07/07/2026
ဓာတ်ပုံဝါသနာ ပါကာစမှာ
ကျွန်တော့်ကို အကြီးမားဆုံး အဟန့်အတားဖြစ်စေခဲ့တာက ကင်မရာမရှိတာလည်း မဟုတ်ပါဘူး။ ပြီးတော့ ကင်မရာ Settings တွေ နားမလည်တာလည်း မဟုတ်ပါဘူး။
မြင်ကွင်းတစ်ခုကို မြင်တဲ့အခါ
နေရာသစ်တစ်ခုကို ရောက်တဲ့အခါ အဲ့ဒါကို ဆွဲဆောင်မှုရှိအောင် ဘယ်လိုရိုက်ရမလဲဆိုတဲ့ စိတ်ကူးနိုင်စွမ်း၊ မြင်နိုင်စွမ်း၊ ပုံဖော်နိုင်စွမ်း မရှိခဲ့တာပါ။ အဲ့တစ်ခုက တော်တော်သိသာပါတယ်။
အဲ့တုန်းက လက်ထဲရှိတဲ့ ဖုန်းလေးက ဓာတ်ပုံရိုက်လို့ အဆင်ပြေပါတယ်။ အဲ့ဖုန်းနဲ့ ရိုက်ထားတဲ့ တစ်ခြားနိုင်ငံက ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေကလည်း တော်တော်ကောင်းပါတယ်။ ကိုယ့်မှာလည်း အဲ့လိုဖုန်းရှိနေရက်နဲ့ ဘာကြောင့် ဒီလိုပုံတွေ မရိုက်နိုင်တာလဲဆိုတော့ သေချာတာက သူတို့လို မမြင်တတ်၊ မခံစားတတ်၊ ပုံမဖော်တတ်ခဲ့လို့ပါ။
နောက်ပိုင်း သင်တန်းတွေတက်၊ စာအုပ်တွေ ဖတ်ပြီး အတွေ့အကြုံတွေလည်း များလာတော့ မြင်တတ်၊ ခံစားတတ်၊ ပုံဖော်တတ်လာပြီး ဖုန်းနဲ့ဖြစ်ဖြစ်၊ ကင်မရာနဲ့ဖြစ်ဖြစ် ဓာတ်ပုံကောင်းတွေ ဖန်တီးလာနိုင်ခဲ့ပါတယ်။ သုံးသိန်းတန် ဖုန်းလေးကနေ သိန်းရာကျော်တန်တဲ့ ကင်မရာတွေ၊ Drone တွေ စသဖြင့် ဘယ်လိုကင်မရာမျိုးနဲ့ ဖြစ်ဖြစ် ဓာတ်ပုံကောင်းတွေ ဖန်တီးလာနိုင်ပြီး ကမ္ဘာကျော်ဓာတ်ပုံဆုတွေလည်း ဆက်တိုက်ရရှိခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင် သင်တန်းဆရာဖြစ်လာတော့လည်း ကျွန်တော့်ရဲ့ သင်တန်းသားတွေကို အဲ့လို မြင်တတ်အောင်၊ ခံစားတတ်အောင်၊ ပြန်ပြီး ပုံဖော်တတ်အောင် သေချာလေးသင်ပေး ဖြစ်ပါတယ်။ ခုခေတ်ဆို Camera Settings တွေ၊ How to shoot တွေ ဆိုတာက YouTube, Facebook, TikTok, Ai တွေကနေလည်း အလွယ်တကူ လေ့လာသင်ယူလို့ရနေပေမယ့် သာမာန်မြင်ကွင်းတစ်ခုကို စိတ်ဝင်စားဖို့ ကောင်းသွားအောင် ဖန်တီးနိုင်ဖို့အတွက် မြင်တတ်၊ ခံစားတတ်၊ ပုံဖော်တတ်ဖို့ကိုတော့ လေ့လာသင်ယူဖို့ ခက်ခဲနေတုန်းပါပဲ။
လူတွေရဲ့ အမြင်နဲ့ ခံစားနိုင်စွမ်းတွေကို ရာနှုန်းပြည့် ပြောင်းလဲအောင် သင်ပေးလို့ မရပေမယ့် အရင်ကထက် အများကြီး တိုးတက်လာအောင် လမ်းညွှန်ပေးလို့တော့ ရနိုင်ပါတယ်။ အမြင်လေးတစ်ချက်၊ ခံစားပုံဖော်တာလေး တစ်ချက် ပြောင်းလဲသွားရုံနဲ့ ကိုယ့်ရှေ့က မြင်ကွင်းကြီးတစ်ခုလုံးက လုံးဝပြောင်းလဲသွားနိုင်ပါတယ်။ အဲ့ချိန်ကျ ဘေးနားက လူတစ်ယောက်က ကိုယ်ရိုက်ထားတဲ့ ပုံကို လာကြည့်ရင်း “Wow” ဆိုပြီး ဖြစ်သွားရပါလိမ့်မယ်။
ဒါကြောင့် ကိုယ့်ရဲ့ အမြင်တွေ
ခံစားပုံဖော်နိုင်စွမ်းတွေကို တိုးတက်အောင် ကြိုးစားသင်ယူချင်တယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် သင်ကြားပေးမယ့် ရန်ကုန်အပြင်လက်တွေ့ သင်တန်းကို လာ Join လို့ရပါတယ်။ လာမယ့် August 1-10 စမ်းချောင်းမှာ (၁၀) ရက်တိတိ အပြည့်အဝ လေ့ကျင့်သင်ကြားပေးမှာပါ။
ဒီသင်တန်းမှာ အမြင်တွေ တိုးတက်အောင် သင်ကြားပေးမယ်ဆိုပြီး တစ်ခြား Camera Settings တွေ၊ ဘာတွေ မသင်ပေးဘူးလို့တော့ မထင်ပါနဲ့။ အခြေခံကနေ အဆင့်မြင့်ထိ ကင်မရာကိုင်တွယ်နည်းကအစ သိသင့်တဲ့ Camera Settings, Lighting, Composition, Visual Language တွေအပြင် Editing တွေပါ သင်ပေးဦးမှာပါ။
ကင်မရာမရှိလည်း
ကျွန်တော့်ကင်မရာနဲ့ သင်ပေးမှာမို့ လူကိုယ်တိုင် အရောက်လာရင်ပဲ ရပါပြီ။
စာရင်းပေးရန် - Myanmar Photography Academy - MPA
သင်တန်းကြောင်းအသေးစိတ် - https://www.facebook.com/share/v/18xbt1bjXg/
#ဓာတ်ပုံသင်တန်း #အပြင်လက်တွေ့သင်တန်း
ာတ်ပုံသင်တန်း ြင်လက်တွေ့သင်တန်း
#ရန်ကုန်ဓာတ်ပုံသင်တန်း #ရန်ကုန်အပြင်သင်တန်း #ရန်ကုန် #ဓာတ်ပုံပညာ