14/08/2020
(ငွေကြယ်ကြွေတဲ့ပြည်)
ရွှေရောင်တွေလွှမ်းပါတဲ့ပြည်
ဘမျိုးဘိုးတူ ကိုယ်ကျိုးရှာ
သူခိုးအဆူဆူက
စေတီပုထိုးထက်ပေါများတဲ့ပြည်
ငါတကောသမား အတ္တသမားတို့
တစ်စင်ထူကာ ဗိုလ်လုပ်တော့
အမျိုးက ပြုတ်လုလုနဲ့ပြည်
အမေကျော်လို့ ဒွေးတော်လွမ်း
မရူးမနှမ်းနဲ့ အရူးအနှမ်းအကွက်တွေခင်း
နိုင်ငံရေးဆိုတဲ့ စကားလုံးသုံးလုံးနဲ့
ဘဝတွေ အခြေခြေပျက်
အသက်တွေ အကြိမ်ကြ်ိမ်စတေး
တစ်ယောက်ထဲပြိုင်တဲ့ ပွဲတိုင်းမှာ
ပန်းဝင်နေတာကိုပဲ အဟုတ်ထင်နေတဲ့ပြည်
ဘာသာ သာသနာဘယ်ဂုဏ်တင့်တင့်
တန်းတူညီဆိုတဲ့စကားလုံးအောက်မှာ
ဇာတိဂုဏ်ဆိုတဲ့ စကားရပ်က ဗုန်းဗုန်းလဲ
ရှိနေတဲ့ ၁၃၅မျိုးထက်ပိုတဲ့
အလံတော်ပိုများတဲ့ ပိန်လှီလှီနိုင်ငံတော်မှာ
နီးရာဓားကြောက်ရတဲ့ဘဝတွေမှာ
သင်္ချ ိုင်းမြေက မကြာခနလက်ယက်ခေါ်တဲ့ပြည်
တောမီးလောင်တိုင်း
တောကြောင်တွေ လက်ခမောင်းခတ်
အနောက်အရပ်ကလည်း ခွေးခနခနဆွဲ
မတူလူမျိုးက အိမ်ဦးခန်းတက်ထိုင်
ကိုယ့်အမျိုးကလွဲရင် သူတကာကိုဧည့်ဝတ်ကျေတဲ့ပြည်
မာနတွေအားပြိုင်
အာဃာတတွေအားပြိုင်
အမုန်းတရားတွေအားပြိုင်ကျရင်း
ငွေရောင်ကြယ်စစ်တလင်းက
ထောင်းထောင်းငယ်လျှံဝေ
တူညီတဲ့အလံအောက်က ငွေကြယ်တွေ ခနခနကြွေ
မျက်ရည်ဆည် မာန်ကာတင်းလည်း
ဖြေမဆည် အပူမီးတွေကြောင့်
တစ်ငွေ့ငွေ့နဲ့ကြွေ. . . .
ဥက္ကာအောင် ×××××
သွားလေသူတိုင်း အလေးပြု
သင်တို့သွားလိုရာသွားနိုင်ပြီ