိသူများနှင့် We Love Yangon (Yankin Branch)မှ ပရဟိတညီအစ်ကိုများအားလည်းကောင်း ၊ Community Quarantine ပြီးဆုံး၍ နေအိမ်သို့ ပြန်လာစဉ် နွေးထွေးစွာကြိုဆိုကြသော အိမ်နီးချင်းမိသားစုများ ၊ အမှတ်(၁၁)ရပ်ကွက် ဈေးတန်းလမ်းနှင့် ရာပိုင်(၅)မှ တာဝန်ရှိသူများအားလည်းကောင်း ၊ အမှတ်(၁၁)ရပ်ကွက် NLD ရပ်/ကျေးရုံးမှ ဥက္ကဌနှင့် တာဝန်ရှိသူများအား လည်းကောင်း ၊ မိမိတို့နေအိမ်အတွက် အုပ်ချုပ်မှုဆိုင်ရာ လိုအပ်သည့် ကိစ္စရပ်များကို နေ့ည အချိန်အခါမရွေး အမြဲကူညီဆောင်ရွက်ပေးသော ကိုသက်နိုင်ဦး အားလည်းကောင်း လှိုက်လှိုက်လှဲလှဲဖြင့် ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည် ။
ဤကဲ့သို့ အားပေးကူညီစောင့်ရှောက်ကြသော ရဟန်း ရှင် လူ သီလရှင်များနှင့်
ခုနှစ်ရက်သားသမီးအပေါင်း တို့သည်
၉၆ ပါး ရောဂါအမျိုးမျိုးနှင့် ကပ်ရောဂါများ ကင်းရှင်းကြပါစေ ၊ ရန်သူမျိုး
ငါးပါးနှင့် ဘေးအန္တရာယ်များ ကင်းဝေးကြပါစေ ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ ၊ စီးပွား ဥစ္စာ ရာထူးများ တိုးတက်ကြပါစေ ၊ သိန်းဆုကြီးများ ဆွတ်ခူးနိုင်ကြပါစေ ၊ စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒများလည်း ပြည့်ဝကြပါစေ ဟု လေးစားစွာဖြင့် ဆုတောင်းမေတ္တာ
ပို့သအပ်ပါသည် ။
မြင့်မော် ဓာတ်ပုံ မိသားစု
ကံဘဲ့ဘူတာရုံလမ်း
အမှတ်(၁၂)ရပ်ကွက်
ရန်ကင်းမြို့နယ်
၁၇-၁၀-၂၀၂၀ ။
ကတညုတာ
သူတစ်ထူး၏ ကျေးဇူးကို သိတတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏ ။
Acknowledgement of other's gratitude is auspicious .