Myanmar Dress collection

Myanmar Dress collection SMS travel notes
(1)

❛⁠ တိတ်ဆိတ်ခြင်းမှာ    တရားရှိတယ်    ငါ့ နှလုံးခုန်သံကြောင့်    ဘယ်သူမှ    အကုသိုလ် မဖြစ်စေရ။ ။                  ကြည်ဇော...
18/04/2026

❛⁠ တိတ်ဆိတ်ခြင်းမှာ
တရားရှိတယ်
ငါ့ နှလုံးခုန်သံကြောင့်
ဘယ်သူမှ
အကုသိုလ် မဖြစ်စေရ။ ။
ကြည်ဇော်အေး

ကိုယ်မချစ်တဲ့ လူတစ်ယောက်ကကိုယ့်ကို  စ်ိတ်ရှုပ်အောင် ကပ်တွယ်နေတာခံရတဲ့အခါ လူတစ်ယောက်ကို  ဒီလောက်ထိ ခါးခါးသီးသီး ငြင်းဆန်န...
18/04/2026

ကိုယ်မချစ်တဲ့ လူတစ်ယောက်က
ကိုယ့်ကို စ်ိတ်ရှုပ်အောင် ကပ်တွယ်နေတာခံရတဲ့အခါ
လူတစ်ယောက်ကို ဒီလောက်ထိ ခါးခါးသီးသီး
ငြင်းဆန်နိုင်ပါလားဆိုတာ သိလိမ့်မယ်။
နောက်ပုံစံတစ်မျိုးကတော့
ကိုယ်က ကပ်တွယ်နေရတဲ့ ဘက်ကဖြစ်သွားရင်တော့
လူတစ်ယောက်က လူတစ်ယောက်ကို
ဒီလောက်ထိ ချစ်နိုင်ပါလားလို့တွေးမ်ိလိမ့်မယ်။
ထပ်တူထပ်မျှ မဖြစ်နိုင်သေးသမျှ
ချစ်ခြင်းမေတ္တာဟာ ပူဆွေးစိတ်ရှုပ်စရာ။
Sn

ဒီလိုတစ်နေ့ဟာတစ်နေ့ပြီးတစ်နေ့ငါတို့ဟာ တစ်ကွေ့ပြီးတစ်ကွေ့ငါတို့ ဟာတစ်ရွေ့ပြီးတစ်ရွေ့ငါတို့ဟာတစ်ငွေ့ငွေ့ ။ငါတို့ ဘယ်ရထားမှ...
18/04/2026

ဒီလိုတစ်နေ့ဟာ
တစ်နေ့ပြီးတစ်နေ့
ငါတို့ဟာ တစ်ကွေ့ပြီးတစ်ကွေ့
ငါတို့ ဟာတစ်ရွေ့ပြီးတစ်ရွေ့
ငါတို့ဟာတစ်ငွေ့ငွေ့ ။
ငါတို့ ဘယ်ရထားမှာလွဲခဲ့လဲ
တစ်ခါလွဲရင်နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ
#အောင်ချိမ့်

မပေးနိုင်တဲ့ မေတ္တာကိုမှ တောင့်တမိသူပါ....ကိုယ်ဖျားနာတဲ့အခါ ဆေးသောက်ချိန်တွေကိုသတိပေးစေချင်တယ်။ပြိုကျခါနီး တိမ်တိုက်တွေက...
18/04/2026

မပေးနိုင်တဲ့ မေတ္တာကိုမှ တောင့်တမိသူပါ....
ကိုယ်ဖျားနာတဲ့အခါ ဆေးသောက်ချိန်တွေကို
သတိပေးစေချင်တယ်။
ပြိုကျခါနီး တိမ်တိုက်တွေက
သိပ်သနားစရာ ကောင်းတဲ့အကြောင်း
မင်းရဲ့ ပခုံးလေးကိုမှီပြီး ပြောပြချင်တယ်။
ကိုယ်အားငယ်ချိန်မှာ ရှိနေစေချင်ပြီး
မင်းလိုအပ်တဲ့သူဟာ ကိုယ်ဖြစ်ချင်တယ်။
မဖြစ်နိုင်ခြင်းတွေပါ အချစ်ရယ်....
ကိုယ် တကယ်ငိုချင်တယ် ။

ကြိုက်တဲ့လူက ပြောရင်ကောင်းစေချင်လို့ဖြစ်ပြီးမကြိုက်တဲ့ လူက လာပြောရင် လျှာရှည်တာပဲလူတွေရဲ့ စိတ်ထားကိုငါကြိုက်တယ်မကြိုက်ဘူ...
17/04/2026

ကြိုက်တဲ့လူက ပြောရင်
ကောင်းစေချင်လို့ဖြစ်ပြီး
မကြိုက်တဲ့ လူက လာပြောရင် လျှာရှည်တာပဲ
လူတွေရဲ့ စိတ်ထားကို
ငါကြိုက်တယ်မကြိုက်ဘူးနဲ့ပဲ တိုင်းတယ်))

မတောင်းဘဲ ပြည့်စေချင်တဲ့ ဆန္ဒလေးရှိတယ် သူ့အနားအမြဲရှိပြီး သူနဲ့ပဲ အသက်ထက်ဆုံးနေသွားချင်တယ် သူနဲ့ ပျော်ရွှင်စရာတွေ ဖန်တီး...
17/04/2026

မတောင်းဘဲ ပြည့်စေချင်တဲ့ ဆန္ဒလေးရှိတယ်
သူ့အနားအမြဲရှိပြီး
သူနဲ့ပဲ အသက်ထက်ဆုံးနေသွားချင်တယ်
သူနဲ့ ပျော်ရွှင်စရာတွေ ဖန်တီးပြီး
အမြတ်တနိုးပွေ့ဖက်ထားချင်တယ်
တစ်ဦးနှင့်တစ်ဦးညှိနှိုင်းပြီး
သစ္စာရှိရှိ ဘဝကို ဖြတ်သန်းချင်တယ်
မမြင်နိုင်တဲ့အရပ်
မကြားနိုင်တဲ့အရပ် ရောက်နေရင်တောင်
စိတ်လုံခြုံရတဲ့ ရပ်ဝန်းလေးဖြစ်စေချင်တယ်
ချစ်ခြင်းမေတ္တာတွေ ထပ်တူကျပြီး
မြတ်မြတ်နိုးနိုး ချစ်သွားချင်တယ်။

ကိုယ့်ကို ပျော်စေချင်တဲ့သူ ရှိနေသေးတာပဲဆိုတဲ့အသိနဲ့တင် လုံးဝ မပျော်ရရင်တောင်ဆက်ပြီး တောင်ခံထားနိုင်ဖို့အတွက်လုံလောက်တဲ့အ...
17/04/2026

ကိုယ့်ကို ပျော်စေချင်တဲ့သူ ရှိနေသေးတာပဲ
ဆိုတဲ့အသိနဲ့တင် လုံးဝ မပျော်ရရင်တောင်
ဆက်ပြီး တောင်ခံထားနိုင်ဖို့အတွက်လုံလောက်တဲ့
အကြောင်းပြချက်ပါပဲ။ တစ်ခါတစ်လေမှာ အများကြီး
ရှိပြီးအတုအယောင်တွေ ချည်းဖြစ်နေတာထက် နည်းနည်းလေး ပဲ ရှိပြီးအဲ့ဒီ နည်းနည်းလေးကပဲ ကိုယ့်ကို အထိအရှကင်းစေခဲ့ပြီး အဲ့ဒီနည်းနည်းလေးကြောင့်ပဲ ကိုယ် ဟာ တကယ်ကို စိတ်သက်သာရာ ရခဲ့ပါတယ် ။
- ခက်နှောင်

တနေ့နေ့တော့.....ကိုယ့်ကို မင်းတွေ့ပါစေချစ်ခြင်းမေတ္တာကိုလည်း တွေ့ပါစေ။ခွန်းညို‌သွေး
17/04/2026

တနေ့နေ့တော့.....
ကိုယ့်ကို မင်းတွေ့ပါစေ
ချစ်ခြင်းမေတ္တာကိုလည်း တွေ့ပါစေ။
ခွန်းညို‌သွေး

''ကျန်းမာရေး ဂရုစိုက်ပါ ''ကျန်းကျန်းမာမာ ရှင်သန်နေတဲ့  မင်းကို(သက်ဆုံးတိုင်) ကိုယ်က ငေးကြည့်နေချင်သေးတာ …ဖရော်ဆန်
17/04/2026

''ကျန်းမာရေး ဂရုစိုက်ပါ ''
ကျန်းကျန်းမာမာ
ရှင်သန်နေတဲ့ မင်းကို
(သက်ဆုံးတိုင်)
ကိုယ်က ငေးကြည့်နေချင်သေးတာ …
ဖရော်ဆန်

ကိုယ်တကယ်ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ လူတစ်ယောက်ကိုအပြီးအပိုင်မေ့ပစ်လိုက်ဖို့တော့ဘယ်သူမှ မတတ်နိုင်ကြပါဘူး...နှလုံးသားတွေရဲ့ အလု...
16/04/2026

ကိုယ်တကယ်ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ လူတစ်ယောက်ကို
အပြီးအပိုင်မေ့ပစ်လိုက်ဖို့တော့
ဘယ်သူမှ မတတ်နိုင်ကြပါဘူး...
နှလုံးသားတွေရဲ့ အလုပ်လုပ်ပုံလုပ်နည်းက
အဲ့ဒီလိုမှမဟုတ်တာ...
အဲ့ဒီတစ်ယောက်ကို သတိရမိတဲ့အခါ
(ကိုယ့်မှာ) အထိအရှနည်းအောင်ပဲ
ကျနော်တို့တတ်နိုင်ကြလိမ့်မယ်...
လူတွေပြောပြောနေတဲ့
Move-onလုပ်နိုင်တယ်ဆိုတာလည်း အဲ့ဒါပါပဲ...
#မိုးနေ့

Metamorphosis (၂)တစ်ယောက်တစ်လှမ်းတစ်ယောက်နှစ်လှမ်းတစ်ယောက်တစ်လမ်းနှစ်ယောက်တစ်လမ်း ။အလင်းသင်(28.5.2024)(5:48 A.M)
16/04/2026

Metamorphosis (၂)
တစ်ယောက်တစ်လှမ်း
တစ်ယောက်နှစ်လှမ်း
တစ်ယောက်တစ်လမ်း
နှစ်ယောက်တစ်လမ်း ။
အလင်းသင်
(28.5.2024)
(5:48 A.M)

မထိန်းချုပ်ဘူး ၊ မချည်နှောင်ဘူး။တစ်စုံတစ်ယောက်ကို ကိုယ့်အနားရှိစေချင်တဲ့အခါအစွမ်းကုန် ကောင်းပေးလိုက်ဖို့ပဲဆန္ဒရှိတယ်။ဒိီ...
16/04/2026

မထိန်းချုပ်ဘူး ၊ မချည်နှောင်ဘူး။
တစ်စုံတစ်ယောက်ကို ကိုယ့်အနားရှိစေချင်တဲ့အခါ
အစွမ်းကုန် ကောင်းပေးလိုက်ဖို့ပဲဆန္ဒရှိတယ်။
ဒိီ့ထက်ပိုပြီး ကိုယ့်မှာ
သွေးမဆောင်တတ် ၊ မဖြားယောင်းတတ်။ ။
Sn

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Dress collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Dress collection:

Share