03/08/2026
☁️ "AI မသုံးဘဲ စတူဒီယိုထဲမှာ ကောင်းကင်ယံကို လက်တွေ့ဖန်တီးလိုက်တဲ့အခါ..." ☁️
ဒီတစ်ခေါက် ကျွန်တော်တို့ဖန်တီးရိုက်ကူးခဲ့တဲ့ Product Photo လေးကတော့ VH Local Brand ရဲ့ Kumo Bag လေးတွေပဲ ဖြစ်ပါတယ်။ Kumo ရဲ့ Brand Mascot လေးက ချစ်စရာကောင်းတဲ့ တိမ်ပုံစံ ဇာတ်ကောင်လေးဖြစ်နေတော့၊ ဒီအိတ်လေးအတွက် Concept စဉ်းစားတဲ့အခါ "တိမ်တိုက်" တွေကလွဲပြီး တခြား အရာကို ရွေးချယ်စရာ မရှိတော့ပါဘူး။
ဒါကြောင့် Kumo Bag လေး တိမ်တိုက်တွေပေါ်မှာ အိအိလေးနေရာယူပြီး၊ မိုးပျံပူဖောင်းတွေနဲ့အတူ ကောင်းကင်ယံကို လွင့်မျောသွားမယ့် Dreamy ဖြစ်တဲ့ Concept လေးကို စတင်ပုံဖော်ဖြစ်ခဲ့ပါတယ်။ Kumo ဆိုတဲ့ နာမည်လေးနဲ့လိုက်ဖက်သလို၊ အိတ်ရဲ့ ပေါ့ပါးမှု (Slim & Light) ကိုလည်း ပရိသတ်တွေ မြင်တာနဲ့ တန်းပြီးခံစားမိစေချင်တဲ့ ရည်ရွယ်ချက်လေးလည်း ပါတာပေါ့။ 🎈🌤️
ဒီ Shoot မှာ အကြိုက်ဆုံးနဲ့ အမိုက်ဆုံး Behind the Scenes လျှို့ဝှက်ချက်လေးတစ်ခုကို Sharing လုပ်ချင်ပါတယ်။ ပုံထဲမှာမြင်နေရတဲ့ တိမ်တိုက်အိအိလေးတွေက အခုခေတ်စားနေတဲ့ AI တွေသုံးပြီး ဖန်တီးထားတာလား၊ Graphic Effect တွေလားဆိုရင်... လုံးဝ (လုံးဝ) မဟုတ်ပါဘူးခင်ဗျာ။ 🙅♂️
အနုပညာဖန်တီးမှုအရသာကို အပြည့်အဝခံစားချင်တဲ့ ကျနော်တို့က ခေါင်းအုံးတွေထဲထည့်တဲ့ ဝါဂွမ်း (Pillow Filler) လေးတွေကို အသုံးပြုပြီး တကယ့် တိမ်တိုက်လေးတွေအဖြစ် စိတ်ရှည်လက်ရှည် ပုံဖော်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဂွမ်းဖတ်လေးတွေကို တိမ်တွေလို အိစက်နေအောင် လိုသလိုဆွဲဆန့်၊ မီးအလင်းအမှောင် (Lighting) ကို သေချာချိန်ပြီး ရိုက်ကူးလိုက်တဲ့အခါ စိတ်ကူးထဲကအတိုင်း အသက်ဝင်လှပတဲ့ Kumo ရဲ့ တိမ်ကမ္ဘာလေးတစ်ခု လက်တွေ့ဖြစ်လာခဲ့ပါတယ်။ 📸💡
စိတ်ကူးယဉ် Concept တစ်ခုကို Practical ဆန်ဆန် အကောင်အထည်ဖော်ရတဲ့ Process က ပင်ပန်းပေမယ့်၊ ကိုယ်လိုချင်တဲ့ Result အတိုင်း ထွက်လာတဲ့အခါမှာတော့ တကယ်ကို အမောပြေရပါတယ်။
တိမ်တွေပေါ်က Kumo Bag လေးရဲ့ ဒီလို ဖန်တီးမှုလေးကို သဘောကျတယ်ဆိုရင် Comment မှာ မှတ်ချက်လေးတွေ ပေးခဲ့လို့ရပါတယ်ခင်ဗျာ။ နောက်ထပ်လည်း ဘယ်လို အမိုက်စား Concept တွေနဲ့ ဖန်တီးထားတဲ့ Behind the Scene လေးတွေကို မျှဝေပေးသွားမလဲဆိုတာ ဆက်ပြီး စောင့်မျှော်ပေးကြပါဦး။ 🙌
ကျွန်တော်တို့ နဲ့ လက်တွဲပြီး ကိုယ့်ရဲ့ Product, Food Photography တို့ကို ရိုက်ကူးချင်ရင်လည်း Page Messenger လေးမှာ လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ