ATZ Photographer

ATZ Photographer Our Golden Land Myanmar Traditional Nature Photo

   #အင်းဝမြို့သမိုင်း...ပထမအင်းဝ အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် သတိုးမင်း...
15/08/2020


#အင်းဝမြို့သမိုင်း...

ပထမအင်းဝ
အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် သတိုးမင်းဖျား ဖြစ်သည်။ သတိုးမင်းဖျားသည် ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ပင်းယမြို့တွင် ခေတ္တစံနေတော်မူစဉ် မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ဆောက်ခဲ့သည်။ မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည် ဟူ၍ အမှတ်သညာ ပြုခဲ့ကြသည်။ ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော် ဟူ၍ ခေါ်ဝေါ်သမုတ်သည်။ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟု၎င်း၊ နန်းတော်အား ရွှေဘုံသာ ဟု၎င်း သမုတ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျှောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ မင်းဆက်များမှာ ရှမ်းမင်းများ (သို့) ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကို ပထမရှမ်းခေတ်ဟု ခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝတီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အားကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထို့နောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှူးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ ဘုရင့်နောင် ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်းဝဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၎င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။

ဒုတိယအင်းဝ
ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူရှင်သစ္စာ(ညောင်ရမ်းမင်း)၁၆၀၀-တွင်အင်းဝကို သိမ်းပိုက်မင်းပြုရာမှအင်းဝမှာမင်းနေပြည်တော်​အ​ဖြစ်ပြန်လည်သတ်မှတ်ခံခဲ့ရသည်။သို့ရာတွင်ညောင်ရမ်းမင်းဆက်မှအနောက်ဖက်လွန်မင်း(ညောင်ရမ်းမင်း၏သားတော်ကြီး​သခင်လတ်)လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန်နန်းသက် တစ်လျှောက်လုံးနီးပါးမျှဟံသာဝတီတွင်နန်းစိုက်နေခဲ့ရသည်။သာလွန်မင်း(၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှအင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည်ရောက်ရှိလာရသည်။ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများညံ့ဖျင်းသည်ကြောင့်၎င်း၊ရာသီဥတု ဖောက်ပြန်သည်ကြောင့်၎င်း တိုင်းပြည်အနှံ့မငြိမ်မသက်​​ဖြစ်ကာမဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှမွန်တို့က သမိန်ထောဗုဒ္ဓကိတ္တိကို မင်းမြှောက်ပြီးပုန်ကန်ကြလေသည်။အင်းဝမှ မနှိမ်နင်းနိုင်ပဲရှိစဉ် သမိန်ထောဗုဒ္ဓကိတ္တိကို သူ့၏ယောက္ခမတော်သူ ဆင်ဝန်ဦးအောင်လှက တေဇာထဲသို့လိုက်​ခါ်သည်ကိုပုန်ကန်သည်ဟုထင်​ပြီး ထွက်ပြေးသဖြင့် ဇင်းမယ်ရှမ်းလူမျိုးဖြစ်သူဦးအောင်လှမှ ဗြညားဓိရာဇာဘွဲ့ခံပြီးညီတော်ကိုအိမ်ရှေ့အရာထားကာ ဟံသာဝတီကိုမင်းပြုလေသည်။၁၇၅၁-တွင်မွန်ဘုရင်ဗညားဒလသည် အင်းဝကိုတိုက်ခိုက်သိမ်းပိုက်ကာ ဘုရင်မဟာဓမ္မရာဇာဓိပတိကိုမိဖုရား၊သား၊သမီး၊ဆွေမျိုးတို့နှင့်တကွ ဟံသာဝတီသို့ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် အင်းဝထီးနန်းပျက်လေသည်။မွန်စစ်သူကြီး တလပန်းကိုစစ်သည်လေးသောင်းဖြင့် အင်းဝတွင်အစောင့်ထားခဲ့ကာ မြန်မာပြည်အောက်ပိုင်းကိုထိပါးလာသော ယိုးဒယားတို့ကိုရင်ဆိုင်တိုက်ခိုက်ရန်အတွက် ဗညားဒလ ဟံသာဝတီသို့ပြန်လေသည်။နောက်ပိုင်းတွင် ဟံသာဝတီရှိဗမာတို့က ကယ်တင်မည်ကိုးစိုးရိမ်သလို၊ဗေဒင်ဝါသနာရှင် မဟာဓမ္မရာဇာဓိပတိ၏ ခေါင်းပိုင်းပုပ်ပြီးသေနေသောငါး၏အမြှီးပိုင်းတဖြတ်ဖြတ်လှုပ်ခတ်ခြင်းကိုဘမြင်တွေ့ပြီးနမိတ်ဖတ်သော စကားတို့ကိုမကြိုက်သဖြင့်`အစ်ကိုတော်မင်းမြတ် နတ်ပြည်သို့သွား၍မင်းပြုလေတော့`ဟု ဆိုကာ၊မင်း၊မိဖုရားနှင့်သားသမီးဆွေမျိုးအပေါင်းအပါတို့ကို ရေချကွပ်မျက်သဖြင့် အင်းဝမင်းဆက်ပျက်လေသည်။အောက်အရပ်မှ ယိုးဒယားတို့နှင့်ရင်ဆိုင်တိုက်ခိုက်နေရသော မွန်ဘုရင်သည် ထိုင်းနှင့်ဖြစ်သောစစ်အတွက် အင်းဝတွင်ထားသောစစ်သူကြီးတလပန်းကို ဟံသာဝတီသို့ပြန်ခေါ်ခဲ့သဖြင့် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျအနေဖြင့် အလွန့်အလွန်အဖိုးထိုက်တန်သော လူသူ၊လက်နက်ရိက္ခာနှင့်ပတ်ဝန်းကျင်မြို့ရွာများကိုစုစည်းစည်းရုံးပြီး၊စစ်အင်အားကြီးမားလာအောင် အချိန်ယူပြီးပြင်ဆင်နိုင်ခွင့်ရရှိခဲ့ပြီး တကယ်တမ်းလည်းအကျိုးရှိအောင်လူသူလက်နက်ရိက္ခာပြည့်စုံအောင်စည်းရုံးနိုင်ခဲ့သောကြောင့် အချိန်လွန်မှအင်အားအလုံးအရင်းနှင့် လာတိုက်ခဲ့သောမွန်တို့ကို အထက်မြန်မာပြည်တွင်တွန်းလှန်နိုင်ခဲ့ပြီး၊အင်အားကောင်းသထက်ကောင်းလာကာ နောက်ဆုံးတွင် ဟံသာဝတီနေ့ပည်တော်ပဲခူးမြို့ကိုပါ ၁၇၅၇ တွင်သိမ်းပိုက်ဖျက်ဆီးခဲ့ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကိုကုန်းဘောင်မင်းဆက်တည်ထောင်သူအလောင်းဘုရားမှ ဦးဆောင်စုစည်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ မွန်ဘုရင်ဗညားဒလအနေဖြင့် အချိန်တစ်နှစ်ခန့်ကို အကျိုးရှိရှိသုံးပြီး၊အင်းဝတွင်စစ်အင်အားအလုံးအရင်းဖြင့်ရှိနေသော မွန်စစ်သူကြီတလပန်းကိုသာ မုဆိုးဖိုရွာကိုတိုက်ခိုက်နှိမ်နင်းပြီး အင်အားကိုချိုးနှိမ်ထားနိုင်ပါက တတိယမြန်မာနိုင်ငံ၏သမိုင်းကြောင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသည်။

တတိယအင်းဝ
ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဓျာထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။ သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၃၉တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ခတ်ပြီးနောက်တွင် သာယာဝတီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။


Myanmar

Beautiful Flower
05/04/2020

Beautiful Flower

   Emperor   of King  Anawrahta
11/12/2018


Emperor
of King Anawrahta

 #မန္တလေးဘုရားကြီး #နန်းတော် #စစ်ကိုင်းတောင် #မင်းကွန်း #ဦးပိန်တံတားအထက်မြန်မာပြည်၏ အလှတရားများ...
05/07/2018

#မန္တလေးဘုရားကြီး
#နန်းတော်
#စစ်ကိုင်းတောင်
#မင်းကွန်း
#ဦးပိန်တံတား

အထက်မြန်မာပြည်၏ အလှတရားများ...

  of Traditions
04/05/2018

of Traditions

  #ကုသိုလ်တော်ဘုရား
12/03/2018


#ကုသိုလ်တော်ဘုရား

  hill
24/02/2018

hill

  Photo 📸📸📸 Oo Lwin
23/02/2018

Photo 📸📸📸
Oo Lwin

Address

Sanchaung
Yangon
11111

Alerts

Be the first to know and let us send you an email when ATZ Photographer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ATZ Photographer:

Share

Category