Pyae Phyo Saw Naing Photography

Pyae Phyo Saw Naing Photography The main purpose is to explore Myanmar’s Hot Tourist destinations from around the world. This is the source of landscape photos which can use in commercial

All Time Favorite Photos Still More Photos awaits
17/03/2023

All Time Favorite Photos
Still More Photos awaits

Patterns & Shadows
12/08/2022

Patterns & Shadows

သာယာလွန်းတဲ့ဘားအံမနက်ခင်း
13/06/2022

သာယာလွန်းတဲ့ဘားအံမနက်ခင်း

Lofoten Islands Reviewကျွန်တော့်ဘဝမှာ အရမ်းကို သွားချင်တဲ့ နေရာတစ်ခုဖြစ်တဲ့ နော်ဝေ နိုင်ငံ မြောက်ပိုင်း မှာ ရှိတဲ့ Lofot...
27/09/2021

Lofoten Islands Review

ကျွန်တော့်ဘဝမှာ အရမ်းကို သွားချင်တဲ့ နေရာတစ်ခုဖြစ်တဲ့ နော်ဝေ နိုင်ငံ မြောက်ပိုင်း မှာ ရှိတဲ့ Lofoten ဒေသကို ၂၀၁၈ တစ်ကြိမ် ၂၀၂၀ မှာ တစ်ကြိမ် သွားရောက်ဖြစ်ပါတယ်

ဥရောပဘက်လို့ ပြောလိုက်တာနဲ့ ဂျာမနီ ပြင်သစ် အီတလီ နဲ့ အင်္ဂလန် တို့က မြန်မာပြည်သူပြည်သားတွေနဲ့
မစိမ်းပေမယ့် နော်ဝေဘက်ကျတော့
ဓာတ်ပုံဆရာတွေက လွဲပြီး
ခရ်ီးသွားတဲ့သူတွေ သိကြတာနည်းတဲ့အတွက်
ဒီ Review လေးကို ရေးလိုက်ရပါတယ်

ဘယ်လိုသွားရလဲ?
Lofoten ကျွန်းစုဘက်ကို ရောက်ဖို့အတွက်
ကျွန်တော်တို့သွားတုန်းကတော့ ရန်ကုန်-ဘန်ကောက် Transit
နော်ဝေးနိုင်ငံ မြို့တော် အော်စလိုမြို့ကို လေယာဉ် (၁၁)နာရီ ကြာစီးပြီး
ထိုမှတဆင့် အော်စလိုမြို့ကနေ နော်ဝေးနိုင်ငံမြောက်ပိုင်း Harstad/Narvik လေဆိပ်ကို (၁နာရီခွဲ) လောက်ထပ်စီးပြီး Evenskjer မြို့မှာ ညအိပ်ပြီး Lofoten Islands ဒေသကို ကား (၄-၅ နာရီခွဲ) လောက် မောင်းရင် ရောက်ပါပြီ။
အားလုံးပေါင်း ၂ ရက်နီးပါး ကြာပါတယ်

Lofoten Islands မှာ ဘာတွေရှိလဲ?
အဓိကအားဖြင့် ဒီဒေသကို လာရောက်လည်ပတ်တဲ့သူတွေက ကမ္ဘာအရပ်ရပ်က Landscape ဓာတ်ပုံဆရာတွေ ဖြစ်ပြီး Landscape ကို အပြည့်အဝ ခံစား
ရိုက်ကူးချင်တဲ့ သူတွေအတွက်
ကမ္ဘာပေါ်က ရူခင်း အလှဆုံးထဲက
တစ်နေရာပဲ ဖြစ်ပါတယ်
ဒါ့ကြောင့် သဘာဝအလှတရားကို
အပြည့်အဝခံစားချင်တဲ့သူတွေအတွက် Perfect ဖြစ်မယ့် နေရာလေးတစ်ခုပေါ့

Culture
ထိုဒေသမှာရှိတဲ့သူတွေကတော့ အဓိက ငါးဖမ်းလုပ်ငန်းနဲ့ Landscape ဦးစားပေး Tourist လုပ်ငန်းပဲဖြစ်တယ်
ချစ်စရာကောင်းတာလေးတွေက အိမ်လေးတွေက
အရမ်းကို ရိုးရိုးရှင်းရှင်းနဲ့ လေကောင်းလေသန့်ကောင်းကောင်း ရတဲ့ ပတ်ဝန်းကျင်မှာ လူနေ ကျဲကျဲနဲ့
အေးအေးလူလူ နေကြတာကို တွေ့ရပါတယ်
သဘောအကျဆုံး အချက်က လူအခွင့်အရေး
အပြည့်အဝဆုံး ရရှိတဲ့ နိုင်ငံတစ်ခု ဖြစ်တာနဲ့
အညီ System အရမ်းကို ကောင်းတာလည်း တွေ့ရတယ်
လူလူအချင်းလေးစားခြင်း ဦးစားပေးတတ်ခြင်းနဲ့
စည်းကမ်း ပြည့်ဝတာကို တွေ့ရပါတယ်
ကားအရေအတွက်လည်း တော်တော်နည်းပြီး
များသောအားဖြင့် Hybrid ကားတွေများတယ်

အစားအသောက် ဈေးကြီးလား?
ဆိုင်မှာထိုင်စားမယ်ဆိုရင်တော့ ဟမ်ဘာဂါတစ်လုံးကို အနည်းဆုံး မြန်မာငွေ ၃ သောင်းလောက် ပေးရပါတယ်
တစ်ခု သဘောကျတာက Groceries ဆိုင်တွေမှာ
အသားငါးတွေ အသီးအရွက်တွေကို တော်တော်ကို
လတ်ဆတ်တယ်
အိမ်မှာပဲ ဟင်းချက်စားကြတာပါပဲ
ဆိုင်ထိုင်စားတာ တော်တော် နည်းပါတယ်
ရေသန့် တစ်ဗူးဆ်ို မြန်မာငွေ ၂ထောင်လောက် ပေးရတယ် (ဘယ်သူမှ ရေသန့် ဝယ်မသောက်ပါဖူး ကိုယ်တွေသာ ဗူးရအောင်ဆိုပြီး ဝယ်သောက်တာ
ဘုံဘိုင်ရေကပဲ လူတိုင်းသောက်ကြတာ)

ဘာတွေလုပ်လို့ရလဲ
ဓာတ်ပုံအလန်းစား ရူခင်းတွေကို ရိုက်လို့ရတယ်
တောင်တက်လို့ရတယ်
ပင်လယ်ဘက်ကို သင်္ဘောစီးပြီး ဝေလငါးကို
ကြည့်လို့ရတယ်
Aurora ကြည့်လို့ရတယ် ရိုက်လို့ရတယ်
​surf လုပ်လို့ရတယ်
ကိုယ်တွေတုန်းကတော့ ဓာတ်ပုံရိုက်တာတောင် မဝ။

ဘာတွေထူးခြားလဲ?
Lofoten ကျွန်းစုဒေသက ရာသီအလိုက် landscape view က လုံးဝမတူပါဖူး
အချိန်နံ့အမျှတောင် ကွဲပြားပါတယ်
အဓိက ထိုဒေသက ကမ္ဘာ့မြောက်ဖက်စွန်းမှာ
တည်ရှိတဲ့အတွက် Aurora လို့ခေါ်တဲ့ ဥတ္တရအလင်းတန်းကို
တစ်ဝကြီး ကြည့်လို့ရပါတယ် ( ကိုယ်ရောက်တဲ့ အချိန်မှာ နေရဲ့ Solar Storm intensity အပေါ်မှာ မူတည်ပါတယ်)

နေ့အချိန်ညအချိန်
နေဝင်ချိန် နေထွက်ချ်ိန်က ရာသီအလိုက် တော်တော်လေး ကွဲပြားပါတယ်
September လဝန်းကျင်ဆိုရင်တော့ နွေထွက်ချိန် မနက် ၆-၇ နာရီဝန်းကျင် နွေဝင်ချိန်က ညနေ ၆-၇ နာရီ
ဖေဖော်ဝါရီလက ဆောင်းတွင်းဆိုတော့ နေထွက်ချိန် က နည်းတယ်
မနက် ၁၀ နာရီလောက်ထွက်ပြီး ၄ နာရီလောက်ပြန်ဝင်သွားတာ
Midnight Sun ဆိုတာက နေလုံးဝမဝင်တဲ့ အချိန်
မေလ ၂၇ ရက်ကနေ ဇူလိုင်လ ၁၇ ရက်နေ့ ဆိုရင် ဖြစ်တယ်လို့ပြောတယ် (ကိုယ်တွေ့ကြုံဖူးသေး)
တစ်ခုကောင်းတာက နေက အပေါ်အောက်သွားတာ
မဟုတ်ပဲ ဘေးတစ်စောင်းလေးဆိုတော့
ကျွန်တော့်လို ခပ်ကွင်းပြင်နေတဲ့သူအတွက် က အေးဆေး ရိုက်ရုံပဲ
ပုဂံမှာဆိုရင် နေဝင်ချိန်မှာ ၁၅ မိနစ်လောက်နဲ့ နေလုံးလေးက ဝင်သွားတာ

ဘယ်လောက်ကြာကြာနေသင့်လဲ?
အနည်းဆုံး ၁၅ရက် အကောင်းဆုံးကတော့ ၁ လနီးပါးလောက် နေရင်တော့ အကောင်းဆုံးပဲ
ရာသီဥတု အပေါ်မူတည်ပြီး လှပတဲ့ ရူခင်းတွေက အမျိုးမျိုး ပြောင်းတာကိုး

Conclusion
သွားရတာ ဈေးကြ်ီးတယ် ဆိုပေမယ့် ခရီးသွားနှစ်သက်သူတွေ Landscape ဓာတ်ပုံဆရာတွေအနေနဲ့ သွားဖို့သင့်တဲ့ နေရာတစ်ခုပါ
ကျွန်တော်ကတော့ တစ်ခေါက်သွားပြ်ီးတိုင်း
နောက်တစ်ခေါက်ကို သွားချင်ပါသေးတယ်
Video Recap:
👇
https://fb.watch/7ZNOR-383i/

When all things are getting back to Normal, we will travel around the World again.Stay Strong and Stay Safe💪Let’s meet h...
03/07/2021

When all things are getting back to Normal,
we will travel around the World again.
Stay Strong and Stay Safe💪
Let’s meet happily again🍀


Norway 🇳🇴 Evening
05/06/2021

Norway 🇳🇴 Evening

Winter Time in Lofoten
26/03/2021

Winter Time in Lofoten

📍Location- Norway 🇳🇴 , Lofoten
30/01/2021

📍Location- Norway 🇳🇴 , Lofoten

ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေး ဖြစ်ပါစေ
13/01/2021

ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေး ဖြစ်ပါစေ

Milky Way Galaxy and Aurora in one picture
03/01/2021

Milky Way Galaxy and Aurora in one picture

Address

Yangon

Telephone

+959677770555

Website

Alerts

Be the first to know and let us send you an email when Pyae Phyo Saw Naing Photography posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category