အိုင်လျားသာမဂ္ဂီ Aiya Sāmaggĩ

  • Home
  • Myanmar
  • Yangon
  • အိုင်လျားသာမဂ္ဂီ Aiya Sāmaggĩ

အိုင်လျားသာမဂ္ဂီ Aiya Sāmaggĩ Aiya Sãmaggĩ

မင်္ဂလာပါ အိုလျားသာမဂ္ဂီဘေးရောဂါ ကပ်ရောဂါတို့ ကင်းဝေးပြီးကျန်းမာရွှင်လန်းခြင်းတို့နဲ့ ပြည့်ဝကြပါစေ။14.6.2026 Sunမျက်စိခွ...
15/06/2026

မင်္ဂလာပါ အိုလျားသာမဂ္ဂီ
ဘေးရောဂါ ကပ်ရောဂါတို့ ကင်းဝေးပြီး
ကျန်းမာရွှင်လန်းခြင်းတို့နဲ့ ပြည့်ဝကြပါစေ။

14.6.2026 Sun
မျက်စိခွဲစိပ်ကုသမှု ခံယူထားရတဲ့
ဒေါ်အေးပုကို ၁၀၀၀၀၀ တစ်သိန်းကျပ်

အာရှတော်ဝင်ဆေးရုံမှာ အာခေါင်ခွဲစိပ်ကုသမှု
ခံယူနေတဲ့ ကိုဒန်ဒန်ဒုကို ၂၀၀၀၀၀ နှစ်သိန်းကျပ်
ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့
အိုင်လျားသာမဂ္ဂီ ရဲ့ မေတ္တာတွေ ပေးဝေခဲ့ပါတယ်။
ရောဂါဘေးဘယတွေ အမြန်ဆုံးသက်သာ
ပျောက်ကင်းကြပါစေ။

အိုင်လျားကိုနှလုံးသားနဲ့ ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်ကင်းကွာ ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေ။13.6.2026 sat #ကိုခိုင်မင်းဦး + #မသီသီအောင်...
15/06/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်ကင်းကွာ ကောင်းကျိုးလိုရာဆန္ဒတွေ
ပြည့်ဝကြပါစေ။

13.6.2026 sat
#ကိုခိုင်မင်းဦး + #မသီသီအောင် မိသားစုတို့က
သားငယ် #မောင်အဂ္ဂဘုန်းပြည့် ရဲ့
မွေးနေ့ အထိမ်းအမှတ် ကုသိုလ်အ​ဖြစ်
အသင်းကို 100000 တစ်သိန်းကျပ် လှူဒါန်းပါတယ်။

မိသားစုအားလုံးတို့သည် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့်
တောင်းတိုင်း တ တိုင်းသော ကောင်းကျိုးမှန်သမျှ မပင်ပန်း
လွယ်လင့်တကူနဲ့ ပြည့်ဝကြပါစေ။
မိဘဆရာနဲ့ ရပ်ရွာကိုလည်း ဒီထက်မက
စောင့်ရှောက်နိုင်ကြပါစေ။

အထူးသဖြင့် ရတနာ​မြတ်သုံးပါး မိဘ ဆရာ
အနန္တငါးဖြာ တို့၏ ဘုန်းတန်ခိုး မေတ္တာတို့နဲ့
ပြုပြုသမျှ ကုသိုလ်စွမ်းအားတို့ကြောင့်
ကိုအဂ္ဂဘုန်းပြည့်လေး ကျန်းမာ သန်စွမ်းပြီး
ပညာရှိသူတော်ကောင်းကြီး ဖြစ်ပါစေ။

အားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ ။

အိုင်လျားကိုနှလုံးသားနဲ့ ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်ကင်းကွာ ကောင်းကျိုးအဖြာဖြာ ပြည့်ဝကြပါစေ။12.6.2026 fri #ကိုလှိုင်မြင့်ထွန်း + #ဒေါ်အင်ဒို...
12/06/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်ကင်းကွာ ကောင်းကျိုးအဖြာဖြာ ပြည့်ဝကြပါစေ။

12.6.2026 fri
#ကိုလှိုင်မြင့်ထွန်း + #ဒေါ်အင်ဒို မိသားစု
အိုင်လျားသာမဂ္ဂီ အသင်းကို ၂၀၀၀၀၀ - နှစ်သိန်းကျပ်
ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် သုံးသိန်းကျပ်

#ဦးနွားအောင် မိသားစု
အိုင်လျားသာမဂ္ဂီအသင်းကို ၃၀၀၀၀၀ သုံးသိန်းကျပ်
ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် နှစ်သိန်းကျပ်
အသီးသီး လှူဒါန်းကြပါတယ်။

အလှူရှင်မိသားစုများသည် ဘေးရန်ကင်းကွာကြပါစေ
ကောင်းကျိုးလိုရာ ဆန္ဒမှန်သမျှတို့သည် မပင်မပန်း
ချမ်းချမ်းသာသာ ပြည့်ဝကြပါစေ ။

အားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေ

အိုင်လျားကိုနှလုံးသားနဲ့ ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။8.6.2026 အင်္ဂါနေ့ ဘဝတက်လမ်းတွေရှာဖွေဖို့ကိုရီးယားကို တက်ရောက်သွား...
11/06/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

8.6.2026 အင်္ဂါနေ့
ဘဝတက်လမ်းတွေရှာဖွေဖို့
ကိုရီးယားကို တက်ရောက်သွားတဲ့
#ကိုဇွဲထက်က အိုင်လျားသာမဂ္ဂီ အသင်းကို
၅၀၀၀၀ ငါးသောင်းကျပ် လှူဒါန်းပါတယ်။
9.6.2026 ဗုဒ္ဓဟူးနေ့ မှာလည်း
ကျုပ်အမေလိုမျိုး ရဟန်းဒါယိကာမကြီး
#ဒေါ်ခင်သန်းက အသင်းကို ၅၀၀၀၀ ငါးသောင်းကျပ်
လှူဒါန်းပါတယ် ။

ကပ်ဘေး အနာရောဂါဘေးများ ကင်းဝေးကြလျက်
ကောင်းကျိုး အဖြာဖြာ ပြည့်ဝကြပါစေ။

အိုင်လျားကိုနှလုံးသားနဲ့ ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်တွေကင်းကြပါစေကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေ။ခုတလော ဖေ့စ်ဘုက် ဖွင့်လို့မရ...အဝိုင်းလေး...
03/06/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်တွေကင်းကြပါစေ
ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေ။

ခုတလော ဖေ့စ်ဘုက် ဖွင့်လို့မရ...အဝိုင်းလေးပဲ လည်လည်နေတယ်...ဒါနဲ့ စိတ်တိုပြီး ပြန်ထွက်... နောက်တစ်နေ့
ဆက်ဖွင့်တော့လည်း အရင်နေ့က အတိုင်းပဲ ဖြစ်ဖြစ်နေတော့...စိတ်ပဲ ထပ်ထပ်တိုနေတာ😡😡😡

ဘာလဲဟ... ဘာဖြစ်တာလဲဆိုပြီး အကုန်လိုက်စစ်လိုက်မှပဲ
VPN က သက်တမ်းကုန်နေပြီပဲ...၊ တစုံတရာ တစ်ခုခုကို
စိတ်ဆိုး ဒေါသထွက်တော့မယ်ကြံတိုင်း ကိုယ့်ကိုယ်ကို
အရင် ပြန်စစ်ကြည့်ရမယ်ဆိုတာလေးတော့ သတိထားမိလိုက်ပါရဲ့.... ။

ပြောချင်တာက အနှီလိုမျိုး အကြောင်းတရားတွေကြောင့်ရယ်...အခြား အခြားသော မရှုပ်ပေမယ့် မရှင်းတဲ့ အကြောင်းတရားတွေရယ်ကြောင့် တင်ပြသင့်တာတွေ
အချိန်နဲ့တပြေးညီမဖြစ်ဘဲ နှောင့်နှေးနေရတဲ့ အကြောင်းပါ။

အဓိကကတော့ #စာနာကြမယ် #ဖေးမကြမယ်
#ကူညီကြမယ် #စိတ်ခွန်အားတွေပေးကြမယ် ဆိုတဲ့
ကျုပ်တို့ အိုင်လျားသာမဂ္ဂီရဲ့ မူအတိုင်း.....၊
ခင်များတို့ ကျုပ်တို့ရဲ့ စေတနာတွေနဲ့စုထားကြတဲ့
အသပြာလေးနဲည်းနဲည်းစီနဲ့ ဆေးကုသဖို့ ရောက်နေကြတဲ့
ရွာသူ ရွာသားတွေကို ​မေတ္တာ စိတ်ခွန်အားတွေ
မျှဝေထားပါတယ်။

ကျုပ်တို့စေတနာ ကျုပ်တို့မေတ္တာတွေအတွက်
ကျုပ်တို့ကိုယ်တိုင် အတူတူ ဝမ်းမြောက်ကြမယ်လေ။

22.5.2026 Fri
ကျောက်ကပ်ဝေဒနာ ကုသဖို့လိုနေတဲ့
ဦးသိန်းကို ၂၀၀၀၀၀ နှစ်သိန်းကျပ်

26.5.2026 Tue
​ဆေးပြ ဆေးစစ် ဆေးစားနေရတဲ့
မြစန်းရင် ရဲ့ အမျိုးသာကို ၂၀၀၀၀၀ နှစ်သိန်းကျပ်

29.3.2026 fri
အစာအိမ်ရောဂါအတွက် ဆေးစားနေရတဲ့
မောင်းမူးကို 150000 တစ်သိန်းငါးသောင်းကျပ်

30.5.2026
SSC ဆေးရုံကြီး ခြေထောက်ခွဲစိပ်ကုသနေရတဲ့
မချိုဝင်းကို ၃၀၀၀၀၀သုံးသိန်းကျပ်

2.6.2026 Tue
မျက်စိခွဲစိပ်ကုသထားတဲ့
ဦးနွားအောင်ကို ၂၀၀၀၀၀ နှစ်သိန်းကျပ်
ဒူးဒဏ်ရာတွေ ဆေးစားနေကြရတဲ့
ဦးမှတ်ရင်နဲ့ ဒေါ်ဝင်းကြည်တို့ကို
၁၅၀၀၀၀ တစ်သိန်းခွဲကျပ်စီ

3.6.2026 Wed
သွေးချို ဆီးချို ဝေဒနာအတွက် ဆေးစားနေရတဲ့
မနွဲ့ဝင်း (ဆရာမ)ကို ၁၅၀၀၀၀ တစ်သိန်းခွဲကျပ်
အဲ့ဒီလို အသီးသီး မေတ္တာတွေ ဖြန့်ဝေထားပါတယ်။

ဘေးရောဂါ အနာတရတွေ ဝေးကွာကြပါစေ
ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေ

အိုင်လျားကိုနှလုံးသားနဲ့ ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်တွေကင်းကြပါစေ ကပ်ဘေး ရောဂါဘေးအမျိုးမျိုးတို့မှလည်း ကင်းဝေးကြပါစေ ... ကောင်းကျိုး လိုရာ ဆ...
23/05/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်တွေကင်းကြပါစေ
ကပ်ဘေး ရောဂါဘေးအမျိုးမျိုးတို့မှလည်း ကင်းဝေး
ကြပါစေ ... ကောင်းကျိုး လိုရာ ဆန္ဒတွေလည်း
ပြည့်ဝကြပါစေ။

23.5.2026 စနေနေ့
#ဦးပညာဒီပ - အသုတ်မြို့၊ဒက္ခိဏာရုံကျောင်း
#ဦးကုသလ - BPU University. သန်လျင်
#ဦးဝေဒါနန္ဒ - ဇိနောဒယစာသင်တိုက်၊စစ်ကိုင်း
အထက်ပါ အရှင်မြတ်သုံးပါးတို့က အိုင်လျားသာမဂ္ဂီ
အသင်းအတွက် တစ်ပါး ၅၀၀၀၀ ငါးသောင်းကျပ်
စုစုပေါင်း ၁၅၀၀၀၀ တစ်သိန်းခွဲကျပ် လှူဒါန်းပါတယ်။

#မဇင်မာခိုင် #မဟေသီဗျူးတီးစလွန်း
သင်္ကန်းကျွန်း ကလည်း မွေးနေ့ ကုသိုလ်အဖြစ်
၅၀၀၀၀ ငါးသောင်းကျပ် လှူဒါန်းထားကြောင်းပါ...

အလှူရှင် ရဟန်းတော်များနှင့် မွေးနေ့ကုသိုလ်ရှင်
တို့သည်..ကောင်းသောအကြံမှန်သမျှ အောင်မြင်ကြပါစေ
ကောင်းသော အဆောင် မှန်သမျှ ပြီးစီး ပြည့်ဝကြပါစေ

မိဘဆရာ ဇာတိရပ်ရွာကိုလည်း အမြဲတမ်း ကြည့်ရှု့
စောင့်ရှောက် ထောက်ပံ့ နှိုင်ကြပါစေ...။

အားလုံး ဝမ်းမြောက် နုမော် သာဓုခေါ်ကြပါလေ။

အိုင်လျားကို နှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်တွေကင်းကြပါစေ ကပ်ဘေး ရောဂါဘေးအမျိုးမျိုးတို့မှလည်း ကင်းဝေးကြပါစေ ... ကောင်းကျိုး လိုရာ ဆ...
18/05/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်တွေကင်းကြပါစေ
ကပ်ဘေး ရောဂါဘေးအမျိုးမျိုးတို့မှလည်း ကင်းဝေး
ကြပါစေ ... ကောင်းကျိုး လိုရာ ဆန္ဒတွေလည်း
ပြည့်ဝကြပါစေ။

18.5.2026 တနင်္လာနေ့
#လူပြိုကြီးကိုတီအမ်အေရဲ့ မွေးနေ့ အထိမ်းအမှတ်
အလှူပါ။ အိုင်လျားသာမဂ္ဂီ အသင်းကို
၁၀၀၀၀၀-တစ်သိန်းကျပ် လှူဒါန်းပါတယ် ။
လူပြိုကြီးကတော့ လူပြိုကြီးပါပဲ
ဘယ်အချိန် ကြည့်ကြည့် စတိုင်လ် အပြည့်နဲ့
အမြဲတမ်း လန်းရွှင်နေလျှက်...၊
အိုင်လျားနဲ့ ပတ်သက်လာရင်လည်း
သူ့နှလုံးသားက နုပျို လန်းဆန်း
ပင်ပန်းတယ်ရယ်လို့မရှိလောက်အောင် တက်ကြွနေတတ်တဲ့
လူပြိုကြီး...၊ တကယ်ပါ...၊
အိုင်လျားနဲ့
ချစ်သူ
ဘယ်အရာကို ယူမလဲဆိုရင်တောင်
ဒုတိယအရာကိုပဲ အမြဲငြင်းတတ်တဲ့သူကြီး...။

အစစအရာရာ အဆင်ပြေပါစေ လူပြိုကြီးရေ
မိဘနဲ့ ရပ် ရွာကိုလည်း ဒီထက်မက လှူနှိုင် တန်းနှိုင်
ကြည့်ရှု စောင့်ရှောက်နိုင်ပါစေ။
ဆန္ဒနဲ့ ဘဝလည်း တစ်ထပ်တည်းကျပါစေ...။

အားလုံး ဝမ်းမြောက် နုမော် သာဓုခေါ်ကြပါလေ

အိုင်လျားကို နှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်တွေကင်းကြပါစေ ကပ်ဘေး ရောဂါဘေးအမျိုးမျိုးတို့မှလည်း ကင်းဝေးကြပါစေ ... ကောင်းကျိုး လိုရာ ဆ...
13/05/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်တွေကင်းကြပါစေ
ကပ်ဘေး ရောဂါဘေးအမျိုးမျိုးတို့မှလည်း ကင်းဝေး
ကြပါစေ ... ကောင်းကျိုး လိုရာ ဆန္ဒတွေလည်း
ပြည့်ဝကြပါစေ။

13.5.2026 ဗုဒ္ဓဟူးနေ့
ရွာကနေ ဆေးကုသဖို့ ရောက်နေတဲ့
ဒေါ်မိပုနဲ့ မညွန့်ရင်တို့ကို တစ်သိန်းခွဲ ၁၅၀၀၀၀ ကျပ်စီ
စုစုပေါင်းသုံးသိန်းကျပ် ကျန်းမာရေး စောင့်ရှောက်မှု
အနေနဲ့ မေတ္တာ ပေးဝေလိုက်ကြောင်းပါ...။

ရွာသူ ရွာသားတို့ရဲ့ မေတ္တာအနန္တနဲ့
ရောဂါ ဘေးဘယတွေ အမြန်ဆုံး
သက်သာ ပျောက်ကင်းကြပါစေကြောင်း
ဆုမွန်ပတ္ထနာချွေရပါတယ်...။

အားလုံး ဝမ်းမြောက် နုမော် သာဓုခေါ်နိုင်ကြပါစေ။

အိုင်လျားကို နှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်အန္တရာယ်များ ကင်းဝေးကြပါစေအနာရောဂါများလည်း ကင်းရှင်းကြပါစေ11-5-2026 တနင်္လာနေ့မလေးရှားမှ...
11/05/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်အန္တရာယ်များ ကင်းဝေးကြပါစေ
အနာရောဂါများလည်း ကင်းရှင်းကြပါစေ

11-5-2026 တနင်္လာနေ့
မလေးရှားမှာ အပြေးအလွှား လုပ်ကိုင်နေကြရပေမယ့်
အသွေးအသားထဲက အိုင်လျားကို မမေ့တဲ့အကြောင်း
#မရွှေစည်က သူ့ရဲ့ချွေးစတွေနဲ့ အေးမြစေချင်ခဲ့ပါတယ်တဲ့
ဒီအတွက် အသင်းကို နှစ်သိန်းကျပ် လှူဒါန်းပါတယ်။

အဲ့ဒီလိုပါပဲ.. #ကိုမောင်အေး + #မနွဲ့ သား ကိုဥာဏ်ဇွဲထက်၊
ကိုဥာဏ်လင်းထက်နဲ့သမီးလေးတို့မိသားစုကလည်း
အသင်းကို တစ်သိန်းကျပ် လှူဒါန်းပါတယ်။

အလှူရှင် #မရွှေစည် နဲ့အတူ
အလှူရှင် #ကိုမောင်အေး + #မနွဲ့ မိသားစုများ
ဘေးရန်ကင်းကွာကြပြီး ကောင်းကျိုးဆန္ဒများလည်း
ပြည့်ဝကြပါစေ။ မိဘ ဆရာ မိသားစုနဲ့ ဇာတိရပ်ရွာကို
ဒီထက်မက ​ ကြည့်ရှု ​စောင့်ရှောက်နိုင်ကြပါစေ...။

အားလုံးဝမ်းမြောက်နုမော် သာဓုခေါ်ကြပါလေ။

#အိုင်လျားကိုနှလုံးသားနဲ့ချစ်တဲ့
#ဘုန်းဝဏ်

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီဘေးရန်တွေကင်းကြပါစေ ကပ်ဘေး ရောဂါဘေးအမျိုးမျိုးတို့မှလည်း ကင်းဝေးကြပါစေ ... ကောင်းကျိုး လိုရာ ဆ...
10/05/2026

မင်္ဂလာပါ အိုင်လျားသာမဂ္ဂီ
ဘေးရန်တွေကင်းကြပါစေ
ကပ်ဘေး ရောဂါဘေးအမျိုးမျိုးတို့မှလည်း ကင်းဝေး
ကြပါစေ ... ကောင်းကျိုး လိုရာ ဆန္ဒတွေလည်း
ပြည့်ဝကြပါစေ။

10.5.2026 တနင်္ဂ​နွေနေ့
မလေးရှားမှာဆိုပေမယ့် သူတို့စိတ် သူတို့နှလုံးသားက
အိုင်လျားရဲ့ အနားမှာပဲ ရှိနေပါတယ်ဆိုတဲ့ အ​ကြောင်းပြချက်တစ်ခုပေါ့... #ကိုအောင်လွင်စိုး နှစ်သိန်းကျပ်၊
#ကိုဇော်မျိုး သုံးသိန်းကျပ်၊ #ကိုမြင့်ကျော်စိုး တစ်သိန်းကျပ် အိုင်လျားသာမဂ္ဂီ အသင်းကို လှူဒါန်း​ကြပါတယ်။
(ဆောက်လုပ်ဆဲ ကျောင်းဆောင်အတွက်ကို
#ကိုမြင့်ကျော်စိုးက နှစ်သိန်းကျပ် သီးသန့်လှူဒါန်းပါတယ်)။

7.5.2026 နေ့တုန်းကလည်း ဧရာဝတီတိုင်း၊ အသုတ်မြို့၊
ဒက္ခိဏာရုံကျောင်း၊ တိုက်အုပ်ဆရာတော် #ဘဒ္ဒန္တခေမာနန္ဒ၊
#အရှင်ဣန္ဒောဘာသ ဆရာတပည့်နှစ်ပါးတို့က လစဥ်အလှူငွေ နှစ်သောင်းငါးထောင်ကျပ်နှင့်အတူ အသင်းရံပုံငွေ
နှစ်သိန်းကျပ် လှူဒါန်းထားပါတယ်။

အားလုံးသောအလှူရှင်များ ဘေးရန်ကင်းကွာ
ကောက်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ။
မိဘ ဆရာ မိသားစုနဲ့ ဇာတိရပ်ရွာကိုလည်း ဒီထက်မက
စောင့်ရှောက်နိုင်ကြပါစေ။

အားလုံးလည်း ဝမ်းမြောက် နုမော် သာဓုခေါ်နိုင်ကြပါစေ။

အိုင်လျားကို နှလုံးသားနဲ့ချစ်တဲ့
ဘုန်းဝဏ်

Address

KMD Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when အိုင်လျားသာမဂ္ဂီ Aiya Sāmaggĩ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category