OnetoTen Photos Studio

OnetoTen Photos Studio I am Travelling Photography
I Love Photographar Life
I respect Photographer www.Instagram.com/onetoten_photographer

Gravity Fashion Shop ✨🚀" Your Style Your Choice "
28/07/2022

Gravity Fashion Shop ✨🚀

" Your Style Your Choice "

အရိုင်းတွေလဲ မရိုက်ဖြစ်တော့ဘူး
15/01/2022

အရိုင်းတွေလဲ မရိုက်ဖြစ်တော့ဘူး

ဓါတ်ပုံဆရာကောင်းတစ်ယာက် ဖြစ်ဖို့အတွက် လိုက်နာစရာ ၁၁ ချက်...!***************************P H O T O G R A P H YP- PatientH-...
05/09/2021

ဓါတ်ပုံဆရာကောင်းတစ်ယာက် ဖြစ်ဖို့အတွက် လိုက်နာစရာ ၁၁ ချက်...!
***************************

P H O T O G R A P H Y

P- Patient
H- Honesty
O- Observation
T- Training
O- Outperform
G- Guidiance
R- Reliability
A- Ambitious
P- Plan
H- Handling
Y- You

၁။ Patient စိတ်ရှည်ရမယ်။ ပုံကောင်းတစ်ပုံ ရဖို့ အတွက် စိတ်ရှည်ရှည်နဲ့ စောင့်စားနိုင်ရတယ်။ ပြီးပြီးရော ရိုက်တာ နဲ့ အချိန်ယူပြီး ရိုက်တာ
ရလာဒ်ချင်းကွာခြားပါတယ်။

၂။ Honesty ရိုးသားရမယ်။ ဒီစကားက အပြောလွယ်သလောက် အင်မတန် နက်နဲတဲ့ အဓိပ္ပါယ် ကိုဆောင်ပါတယ်။ ကိုပြချင်တဲ့ subject တစ်ခု ကို ကိုယ် မြင်စေချင်တဲ့ အတိုင်း တခြားသူတွေ မြင်အောင်ရိုက်နိုင်ရမယ်။ ဒီနေရာမှ simplicity ဆိုတာပါလာပြီ။ ဥပမာ နေရာတစ်ခုထဲမှာ ရိုက်စရာတွေက အများကြီး ဆိုပါစို့။ ကစားကွင်းရယ်၊ ကားမှတ်တိုင်ရယ်၊ ရေအိုးစင်ရယ်၊ ခုံတန်းတွေ၊ သစ်ပင်တွေ၊ ဒါတွေအားလုံးကို ပါအောင်ရိုက်နိုင်ရင် ပုံကောင်းတစ်ပုံ ရပြီလို့ မထင်လိုက်ပါနဲ့။ ကြည့်သူရဲ့ စိတ်ထဲမှာ ဘယ်ဟာကို ကြည့်ရမှန်းမသိပဲ ရှုပ်ထွေးသွားစေ နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း နဲ့ ကိုယ်ပြချင်တဲ့ subject ၁ခု ၂ခု လောက်ကိုပဲ ပေါ် လွင်အောင်ပြပါ။

၃။ Observation စူးစမ်းလေ့လာမှု
အားကောင်းရမယ်။ ဓါတ်ပုံသမားကောင်း တစ်ယောက် ရဲ့ မျက်လုံး ဟာ ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့ရှိတယ်။ ရိုက်စရာ တစ်ခုမဟုတ် တစ်ခုကို ကြံဖန်ရှာနေတတ်တယ်။ အပြင်မထွက်ဖြစ်ရင်တောင် အိမ်မှာ ရှိတဲ့ပစ္စည်းလေးတွေ ကို ဘယ်လိုရိုက်ရ
ကောင်းမလဲ စူးစမ်းနေတတ် တယ်။

၄။Training ကိုယ်တိုင် လေ့ကျင့်မှု။ ဓါတ်ပုံ ပညာ မှာ self training က အရေးပါ ပါတယ်။ အဖန်တလဲလဲ လေ့ကျင့် ရိုက်ယူနေ သင့်ပါတယ်။ ဆိုရိုးတစ်ခုရှိတယ်။ သင်ရိုက်ကူးတဲ့ ပထမဆုံးပုံ ၁သောင်းက အဆိုးဝါးဆုံးပုံတွေပါတဲ့။ ဆိုလိုတာက ကြိမ်ဖန်များစွာရိုက်ကူးရင်းနဲ့ အတွေ့အကြုံ များလာမှ နောက်ပိုင်း ရိုက်တဲ့ပုံတွေက တဖြေးဖြေး ကောင်းလာပါတယ်။

၅။ Outperform ထူးခြားသာလွန်ကောင်းမွန်ခြင်း။ အများသူငါ ရိုက်တဲ့ ပုံစံခွက်ထဲက ခွဲထွက်ပြီး ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေ နဲ့ ရိုက်ကူးတတ်ကြတယ်။ အများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်တစ်ခုကို ပိုင်ဆိုင်ထားရမယ်။

၆။ Guidiance မိမိကိုယ်ကို ထိမ်းကြောင်းနိုင်ရမယ်။ ဓါတ်ပုံသမားကောင်း တစ်ယောက်ဆိုတာ စံထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို လိုက်နာစောင့်ထိမ်းတတ်တယ်။ ဥပဒေသ တစ်ခုကို မလိုအပ်ပဲ ဘယ်တော့မှ မချိုးဖောက်ဘူး။ အနည်းဆုံး Rule of Thirds ဆိုတာမျိုး ကို အလေးထားဖို့ သူတို့စိတ်ထဲမှာ အလိုလို လက်ခံထားကြတယ်။ စံသတ်မှတ်ထားတဲ့ ဥပဒေသတစ်ခု ကိုချိုးဖောက်ခဲ့တယ်ဆိုရင်တောင် သူတို့ မသိလို့ မဟုတ်ဘူး။ ပုံကို ပိုကောင်းမွန်အောင် လိုအပ်လို့ ချိုးဖောက်ကြတာပါ။

၇။ Reliability ယုံကြည်စိတ်ချရမှု။ အင်မတန်အရေးကြီးတဲ့ အချက်ပါ။ တခြားသူတွေရဲ့အမြင် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မှာ ယုံကြည်လေးစားမှု ရှိအောင် နေထိုင်နိုင်ရတယ်။ ကိုယ် ရိုက်သမျှ ပုံတိုင်းမှာ အားစိုက်ထုတ်မှု ဆိုတာ ပေါ်လွင်နေအောင် ယုံကြည်စိတ်ချထိုက်သူဖြစ် တယ်။

၈။ Ambitious ရည်ရွယ်ချက်ကြီးမားခြင်း။ သာလွန်ကောင်းမွန်တဲ့ ပုံကောင်းတွေရဖို့ ရည်ရွယ်ချက် အမြဲရှိရတယ်။ ရည်းမှန်းချက်ဆိုတဲ့နေရာမှာ ပုံတွေပိုကောင်း ရိုက်မယ်ဆိုတာက စလို့ ပြိုင်ပွဲတွေမှာ ဆုရအောင်ကြိုးစားမယ်ဆိုတဲ့အထိပါတယ်။

၉။ Plan ကြိုတင်စီမံခြင်း။ အနည်းဆုံးတော့ ကိုယ်ရိုက်ကူးမယ့်နေရာ အကြောင်းကို နှံ့ စပ်အောင်လေ့လာ တတ်ရတယ်။ ရာသီဥတု အနေအထား၊ နေဝင်နေထွက်ချိန် မှတ်သားခြင်း၊ ဘယ်လိုပစ္စည်းမျိုးတွေ ယူသွားသင့် သလဲဆိုတာက အစ စနစ်တကျ စီမံ တတ်ရပါတယ်။

၁၀။ Handling ထိန်းကျောင်း ကိုင်တွယ်နိုင်ခြင်း။ အနည်း ဆုံးတော့ မိမိ ရိုက်တဲ့ ကင်မရာ အကြောင်းကို ခရေစေ့ တွင်းကျသိနေဖို့ လိုပါတယ်။ ဒါမှလည်း setting ချိန်တဲ့အခါ ဘယ်ဟာက အားသာချက်ရှိလဲ ဘယ်နေရာမှာ အကန့် အသတ်ရှိလည်းဆို တာ သိနိုင်မှာပါ။ ရွေ့လျား နေတဲ့ subject ငြိမ်နေတဲ့ subject တွေ ရိုက်နိုင်ဖို့ ကင်မရာ setting တွေကိုကောင်းကောင်း အသုံးချနိုင်ရပါမယ်။ အထူးသဖြင့် ညဘက်ရိုက်တဲ့ အခါ shutter speed, Aperature , White Balance စတာတွေကို ချိန်ညှိတတ်ဖို့ လိုပါတယ်။ User Manual တွေ၊ Review တွေဖတ်ထားသင့့်ပါတယ်။

၁၁။ You သင်ကိုယ်တိုင်။ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်ပါ။ စျေးအကြီးဆုံး ကင်မရာတွေက သင့်ကို အကောင်းဆုံး ဓါတ်ပုံဆရာတစ်ယောက် ဖြစ်အောင် လုပ်မပေးနိုင်ပါဘူး။

သုံးတဲ့ပစ္စည်းထက် ရိုက်တဲ့သူရဲ့ စိတ်ကူးစိတ်သန်း၊ အယူအဆ၊ အလေ့အကျင့်၊ ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှု တို့ကသာ သင့်ကို ဓါတ်ပုံ ဆရာကောင်းတစ်ယောက်ဖြစ်စေမှာပါ။ ကင်မရာထက် ကင်မရာနောက်က လူက ပိုအရေးကြီးပါတယ်.

Credit:Chan Nyein Win

Donate $25 to CRPH and get outdoor photo shoot package 📸📸📸ယခုလို ဆိုးရွားလွန်းတဲ့ အချိန်ကာလကြီးဖြတ်သန်းပီးနောက် သူငယ်ချင...
29/03/2021

Donate $25 to CRPH and get outdoor photo shoot package 📸📸📸

ယခုလို ဆိုးရွားလွန်းတဲ့ အချိန်ကာလကြီးဖြတ်သန်းပီးနောက် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများအနေဖြင့် မြို့တွင်း မြို့ပြင် Outdoor Photo Shooting အတွက် One section ကို အခမဲ့ ရိုက်ကူးပေးပါမယ်...

CRPH ကို $25 minimum လှူထားတဲ့ reciept လေးကို OnetoTen Photos Studio page messenger မှာ ပို့ပေးထားပါ ကျနော် record လုပ်ပီးပီ လက်ခံရရှိကြောင်း အကြောင်းပြန်ပေးပါမယ်။

Donate here :

Help CRPH Restore Democracy in Myanmar On February 1st, 2021, the Myanmar military unjustly seized the sovereign power of the state by staging a coup d tat in violation of the existing laws. The military illegally detained the democratically elected lawmakers and government leaders, including Presid...

𝙼𝚎𝚛𝚛𝚢 𝙲𝚑𝚛𝚒𝚜𝚝𝚖𝚊𝚜 𝚃𝚘 𝚈𝚘𝚞 𝙰𝚕𝚕…❄️🎄🎅🏻..Christmas အချိန်အခါသမယလေးမှာ မိသားစု ၊ချစ်ရသော ခင်ရသော သူတွေနဲ့အတူတူ ပျော်ရွှင်စရာအခို...
25/12/2020

𝙼𝚎𝚛𝚛𝚢 𝙲𝚑𝚛𝚒𝚜𝚝𝚖𝚊𝚜 𝚃𝚘 𝚈𝚘𝚞 𝙰𝚕𝚕…❄️🎄🎅🏻..

Christmas အချိန်အခါသမယလေးမှာ မိသားစု ၊ချစ်ရသော ခင်ရသော သူတွေနဲ့အတူတူ ပျော်ရွှင်စရာအခိုက်အတန့်လေးတွေနဲ့အတူ အမှတ်တရပုံရိပ်လေးတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...



Instagram.com/onetoten_photographer ..

S U N S E T 🌅Instagram.com/onetoten_photographer ..All Rights Reserved By HanLiN®
27/11/2020

S U N S E T 🌅

Instagram.com/onetoten_photographer ..

All Rights Reserved By HanLiN®

ပင်လယ်ကြီးကို ချစ်ပါရေလှိုင်းတွေကို ချစ်ပါပြီးတော့ ဓာတ်ပုံတွေကို ချစ်ပါ.....All Rights Reserved By HanLiN®
29/09/2020

ပင်လယ်ကြီးကို ချစ်ပါ
ရေလှိုင်းတွေကို ချစ်ပါ
ပြီးတော့ ဓာတ်ပုံတွေကို ချစ်ပါ...
..

All Rights Reserved By HanLiN®

ဒီနေ့ဟာ ကမ္ဘာ့ဓာတ်ပုံအတတ်ပညာနေ့World Photography Day ဖြစ်ပါတယ်...▀▄▀▄▀▄ World Photography Day 2020▄▀▄▀▄▀Travel Photograp...
19/08/2020

ဒီနေ့ဟာ ကမ္ဘာ့ဓာတ်ပုံအတတ်ပညာနေ့
World Photography Day ဖြစ်ပါတယ်...

▀▄▀▄▀▄ World Photography Day 2020▄▀▄▀▄▀

Travel Photography 📸..

All Rights Reserved By HanLiN®

Address

No. 177 , 13 Street , Mayangone Township , Yangon City , Myanmar
Yangon

Alerts

Be the first to know and let us send you an email when OnetoTen Photos Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to OnetoTen Photos Studio:

Share

Category